iMyanmarHouse.com - Best Property Website for Myanmar
×

ဂ်ပန္ဧကရာဇ္ အာကီဟီတုိ့၏ အႀကီးဆံုးေျမးမ မင္းသမီး မာကုိသည္ ၎၏ အတန္းေဖာ္ေဟာင္း သာမန္အရပ္သားတစ္ဦးႏွင့္ မဂၤလာပြဲက်င္းပမည္ဟု ေတာ္ဝင္မိသားစုက စက္တင္ဘာ ၃ ရက္တြင္ ေၾကညာသည္။

ေတာ္ဝင္မိသားစု စည္းမ်ဥ္းအရ သာမန္အရပ္သားတစ္ဦး ႏွင့္ လက္ထပ္မည့္ မင္းသမီးမာကိုသည္ ေတာ္ဝင္မိသားစုအျဖစ္မွ စြန္႔လႊတ္ရမည္ျဖစ္သည္။


မင္းသမီးမာကုိ၏ မဂၤလာပြဲ သတင္းကို NHK သတင္းဌာနက ထုတ္လႊင့္ခဲ့သည္။

မာကုိသည္ ေတာ္ဝင္ေျမး ေလးဦးအနက္ တစ္ဦးျဖစ္ၿပီး က်န္သံုးဦးသည္ မာကို၏ညီမငယ္ ကာကို၊ ေမာင္ငယ္ ဟာဆာဟီတိုႏွင့္ အိမ္ ေရွ႕မင္းသား နာယူဟီတုိ၏ သမီး အာကုိတုိ႔ျဖစ္သည္။

ေတာ္ဝင္မိသားစုဦးေရ တိုးပြားမႈ ေလ်ာ့ပါးလာျခင္းက အသက္အရြယ္ႀကီးသူ အေရအတြက္ ျမင့္တက္လာေသာ ယေန႔ ေခတ္ ဂ်ပန္လူမႈအသုိင္းကုိ ထင္ဟပ္ေနသည္။

ဇြန္လက ဂ်ပန္ဧကရာဇ္ အာကီဟီတုိ ထီးနန္းစြန္႔လႊတ္ရန္ ခြင့္ျပဳေပးေသာ ဥပေဒၾကမ္းတစ္ရပ္ကုိ ဂ်ပန္လႊတ္ေတာ္အမတ္မ်ားက အတည္ျပဳၿပီးေနာက္ မင္းသမီးမာကိုႏွင့္ တိုက်ိဳဥပေဒ႐ံုး ဝန္ထမ္းတစ္ဦးျဖစ္ေသာ ကီကုိမူ႐ုိတုိ႔၏ ေစ့စပ္လမ္းေၾကာင္းသည့္သတင္း ထြက္ေပၚလာျခင္းျဖစ္သည္။

ႏွလံုးခဲြစိတ္ကုသမႈခံယူထား ေသာ အသက္ (၈၃)ႏွစ္အရြယ္ အာကီဟီတုိသည္ လြန္ခဲ့ေသာ တစ္ႏွစ္က အသက္အရြယ္ႀကီး လာျခင္းေၾကာင့္ ၎၏ တာဝန္မ်ား အျပည့္အဝ မထမ္းေဆာင္ ႏုိင္မည္ကို စိုးရိမ္ေၾကာင္း တရားဝင္ ေျပာၾကားခဲ့သည္။

သုိ႔ေသာ္ အမ်ဳိးသားမ်ားသာ ထီးနန္းဆက္ခံရမည္ႏွင့္ အမ်ဳိးသမီးမ်ားသည္ အရပ္သားႏွင့္လက္ထပ္ပါက ေတာ္ဝင္မိသားစု အျဖစ္မွ စြန္႔လႊတ္ရမည္ဟူေသာ စည္းမ်ဥ္းမ်ားႏွင့္ ပတ္သက္၍ အျငင္းပြားမႈမ်ား ရိွခဲ့သည္။

မာကိုႏွင့္ ကီကိုမူ႐ုိ ႏွစ္ဦးစလံုးသည္ International Chri-stian University မွ ဘဲြ႕ရရိွခဲ့သည္။         

  ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


—Ref: Reuters

Credit : 7Day Daily


#Unicode Version#
ဂျပန်ဧကရာဇ် အာကီဟီတို့၏ အကြီးဆုံးမြေးမ မင်းသမီး မာကိုသည် ၎င်း၏ အတန်းဖော်ဟောင်း သာမန်အရပ်သားတစ်ဦးနှင့် မင်္ဂလာပွဲကျင်းပမည်ဟု တော်ဝင်မိသားစုက စက်တင်ဘာ ၃ ရက်တွင် ကြေညာသည်။

တော်ဝင်မိသားစု စည်းမျဉ်းအရ သာမန်အရပ်သားတစ်ဦး နှင့် လက်ထပ်မည့် မင်းသမီးမာကိုသည် တော်ဝင်မိသားစုအဖြစ်မှ စွန့်လွှတ်ရမည်ဖြစ်သည်။


မင်းသမီးမာကို၏ မင်္ဂလာပွဲ သတင်းကို NHK သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

မာကိုသည် တော်ဝင်မြေး လေးဦးအနက် တစ်ဦးဖြစ်ပြီး ကျန်သုံးဦးသည် မာကို၏ညီမငယ် ကာကို၊ မောင်ငယ် ဟာဆာဟီတိုနှင့် အိမ် ရှေ့မင်းသား နာယူဟီတို၏ သမီး အာကိုတို့ဖြစ်သည်။

တော်ဝင်မိသားစုဦးရေ တိုးပွားမှု လျော့ပါးလာခြင်းက အသက်အရွယ်ကြီးသူ အရေအတွက် မြင့်တက်လာသော ယနေ့ ခေတ် ဂျပန်လူမှုအသိုင်းကို ထင်ဟပ်နေသည်။

ဇွန်လက ဂျပန်ဧကရာဇ် အာကီဟီတို ထီးနန်းစွန့်လွှတ်ရန် ခွင့်ပြုပေးသော ဥပဒေကြမ်းတစ်ရပ်ကို ဂျပန်လွှတ်တော်အမတ်များက အတည်ပြုပြီးနောက် မင်းသမီးမာကိုနှင့် တိုကျိုဥပဒေရုံး ဝန်ထမ်းတစ်ဦးဖြစ်သော ကီကိုမူရိုတို့၏ စေ့စပ်လမ်းကြောင်းသည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

နှလုံးခွဲစိတ်ကုသမှုခံယူထား သော အသက် (၈၃)နှစ်အရွယ် အာကီဟီတိုသည် လွန်ခဲ့သော တစ်နှစ်က အသက်အရွယ်ကြီး လာခြင်းကြောင့် ၎င်း၏ တာဝန်များ အပြည့်အဝ မထမ်းဆောင် နိုင်မည်ကို စိုးရိမ်ကြောင်း တရားဝင် ပြောကြားခဲ့သည်။

သို့သော် အမျိုးသားများသာ ထီးနန်းဆက်ခံရမည်နှင့် အမျိုးသမီးများသည် အရပ်သားနှင့်လက်ထပ်ပါက တော်ဝင်မိသားစု အဖြစ်မှ စွန့်လွှတ်ရမည်ဟူသော စည်းမျဉ်းများနှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိခဲ့သည်။

မာကိုနှင့် ကီကိုမူရို နှစ်ဦးစလုံးသည် International Chri-stian University မှ ဘွဲ့ရရှိခဲ့သည်။        

  ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





—Ref: Reuters

Credit : 7Day Daily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top