iMyanmarHouse.com - Best Property Website for Myanmar
×

ဓာတ္ပုံ- ဇြဲဉာဏ္
‘ဘုရားစူး အဆိုေတာ္’ဟု အမည္ေပးထားသည့္ တစ္ကိုယ္ေတာ္အေခြကို စက္တင္ဘာ ၇ ရက္တြင္ ျဖန္႔ခ်ိမည္ျဖစ္ၿပီး စီးရီးအမည္ေပးျဖစ္ပံုႏွင့္ပတ္သက္၍ အဆုိေတာ္ ပူစူးက ယခုကဲ့သို႔ ေျပာ သည္။


‘‘သီခ်င္းဆုိတာက ပါးစပ္နဲ႔ ဆိုတာပါပဲကြာလုိ႔ ေပါ့ေပါ့ေလး ေတြးလို႔မွ မရတာ။ အဆုိေတာ္ တစ္ေယာက္ဆုိတာ ကြၽန္ေတာ္ခံ ယူထားတာက သီခ်င္းကို ကိုယ္ တိုင္ဖန္တီး၊ ကိုယ္တိုင္ေရး၊ ကိုယ္ တိုင္တီး၊ Arrange ေတြ ကိုယ္တိုင္ လုပ္၊ အသံေတြ အားလံုးက သူ႔ရင္ ထဲကလာတဲ့အသံေတြခ်ည္းပဲ။ အဲ ဒါမွ ပရိသတ္လည္း အားေပးရ တာ တန္တယ္။ တစ္ေယာက္လာ လည္း ဒီတီးဝိုင္း၊ ဒီေတးေရးနဲ႔ ကိုယ္ကဘာမွမပါဘူး။ တီးဝိုင္းက လုပ္ေပးတဲ့ Arrange နဲ႔၊ ေတးေရး ေရြးေပးတဲ့ သီခ်င္းနဲ႔။ အဲဒီလိုမ်ိဳး အဆုိေတာ္ကို ‘ဘုရားစူး အဆုိ ေတာ္’လုိ႔ျမင္တယ္။ ကြၽန္ေတာ္ ကိုယ့္ကိုယ္ကိုယ္လည္း ‘ဘုရားစူး အဆုိေတာ္လုိ႔’ျမင္တာပဲ’’ဟု ပူစူး က ေျပာသည္။

ထို႔ေၾကာင့္ ယင္းအေခြတြင္ တစ္ေခြလံုးကို ကိုယ္တိုင္ေရးထား သလို တီးခတ္သည့္အပိုင္း၊ Arrange ပိုင္းမ်ားကိုလည္း ေသ ေသခ်ာခ်ာေလ့လာကာ ႀကိဳး စားထားေၾကာင္း ၎က ဆုိသည္။

‘‘တခ်ိဳ႕က အဆုိေတာ္ျဖစ္ ခ်င္တာမဟုတ္ဘူး။ ဆယ္လ္လီ ျဖစ္ခ်င္တာ။ အဲဒါေၾကာင့္ တကယ္ဝါသနာပါမွ လုပ္တာေကာင္း တယ္’’ဟု ဂီတႏွင့္ပတ္သက္၍ ၎၏ခံယူခ်က္ကို ေျပာသည္။

‘ဘုရားစူး အဆုိေတာ္’အေခြ တြင္ သီခ်င္းပံုစံအေနျဖင့္လည္း ယခင္က သီဆိုေနက်ပံုစံမ်ားႏွင့္ မတူညီသည့္ ေရာ့ခ္ဆန္ဆန္ပံုစံ မ်ားလည္း ပါဝင္မည္ျဖစ္ၿပီး ကိုယ္ ပိုင္သံစဥ္သီခ်င္း ၁၀ ပုဒ္ပါဝင္မည္ ဟု ၎က ေျပာသည္။

‘‘အဓိကက ဒီအေခြထဲက သီခ်င္းေတြကို ပရိသတ္ေတြကို နားေထာင္ေစခ်င္တာ’’ဟု ၎၏ တတိယတစ္ကိုယ္ေတာ္အေခြႏွင့္ ပတ္သက္၍ ေျပာသည္။

