iMyanmarHouse.com - Best Property Website for Myanmar
×

အိုစမာဘင္လာဒင္ကို အေမရိကန္က..
အေသမသတ္ခင္မွာ..
သူပုန္းကြယ္ေနတဲ့ေနရာကို ႏွစ္နဲ႔ခ်ီၿပီး ေစာင့္ၾကည့္ခဲ့တယ္..
၂ ႏွစ္ကေန ၄ ႏွစ္အတြင္းမွာသူဟုတ္မဟုတ္ဆိုတာကို..
နည္းေပါင္းစံု ...ေထာက္လွမ္းမွဳေပါင္းစံုနဲ႔...
အတည္ျပဳၿပီးမွ Seal team 6 လႊတ္ၿပီး..
အေသပစ္သတ္ခဲ့တာ..

အေသပစ္သတ္ၿပီးတာေတာင္
အေလာင္းကိုရေအာင္သယ္ၿပီး..
ဒီအင္ေအနဲ႔အတည္ျပဳခ်က္ယူေသးတယ္..

တကယ္လို႔သာ CIA ကစိတ္မရွည္ခဲ့ရင္..
မီဒီယာေတြကိုသာႀကိဳအသိေပးခဲ့ရင္.
ေပါက္ၾကားမွဳေတြျဖစ္ၿပီး.....
ဘင္လာဒင္အခုထိေသမယ္မထင္ဘူး....
ဒါကတစ္ခ်က္..

----------------------------

ေနာက္တစ္ခုက ဒုတိယကမၻာစစ္က..
ဂ်ာမန္ေတြသံုးေနတဲ့စကား၀ွက္ကိုေဖၚတဲ့စက္ကို..
ၿဗိတိန္ ေထာက္လွမ္းေရးက..
ႏွစ္နဲ႔ခ်ီေလ့လာၿပီးမွတီထြင္ႏိုင္ခဲ့ရတယ္ ...
ဂ်ာမန္စကား၀ွက္ကိုေဖၚႏိုင္ေပမဲ့...
ဂ်ာမန္ေတြကိုအဂၤလိပ္က..
သူတို႔ေဖၚတတ္ေၾကာင္းမျပခဲ့ဘူး..
ဘယ္သေဘၤာေတြကို ဂ်ာမန္ေတြတိုက္မယ္၊
ဘယ္ကုန္တင္သေဘၤာေတြကို ...
ဂ်ာမန္ေတြျ ဖတ္တိုက္မယ္ ၊
ဘယ္ကိုဗံုးႀကဲမယ္ စသျဖင့္...
ဂ်ာမန္ေတြေျပာတာကိုသူတို႔ႀကိဳသိေနတယ္.

ဒါေပမဲ့ အဂၤလိပ္ေထာက္လွမ္းေရးရဲ႕..
စိတ္ရွည္သည္းခံခ်က္က....ဖ်ားေလာက္တယ္..

သူတို႔ေဖၚထုတ္လို႔ရတဲ့သတင္းေတြထဲက..
အေရးႀကီးတဲ့ ဟာေလာက္ကိုပဲ..
သူတို႔ျပန္ကစားတယ္..
ဥပမာ ဘယ္ၿဗိတိန္ကုန္တင္သေဘၤာကို..
ဂ်ာမန္ေရငုတ္သေဘၤာေတြတုိက္မယ္ဆိုတဲ့..
သတင္းမ်ိဳးရလဲ..
အဲဒီသေဘၤာအုပ္စုကို..သတင္းမေပးဘူး..
ဆိုက္ဆုိက္ၿမိဳက္ၿမိဳက္အတိုက္ခံတယ္...
အဂၤလိပ္ဘက္ကလူေတြေသတယ္...
သေဘာၤေတြဆံုးရွံဳးရတယ္..

ဘယ္ေဒသမွာဂ်ာမန္တပ္ေတြလွဳပ္ရွားမယ္...
ဆိုတာမ်ိဳးသတင္းႀကိဳသိလဲ..ဂ်ာမန္ေတြလွဳပ္ရွားပေစ...
အဲဒီမွာရွိတဲ့မဟာမိတ္တပ္ေတြကိုႀကိဳအသိမေပးဘူး..
အငိုက္ခံရလဲခံေတာ့ပဲ...
ဒါေပမဲ့ ဂ်ာမန္ေတြစကား၀ွက္ကိုေဖၚလို႔ရတာေတြထဲက..
သတင္း ဆယ္ခုမွာ အေရးအႀကီးဆံုးတစ္ခုႏွစ္ခုေလာက္ကိုပဲ..
အဂၤလိပ္က အေလးထားခဲ့တာ....
အေရးအရမ္းႀကီးတာေတြဆိုရင္ေတာ့..
ဂ်ာမန္ေတြဆီကသတင္းရတာနဲ႔
တစ္ဘက္မွာ ႀကိဳတင္ေျပာင္းလည္းပစ္တယ္..

