ကိုယ့္မွာတစ္ခ်ိန္က အရမ္းခ်စ္ရတဲ့သူရယ္ ..
သူမန႔ဲအတူတူ တည္ေဆာက္မယ္ေတြးထားတ့ဲ အနာဂတ္အိပ္မက္ေလးရယ္ ရွိခ့ဲဖူးတယ္ ။
ကိုယ္ဟာေစာ္ၾကည္၊
ခ်မ္းသာ၊ အားကစားနည္းေပါင္းစံုမွာလည္းေတာ္၊
ငယ္ငယ္႐ြယ္႐ြယ္န႔ဲစီးပြားေရးဘက္မွာလည္းထူးခြ်န္ေအာင္ျမင္ေနလို႔
ေဘာ္ဒါအခ်င္းခ်င္းကေတာင္ မနာလိုျဖစ္ရတဲ့အထိ လက္န႔ဲထိတိုင္း
ေ႐ႊျဖစ္တ့ဲ ဘ၀ႀကီးလည္းရွိခ့ဲဖူးတယ္။
ဒါေပမ့ဲ အ့ဲဒီေန႔မွာ .. အ့ဲဒီတစ္ေန႔မွာေပါ့
မိုးေရထဲက
ဆိုင္ကယ္တစ္စီးဟာ ကိုယ့္ဘ၀တခုလံုး တစစီေၾကမြသြားေအာင္
လုပ္ခ့ဲမယ္ဆိုတာ ႀကိဳမ်ားသိခ့ဲရင္ ငါ အ့ဲေန႔အလုပ္ဘယ္သြားခ့ဲမလဲကြာ။
မင္းန႔ဲအတူတူ အိပ္ရာထဲမွာပဲ အနမ္းေတြ ဆက္ဖလွယ္မိေနအံုးမွာေပါ့။
ခုေတာ့ ညေနအိမ္ျပန္ေရာက္ရင္ မင္းကို ညစာခ်က္ေက်ြးမယ္ဆိုတ႔ဲ ကတိကို ကိုယ္မတည္နိုင္ေတာ့ဘူး ဟန္နီ။
ေနာက္လည္း ဘယ္ေတာ့မွ ခ်က္ေက်ြးနိုင္ေတာ့မွာ မဟုတ္ပါဘူး ဟန္နီရယ္။
accident ေၾကာင့္ ကိုယ့္မွာ ပင္မေက်ာရိုးမႀကီးကိုထိလို႔
အခုေတာ့ will traynor ဆိုတဲ့ ငါဟာ
လည္ပင္းေအာက္ပိုင္းကစပီး
ဘာမွမလႈပ္ရွားနိုင္ေတာ့တ့ဲ စကားပဲေျပာနိုင္ေတာ့တ့ဲ wheelchair ေပၚက
အရုပ္သာသာ လူတစ္ေယာက္ျဖစ္ေနခ႔ဲျပီေလ။
" Louisa Clark " - Clark -
မင္းကို ကိုယ့္ထက္ငယ္လို႔ ညီမေလးလို႔ပဲ ေခၚေတာ့မယ္။
မင္း ကိုယ့္အိမ္စေရာက္လာတ့ဲေန႔ကို မွတ္မိေသးတယ္။
အ၀တ္စားေၾကာင္ေၾကာင္ၾကားၾကားေတြ ၀တ္၊ စကားတအားမ်ားတ့ဲ ေကာင္မေလး။
မင္းလို ငတံုးမေလးကို ငါ့ကိုျပဳစုေစာင့္ေရွာက္ဖို႔ ငါ့အေမက ဘာလို႔ ငွားခ့ဲလဲ စဥ္းစားလို႔မရ။
ဒါဟာ မင္းရ႕ဲ ရိုးသားတ့ဲစိတ္ တခုတည္းေၾကာင့္ပဲဆိုတာ ကိုယ္ေျပာရဲတယ္ ညီမေလး.
မင္းရ႕ဲအၿပံဳးေတြရ႕ဲေနာက္ကြယ္မွာ ရိုးသားမႈေတြ စာနာမႈေတြ သူတပါးကို ကူညီတတ္မႈေတြက အထင္းသားေပၚေနတယ္ ညီမေလး.
ဒါကို မင္းကိုယ္တိုင္ေတာင္ သတိထားမိခ့ဲပါရ႕ဲလား။
ၾကာလာေလ မင္းအေၾကာင္း ပိုသိလာရေလေပါ့။
မင္းဟာ ဖက္ရွင္ဒီဇိုင္းကို စိတ္၀င္စားတယ္
မင္းမွာ အိပ္မက္ေလးေတြရွိတယ္။
ဒါေပမ့ဲ ဒီအိပ္မက္ေလးေတြန႕ဲအတူ ဘယ္ေတာ့မွပ်ံသန္းခြင့္မရခ႕ဲတ့ဲေကာင္မေလး တစ္ေယာက္ေပါ့။
အလုပ္လက္မ့ဲ
ျဖစ္ေနတ႔ဲ မင္းတစ္အိမ္လံုးရ႕ဲ အိမ္စားရိတ္ကို
မင္းတစ္ေယာက္တည္း ထမ္းပိုးေနခ႔ဲရတာ အရမ္း ပင္ပန္းခ့ဲမွာပဲ။
အေဖမရွိတ့ဲ မင္းညီမရ႕ဲသားေလး မင္းတူေလးကို ထိန္းေက်ာင္းေပးရတာ မင္းအရမ္းပင္ပန္းခ့ဲမွာပဲ။
မင္းန႔ဲ
၇နွစ္ေလာက္တြဲျပီး သူလုပ္ခ်င္တ့ဲဝါသနာ ပါရာပဲ လုပ္ေနတတ္တ့ဲ
ရည္းစားန႔ဲ အဆင္ေျပေအာင္ ေနေနရတာ မင္းအရမ္းပင္ပန္းခ့ဲမွာပဲ။
ဒါေပမ့ဲမင္းဟာ ဒီဒုကၡေတြကို တခ်က္မွ မညီးညဴခ႕ဲဘူးေနာ္။
မင္းဟာ
လူေတြအတြက္မ်ားေမြးဖြားလာတာလား ေအာက္ေမ့ရေအာင္
ကိုယ့္အိပ္မက္ေတြကို တိတ္တိတ္ေလးထုတ္သိမ္းရင္း
ေပးဆပ္ေနသူတစ္ေယာက္ဆိုတာ ကိုယ္သိခ့ဲတယ္ ညီမေလး...
ဒီအေၾကာင္းေတြကို
ဘယ္သူမွ မသိဘူး။
မင္းရ႕ဲ အျမင္ေတြ အေတြးေတြကို ျဖန္႔ထုတ္ျပီး ပ်ံသန္းလိုက္ပါ ညီမေလး ရယ္ ..
" လူဆိုတာ ကိုယ္ပိုင္ဘ၀ ေလးတစ္ခုပဲပိုင္ဆိုင္တာပါ ညီမေလး
မင္းရ႕ဲ တကယ့္တာ၀န္က မင္းအစြမ္းရွိသေလာက္ ျဖစ္နိုင္သေလာက္ ျပည့္စံုေအာင္ ေနဖို႔ပါပဲ။ "
သူမ်ားေတြကို ေပးဆပ္ရင္း မင္းရ႕ဲကိုယ္ပိုင္ ဘ၀ကို မေပ်ာက္ဆံုးသြားပါေစန႔ဲ ညီမေလး...
