iMyanmarHouse.com - Best Property Website for Myanmar
×

ဂ်င္းဆိုေတာ့ ျမန္မာတို႔ရဲ႕ မီးဖိုေခ်ာင္းတိုင္းမွာ မရွိမျဖစ္ ရွိေနမယ့္ ဟင္းခတ္အေမႊးအႀကိဳင္ ျဖစ္မယ္လို႔ ယံုၾကည္ပါတယ္ေနာ္။ သံပုယုိသီးကလည္း ၀ယ္ရလြယ္သလို အိမ္တိုင္းလိုလိုမွာလည္း ေဆာင္ထားၾကလိမ့္မယ္လို႔ ယံုၾကည္ပါတယ္။ ဒါ့ေၾကာင့္ ဂ်င္းနဲ႔ သံပုယုိသီးေရာၿပီး ေသာက္ေပးရင္ ဘယ္လိုအက်ိဳးေက်းဇူးရွိတယ္ဆိုတာကို မွ်ေ၀ေပးပါမယ္။

၁။ ကိုယ္ခံအားစနစ္ကို ျမင့္တင္ေပးႏိုင္ျခင္း

ဂ်င္းမွာ Antioxidant ပါ၀င္ၿပီး သံပုယုိသီးမွာ ဗီတာမင္ C ပါ၀င္လို႔ သင့္ခႏၶာကိုယ္အတြင္း ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစပါတယ္။

၂။ အစာမေၾကျခင္းနဲ႔ ပ်ိဳ႕အန္ျခင္းကို သက္သာေစျခင္း

အစာမေၾကျခင္း၊ ပ်ိဳ႕အန္ျခင္းေတြကို သက္သာေစဖို႔အတြက္ ေသာက္သံုးႏိုင္ပါတယ္။ ကိုယ္၀န္ေဆာင္ေနစဥ္မွာလည္း ေသာက္သံုးလို႔ရပါတယ္။ ရင္ျပည့္ရင္ကယ္ျဖစ္တာနဲ႔ အစာမေၾကျခင္းကိုလည္း အထိေရာက္ဆံုး သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။ ၀မ္းခ်ဳပ္ျခင္းကိုလည္း သက္သာေစပါတယ္။

၃။ ဆီးခ်ိဳအတြက္ေကာင္းမြန္ေစျခင္း

အခုလို သံပုယုိသီးနဲ႔ ဂ်င္းကိုေသာက္ေပးတာဟာ ေက်ာက္ကပ္ကို က်န္းမာေစသလို အင္ဆူလင္ပမာဏကို ထုတ္ေပးႏိုင္တာေၾကာင့္ ေသြးတြင္းသၾကားဓာတ္ကို ေလွ်ာ့က်ေစပါတယ္။ ဒါ့အျပင္ ေသြးဖိအားမ်ားတာကို သက္သာေစသလို၊ ႏွလံုးကိုလည္း က်န္းမာေစပါတယ္။

၄။ ကိုယ္အေလးခ်ိန္က်ေစျခင္း

ဂ်င္းဟာ ခႏၶာကိုယ္အတြင္း အဆီဓာတ္စုပ္ယူမႈကို ကာကြယ္ေပးၿပီး ေရာင္ရမ္းမႈကိုသက္သာေစပါတယ္။ သံပုယုိသီးနံ႔ကလည္း စိတ္ဖိစီးမႈကိုသက္သာေစပါတယ္။ ခႏၶာကိုယ္အတြင္း အဆိပ္အေတာက္ေတြကိုလည္း ဖယ္ရွားေပးႏိုင္လို႔ ကိုယ္အေလးခ်ိန္က်ေစပါတယ္။

၅။ အသားအေရနဲ႔ ဆံေကသာအတြက္ေကာင္းမြန္ျခင္း

ေစာေစာက ေျပာခဲ့သလိုပဲ အဲဒီ သံပုယုိရည္နဲ႔ ဂ်င္း လက္ဖက္ရည္မွာ Antioxidant ပါ၀င္လို႔ အသားအေရ ဆံေကသာနဲ႔ က်န္းမာေရးအတြက္ ေကာင္းမြန္ပါတယ္။ ဗီတာမင္ဓာတ္ပါ၀င္လို႔လည္း သင့္အသားအေရကို ပိုမိုေကာင္းမြန္ေစမွာျဖစ္သလို ဆံေကသာအတြက္လည္းေကာင္းမြန္ပါတယ္။

ဂ်င္းနဲ႔ သံပုယုိသီးကို ဘယ္လိုေဖ်ာ္မလဲ

အရင္ဆံုး ဂ်င္းကို အခြံႏႊာၿပီး အတံုးေသးေသးေလး လွီးလိုက္ပါ။ ဂ်င္း လက္ဖက္ရည္ဇြန္း ၁ ဇြန္း သံုးပါမယ္။