ဘာ့ေၾကာင့္ဒီလိုလုပ္ရတာလဲဆိုေတာ့..
ဂ်ာမန္ေတြဟာ...သူတို႔ရဲ႕နည္းကို..
အဂၤလိပ္ေတြေဖၚတတ္ေနတယ္လို႔သာသိသြားရင္..
သူတို႔ရဲ႔နည္းကိုခ်က္ခ်င္းေျပာင္းလည္းပစ္ႏိုင္တဲ့အတြက္..
ဒါကိုေဖၚဖို႔ေနာက္ထပ္ႏွစ္နဲ႔ခ်ီၾကာႏိုင္တာကို
အဂၤလိပ္ကမျဖစ္ခ်င္တာ..
တကယ္လို႔သာ ဂ်ာမန္ေတြက
သူတို႔ရဲ႕နည္းပညာကိုၿဗိတိန္က
ေဖၚထုတ္ႏုိင္ေနတယ္လို႔သာသိသြားလို႔
သူတို႔စနစ္ကိုေျပာင္းလည္းလိုက္ရင္
ၿဗိတိန္ေတြဒီနည္းကိုေဖၚဖို႔ ေနာက္ဘယ္ႏွစ္ႏွစ္အထိ
ထပ္ၾကာမလဲဆိုတာမေျပာႏိုင္ဘူး...
အဲဒါဆိုရင္ စစ္ပြဲအဆံုးအျဖတ္က ေျပာင္းသြားႏိုင္တယ္..
ၿဗိတိန္နဲ႔မဟာမိတ္ေတြစစ္ရွံဳးမယ္..

ဒါ့ေၾကာင့္ဂ်ာမန္ေတြကို သူတို႔ရဲ႔နည္းပညာကို..
ပိုၿပီးယံုၾကည္လာေအာင္
အဂၤလိပ္က တမင္ကိုလုပ္ျပခဲ့တယ္....

သူ႔ရဲ႕သေဘၤာတစ္ခ်ိဳ႕နဲ႔တပ္တစ္ခ်ိဳ႕ကိုရင္းႏွီးၿပီး လုပ္ခဲ့ရတယ္..
ဘာမွမသိတဲ့ပံုစံမ်ိဳး သရုပ္ေဆာက္ၿပီး
စေတးစရာရွိတာ တစ္ခ်ိဳ႔ကိုစေတးျပခဲ့တယ္..
တစ္ဘက္မွာေတာ့...
၈်ာမန္ေတြဆီကရတဲ့အေရးႀကီးတဲ့သတင္းေတြကို
မဟာမိတ္တပ္ေတြကို မ်ွေ၀ႏိုင္ခဲ့တယ္..
၈်ာမန္ေတြဟာ လံုး၀ကိုမရိပ္မိခဲ့ပဲ..
သူတို႔ရဲ႕ဆက္သြယ္ေရးစကား၀ွက္စနစ္ကို
လံုး၀ကို..ယံုၾကည္ခဲ့ၾကတယ္..

ေနာက္ပိုင္းမွာေတာ့..
ဂ်ာမန္ေတြဟာ သူတို႔ကိုအဂၤလိပ္က..
ယံုၾကည္မွုလြန္ကဲေအာင္လုပ္ၿပီး
တဖက္လွည့္နဲ႔ပညာျပသြားတာကို
စစ္ရွံဳးၿပီးမွသာသိသြားေလတယ္..

--------------------------

ဒါဟာဥပမာေတြပါ..

ဒီလို မဟာဗ်ဴဟာက်က်ေတြးေခၚမွဳေတြ
ကၽြန္ေတာ္တို႔ႏိုင္ငံသားေတြမွာရွိေစခ်င္တယ္..
လူငယ္ေတြမွာ ရွိေစခ်င္တယ္..