ငါ့ေရာဂါဟာ ဘယ္ေတာ့မွျပန္မေကာင္းလာနိုင္ေတာ့ဘူးဆိုတာ ငါသိတာေပါ့။
ဒီလို Wheelchair ေပၚမွာ ရွင္သန္ေနရတ႕ဲဘ၀ႀကီးကို ငါမုန္းတယ္။
အရင္လို ေပ်ာ္႐ႊင္မႈမ်ိဳး ျပန္မရနိုင္ေတာ့တ့ဲေနာက္ အသက္ရွင္ေနလို႔လည္း ဘာထူးအံုးမွာလဲ။
ေနာက္
၆လၾကာတ့ဲအခါ ဆြစ္ဇာလန္မွာ ဂုဏ္သိကၡာရွိရွိ
ေသဆံုးဖို႔ငါစာရင္းေပးထားပီးသား .. လြယ္လြယ္ေျပာရရင္
ငါ့လိုဒုကၡိတတစ္ေယာက္ရ႕ဲ ဘ၀အဆံုးသတ္ေပါ့ကြာ... ဒါေတြကို မင္းဘယ္လို
သိသြားလဲ ငါမသိဘူး ညီမေလး .. ဒါေပမ့ဲ ငါစိတ္ေျပာင္းေအာင္
မင္းအမ်ိဳးမ်ိဳး စတင္ ႀကိဳးစားေနခ႔ဲတာ ငါျမင္ရတာေပါ့။
ကိုယ္ တကယ္ ေပ်ာ္ခ့ဲရပါတယ္။
ေတာက္ပတ့ဲေနေရာင္ေအာက္ မင္းန႔ဲအတူတူ ျမင္းပြဲၾကည့္ခ့ဲရတာေတြ။
မင္းန႔ဲအတူတူ Mozart ဂီတပြဲသြားနားေထာင္ခ့ဲရတာေတြေပါ့။
ဂီတပြဲကအျပန္ ကိုယ္တကယ္ အိမ္ထဲကို ခ်က္ခ်င္း ျပန္မ၀င္ခ်င္ဘူး ညီမေလး ရယ္။
အနီေရာင္ dress ေလးန႔ဲလွပေနတ႔ဲေကာင္မေလး တစ္ေယာက္န႔ဲ ခုပဲ ဂီတပြဲအတူတူ ၾကည့္ပီး ျပန္လာတာေလ။
ခဏေတာ့ ခပ္ၾကာၾကာ မင္းန႔ဲအတူ ရွိခ်င္ေသးတာေပါ့။အ့ဲမို႔ ကားထဲမွာ အတူတူဆက္ထိုင္ဖို႔ ကိုယ္ေတာင္းဆိုခ႔ဲတာပါ ညီမေလး..
ကိုယ္သံေယာဇဥ္ရွိတ့ဲ
မိန္းကေလး တစ္ေယာက္န႔ဲအတူတူ ၾကယ္ေတြကို ေငးရင္း ျဖစ္နိုင္သမ်ွ
ခပ္ၾကာၾကာ အခ်ိန္ျဖဳန္းေနခ်င္တာ ငါ့ရ႕ဲေယာက်္ားသဘာ၀လို႔ပဲ
ဆိုၾကပါစို႔။
ဒီလို အခိုက္တ့ံမ်ိဳး ကိုယ္မခံစားရေတာ့တာ အေတာ္ၾကာခ့ဲပါျပီေလ။
ဟန္နီ .. မင္းငါ့ကို ရက္စက္တယ္ ဟန္နီ။
အ့ဲလိုေရာ ငါေျပာခြင့္ရွိေရာ ရွိပါရ႕ဲလားဟင္။
wheelchair
ေပၚက ဒုကၡိတ တစ္ေယာက္ကို ေစာင့္ဆိုင္းေနတာထက္ မင္းအနားမွာ
အားေပးကူညီေနတ႔ဲ ငါ့သူငယ္ခ်င္းကိုပဲ ေ႐ြးခ်ယ္လိုက္တာဟာ
မင္းအမွားလံုး၀မဟုတ္ပါဘူး ဟန္နီရယ္။
မင္းေ႐ြးခ်ယ္မႈက လက္ေတြ႕က်ပါတယ္။
မင္းမမွားခ့ဲပါဘူး.. ဘယ္ေလာက္ပဲ ငါ့ကို ခ်စ္ခ့ဲခ်စ္ခ့ဲ
မင္းရ႕ဲပ်ိဳျမစ္ႏုနယ္မႈေတြ တက္လမ္းေတြကို ဒုကၡိတ တစ္ေယာက္ဆီမွာ မျမဳပ္နွံခ်င္တာ ငါနားလည္တာေပါ့။
ဒါေပမ့ဲေလ မင္းတို႔ ၂ေယာက္ရ႕ဲ မဂၤလာပြဲဖိတ္စာကို ေတြ႕လိုက္ရေတာ့ ငါေၾကကြဲရပါတယ္ ဟန္နီရယ္။
တကယ္ပါ။
စိတ္ခ်ပါဟန္နီ မင္းရ႕ဲမဂၤလာပြဲကို ငါမေရာက္ေရာက္ေအာင္ လာပီးတက္ေရာက္ ခ်ီးျမင့္ေပးမွာေပါ့။
တခ်ိန္က
ကိုယ့္ရ႕ဲအနာဂတ္အိပ္မက္ေလးဟာ
တျခားသူတစ္ေယာက္န႔ဲေ႐ႊလက္တြဲမ့ဲပြဲမွာ ငါၿပံဳးၿပံဳးေလး လာပီး
လက္ခုတ္တီးေပးမယ္။
congrats ဆိုပီး ေျပာမယ္။
ငါ ငိုေနမွာလား။
ဟင့္အင္း ဟန္နီ ...
ငါ့ရင္ထဲက မ်က္ရည္ေတြကို အျပင္ထုတ္ျပျပီး မင္းရ႕ဲမဂၤလာပြဲကို အက်ည္းတန္သြားေအာင္ ငါဘယ္လုပ္ရက္မလဲကြာ။
ေပ်ာ္ပါ ဟန္နီ ေပ်ာ္ေပ်ာ္ေနပါ။
ကိုယ္ခ်စ္တ့ဲသူန႔ဲ ေပ်ာ္ရတာ နိဗၺာန္ေပါ့။
ငါ့ကို ေယာင္လို႔ေတာင္ သတိမရပါန႔ဲ။
မင္းစိတ္ညစ္မွာ စိုးလို႔ပါ။
ဒါေၾကာင့္မင္းရ႕ဲ မဂၤလာလက္ဖြဲ႕ကို မွန္တစ္ခ်ပ္ပဲ ငါ လက္ဖြဲ႕ေပးခ့ဲတယ္ ဟန္နီ။
မွန္ကို ထုတ္ထုတ္ၾကည့္တိုင္း ပစၥပၸုန္က မင္းကိုယ္မင္းအၿမဲျပန္ျမင္ေနပီး အတိတ္က ငါ့ကို ေမ့သြားေအာင္လို႔ေပါ့။
ကိုယ္ေနမေကာင္းျပန္ဘူး ညီမေလး ရယ္။
မဂၤလာေဆာင္က ျပန္လာပီးပိုပိုဆိုးလာတာ မင္းကို ဖြင့္မေျပာျပခ့ဲဘူး။ မင္းပိုပို စိုးရိမ္သြားမွာစိုးလို႔ေပါ့။
ဒီဘ၀ဟာ ငါ့အတြက္အဆင္မေျပေတာ့တာ ငါပိုပိုပီး သိလာေနျပီ ညီမေလး ရယ္။
ေနေကာင္းလာေတာ့ ငါစိတ္အေျပာင္းလဲျဖစ္ေအာင္
ဆိုျပီး ကမ္းေျခကို အပန္းေျဖခရီးထြက္ဖို႔ မင္းစီစဥ္ခ့ဲေသးတယ္ေနာ္ ညီမေလး..
