iMyanmarHouse.com - Best Property Website for Myanmar
×

လက္ရွိ အႏုပညာေလာကတြင္ ေအာင္ျမင္မႈရရွိထားသည့္ သ႐ုပ္ ေဆာင္ေက်ာ္ရဲေအာင္၏ သမီးျဖစ္သည့္ မႈံန႔ံသာေက်ာ္ရဲေအာင္ကုိ ပထမဦးဆုံးပါဝင္ထားသည့္ ‘ဆယ္လီ’႐ုပ္ရွင္ဇာတ္ကားႀကီး ႐ိုက္ကူးမႈမ်ားႏွင့္ပတ္သက္ၿပီးေတာ့ အခုလိုပဲေတြ႕ဆုံေမးျမန္းျဖစ္ခဲ့ပါသည္။

ေမး – ‘ဆယ္လီ’ဇာတ္ကားမွာ ကေလးသ႐ုပ္ေဆာင္အေနနဲ႔ ပါဝင္ျဖစ္တာနဲ႔ပတ္သက္ၿပီးေတာ့ ေျပာျပေပးပါဦး။

ေျဖ – ‘ဆယ္လီ’ဇာတ္ကားရဲ႕ ဇာတ္လမ္းေလးက အရမ္းေကာင္းတယ္ဆိုၿပီးေတာ့ ဦးေပါက္(ဒါ႐ိုက္တာ ကိုေပါက္)နဲ႔ ဦးမိုးဦး(ဒါ႐ိုက္တာ ေက်ာ္ေဇာလင္း အေတြးပုံရိပ္)ကလာၿပီးေတာ့ ေျပာတယ္။ ညီမကို လာကမ္းလွမ္းတာဆိုေပမယ့္လည္း ညီမအေဖ(သ႐ုပ္ေဆာင္ ေက်ာ္ရဲေအာင္)နဲ႔တိုင္ပင္ၾကည့္ေတာ့ ေဖႀကီးကလည္း သေဘာတူတာနဲ႔ ပါဝင္သ႐ုပ္ေဆာင္ျဖစ္သြားတာပါ။

ေမး – ပထမဦးဆုံး႐ိုက္ကူးတဲ့႐ုပ္ရွင္ဇာတ္ကားႀကီးဆိုေတာ့ ကာ ႐ိုက္တာအတြက္ကိုေရာ ဘယ္လိုမ်ိဳးျပင္ဆင္ခဲ့ရလဲ။

ေျဖ – ဒီဇာတ္ကားထဲမွာက ညီမက ဦးရဲေအာင္ရဲ႕သမီး ရွစ္တန္း ေက်ာင္းသူအရြယ္ေနရာကေနၿပီးေတာ့ ပါဝင္သ႐ုပ္ေဆာင္ရတယ္။ ညီမက အျဖဴအစိမ္းဝတ္ေက်ာင္းသူတစ္ေယာက္ေနရာကေနၿပီး ေတာ့ပဲ သ႐ုပ္ေဆာင္ရတာဆိုေတာ့ ျပင္ဆင္မႈကေတာ့ အမ်ားႀကီး မလုပ္ခဲ့ရပါဘူး။
ေမး – ႐ိုက္ကူးေနရင္းနဲ႔အခက္အခဲေတြ အမွတ္တရေတြရွိခဲ့ရင္လည္း ေျပာျပေပးပါဦး။

ေျဖ – အမွတ္တရကေတာ့ ညီမအတြက္ ပထမဦးဆုံး႐ိုက္ကူးတဲ့႐ုပ္ရွင္ဇာတ္ကားႀကီးဆိုေတာ့ အမွတ္တရေတြလည္း အမ်ားႀကီးရွိခဲ့ပါ တယ္။ ပထမဦးဆုံးအေနနဲ႔ ဇာတ္ကားႀကီးကို႐ိုက္ကူးတာဆိုေတာ့ အခက္အခဲေတြက အမ်ားႀကီးကို ႀကံဳခဲ့ရပါတယ္။

