iMyanmarHouse.com - Best Property Website for Myanmar
×


Mary


Mary


Mary






#Unicode Version#
အွန်လိုင်း မှာ ဝဲ သီချင်းနဲ့ပရိသတ် အားပေးမူရရှိထားတဲ့ Mary က စက်တင်ဘာ ၂ ရက်နေ့မှာ သူမရဲ့ပရိသတ်တွေနဲ့တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ် ။တွေ့ဆုံဖို့ အကြောင်းကို Mary က"စက်တင်ဘာ၂ရက်နေ့ကြရင် Mary ကို အားပေးချစ်ခင်ကြတဲ့ သူတွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံပြီး သီချင်းလေးတွေဆိုပြချင်ပါတယ်။ လူအများကြီးနဲ့ တွေ့ဖို့အတွက် နေရာအခက်အခဲ Mary ပြန်ရမယ့် အချိန်နီးကပ်နေတဲ့ အတွက်ကြောင့် လူ၁၀၀ကိုပဲ ရွေးချယ်ဖိတ်သွားဖို့စီ စဉ်ထားပါတယ်။

Mary

မနက်ဖြန်ကြရင်ဘယ်လိုပုံစံနဲ့ရွေးချယ်မယ်ဆိုတာကိုထပ်ကြော်ငြာပေးပါ့မယ်။ Maryကိုချစ်ကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့် " လို့ ပြောထားပါတယ်။ သူမရဲ့ page က နေပြီးတော့ပဲ တွေ့ဆုံမယ့်သူ တွေကို ရွေး ချယ်မယ့်အစီအစဉ် နဲ့ပတ်သတ်ပြီးတော့ အခု လို ပြောပြထားတာ ကို တွေ့ရပါတယ် ။ "Mary စက်တင်ဘာ၂ရက်နေ့မှာ ကျင်းပမယ့်ပွဲကလူအများကြီးနဲ့လုပ်ဖို့အဆင်မပြေတဲ့အတွက်ကြောင့် Mary ရဲ့သီချင်းတွေကိုချစ်မြတ်နိုးတဲ့သူတွေထဲကပဲ မေးခွန်းလေးတွေမေးပြီး အဖြေမှန်သူများကို တွေ့ဆုံပွဲလေး လာရောက်ဖို့ ဖိတ်ကြားချင်ပါတယ်ရှင့်။

Mary

ပထမဦးဆုံးအနေနဲ့ ဒီ "Mary's nightout" group လေးကို join ရပါမယ်။ Group ထဲ စစ join ချင်းမှာဘဲ အောက်က မေးခွန်းတွေကိုမေးထားပါမယ်။ အဲ့ဒီ့မေးခွန်း ၅ ခုထဲမှာမ အဖြေမှန် ၃ခုကိုအနီးစပ်ဆုံးဖြေဆိုနိုင်တဲ့သူတွေကို Group ထဲ ဝင်ခွင့်ပေးပါမယ်။ Q1- ပထမဆုံးသီချင်းထွက်တဲ့နေ့ ??? Q2-Instragam မှာ live ဘယ်၂ခုတင်ဖူးလဲ??? Q3-ပထမဆုံး live မှာဘာသီချင်းဆိုပြလဲ??? Q4-Mary အကြိုက်ဆုံးအဆိုတော်??? Q5-Mary Japan ကိုဘယ်နှစ်တန်းကထွက်သွားပြီး ဘယ်သူနဲ့သွားခဲ့တာလဲ????

Mary

Mary မေးထားတဲ့မေးခွန်း ၅ခု ကိုအနီးစပ်ဆုံးဖြေဆိုနိုင်ခဲ့ပြီးGroupဝင်ရောက်ရှိနေသောသူတွေထဲကပြန်ပြီးမဲနှိုက်ပြီးရွေးချယ်ပေးသွားမှာပါမနက်ဖြန် ၂၉ရက် ည ၁၂ နာရီမှာဖြေဆိုခွင့်ဖောင်ကိုပိတ်မှာဖြစ်ပြီး ၃၁ ရက်နေ့မှာဖိတ်ကြားခံရသူများကိုဖော်ပြသွားမှာပါရှင်" လို့ပြောပါတယ်။


 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




Credit : www.myanmarcelewiki.com
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top