တိမ္ျပာျပာေအာက္မွာ ေနစာလွံုရင္း .
.စာအုပ္ဖတ္ရင္း.. ေရငုပ္ရင္း..မင္းေပ်ာ္ေနခ႔ဲတာ ငါျမင္ရေတာ့ ငါေက်နပ္မိပါတယ္ ညီမေလး ရယ္ ..
မင္းဘ၀ေလးမွာ အ့ဲလိုလြတ္လြတ္လပ္လပ္ ေပ်ာ္႐ႊင္ရမႈမ်ိဳးေတြက မရွိသေလာက္ရွားခ့ဲတယ္ မဟုတ္လား။
မိုးႀကီးေလႀကီးတိုက္တ့ဲညမွာ ငါတို႔နမ္းခ့ဲၾကတယ္။
ညသန္းေခါင္ယံ ကမ္းစပ္က သဲျဖဴျဖဴေလးေပၚမွာ မင္းက ငါ့ကို ကျပရင္း နမ္းခ့ဲၾကျပန္တယ္။
မင္းစိတ္ထဲမွာ
ငါ့ကို ခ်စ္ေနတာ ငါခံစားမိတာေပါ့ ညီမေလးရယ္။ ငါစိတ္ထဲ
ဘယ္လိုရွိလဲဆိုတာ မင္းလည္း သိမွာပါ။ ငါ့ရင္ခုန္သံေတြလည္း
မင္းၾကားနိုင္မွာပါ။
ဒါေပမ့ဲမျဖစ္နိုင္ဘူး ညီမေလး...
ငါမင္းကို ခ်စ္ေနမိတ့ဲအေၾကာင္း ထုတ္ေျပာလိုက္မိရင္ မင္းဟာအခုလို
ငါ့အနားမွာပဲ အၿမဲရွိေနမယ္ ငါ့ကို အသက္ထက္ဆံုးေစာင့္ေရွာက္မယ္ ..
ငါ့ကို အရာရာေပးဆပ္ေတာ့မယ္ ..
ဆိုတာ ငါသိတာေပါ့ညီမေလး
အ့ဲမို႔မင္းကို ငါျငင္းခ့ဲတာပါ။
မင္းန႔ဲအတူရွိေနရရင္ေပ်ာ္႐ႊင္ရမွာ ငါသိတာေပါ့ ညီမေလးရယ္ ..
ဒါေပမ့ဲ ငါလိုခ်င္တာ ဒီလို ဘ၀မ်ိဳးမဟုတ္ဘူး။
ငါအရင္က အရမ္းအရမ္းကို ပီးျပည့္စံုတ႔ဲ ဘ၀တစ္ခုကို ပိုင္ဆိုင္ခြင့္ရခဲ့ဖူးျပီးျပီ။
အ့ဲလိုဘ၀ကို
ျပန္မရနိုင္ေတာ့တ့ဲအေျခအေနမွာ ဒီဒုကၡိတ ဘ၀ႀကီးကို လက္ခံျပီး
အသက္ထက္ဆံုး ေပ်ာ္ေအာင္ေနဖို႔ဆိုတာ မျဖစ္နိုင္ေတာ့ဘူး။
ငါအ့ဲလိုႀကီးလည္းမေနသြားခ်င္ဘူး ညီမေလးရယ္။
အဓိကက မင္းအတြက္ေပါ့ ညီမေလး ..
ညီမေလးကို ဒီလိုမ်ိဳး ဒုကၡိတတစ္ေယာက္နားမွာေနေနသြားရေအာင္ မခ်ည္ေနွာင္ခ်င္ဘူး။
ငါရခ႕ဲဖူးတ့ဲ တျခားလူေတြကေပးတ့ဲ ဘ၀ရဲ႕အေကာင္းဆံုးအရာေတြကို ညီမေလးကိုလည္း ရေစခ်င္တယ္။
ငါလို ဒုကၡိတအနားမွာေနရင္း အ့ဲအရာေတြကို မဆံုးရွံုးသြားေစခ်င္ဘူး။
တကိုယ္ေကာင္းဆန္ဆန္ေျပာရရင္
ေနာင္တခ်ိန္မွာ ငါ့ေၾကာင့္ ညီမေလး ဒီလိုဘ၀မရခ႕ဲရတာပါလားဆိုျပီး
ညီမေလးကိုၾကည့္ရင္း ေနာင္တရတာေတြ သနားတာေတြ နည္းနည္းေတာင္
ငါမခံစားခ်င္ဘူး။
ညီမေလးန႔ဲ အတူရွိခ့ဲရတ႕ဲ ဒီ ၆လေလာက္ အခ်ိန္ေတြဟာ တစ္သက္မေမ့နိုင္စရာ အခ်ိန္ေတြပါပဲကြာ။
ဒါေပမ့ဲ
ဒီဇာတ္လမ္းကို ဒီမွာပဲ အဆံုးသတ္လိုက္သင့္ျပီ ထင္ပါရ႕ဲ။ ေနာက္ထပ္
ငါ နာက်င္ရတာေတြ စိတ္ပင္ပန္းရတာေတြ ထပ္မျဖစ္ရေအာင္ေပါ့ ။
မနက္နိုးတိုင္း ေမ်ွာ္လင့္ခ်က္ေတြန႕ဲ နိုးထေနရတာေတြကိုလည္း ငါပင္ပန္းေနျပီ ညီမေလးရယ္။
ဟုတ္တယ္ ညီမေလး ..
ငါက တကိုယ္ေကာင္း သိပ္ဆန္တယ္။
ညီမေလးကရင္ကိုခြဲပီး ခံစားခ်က္ေတြဖြင့္ခ်တာကိုေတာင္ ငါျငင္းခ့ဲတယ္။
ပီးေတာ့ ဆြစ္ဇာလန္မွာေသဆံုးမ့ဲ ငါ့ေနာက္ဆံုးအခ်ိန္ေတြကို ၾကည့္ဖို႔ ဖိတ္ေခၚတယ္။
ဟုတ္တယ္
ညီမေလး ... ညီမေလး ဘ၀ ဒီထက္အဆင္ေျပေစဖို႔ ငါ့ဘ၀ကိုပဲ
ခ်နင္းပစ္လိုက္ပါေတာ့မယ္။မီးခိုးေငြ႕ေတြ ျဖစ္သြားတ့ဲအခ်ိ္န္အထိ။
ဟုတ္တယ္ ညီမေလး ..