အဆိုေတာ္ပူစူးသည္ တစ္ ကိုယ္ေတာ္အေခြမ်ားအေနျဖင့္ ‘တစ္မိုးေအာက္’ႏွင့္ ‘ရင္ခုန္ေဖာ္ ရင္ခုန္ဖက္’စီးရီးႏွစ္ေခြ ထြက္ရွိ ထားသည္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : 7Day Daily

#Unicode Version#
ဓာတ်ပုံ- ဇွဲဉာဏ်

‘ဘုရားစူး အဆိုတော်’ဟု အမည်ပေးထားသည့် တစ်ကိုယ်တော်အခွေကို စက်တင်ဘာ ၇ ရက်တွင် ဖြန့်ချိမည်ဖြစ်ပြီး စီးရီးအမည်ပေးဖြစ်ပုံနှင့်ပတ်သက်၍ အဆိုတော် ပူစူးက ယခုကဲ့သို့ ပြော သည်။


‘‘သီချင်းဆိုတာက ပါးစပ်နဲ့ ဆိုတာပါပဲကွာလို့ ပေါ့ပေါ့လေး တွေးလို့မှ မရတာ။ အဆိုတော် တစ်ယောက်ဆိုတာ ကျွန်တော်ခံ ယူထားတာက သီချင်းကို ကိုယ် တိုင်ဖန်တီး၊ ကိုယ်တိုင်ရေး၊ ကိုယ် တိုင်တီး၊ Arrange တွေ ကိုယ်တိုင် လုပ်၊ အသံတွေ အားလုံးက သူ့ရင် ထဲကလာတဲ့အသံတွေချည်းပဲ။ အဲ ဒါမှ ပရိသတ်လည်း အားပေးရ တာ တန်တယ်။ တစ်ယောက်လာ လည်း ဒီတီးဝိုင်း၊ ဒီတေးရေးနဲ့ ကိုယ်ကဘာမှမပါဘူး။ တီးဝိုင်းက လုပ်ပေးတဲ့ Arrange နဲ့၊ တေးရေး ရွေးပေးတဲ့ သီချင်းနဲ့။ အဲဒီလိုမျိုး အဆိုတော်ကို ‘ဘုရားစူး အဆို တော်’လို့မြင်တယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်လည်း ‘ဘုရားစူး အဆိုတော်လို့’မြင်တာပဲ’’ဟု ပူစူး က ပြောသည်။

ထို့ကြောင့် ယင်းအခွေတွင် တစ်ခွေလုံးကို ကိုယ်တိုင်ရေးထား သလို တီးခတ်သည့်အပိုင်း၊ Arrange ပိုင်းများကိုလည်း သေ သေချာချာလေ့လာကာ ကြိုး စားထားကြောင်း ၎င်းက ဆိုသည်။

‘‘တချို့က အဆိုတော်ဖြစ် ချင်တာမဟုတ်ဘူး။ ဆယ်လ်လီ ဖြစ်ချင်တာ။ အဲဒါကြောင့် တကယ်ဝါသနာပါမှ လုပ်တာကောင်း တယ်’’ဟု ဂီတနှင့်ပတ်သက်၍ ၎င်း၏ခံယူချက်ကို ပြောသည်။

‘ဘုရားစူး အဆိုတော်’အခွေ တွင် သီချင်းပုံစံအနေဖြင့်လည်း ယခင်က သီဆိုနေကျပုံစံများနှင့် မတူညီသည့် ရော့ခ်ဆန်ဆန်ပုံစံ များလည်း ပါဝင်မည်ဖြစ်ပြီး ကိုယ် ပိုင်သံစဉ်သီချင်း ၁၀ ပုဒ်ပါဝင်မည် ဟု ၎င်းက ပြောသည်။

‘‘အဓိကက ဒီအခွေထဲက သီချင်းတွေကို ပရိသတ်တွေကို နားထောင်စေချင်တာ’’ဟု ၎င်း၏ တတိယတစ်ကိုယ်တော်အခွေနှင့် ပတ်သက်၍ ပြောသည်။

အဆိုတော်ပူစူးသည် တစ် ကိုယ်တော်အခွေများအနေဖြင့် ‘တစ်မိုးအောက်’နှင့် ‘ရင်ခုန်ဖော် ရင်ခုန်ဖက်’စီးရီးနှစ်ခွေ ထွက်ရှိ ထားသည်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit : 7Day Daily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top