iMyanmarHouse.com - Best Property Website for Myanmar
×

ဩဂုတ္ ၁၀ ရက္ေန႔မွာ ျမန္မာတစ္ႏိုင္ငံလံုး ေတာေရာ ၿမိဳ႕ ပါမက်န္ ဆင္းမ္ကတ္ သန္း ၅၀ ကို အခမဲ့ ေပးေဝသြားမယ္ဆိုတဲ့ သတင္းဟာ သတင္းအမွားျဖစ္ေပမဲ့လဲ လူမႈကြန္ရက္ စာမ်က္ႏွာေပၚမွာ ျပန္လည္မွ်ေဝသူ အမ်ားအျပားရွိေနတာကို ေတြ႕ရပါတယ္။

ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းမွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးကလည္း ‘သတင္း တစ္ခုကို ဖတ္မယ္ဆိုရင္ ဘယ္ကလာတဲ့ သတင္းလဲ၊ ဘယ္သူလုပ္တာလဲ ဒါေတြကို ခ်င့္ခ်ိန္ၿပီးမွ ယံုသင့္ပါတယ္၊ အခုဟာက ဘယ္လိုမွ မျဖစ္ႏိုင္တဲ့ ကိစၥကို လူေတြက ယံုေနၾကတာပါ” လို႔ ေျပာပါတယ္။

ဂ်ာမနီႏိုင္ငံမွကမၻာေက်ာ္ဆက္သြယ္ေရးကုမဏီတစ္ခုျဖစ္တဲ့ SWEEP Telecon ကုမဏီမွ ျမန္မာႏိုင္ငံတြင္ တယ္လီဖုန္းဆင္းမ္ကတ္ေတြကိုယခုလ ၁၀ ရက္ေန႔တြင္ စတင္ေရာင္းခ်ေတာ့မယ္လို႔ သတင္းေတြ ပ်ံ႕ႏွံ႔ခဲ့တာ ျဖစ္ပါတယ္။

သည္ကုမဏီရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာ ျဖန္႔ေဝခဲ့တဲ့စာသားေတြက  SWEEP Telecon ဆက္သြယ္ေရးကုမဏီဟာ ဂ်ာမနီႏိုင္ငံတြင္ နံပါတ္တစ္ဆက္သြယ္ေရး ေအာ္ပေရတာတစ္ခုျဖစ္ကာဥေရာပတိုက္အတြင္း အႀကီးမားဆံုး တယ္ လီကြန္း နက္ဝပ္ခ္ ကုမဏီတစ္ခုလည္း ျဖစ္ပါတယ္။

SWEEP Telecon ကုမဏီဟာ ယခုအခါ ျမန္မာႏိုင္ငံတြင္ ေလးဥိးေျမာက္ ဆက္သြယ္ေရးေအာ္ပေရတာအျဖစ္ ဝင္ ေရာက္လုပ္ကိုင္ခြင့္ ရရွိေတာ့မည္ျဖစ္၍ သံုးစြဲသူမိဘျပည္သူမ်ား အဆင္ေျပေစရန္ တယ္လီဖုန္းဆင္းမ္ကတ္ေတြကို အခမဲ့ ေပးသြားမည္ျဖစ္ပါတယ္။

SWEEP Telecon ဆင္းမ္ကတ္ တယ္လီဖုန္းေျပာဆိုခမွာ တစ္မိနစ္ ငါး က်ပ္၊ အင္တာနက္အသံုးျပဳ ခမွာ 1 GB က်ပ္၁၀ဝ၊ စာတိုပို႔ (message) တစ္ေစာင္တစ္က်ပ္၊ ေဖ့စ္ဘုတ္ခ္အႀကိဳက္ သံုးတစ္ရက္ က်ပ္ ၁၀ဝ နဲ႔ Viber, Bee Talk, We Chat, Line ကို ေတာ့ အခမဲ့ အသံုးျပဳႏိုင္ပါတယ္” ဆိုၿပီး မက္လံုးေတြေပးၿပီး အင္တာနက္ စာမ်က္ႏွာေပၚမွာ သတင္းအမွားကို ေဖာ္ျပထားတာကိုလည္း ေတြ႕ရပါတယ္။

အြန္လိုင္းကို တြင္တြင္က်ယ္က်ယ္ အသံုးမျပဳတဲ့ သူအမ်ားစုက သတင္းအမွားကို အမွန္ထင္ၿပီး အခမဲ့ေပးေဝမယ့္ ဩဂုတ္ ၁၀ ရက္ေန႔ဟာ ဘယ္ဖုန္းဆိုင္ေတြမွာ သြားဝယ္လို႔ ရမွာလဲဆိုတဲ့ အသံေတြဟာလည္း လူစည္ကား ရာေဈးေတြ၊ စားေသာက္ဆိုင္ေတြနဲ႔ ႐ံုး ဝန္ထမ္းေတြ အမ်ားဆံုး ေမွ်ာ္လင့္တႀကီးနဲ႔ ေျပာေနၾကသူ ေတြလည္း ရွိေနပါတယ္။

“ဆိုင္ေတြမွာဆိုရင္လဲ အဲဒီျပႆနာပဲ ေျဖရွင္းေနရတယ္၊ အဲဒီသတင္းထြက္ၿပီးမွ အဲဒီဆင္းမ္ကတ္ကို ဘယ္မွာဝယ္လို႔ ရလဲ၊ ဘယ္လိုဝယ္ရမလဲ၊ ကာစတာမာေတြကို အဲဒါေတြပဲ ေျဖရွင္းေနရတယ္”လို႔ ေလဆာဖုန္းအေရာင္းဆိုင္မွ အေရာင္းဝန္ထမ္းတစ္ဦးက ေျပာပါတယ္။