ငါက တကိုယ္ေကာင္း သိပ္ဆန္တယ္။
ဆြစ္ဇာလန္က ငါ့ရ႕ဲေနာက္ဆံုးအခ်ိန္ေတြကို ငါသတိရမိေသးတယ္ ညီမေလး။
ကမၻာႀကီးဟာ ငါမရွိေတာ့ရင္ ပိုေကာင္းသြားမွာပါ။
၀မ္းနည္းမေနပါန႔ဲ ညီမေလးရယ္။
ညီမေလးတခါေျပာဖူးတယ္ေလ ညီမေလး ငယ္ငယ္က အိပ္မက္ဆိုးေတြမက္တိုင္း ညီမေလးအေဖဆိုျပေနက် molahhonkey သီခ်င္းေလးေပါ့။
အခုခ်ိန္ အ့ဲသီခ်င္းကို ငါဆိုျပေတာ့ ညီမေလးက ငိုလို႔။
ငါလည္း မငိုရပါပဲ မ်က္ရည္ေတြက်လို႔။
ငါ့ကို ခ်စ္မိခ့ဲတာ အိပ္မက္ဆိုးလို႔ သေဘာထားပီး ညီမေလး ျပန္လည္ နိုးထအဆင္ေျပပါေစေၾကာင္းေပါ့။
ညီမေလး ဒီစာကိုဖတ္ေနရခ်ိန္မွာ ဒီကမၻာမွာ ငါမရွိေတာ့တာ အခ်ိန္ခဏၾကာခ့ဲျပီေပါ့။
ညီမေလးသာ ငါေျပာတ့ဲအတိုင္းလုပ္ခ့ဲမယ္ဆို ညီမေလးက အခုခ်ိန္ paris ကိုေရာက္ေနျပီေပါ့။
ငါ တခါေျပာခ့ဲဖူးတ့ဲ
လမ္းသြယ္ေလးေဘးက လူတိတ္ဆိတ္တ့ဲ ေကာ္ဖီဆိုင္ရ႕ဲ စားပြဲတစ္လံုးမွာထိုင္ပါ။
ရာသီဥတုက ေနသာ ေလလာတ့ဲ တိမ္ျပာျပာ ရက္ေလးတစ္ရက္ျဖစ္ေနပါေစလို႔ ငါေမ်ွာ္လင့္ပါတယ္။
ေကာ္ဖီဆိုင္ကေန တံတားေလးကိုေက်ာ္လိုက္ရင္ ေရေမႊးဆိုင္ တစ္ဆိုင္ရွိတယ္ ညီမေလး။
အ့ဲဆိုင္က Papillons Extreme ဆိုတ႔ဲေရေမႊးကို ၀ယ္သံုးၾကည့္ပါ။
အ့ဲေရေမႊးရ႕ဲအန႔ံက ညီမေလးန႔ဲအေတာ္လိုက္ဖက္မွာပဲလို႔ ငါအၿမဲေတြးခ့ဲဖူးတယ္။
ညီမေလးကို ေျပာခ်င္ျပီး မေျပာခ့ဲလိုက္ရတ့ဲစကားအခ်ိဳ႕ရွိတယ္ ညီမေလး။
ငါေျပာလိုက္ရင္ ညီမေလးက ငါ့ကို ဆံုးေအာင္ေျပာခြင့္မေပးပဲ ျငင္းမွာ ႀကိဳသိခ့ဲလို႔ေပါ့။
အခုေတာ့ ေျပာျပရေစေနာ္။
ညီမေလး အိမ္ျပန္ေရာက္ရင္ ငါ့ေရွ႕ေနက bank account တစ္ခုကို လာေပးလိမ့္မယ္။
မလန္႔သြားပါန႔ဲ ညီမေလးရ တစ္သက္လံုးထိုင္စားေလာက္တ့ဲ ပမာဏ မဟုတ္ပါဘူး။
ဒါေပမ့ဲ
ညီမေလးရ႕ဲ ဘ၀ခရီးအသစ္ကို စဖို႔ ညီမေလးရဲ႕ အိပ္မက္ေတြေနာက္ကို
လိုက္ဖို႔ေတာ့ လံုေလာက္တ့ဲ ေငြေၾကးပမာဏ ျဖစ္မွာပါ။
ညီမေလး ဘ၀တေလ်ာက္လံုး သူမ်ားေတြအတြက္ ျမဳပ္နံွခ့ဲရတာ လံုေလာက္ေနပါျပီ။
အခုက ညီမေလးရ႕ဲ ကိုယ္ပိုင္လြတ္လပ္မႈ အိပ္မက္ေတြကို ရွာေဖြဖို႔ အခ်ိန္က်ေနျပီေလ။
ရဲရဲရင့္ရင့္ ရွင္သန္စမ္းပါ ညီမေလး။
အေတာင္ပံေတြဖြင့္ အျမင့္ဆံုးထိ ပ်ံသန္းလိုက္ပါ။
ဒီေလာက္ပါပဲ ညီမေလး
ေၾကာင္ေၾကာင္ၾကားၾကား
အ၀တ္ေတြ၀တ္ပီး အၿပံဳးခ်ိဳခ်ိဳေလးန႔ဲ စေတြ႕တ့ဲေန႔ကတည္းက ညီမေလးဟာ
ကိုယ့္နွလံုးသားကို သိမ္းပိုက္ခ့ဲပီးသားပါကြာ ...
ငါ့အေၾကာင္းလည္း ခဏ ခဏ ေတြးမေနန႔ဲအံုး ညီမေလးရ႕ဲ။
ညီမေလးကို ၀မ္းမနည္းေစခ်င္လို႔ပါ။
ဘ၀ကို ေကာင္းေကာင္းမြန္မြန္ေလ်ွာက္လွမ္းပါ ညီမေလး။
ကိုယ္က ညီမေလးရ႕ဲ ေျခလွမ္းတိုင္းမွာ ေဘးကေန အရိပ္လိုအတူတူ အၿမဲ ရွိေနမွာေပါ့။
ခ်စ္တ့ဲ Will ....
---------------------------
ဒီဇာတ္ကားဟာ စာေရးဆရာ JOJO MOYES ရ႕ဲ ၀တၴုကို ျပန္ရိုက္ထားတ့ဲ 2016 ခုနွစ္ထြက္ ဇာတ္ကားေကာင္းေလးပါ။
Will
Traynor အျဖစ္ မင္းသား Sam Claflin ကသရုပ္ေဆာင္ထားပီး ညီမေလး Louisa
Clark အျဖစ္ Game of thrones ဇာတ္လမ္းတြဲထဲက နဂါးမယ္ေတာ္
ခါလီးဆီေလးျဖစ္တ့ဲ Emilia Clarke က သရုပ္ေဆာင္ထားပါတယ္။
၀တ္တာစားတာ
အူေၾကာင္ေၾကာင္ ရီရင္မလွ ငိုရင္ရုပ္ဆိုး ခပ္တံုးတံုး
စပ္ၿဖီးၿဖီး ပုပုလံုးလံုး ေကာင္မေလးအျဖစ္ Emilia Clarke ကို ဒီကားမွာ
ထူးထူးျခားျခား ျမင္ေတြ႕ရပါလိမ့္မယ္။
အႀကံေပးခ်င္တာ ပထမ ၁ေခါက္ၾကည့္မယ္ဆို ညီမေလး louis clark ေနရာက ၀င္ခံစားပီးၾကည့္ပါ။
ေနာက္တစ္ေခါက္ကိုက် Will ေနရာက ၀င္ခံစားပီးၾကည့္ပါ။
ပိုျပီး ခံစားထိရွ လာရပါလိမ့္မယ္။
အေရးအႀကီးဆံုးက ၾကည့္တ့ဲအခါတိုင္း တစ္ရႈးေဆာင္ထားဖို႔မေမ့ပါန႔ဲ။
၂ခါၾကည့္ရင္ ၂ခါ ၃ ခါၾကည့္ရင္ ၃ခါလံုး ငိုကို ငိုရပါလိမ့္မယ္။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#MMDB_Reviews #MMDB_Feelings #MeBeforeYou #KXYT
Credit: MMDB_Reviews
#Unicode Version#
ကိုယ့်မှာတစ်ချိန်က အရမ်းချစ်ရတဲ့သူရယ် ..