ေမး – အေဖျဖစ္သူက ေအာင္ျမင္တဲ့ အႏုပညာရွင္တစ္ေယာက္ဆိုေတာ့ အႏုပညာပိုင္းနဲ႔ပတ္သက္ၿပီးေတာ့ ဘယ္လိုမ်ိဳး ေလ့လာသင္ယူျဖစ္လဲ။

ေျဖ – ေဖႀကီးနဲ႔ ႐ႈတင္ေတြလိုက္သြားရင္ ေဖႀကီး သ႐ုပ္ေဆာင္တာကို ၾကည့္တယ္။ ေနာက္ၿပီးေတာ့ အိမ္မွာ ေဖႀကီးက ႐ိုက္ကြင္းနဲ႔ပတ္သက္တာေတြ ကာ႐ိုက္တာနဲ႔ပတ္ သက္တာေတြကို ေျပာျပရင္းနဲ႔ေတာ့ သင္ယူျဖစ္တာေပါ့ေနာ္။



ေမး – သ႐ုပ္ေဆာင္ပိုင္းနဲ႔ပတ္သက္ၿပီးေတာ့ အေဖ ျဖစ္သူ သင္ျပေပးတာ ေရာရွိလား။

ေျဖ – ေဖႀကီးကေတာ့ သ႐ုပ္ေဆာင္ပိုင္းနဲ႔ပတ္သက္ ၿပီးေတာ့ သင္ျပတာေတြသိပ္မရွိဘူး။ ဒီအတိုင္း ေျပာေတာ့ ေျပာျပတယ္။ ေဖႀကီး ႐ိုက္ကြင္းမွာ ႐ိုက္ကူးတဲ့ ကာ႐ိုက္တာပုံစံမ်ိဳးေတြကိုေတာ့ အၿမဲတမ္းေျပာျပတယ္။

ေမး – အႏုပညာအလုပ္ေတြလုပ္တဲ့အေပၚ မွာ အေဖျဖစ္သူကေရာ အားေပးမႈရွိလား။

ေျဖ – ေဖႀကီးကေတာ့ အရမ္းႀကီး ေထာက္ခံတဲ့အထဲမွာေတာ့ မပါဘူး။ ေဖႀကီးက ပညာ ေရးကိုပဲ ညီမကိုဦးစားေပးၿပီးေတာ့လုပ္ေစ ခ်င္တယ္။ ဒါေပမဲ့ ညီမက သ႐ုပ္ေဆာင္ လုပ္ရတာကို ဝါသနာပါေတာ့ ပိတ္ပင္တာေတာ့မရွိေပမယ့္ သေဘာ ေတာ့မက်ဘူးေပါ့ေနာ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


NN

Credit : Democracytoday

#Unicode Version#


လက်ရှိ အနုပညာလောကတွင် အောင်မြင်မှုရရှိထားသည့် သရုပ် ဆောင်ကျော်ရဲအောင်၏ သမီးဖြစ်သည့် မှုံနံ့သာကျော်ရဲအောင်ကို ပထမဦးဆုံးပါဝင်ထားသည့် ‘ဆယ်လီ’ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမှုများနှင့်ပတ်သက်ပြီးတော့ အခုလိုပဲတွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

မေး – ‘ဆယ်လီ’ဇာတ်ကားမှာ ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်ဖြစ်တာနဲ့ပတ်သက်ပြီးတော့ ပြောပြပေးပါဦး။

ဖြေ – ‘ဆယ်လီ’ဇာတ်ကားရဲ့ ဇာတ်လမ်းလေးက အရမ်းကောင်းတယ်ဆိုပြီးတော့ ဦးပေါက်(ဒါရိုက်တာ ကိုပေါက်)နဲ့ ဦးမိုးဦး(ဒါရိုက်တာ ကျော်ဇောလင်း အတွေးပုံရိပ်)ကလာပြီးတော့ ပြောတယ်။ ညီမကို လာကမ်းလှမ်းတာဆိုပေမယ့်လည်း ညီမအဖေ(သရုပ်ဆောင် ကျော်ရဲအောင်)နဲ့တိုင်ပင်ကြည့်တော့ ဖေကြီးကလည်း သဘောတူတာနဲ့ ပါဝင်သရုပ်ဆောင်ဖြစ်သွားတာပါ။