ဘာရယ္မဟုတ္ပါဘူး..
စိတ္ရွည္ရွည္နဲ႔ေစာင့္ၾကည့္ဖို႔ရယ္..
အခ်ိန္မတန္ခင္မွာ..
မေျပာသင့္တာကိုမေျပာတာ
အေကာင္းဆံုးရယ္ဆိုတာေလး
သတိရမိလို႔ပါ....

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္..

Credit:  မွတ္စုၾကမ္း/ ကိုပုရစ္

#Unicode Version#
အိုစမာဘင်လာဒင်ကို အမေရိကန်က..
အသေမသတ်ခင်မှာ..
သူပုန်းကွယ်နေတဲ့နေရာကို နှစ်နဲ့ချီပြီး စောင့်ကြည့်ခဲ့တယ်..
၂ နှစ်ကနေ ၄ နှစ်အတွင်းမှာသူဟုတ်မဟုတ်ဆိုတာကို..
နည်းပေါင်းစုံ ...ထောက်လှမ်းမှုပေါင်းစုံနဲ့...
အတည်ပြုပြီးမှ Seal team 6 လွှတ်ပြီး..
အသေပစ်သတ်ခဲ့တာ..

အသေပစ်သတ်ပြီးတာတောင်
အလောင်းကိုရအောင်သယ်ပြီး..
ဒီအင်အေနဲ့အတည်ပြုချက်ယူသေးတယ်..

တကယ်လို့သာ CIA ကစိတ်မရှည်ခဲ့ရင်..
မီဒီယာတွေကိုသာကြိုအသိပေးခဲ့ရင်.
ပေါက်ကြားမှုတွေဖြစ်ပြီး.....
ဘင်လာဒင်အခုထိသေမယ်မထင်ဘူး....
ဒါကတစ်ချက်..

----------------------------

နောက်တစ်ခုက ဒုတိယကမ္ဘာစစ်က..
ဂျာမန်တွေသုံးနေတဲ့စကားဝှက်ကိုဖေါ်တဲ့စက်ကို..
ဗြိတိန် ထောက်လှမ်းရေးက..
နှစ်နဲ့ချီလေ့လာပြီးမှတီထွင်နိုင်ခဲ့ရတယ် ...
ဂျာမန်စကားဝှက်ကိုဖေါ်နိုင်ပေမဲ့...
ဂျာမန်တွေကိုအင်္ဂလိပ်က..
သူတို့ဖေါ်တတ်ကြောင်းမပြခဲ့ဘူး..
ဘယ်သင်္ဘောတွေကို ဂျာမန်တွေတိုက်မယ်၊
ဘယ်ကုန်တင်သင်္ဘောတွေကို ...
ဂျာမန်တွြေ ဖတ်တိုက်မယ် ၊
ဘယ်ကိုဗုံးကြဲမယ် စသဖြင့်...
ဂျာမန်တွေပြောတာကိုသူတို့ကြိုသိနေတယ်.

ဒါပေမဲ့ အင်္ဂလိပ်ထောက်လှမ်းရေးရဲ့..
စိတ်ရှည်သည်းခံချက်က....ဖျားလောက်တယ်..

သူတို့ဖေါ်ထုတ်လို့ရတဲ့သတင်းတွေထဲက..
အရေးကြီးတဲ့ ဟာလောက်ကိုပဲ..
သူတို့ပြန်ကစားတယ်..
ဥပမာ ဘယ်ဗြိတိန်ကုန်တင်သင်္ဘောကို..
ဂျာမန်ရေငုတ်သင်္ဘောတွေတိုက်မယ်ဆိုတဲ့..
သတင်းမျိုးရလဲ..
အဲဒီသင်္ဘောအုပ်စုကို..သတင်းမပေးဘူး..
ဆိုက်ဆိုက်မြိုက်မြိုက်အတိုက်ခံတယ်...
အင်္ဂလိပ်ဘက်ကလူတွေသေတယ်...
သဘောၤတွေဆုံးရှုံးရတယ်..

ဘယ်ဒေသမှာဂျာမန်တပ်တွေလှုပ်ရှားမယ်...
ဆိုတာမျိုးသတင်းကြိုသိလဲ..ဂျာမန်တွေလှုပ်ရှားပစေ...
အဲဒီမှာရှိတဲ့မဟာမိတ်တပ်တွေကိုကြိုအသိမပေးဘူး..
အငိုက်ခံရလဲခံတော့ပဲ...
ဒါပေမဲ့ ဂျာမန်တွေစကားဝှက်ကိုဖေါ်လို့ရတာတွေထဲက..
သတင်း ဆယ်ခုမှာ အရေးအကြီးဆုံးတစ်ခုနှစ်ခုလောက်ကိုပဲ..
အင်္ဂလိပ်က အလေးထားခဲ့တာ....
အရေးအရမ်းကြီးတာတွေဆိုရင်တော့..
ဂျာမန်တွေဆီကသတင်းရတာနဲ့
တစ်ဘက်မှာ ကြိုတင်ပြောင်းလည်းပစ်တယ်..