သူမနဲ့အတူတူ တည်ဆောက်မယ်တွေးထားတဲ့ အနာဂတ်အိပ်မက်လေးရယ် ရှိခဲ့ဖူးတယ် ။
ကိုယ်ဟာစော်ကြည်၊
ချမ်းသာ၊ အားကစားနည်းပေါင်းစုံမှာလည်းတော်၊
ငယ်ငယ်ရွယ်ရွယ်နဲ့စီးပွားရေးဘက်မှာလည်းထူးချွန်အောင်မြင်နေလို့
ဘော်ဒါအချင်းချင်းကတောင် မနာလိုဖြစ်ရတဲ့အထိ လက်နဲ့ထိတိုင်း ရွှေဖြစ်တဲ့
ဘဝကြီးလည်းရှိခဲ့ဖူးတယ်။
ဒါပေမဲ့ အဲ့ဒီနေ့မှာ .. အဲ့ဒီတစ်နေ့မှာပေါ့
မိုးရေထဲက ဆိုင်ကယ်တစ်စီးဟာ ကိုယ့်ဘဝတခုလုံး တစစီကြေမွသွားအောင် လုပ်ခဲ့မယ်ဆိုတာ ကြိုများသိခဲ့ရင် ငါ အဲ့နေ့အလုပ်ဘယ်သွားခဲ့မလဲကွာ။
မင်းနဲ့အတူတူ အိပ်ရာထဲမှာပဲ အနမ်းတွေ ဆက်ဖလှယ်မိနေအုံးမှာပေါ့။
ခုတော့ ညနေအိမ်ပြန်ရောက်ရင် မင်းကို ညစာချက်ကျွေးမယ်ဆိုတဲ့ ကတိကို ကိုယ်မတည်နိုင်တော့ဘူး ဟန်နီ။
နောက်လည်း ဘယ်တော့မှ ချက်ကျွေးနိုင်တော့မှာ မဟုတ်ပါဘူး ဟန်နီရယ်။
accident ကြောင့် ကိုယ့်မှာ ပင်မကျောရိုးမကြီးကိုထိလို့
အခုတော့ will traynor ဆိုတဲ့ ငါဟာ
လည်ပင်းအောက်ပိုင်းကစပီး ဘာမှမလှုပ်ရှားနိုင်တော့တဲ့ စကားပဲပြောနိုင်တော့တဲ့ wheelchair ပေါ်က အရုပ်သာသာ လူတစ်ယောက်ဖြစ်နေခဲ့ပြီလေ။
" Louisa Clark " - Clark -
မင်းကို ကိုယ့်ထက်ငယ်လို့ ညီမလေးလို့ပဲ ခေါ်တော့မယ်။
မင်း ကိုယ့်အိမ်စရောက်လာတဲ့နေ့ကို မှတ်မိသေးတယ်။
အဝတ်စားကြောင်ကြောင်ကြားကြားတွေ ဝတ်၊ စကားတအားများတဲ့ ကောင်မလေး။
မင်းလို ငတုံးမလေးကို ငါ့ကိုပြုစုစောင့်ရှောက်ဖို့ ငါ့အမေက ဘာလို့ ငှားခဲ့လဲ စဉ်းစားလို့မရ။
ဒါဟာ မင်းရဲ့ ရိုးသားတဲ့စိတ် တခုတည်းကြောင့်ပဲဆိုတာ ကိုယ်ပြောရဲတယ် ညီမလေး.
မင်းရဲ့အပြုံးတွေရဲ့နောက်ကွယ်မှာ ရိုးသားမှုတွေ စာနာမှုတွေ သူတပါးကို ကူညီတတ်မှုတွေက အထင်းသားပေါ်နေတယ် ညီမလေး.
ဒါကို မင်းကိုယ်တိုင်တောင် သတိထားမိခဲ့ပါရဲ့လား။
ကြာလာလေ မင်းအကြောင်း ပိုသိလာရလေပေါ့။
မင်းဟာ ဖက်ရှင်ဒီဇိုင်းကို စိတ်ဝင်စားတယ်
မင်းမှာ အိပ်မက်လေးတွေရှိတယ်။
ဒါပေမဲ့ ဒီအိပ်မက်လေးတွေနဲ့အတူ ဘယ်တော့မှပျံသန်းခွင့်မရခဲ့တဲ့ကောင်မလေး တစ်ယောက်ပေါ့။
အလုပ်လက်မဲ့ ဖြစ်နေတဲ့ မင်းတစ်အိမ်လုံးရဲ့ အိမ်စားရိတ်ကို မင်းတစ်ယောက်တည်း ထမ်းပိုးနေခဲ့ရတာ အရမ်း ပင်ပန်းခဲ့မှာပဲ။
အဖေမရှိတဲ့ မင်းညီမရဲ့သားလေး မင်းတူလေးကို ထိန်းကျောင်းပေးရတာ မင်းအရမ်းပင်ပန်းခဲ့မှာပဲ။
မင်းနဲ့ ၇နှစ်လောက်တွဲပြီး သူလုပ်ချင်တဲ့ဝါသနာ ပါရာပဲ လုပ်နေတတ်တဲ့ ရည်းစားနဲ့ အဆင်ပြေအောင် နေနေရတာ မင်းအရမ်းပင်ပန်းခဲ့မှာပဲ။
ဒါပေမဲ့မင်းဟာ ဒီဒုက္ခတွေကို တချက်မှ မညီးညူခဲ့ဘူးနော်။
မင်းဟာ
လူတွေအတွက်များမွေးဖွားလာတာလား အောက်မေ့ရအောင် ကိုယ့်အိပ်မက်တွေကို
တိတ်တိတ်လေးထုတ်သိမ်းရင်း ပေးဆပ်နေသူတစ်ယောက်ဆိုတာ ကိုယ်သိခဲ့တယ် ညီမလေး...
ဒီအကြောင်းတွေကို
ဘယ်သူမှ မသိဘူး။
မင်းရဲ့ အမြင်တွေ အတွေးတွေကို ဖြန့်ထုတ်ပြီး ပျံသန်းလိုက်ပါ ညီမလေး ရယ် ..