မေး – ပထမဦးဆုံးရိုက်ကူးတဲ့ရုပ်ရှင်ဇာတ်ကားကြီးဆိုတော့ ကာ ရိုက်တာအတွက်ကိုရော ဘယ်လိုမျိုးပြင်ဆင်ခဲ့ရလဲ။

ဖြေ – ဒီဇာတ်ကားထဲမှာက ညီမက ဦးရဲအောင်ရဲ့သမီး ရှစ်တန်း ကျောင်းသူအရွယ်နေရာကနေပြီးတော့ ပါဝင်သရုပ်ဆောင်ရတယ်။ ညီမက အဖြူအစိမ်းဝတ်ကျောင်းသူတစ်ယောက်နေရာကနေပြီး တော့ပဲ သရုပ်ဆောင်ရတာဆိုတော့ ပြင်ဆင်မှုကတော့ အများကြီး မလုပ်ခဲ့ရပါဘူး။
မေး – ရိုက်ကူးနေရင်းနဲ့အခက်အခဲတွေ အမှတ်တရတွေရှိခဲ့ရင်လည်း ပြောပြပေးပါဦး။

ဖြေ – အမှတ်တရကတော့ ညီမအတွက် ပထမဦးဆုံးရိုက်ကူးတဲ့ရုပ်ရှင်ဇာတ်ကားကြီးဆိုတော့ အမှတ်တရတွေလည်း အများကြီးရှိခဲ့ပါ တယ်။ ပထမဦးဆုံးအနေနဲ့ ဇာတ်ကားကြီးကိုရိုက်ကူးတာဆိုတော့ အခက်အခဲတွေက အများကြီးကို ကြုံခဲ့ရပါတယ်။

မေး – အဖေဖြစ်သူက အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဆိုတော့ အနုပညာပိုင်းနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမျိုး လေ့လာသင်ယူဖြစ်လဲ။

ဖြေ – ဖေကြီးနဲ့ ရှုတင်တွေလိုက်သွားရင် ဖေကြီး သရုပ်ဆောင်တာကို ကြည့်တယ်။ နောက်ပြီးတော့ အိမ်မှာ ဖေကြီးက ရိုက်ကွင်းနဲ့ပတ်သက်တာတွေ ကာရိုက်တာနဲ့ပတ် သက်တာတွေကို ပြောပြရင်းနဲ့တော့ သင်ယူဖြစ်တာပေါ့နော်။



မေး – သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီးတော့ အဖေ ဖြစ်သူ သင်ပြပေးတာ ရောရှိလား။

ဖြေ – ဖေကြီးကတော့ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက် ပြီးတော့ သင်ပြတာတွေသိပ်မရှိဘူး။ ဒီအတိုင်း ပြောတော့ ပြောပြတယ်။ ဖေကြီး ရိုက်ကွင်းမှာ ရိုက်ကူးတဲ့ ကာရိုက်တာပုံစံမျိုးတွေကိုတော့ အမြဲတမ်းပြောပြတယ်။

မေး – အနုပညာအလုပ်တွေလုပ်တဲ့အပေါ် မှာ အဖေဖြစ်သူကရော အားပေးမှုရှိလား။

ဖြေ – ဖေကြီးကတော့ အရမ်းကြီး ထောက်ခံတဲ့အထဲမှာတော့ မပါဘူး။ ဖေကြီးက ပညာ ရေးကိုပဲ ညီမကိုဦးစားပေးပြီးတော့လုပ်စေ ချင်တယ်။ ဒါပေမဲ့ ညီမက သရုပ်ဆောင် လုပ်ရတာကို ဝါသနာပါတော့ ပိတ်ပင်တာတော့မရှိပေမယ့် သဘော တော့မကျဘူးပေါ့နော်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


NN


Credit : Democracytoday
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top