ဘာ့ကြောင့်ဒီလိုလုပ်ရတာလဲဆိုတော့..
ဂျာမန်တွေဟာ...သူတို့ရဲ့နည်းကို..
အင်္ဂလိပ်တွေဖေါ်တတ်နေတယ်လို့သာသိသွားရင်..
သူတို့ရဲ့နည်းကိုချက်ချင်းပြောင်းလည်းပစ်နိုင်တဲ့အတွက်..
ဒါကိုဖေါ်ဖို့နောက်ထပ်နှစ်နဲ့ချီကြာနိုင်တာကို
အင်္ဂလိပ်ကမဖြစ်ချင်တာ..
တကယ်လို့သာ ဂျာမန်တွေက
သူတို့ရဲ့နည်းပညာကိုဗြိတိန်က
ဖေါ်ထုတ်နိုင်နေတယ်လို့သာသိသွားလို့
သူတို့စနစ်ကိုပြောင်းလည်းလိုက်ရင်
ဗြိတိန်တွေဒီနည်းကိုဖေါ်ဖို့ နောက်ဘယ်နှစ်နှစ်အထိ
ထပ်ကြာမလဲဆိုတာမပြောနိုင်ဘူး...
အဲဒါဆိုရင် စစ်ပွဲအဆုံးအဖြတ်က ပြောင်းသွားနိုင်တယ်..
ဗြိတိန်နဲ့မဟာမိတ်တွေစစ်ရှုံးမယ်..

ဒါ့ကြောင့်ဂျာမန်တွေကို သူတို့ရဲ့နည်းပညာကို..
ပိုပြီးယုံကြည်လာအောင်
အင်္ဂလိပ်က တမင်ကိုလုပ်ပြခဲ့တယ်....

သူ့ရဲ့သင်္ဘောတစ်ချို့နဲ့တပ်တစ်ချို့ကိုရင်းနှီးပြီး လုပ်ခဲ့ရတယ်..
ဘာမှမသိတဲ့ပုံစံမျိုး သရုပ်ဆောက်ပြီး
စတေးစရာရှိတာ တစ်ချို့ကိုစတေးပြခဲ့တယ်..
တစ်ဘက်မှာတော့...
၈ျာမန်တွေဆီကရတဲ့အရေးကြီးတဲ့သတင်းတွေကို
မဟာမိတ်တပ်တွေကို မျှဝေနိုင်ခဲ့တယ်..
၈ျာမန်တွေဟာ လုံးဝကိုမရိပ်မိခဲ့ပဲ..
သူတို့ရဲ့ဆက်သွယ်ရေးစကားဝှက်စနစ်ကို
လုံးဝကို..ယုံကြည်ခဲ့ကြတယ်..

နောက်ပိုင်းမှာတော့..
ဂျာမန်တွေဟာ သူတို့ကိုအင်္ဂလိပ်က..
ယုံကြည်မှုလွန်ကဲအောင်လုပ်ပြီး
တဖက်လှည့်နဲ့ပညာပြသွားတာကို
စစ်ရှုံးပြီးမှသာသိသွားလေတယ်..

--------------------------

ဒါဟာဥပမာတွေပါ..

ဒီလို မဟာဗျူဟာကျကျတွေးခေါ်မှုတွေ
ကျွန်တော်တို့နိုင်ငံသားတွေမှာရှိစေချင်တယ်..
လူငယ်တွေမှာ ရှိစေချင်တယ်..

ဘာရယ်မဟုတ်ပါဘူး..
စိတ်ရှည်ရှည်နဲ့စောင့်ကြည့်ဖို့ရယ်..
အချိန်မတန်ခင်မှာ..
မပြောသင့်တာကိုမပြောတာ
အကောင်းဆုံးရယ်ဆိုတာလေး
သတိရမိလို့ပါ....



Credit:  မှတ်စုကြမ်း/ ကိုပုရစ်
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top