" လူဆိုတာ ကိုယ်ပိုင်ဘ၀ လေးတစ်ခုပဲပိုင်ဆိုင်တာပါ ညီမလေး
မင်းရဲ့ တကယ့်တာဝန်က မင်းအစွမ်းရှိသလောက် ဖြစ်နိုင်သလောက် ပြည့်စုံအောင် နေဖို့ပါပဲ။ "
သူများတွေကို ပေးဆပ်ရင်း မင်းရဲ့ကိုယ်ပိုင် ဘဝကို မပျောက်ဆုံးသွားပါစေနဲ့ ညီမလေး...
ငါ့ရောဂါဟာ ဘယ်တော့မှပြန်မကောင်းလာနိုင်တော့ဘူးဆိုတာ ငါသိတာပေါ့။
ဒီလို Wheelchair ပေါ်မှာ ရှင်သန်နေရတဲ့ဘဝကြီးကို ငါမုန်းတယ်။
အရင်လို ပျော်ရွှင်မှုမျိုး ပြန်မရနိုင်တော့တဲ့နောက် အသက်ရှင်နေလို့လည်း ဘာထူးအုံးမှာလဲ။
နောက်
၆လကြာတဲ့အခါ ဆွစ်ဇာလန်မှာ ဂုဏ်သိက္ခာရှိရှိ
သေဆုံးဖို့ငါစာရင်းပေးထားပီးသား .. လွယ်လွယ်ပြောရရင်
ငါ့လိုဒုက္ခိတတစ်ယောက်ရဲ့ ဘဝအဆုံးသတ်ပေါ့ကွာ... ဒါတွေကို မင်းဘယ်လို
သိသွားလဲ ငါမသိဘူး ညီမလေး .. ဒါပေမဲ့ ငါစိတ်ပြောင်းအောင် မင်းအမျိုးမျိုး
စတင် ကြိုးစားနေခဲ့တာ ငါမြင်ရတာပေါ့။
ကိုယ် တကယ် ပျော်ခဲ့ရပါတယ်။
တောက်ပတဲ့နေရောင်အောက် မင်းနဲ့အတူတူ မြင်းပွဲကြည့်ခဲ့ရတာတွေ။
မင်းနဲ့အတူတူ Mozart ဂီတပွဲသွားနားထောင်ခဲ့ရတာတွေပေါ့။
ဂီတပွဲကအပြန် ကိုယ်တကယ် အိမ်ထဲကို ချက်ချင်း ပြန်မဝင်ချင်ဘူး ညီမလေး ရယ်။
အနီရောင် dress လေးနဲ့လှပနေတဲ့ကောင်မလေး တစ်ယောက်နဲ့ ခုပဲ ဂီတပွဲအတူတူ ကြည့်ပီး ပြန်လာတာလေ။
ခဏတော့ ခပ်ကြာကြာ မင်းနဲ့အတူ ရှိချင်သေးတာပေါ့။အဲ့မို့ ကားထဲမှာ အတူတူဆက်ထိုင်ဖို့ ကိုယ်တောင်းဆိုခဲ့တာပါ ညီမလေး..
ကိုယ်သံယောဇဉ်ရှိတဲ့
မိန်းကလေး တစ်ယောက်နဲ့အတူတူ ကြယ်တွေကို ငေးရင်း ဖြစ်နိုင်သမျှ ခပ်ကြာကြာ
အချိန်ဖြုန်းနေချင်တာ ငါ့ရဲ့ယောကျ်ားသဘာဝလို့ပဲ ဆိုကြပါစို့။
ဒီလို အခိုက်တံ့မျိုး ကိုယ်မခံစားရတော့တာ အတော်ကြာခဲ့ပါပြီလေ။
ဟန်နီ .. မင်းငါ့ကို ရက်စက်တယ် ဟန်နီ။
အဲ့လိုရော ငါပြောခွင့်ရှိရော ရှိပါရဲ့လားဟင်။
wheelchair
ပေါ်က ဒုက္ခိတ တစ်ယောက်ကို စောင့်ဆိုင်းနေတာထက် မင်းအနားမှာ
အားပေးကူညီနေတဲ့ ငါ့သူငယ်ချင်းကိုပဲ ရွေးချယ်လိုက်တာဟာ
မင်းအမှားလုံးဝမဟုတ်ပါဘူး ဟန်နီရယ်။
မင်းရွေးချယ်မှုက လက်တွေ့ကျပါတယ်။
မင်းမမှားခဲ့ပါဘူး.. ဘယ်လောက်ပဲ ငါ့ကို ချစ်ခဲ့ချစ်ခဲ့
မင်းရဲ့ပျိုမြစ်နုနယ်မှုတွေ တက်လမ်းတွေကို ဒုက္ခိတ တစ်ယောက်ဆီမှာ မမြုပ်နှံချင်တာ ငါနားလည်တာပေါ့။
ဒါပေမဲ့လေ မင်းတို့ ၂ယောက်ရဲ့ မင်္ဂလာပွဲဖိတ်စာကို တွေ့လိုက်ရတော့ ငါကြေကွဲရပါတယ် ဟန်နီရယ်။
တကယ်ပါ။
စိတ်ချပါဟန်နီ မင်းရဲ့မင်္ဂလာပွဲကို ငါမရောက်ရောက်အောင် လာပီးတက်ရောက် ချီးမြင့်ပေးမှာပေါ့။
တချိန်က ကိုယ့်ရဲ့အနာဂတ်အိပ်မက်လေးဟာ တခြားသူတစ်ယောက်နဲ့ရွှေလက်တွဲမဲ့ပွဲမှာ ငါပြုံးပြုံးလေး လာပီး လက်ခုတ်တီးပေးမယ်။
congrats ဆိုပီး ပြောမယ်။
ငါ ငိုနေမှာလား။
ဟင့်အင်း ဟန်နီ ...
ငါ့ရင်ထဲက မျက်ရည်တွေကို အပြင်ထုတ်ပြပြီး မင်းရဲ့မင်္ဂလာပွဲကို အကျည်းတန်သွားအောင် ငါဘယ်လုပ်ရက်မလဲကွာ။
ပျော်ပါ ဟန်နီ ပျော်ပျော်နေပါ။
ကိုယ်ချစ်တဲ့သူနဲ့ ပျော်ရတာ နိဗ္ဗာန်ပေါ့။
ငါ့ကို ယောင်လို့တောင် သတိမရပါနဲ့။
မင်းစိတ်ညစ်မှာ စိုးလို့ပါ။
ဒါကြောင့်မင်းရဲ့ မင်္ဂလာလက်ဖွဲ့ကို မှန်တစ်ချပ်ပဲ ငါ လက်ဖွဲ့ပေးခဲ့တယ် ဟန်နီ။
မှန်ကို ထုတ်ထုတ်ကြည့်တိုင်း ပစ္စပ္ပုန်က မင်းကိုယ်မင်းအမြဲပြန်မြင်နေပီး အတိတ်က ငါ့ကို မေ့သွားအောင်လို့ပေါ့။
ကိုယ်နေမကောင်းပြန်ဘူး ညီမလေး ရယ်။
မင်္ဂလာဆောင်က ပြန်လာပီးပိုပိုဆိုးလာတာ မင်းကို ဖွင့်မပြောပြခဲ့ဘူး။ မင်းပိုပို စိုးရိမ်သွားမှာစိုးလို့ပေါ့။
ဒီဘဝဟာ ငါ့အတွက်အဆင်မပြေတော့တာ ငါပိုပိုပီး သိလာနေပြီ ညီမလေး ရယ်။
နေကောင်းလာတော့ ငါစိတ်အပြောင်းလဲဖြစ်အောင်
ဆိုပြီး ကမ်းခြေကို အပန်းဖြေခရီးထွက်ဖို့ မင်းစီစဉ်ခဲ့သေးတယ်နော် ညီမလေး..