ျပည္သူအမ်ားစုက ေဈးသက္သက္ သာသာနဲ႔ အသံုးျပဳရမယ့္ ေအာ္ပေရတာ ေပၚထြက္လာဖို႔ကို ေမွ်ာ္လင့္ေနၾကတာ ျဖစ္ပါတယ္။

Author / မိုးမိုး
O/L>>>https://m.facebook.com/story.php?story_fbid=1393047067430616&id=212802105455124

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit : kumudra

#Unicode Version#
 ဩဂုတ် ၁၀ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံး တောရော မြို့ ပါမကျန် ဆင်းမ်ကတ် သန်း ၅၀ ကို အခမဲ့ ပေးဝေသွားမယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားဖြစ်ပေမဲ့လဲ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပြန်လည်မျှဝေသူ အများအပြားရှိနေတာကို တွေ့ရပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း ‘သတင်း တစ်ခုကို ဖတ်မယ်ဆိုရင် ဘယ်ကလာတဲ့ သတင်းလဲ၊ ဘယ်သူလုပ်တာလဲ ဒါတွေကို ချင့်ချိန်ပြီးမှ ယုံသင့်ပါတယ်၊ အခုဟာက ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စကို လူတွေက ယုံနေကြတာပါ” လို့ ပြောပါတယ်။

ဂျာမနီနိုင်ငံမှကမ္ဘာကျော်ဆက်သွယ်ရေးကုမဏီတစ်ခုဖြစ်တဲ့ SWEEP Telecon ကုမဏီမှ မြန်မာနိုင်ငံတွင် တယ်လီဖုန်းဆင်းမ်ကတ်တွေကိုယခုလ ၁၀ ရက်နေ့တွင် စတင်ရောင်းချတော့မယ်လို့ သတင်းတွေ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။

သည်ကုမဏီရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖြန့်ဝေခဲ့တဲ့စာသားတွေက  SWEEP Telecon ဆက်သွယ်ရေးကုမဏီဟာ ဂျာမနီနိုင်ငံတွင် နံပါတ်တစ်ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်ကာဥရောပတိုက်အတွင်း အကြီးမားဆုံး တယ် လီကွန်း နက်ဝပ်ခ် ကုမဏီတစ်ခုလည်း ဖြစ်ပါတယ်။

SWEEP Telecon ကုမဏီဟာ ယခုအခါ မြန်မာနိုင်ငံတွင် လေးဥိးမြောက် ဆက်သွယ်ရေးအော်ပရေတာအဖြစ် ဝင် ရောက်လုပ်ကိုင်ခွင့် ရရှိတော့မည်ဖြစ်၍ သုံးစွဲသူမိဘပြည်သူများ အဆင်ပြေစေရန် တယ်လီဖုန်းဆင်းမ်ကတ်တွေကို အခမဲ့ ပေးသွားမည်ဖြစ်ပါတယ်။

SWEEP Telecon ဆင်းမ်ကတ် တယ်လီဖုန်းပြောဆိုခမှာ တစ်မိနစ် ငါး ကျပ်၊ အင်တာနက်အသုံးပြု ခမှာ 1 GB ကျပ်၁၀ဝ၊ စာတိုပို့ (message) တစ်စောင်တစ်ကျပ်၊ ဖေ့စ်ဘုတ်ခ်အကြိုက် သုံးတစ်ရက် ကျပ် ၁၀ဝ နဲ့ Viber, Bee Talk, We Chat, Line ကို တော့ အခမဲ့ အသုံးပြုနိုင်ပါတယ်” ဆိုပြီး မက်လုံးတွေပေးပြီး အင်တာနက် စာမျက်နှာပေါ်မှာ သတင်းအမှားကို ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

အွန်လိုင်းကို တွင်တွင်ကျယ်ကျယ် အသုံးမပြုတဲ့ သူအများစုက သတင်းအမှားကို အမှန်ထင်ပြီး အခမဲ့ပေးဝေမယ့် ဩဂုတ် ၁၀ ရက်နေ့ဟာ ဘယ်ဖုန်းဆိုင်တွေမှာ သွားဝယ်လို့ ရမှာလဲဆိုတဲ့ အသံတွေဟာလည်း လူစည်ကား ရာဈေးတွေ၊ စားသောက်ဆိုင်တွေနဲ့ ရုံး ဝန်ထမ်းတွေ အများဆုံး မျှော်လင့်တကြီးနဲ့ ပြောနေကြသူ တွေလည်း ရှိနေပါတယ်။

“ဆိုင်တွေမှာဆိုရင်လဲ အဲဒီပြဿနာပဲ ဖြေရှင်းနေရတယ်၊ အဲဒီသတင်းထွက်ပြီးမှ အဲဒီဆင်းမ်ကတ်ကို ဘယ်မှာဝယ်လို့ ရလဲ၊ ဘယ်လိုဝယ်ရမလဲ၊ ကာစတာမာတွေကို အဲဒါတွေပဲ ဖြေရှင်းနေရတယ်”လို့ လေဆာဖုန်းအရောင်းဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ပြည်သူအများစုက ဈေးသက်သက် သာသာနဲ့ အသုံးပြုရမယ့် အော်ပရေတာ ပေါ်ထွက်လာဖို့ကို မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

Author / မိုးမိုး
O/L>>>https://m.facebook.com/story.php?story_fbid=1393047067430616&id=212802105455124

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit : kumudra
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top