သံပုယုိရည္ လက္ဖက္ရည္ဇြန္း တစ္၀က္ သံုးပါမယ္။

ပ်ားရည္ နည္းနည္းသံုးပါမယ္။

ေရတစ္ခြက္ကို ပြက္ပြက္ဆူေအာင္ သည္ထားလိုက္ပါ။ ၿပီးရင္ ဂ်င္းနဲ႔ သံပုယိုရည္ထည့္လိုက္ၿပီး မိနစ္အနည္းငယ္ေလာက္ ေမႊေပးပါ။ ၿပီးရင္ ပ်ားရည္ထည့္ၿပီး ပူပူေလးေသာက္ႏိုင္သလို အေအးခံၿပီးလည္းေသာက္ႏိုင္ပါတယ္။

မနက္စာမစားခင္ တစ္ခြက္ေသာက္ေပးရပါမယ္။
Credit:Myfoodmyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
ဂျင်းဆိုတော့ မြန်မာတို့ရဲ့ မီးဖိုချောင်းတိုင်းမှာ မရှိမဖြစ် ရှိနေမယ့် ဟင်းခတ်အမွှေးအကြိုင် ဖြစ်မယ်လို့ ယုံကြည်ပါတယ်နော်။ သံပုယိုသီးကလည်း ဝယ်ရလွယ်သလို အိမ်တိုင်းလိုလိုမှာလည်း ဆောင်ထားကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် ဂျင်းနဲ့ သံပုယိုသီးရောပြီး သောက်ပေးရင် ဘယ်လိုအကျိုးကျေးဇူးရှိတယ်ဆိုတာကို မျှဝေပေးပါမယ်။

၁။ ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးနိုင်ခြင်း

ဂျင်းမှာ Antioxidant ပါဝင်ပြီး သံပုယိုသီးမှာ ဗီတာမင် C ပါဝင်လို့ သင့်ခန္ဓာကိုယ်အတွင်း ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

၂။ အစာမကြေခြင်းနဲ့ ပျို့အန်ခြင်းကို သက်သာစေခြင်း

အစာမကြေခြင်း၊ ပျို့အန်ခြင်းတွေကို သက်သာစေဖို့အတွက် သောက်သုံးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာလည်း သောက်သုံးလို့ရပါတယ်။ ရင်ပြည့်ရင်ကယ်ဖြစ်တာနဲ့ အစာမကြေခြင်းကိုလည်း အထိရောက်ဆုံး သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေပါတယ်။

၃။ ဆီးချိုအတွက်ကောင်းမွန်စေခြင်း

အခုလို သံပုယိုသီးနဲ့ ဂျင်းကိုသောက်ပေးတာဟာ ကျောက်ကပ်ကို ကျန်းမာစေသလို အင်ဆူလင်ပမာဏကို ထုတ်ပေးနိုင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို လျှော့ကျစေပါတယ်။ ဒါ့အပြင် သွေးဖိအားများတာကို သက်သာစေသလို၊ နှလုံးကိုလည်း ကျန်းမာစေပါတယ်။

၄။ ကိုယ်အလေးချိန်ကျစေခြင်း

ဂျင်းဟာ ခန္ဓာကိုယ်အတွင်း အဆီဓာတ်စုပ်ယူမှုကို ကာကွယ်ပေးပြီး ရောင်ရမ်းမှုကိုသက်သာစေပါတယ်။ သံပုယိုသီးနံ့ကလည်း စိတ်ဖိစီးမှုကိုသက်သာစေပါတယ်။ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်လို့ ကိုယ်အလေးချိန်ကျစေပါတယ်။

၅။ အသားအရေနဲ့ ဆံကေသာအတွက်ကောင်းမွန်ခြင်း

စောစောက ပြောခဲ့သလိုပဲ အဲဒီ သံပုယိုရည်နဲ့ ဂျင်း လက်ဖက်ရည်မှာ Antioxidant ပါဝင်လို့ အသားအရေ ဆံကေသာနဲ့ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဗီတာမင်ဓာတ်ပါဝင်လို့လည်း သင့်အသားအရေကို ပိုမိုကောင်းမွန်စေမှာဖြစ်သလို ဆံကေသာအတွက်လည်းကောင်းမွန်ပါတယ်။

ဂျင်းနဲ့ သံပုယိုသီးကို ဘယ်လိုဖျော်မလဲ

အရင်ဆုံး ဂျင်းကို အခွံနွှာပြီး အတုံးသေးသေးလေး လှီးလိုက်ပါ။ ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း သုံးပါမယ်။

သံပုယိုရည် လက်ဖက်ရည်ဇွန်း တစ်ဝက် သုံးပါမယ်။

ပျားရည် နည်းနည်းသုံးပါမယ်။

ရေတစ်ခွက်ကို ပွက်ပွက်ဆူအောင် သည်ထားလိုက်ပါ။ ပြီးရင် ဂျင်းနဲ့ သံပုယိုရည်ထည့်လိုက်ပြီး မိနစ်အနည်းငယ်လောက် မွှေပေးပါ။ ပြီးရင် ပျားရည်ထည့်ပြီး ပူပူလေးသောက်နိုင်သလို အအေးခံပြီးလည်းသောက်နိုင်ပါတယ်။

မနက်စာမစားခင် တစ်ခွက်သောက်ပေးရပါမယ်။

Credit:Myfoodmyanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top