iMyanmarHouse.com - Best Property Website for Myanmar
×
Credit: 7Day Daily
#Unicode Version#
စက်တင်ဘာ ၆ ရက် တွင် ကျရောက်မည့် အသက် (၃၅)နှစ်ပြည့်မွေးနေ့ကို ပြင်ဦးလွင်မြို့ ၌ အလှူလုပ်ရင်း ဖြတ်သန်းမည် ဟု သရုပ်ဆောင် မယ်လိုဒီက ပြောကြားသည်။
‘‘မေမြို့က ဓမ္မသဟာယ သာသနာ့စင်တာမှာ ဆွမ်းကပ် မယ်။ မျိုးမွေးနေ့တစ်နေ့လုံးစာ တာဝန်ယူထားပါတယ်။ မနှစ်က လည်း အဲဒီလိုပဲ လုပ်ပါတယ်။ ရိုးရိုးလေးပါပဲ။ အဲဒီမှာက အဘိ ဓမ္မာသင်တန်းလည်းရှိတယ်။ ကျောင်းမှာရှိသမျှ ဘုန်းဘုန်းရော၊ သင်တန်းသူတွေရော၊ ယောဂီ တွေရော အားလုံးကို ကျွေးမှာပါ’’ ဟု ၎င်းက ပြောသည်။
စက်တင်ဘာ ၁ ရက်တွင် နေပြည်တော်သို့ ရောက်ရှိပြီး ၃ ရက်တွင် သုခဝတီဆေးရုံဖွင့်ပွဲ တက်ရောက်ကာ စက်တင်ဘာ ၄ ရက် နံနက်တွင် ပြင်ဦးလွင်မြို့သို့ တက်သည်ဟု ဆိုသည်။
‘‘အသက် (၃၅)နှစ်ပြည့်သွား ပြီ။ အထူးအထွေပြောင်းလဲတာ မျိုးမရှိပါဘူး။ အသက်ကြီးလာတဲ့ အတွက် ကိုယ့်ကိုယ်ကိုယ် ဆင် ခြင်မိတယ်။ သုံးသပ်မိတယ်။ ဒီ လောက်ပါပဲ’’ဟု မယ်လိုဒီက ပြောသည်။မယ်လိုဒီသည် စက်တင်ဘာ ၈ ရက်တွင် ရန်ကုန်သို့ ပြန်ရောက်မည်ဖြစ်ပြီး အောင်ခေတ်မင်း ထုတ်လုပ်ရေးက စီစဉ်၍ ဒါရိုက် တာမင်းဦးရိုက်ကူးမည့် ‘ချူစီ’ဟု အမည်ရရှိသည့် ရုပ်ရှင်ဇာတ်ကား
တစ်ကား ရိုက်ကူးရန် လက်ခံထားသည်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit: 7Day Daily
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top