တိမ်ပြာပြာအောက်မှာ နေစာလှုံရင်း .
.စာအုပ်ဖတ်ရင်း.. ရေငုပ်ရင်း..မင်းပျော်နေခဲ့တာ ငါမြင်ရတော့ ငါကျေနပ်မိပါတယ် ညီမလေး ရယ် ..
မင်းဘဝလေးမှာ အဲ့လိုလွတ်လွတ်လပ်လပ် ပျော်ရွှင်ရမှုမျိုးတွေက မရှိသလောက်ရှားခဲ့တယ် မဟုတ်လား။
မိုးကြီးလေကြီးတိုက်တဲ့ညမှာ ငါတို့နမ်းခဲ့ကြတယ်။
ညသန်းခေါင်ယံ ကမ်းစပ်က သဲဖြူဖြူလေးပေါ်မှာ မင်းက ငါ့ကို ကပြရင်း နမ်းခဲ့ကြပြန်တယ်။
မင်းစိတ်ထဲမှာ
ငါ့ကို ချစ်နေတာ ငါခံစားမိတာပေါ့ ညီမလေးရယ်။ ငါစိတ်ထဲ ဘယ်လိုရှိလဲဆိုတာ
မင်းလည်း သိမှာပါ။ ငါ့ရင်ခုန်သံတွေလည်း မင်းကြားနိုင်မှာပါ။
ဒါပေမဲ့မဖြစ်နိုင်ဘူး
ညီမလေး... ငါမင်းကို ချစ်နေမိတဲ့အကြောင်း ထုတ်ပြောလိုက်မိရင် မင်းဟာအခုလို
ငါ့အနားမှာပဲ အမြဲရှိနေမယ် ငါ့ကို အသက်ထက်ဆုံးစောင့်ရှောက်မယ် .. ငါ့ကို
အရာရာပေးဆပ်တော့မယ် ..
ဆိုတာ ငါသိတာပေါ့ညီမလေး
အဲ့မို့မင်းကို ငါငြင်းခဲ့တာပါ။
မင်းနဲ့အတူရှိနေရရင်ပျော်ရွှင်ရမှာ ငါသိတာပေါ့ ညီမလေးရယ် ..
ဒါပေမဲ့ ငါလိုချင်တာ ဒီလို ဘဝမျိုးမဟုတ်ဘူး။
ငါအရင်က အရမ်းအရမ်းကို ပီးပြည့်စုံတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ခွင့်ရခဲ့ဖူးပြီးပြီ။
အဲ့လိုဘဝကို ပြန်မရနိုင်တော့တဲ့အခြေအနေမှာ ဒီဒုက္ခိတ ဘဝကြီးကို လက်ခံပြီး အသက်ထက်ဆုံး ပျော်အောင်နေဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။
ငါအဲ့လိုကြီးလည်းမနေသွားချင်ဘူး ညီမလေးရယ်။
အဓိကက မင်းအတွက်ပေါ့ ညီမလေး ..
ညီမလေးကို ဒီလိုမျိုး ဒုက္ခိတတစ်ယောက်နားမှာနေနေသွားရအောင် မချည်နှောင်ချင်ဘူး။
ငါရခဲ့ဖူးတဲ့ တခြားလူတွေကပေးတဲ့ ဘဝရဲ့အကောင်းဆုံးအရာတွေကို ညီမလေးကိုလည်း ရစေချင်တယ်။
ငါလို ဒုက္ခိတအနားမှာနေရင်း အဲ့အရာတွေကို မဆုံးရှုံးသွားစေချင်ဘူး။
တကိုယ်ကောင်းဆန်ဆန်ပြောရရင်
နောင်တချိန်မှာ ငါ့ကြောင့် ညီမလေး ဒီလိုဘဝမရခဲ့ရတာပါလားဆိုပြီး
ညီမလေးကိုကြည့်ရင်း နောင်တရတာတွေ သနားတာတွေ နည်းနည်းတောင် ငါမခံစားချင်ဘူး။
ညီမလေးနဲ့ အတူရှိခဲ့ရတဲ့ ဒီ ၆လလောက် အချိန်တွေဟာ တစ်သက်မမေ့နိုင်စရာ အချိန်တွေပါပဲကွာ။
ဒါပေမဲ့ ဒီဇာတ်လမ်းကို ဒီမှာပဲ အဆုံးသတ်လိုက်သင့်ပြီ ထင်ပါရဲ့။ နောက်ထပ် ငါ နာကျင်ရတာတွေ စိတ်ပင်ပန်းရတာတွေ ထပ်မဖြစ်ရအောင်ပေါ့ ။
မနက်နိုးတိုင်း မျှော်လင့်ချက်တွေနဲ့ နိုးထနေရတာတွေကိုလည်း ငါပင်ပန်းနေပြီ ညီမလေးရယ်။
ဟုတ်တယ် ညီမလေး ..
ငါက တကိုယ်ကောင်း သိပ်ဆန်တယ်။
ညီမလေးကရင်ကိုခွဲပီး ခံစားချက်တွေဖွင့်ချတာကိုတောင် ငါငြင်းခဲ့တယ်။
ပီးတော့ ဆွစ်ဇာလန်မှာသေဆုံးမဲ့ ငါ့နောက်ဆုံးအချိန်တွေကို ကြည့်ဖို့ ဖိတ်ခေါ်တယ်။
ဟုတ်တယ် ညီမလေး ... ညီမလေး ဘ၀ ဒီထက်အဆင်ပြေစေဖို့ ငါ့ဘဝကိုပဲ ချနင်းပစ်လိုက်ပါတော့မယ်။မီးခိုးငွေ့တွေ ဖြစ်သွားတဲ့အချိန်အထိ။
ဟုတ်တယ် ညီမလေး ..
ငါက တကိုယ်ကောင်း သိပ်ဆန်တယ်။
ဆွစ်ဇာလန်က ငါ့ရဲ့နောက်ဆုံးအချိန်တွေကို ငါသတိရမိသေးတယ် ညီမလေး။
ကမ္ဘာကြီးဟာ ငါမရှိတော့ရင် ပိုကောင်းသွားမှာပါ။
ဝမ်းနည်းမနေပါနဲ့ ညီမလေးရယ်။
ညီမလေးတခါပြောဖူးတယ်လေ ညီမလေး ငယ်ငယ်က အိပ်မက်ဆိုးတွေမက်တိုင်း ညီမလေးအဖေဆိုပြနေကျ molahhonkey သီချင်းလေးပေါ့။
အခုချိန် အဲ့သီချင်းကို ငါဆိုပြတော့ ညီမလေးက ငိုလို့။
ငါလည်း မငိုရပါပဲ မျက်ရည်တွေကျလို့။
ငါ့ကို ချစ်မိခဲ့တာ အိပ်မက်ဆိုးလို့ သဘောထားပီး ညီမလေး ပြန်လည် နိုးထအဆင်ပြေပါစေကြောင်းပေါ့။
ညီမလေး ဒီစာကိုဖတ်နေရချိန်မှာ ဒီကမ္ဘာမှာ ငါမရှိတော့တာ အချိန်ခဏကြာခဲ့ပြီပေါ့။
ညီမလေးသာ ငါပြောတဲ့အတိုင်းလုပ်ခဲ့မယ်ဆို ညီမလေးက အခုချိန် paris ကိုရောက်နေပြီပေါ့။
ငါ တခါပြောခဲ့ဖူးတဲ့
လမ်းသွယ်လေးဘေးက လူတိတ်ဆိတ်တဲ့ ကော်ဖီဆိုင်ရဲ့ စားပွဲတစ်လုံးမှာထိုင်ပါ။
ရာသီဥတုက နေသာ လေလာတဲ့ တိမ်ပြာပြာ ရက်လေးတစ်ရက်ဖြစ်နေပါစေလို့ ငါမျှော်လင့်ပါတယ်။
ကော်ဖီဆိုင်ကနေ တံတားလေးကိုကျော်လိုက်ရင် ရေမွှေးဆိုင် တစ်ဆိုင်ရှိတယ် ညီမလေး။
အဲ့ဆိုင်က Papillons Extreme ဆိုတဲ့ရေမွှေးကို ဝယ်သုံးကြည့်ပါ။
အဲ့ရေမွှေးရဲ့အနံ့က ညီမလေးနဲ့အတော်လိုက်ဖက်မှာပဲလို့ ငါအမြဲတွေးခဲ့ဖူးတယ်။
ညီမလေးကို ပြောချင်ပြီး မပြောခဲ့လိုက်ရတဲ့စကားအချို့ရှိတယ် ညီမလေး။
ငါပြောလိုက်ရင် ညီမလေးက ငါ့ကို ဆုံးအောင်ပြောခွင့်မပေးပဲ ငြင်းမှာ ကြိုသိခဲ့လို့ပေါ့။
အခုတော့ ပြောပြရစေနော်။
ညီမလေး အိမ်ပြန်ရောက်ရင် ငါ့ရှေ့နေက bank account တစ်ခုကို လာပေးလိမ့်မယ်။
မလန့်သွားပါနဲ့ ညီမလေးရ တစ်သက်လုံးထိုင်စားလောက်တဲ့ ပမာဏ မဟုတ်ပါဘူး။
ဒါပေမဲ့ ညီမလေးရဲ့ ဘဝခရီးအသစ်ကို စဖို့ ညီမလေးရဲ့ အိပ်မက်တွေနောက်ကို လိုက်ဖို့တော့ လုံလောက်တဲ့ ငွေကြေးပမာဏ ဖြစ်မှာပါ။
ညီမလေး ဘဝတလျောက်လုံး သူများတွေအတွက် မြုပ်နံှခဲ့ရတာ လုံလောက်နေပါပြီ။
အခုက ညီမလေးရဲ့ ကိုယ်ပိုင်လွတ်လပ်မှု အိပ်မက်တွေကို ရှာဖွေဖို့ အချိန်ကျနေပြီလေ။
ရဲရဲရင့်ရင့် ရှင်သန်စမ်းပါ ညီမလေး။
အတောင်ပံတွေဖွင့် အမြင့်ဆုံးထိ ပျံသန်းလိုက်ပါ။
ဒီလောက်ပါပဲ ညီမလေး
ကြောင်ကြောင်ကြားကြား
အဝတ်တွေဝတ်ပီး အပြုံးချိုချိုလေးနဲ့ စတွေ့တဲ့နေ့ကတည်းက ညီမလေးဟာ
ကိုယ့်နှလုံးသားကို သိမ်းပိုက်ခဲ့ပီးသားပါကွာ ...
ငါ့အကြောင်းလည်း ခဏ ခဏ တွေးမနေနဲ့အုံး ညီမလေးရဲ့။
ညီမလေးကို ဝမ်းမနည်းစေချင်လို့ပါ။
ဘဝကို ကောင်းကောင်းမွန်မွန်လျှောက်လှမ်းပါ ညီမလေး။
ကိုယ်က ညီမလေးရဲ့ ခြေလှမ်းတိုင်းမှာ ဘေးကနေ အရိပ်လိုအတူတူ အမြဲ ရှိနေမှာပေါ့။
ချစ်တဲ့ Will ....
---------------------------
ဒီဇာတ်ကားဟာ စာရေးဆရာ JOJO MOYES ရဲ့ ဝတ္ထုကို ပြန်ရိုက်ထားတဲ့ 2016 ခုနှစ်ထွက် ဇာတ်ကားကောင်းလေးပါ။
Will
Traynor အဖြစ် မင်းသား Sam Claflin ကသရုပ်ဆောင်ထားပီး ညီမလေး Louisa Clark
အဖြစ် Game of thrones ဇာတ်လမ်းတွဲထဲက နဂါးမယ်တော် ခါလီးဆီလေးဖြစ်တဲ့
Emilia Clarke က သရုပ်ဆောင်ထားပါတယ်။
ဝတ်တာစားတာ အူကြောင်ကြောင်
ရီရင်မလှ ငိုရင်ရုပ်ဆိုး ခပ်တုံးတုံး စပ်ဖြီးဖြီး ပုပုလုံးလုံး
ကောင်မလေးအဖြစ် Emilia Clarke ကို ဒီကားမှာ ထူးထူးခြားခြား
မြင်တွေ့ရပါလိမ့်မယ်။
အကြံပေးချင်တာ ပထမ ၁ခေါက်ကြည့်မယ်ဆို ညီမလေး louis clark နေရာက ဝင်ခံစားပီးကြည့်ပါ။
နောက်တစ်ခေါက်ကိုကျ Will နေရာက ဝင်ခံစားပီးကြည့်ပါ။
ပိုပြီး ခံစားထိရှ လာရပါလိမ့်မယ်။
အရေးအကြီးဆုံးက ကြည့်တဲ့အခါတိုင်း တစ်ရှုးဆောင်ထားဖို့မမေ့ပါနဲ့။
၂ခါကြည့်ရင် ၂ခါ ၃ ခါကြည့်ရင် ၃ခါလုံး ငိုကို ငိုရပါလိမ့်မယ်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
#MMDB_Reviews #MMDB_Feelings #MeBeforeYou #KXYT
Credit: MMDB_Reviews
Home
»
ခ်စ္ေရးခ်စ္ရာ
»
ဗဟုသုတ
»
လူမႈ႔ဘဝ
»
အႏုပညာ
»
ႏိုင္ငံတကာ
» ၂ခါၾကည့္ရင္ ၂ခါ ၃ ခါၾကည့္ရင္ ၃ခါလံုး ငိုကို ငိုရမယ့္ Me Before You ဇာတ္ကား အေၾကာင္း ...!(အေရးအႀကီးဆံုးက ၾကည့္တ့ဲအခါတိုင္း တစ္ရႈးေဆာင္ထားဖို႔မေမ့ပါန႔ဲ။)
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။