iMyanmarHouse.com - Best Property Website for Myanmar
×

ျဖစ္ေလ့ျဖစ္ထ ရိွတာက အသည္းကြဲျပီး ၊ ေနာက္ထပ္ခ်စ္ရမွာကို ေႀကာက္ေနတတ္တ့ဲ သူေတြ ရိွသလို၊ အသည္းကြဲတာ မခံစားရေအာင္ဆိုျပီး အခ်စ္သစ္ တန္းရွာတ့ဲ သူေတြလဲ ရိွပါတယ္။ တကယ္ေတာ့ လမ္းခြဲပ်က္စဲျပီးထားရင္ ႏွစ္ ၊ လ အနည္းငယ္ အခ်ိန္ယူျပီး ကုစားဖို႕ လိုပါတယ္။

အသည္းကြဲတ့ဲအခ်ိန္မွာ အေတာ္ေလး ေႀကကြဲဝမ္းနည္းခ့ဲ ရမွာပဲေလ။ အဲဒီေနာက္ပိုင္းလဲ အခ်စ္ဆိုတာကို မယံုရဲေတာ့ဘူး။ သင္ခ်စ္သလို ဘယ္သူမွ ျပန္မခ်စ္နိင္ပါဘူးလို႕ပဲ အျမဲေတြးေနမိမွာပါ။ ဒါေပမ့ဲ အသည္းကြဲျပီး အခ်စ္စစ္ ရွာဖို႕ ဘယ္လိုျပင္ဆင္ရမလဲ ဆ္ိုတာ အႀကံျပဳခ်င္ပါတယ္။

၁။ လက္သင့္ခံျခင္း ။

အရင္ Relationship ကို ျပီးဆံုသြားျပီဆိုတာ သင္ကိုယ္တိုင္လက္သင့္ခံျပီး ေရွ႕ဆက္ပါ။ နာက်င္မႈေတြ ေမ့ေပ်ာက္ဖို႔အတြက္ သင္လိုအပ္သေလာက္ အခ်ိန္ယူပါ။ ျပီးေတာ့ ဘာေႀကာင့္ Relationship က အဆံုးသတ္ သြားတယ္ဆိုတာ နားလည္သေဘာေပါက္ပါ။

၂။ အသည္းကြဲျပီး အခ်စ္သစ္ တန္းမရွာပါနဲ႕ ။

ေနာက္ထပ္ Relationship တစ္ခုတည္ေဆာက္ဖို႕ အလ်င္မလိုပါနဲ႕။ တကယ္လို႕ အသည္းကြဲတာကို ေနာက္တစ္ေယာက္နဲ႕ တန္းအစားထိုးျခင္းက သင္ နဲ႔ အျခားတစ္ေယာက္အတြက္ ေကာင္းမြန္တ့ဲ Relationship ျဖစ္လာမွာ မဟုတ္ပါဘူး။

၃။ Single ဘဝကို ေပ်ာ္ရႊင္ရႊင္ အခ်ိန္ယူပါ ။

Single ဘဝမွာ သင့္ကိုယ္သင္ ျပဳျပင္ျပီး သူငယ္ခ်င္း ၊ မိသားစုႏွင့္ ေပ်ာ္ရႊင္စြာ အခ်ိန္ျဖဳန္းပါ။ Single ဘဝမွာ အခ်ိန္ျဖဳန္းရင္း သင္ဘယ္လိုပံုစံ Relationship ကို အလိုခ်င္ဆံုးလဲဆိုတာ ပိုမို သိရိွလာပါလိမ့္မယ္။

၄။ အခ်စ္သစ္ နဲ႕ Date လိုက္ပါ ။

ျပီးသြားတ့ဲ Relationship ကို နားလည္ျပီး သင္ကိုယ္တိုင္ အခ်ိန္လံုလံုေလာက္ေလာက္ ယူျပီးျပီဆိုရင္ ဘာမွတုန္လႈပ္မေနပဲ အခ်စ္စစ္ကို ရွာေဖြဖို႕ Date လုပ္လိုက္ပါ။ သင့္ကိုယ္သင္ နားလည္ေနျပီဆိုေတာ့ အေကာင္းဆံုး အခ်စ္စစ္ နဲ႕ မွန္ကန္တဲ႔ ခ်စ္သူကို ရွာေဖြနိုင္မွာပါ။

၅။ ပြင့္လင္းမႈရိွပါ ။

သင္ ရွာေဖြ ျပီးလို႕ ေနာက္ဆံုးလက္ခံထားတ့ဲ အခ်စ္ကို ယံုႀကည္နိုင္ရပါမယ္။ လက္ရိွ ခ်စ္သူကို အရင္ရည္းစားေဟာင္းနဲ႕ ႏႈိင္းယွဥ္တာမ်ိဳး မေျပာမိပါေစနဲ႕။ လက္ရိွခ်စ္သူႏွင့္ ျပတ္စဲ မွာကို  စိုးရိမ္ျပီး ခ်ဳပ္ခ်ယ္တားစီးတာမ်ိဳးလဲ ေရွာင္ႀကဥ္ပါ။ ပြင့္လင္းမႈရိွျပီး အလိမ္အညာေတြကင္းတဲပ New Relationship ကို စတင္လိုက္ပါ။

Credit:Modern Cupid ( Love Shop )

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
ဖြစ်လေ့ဖြစ်ထ ရှိတာက အသည်းကွဲပြီး ၊ နောက်ထပ်ချစ်ရမှာကို ကြောက်နေတတ်တဲ့ သူတွေ ရှိသလို၊ အသည်းကွဲတာ မခံစားရအောင်ဆိုပြီး အချစ်သစ် တန်းရှာတဲ့ သူတွေလဲ ရှိပါတယ်။ တကယ်တော့ လမ်းခွဲပျက်စဲပြီးထားရင် နှစ် ၊ လ အနည်းငယ် အချိန်ယူပြီး ကုစားဖို့ လိုပါတယ်။

အသည်းကွဲတဲ့အချိန်မှာ အတော်လေး ကြေကွဲဝမ်းနည်းခဲ့ ရမှာပဲလေ။ အဲဒီနောက်ပိုင်းလဲ အချစ်ဆိုတာကို မယုံရဲတော့ဘူး။ သင်ချစ်သလို ဘယ်သူမှ ပြန်မချစ်နိင်ပါဘူးလို့ပဲ အမြဲတွေးနေမိမှာပါ။ ဒါပေမဲ့ အသည်းကွဲပြီး အချစ်စစ် ရှာဖို့ ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာ အကြံပြုချင်ပါတယ်။

၁။ လက်သင့်ခံခြင်း ။

အရင် Relationship ကို ပြီးဆုံသွားပြီဆိုတာ သင်ကိုယ်တိုင်လက်သင့်ခံပြီး ရှေ့ဆက်ပါ။ နာကျင်မှုတွေ မေ့ပျောက်ဖို့အတွက် သင်လိုအပ်သလောက် အချိန်ယူပါ။ ပြီးတော့ ဘာကြောင့် Relationship က အဆုံးသတ် သွားတယ်ဆိုတာ နားလည်သဘောပေါက်ပါ။

၂။ အသည်းကွဲပြီး အချစ်သစ် တန်းမရှာပါနဲ့ ။

နောက်ထပ် Relationship တစ်ခုတည်ဆောက်ဖို့ အလျင်မလိုပါနဲ့။ တကယ်လို့ အသည်းကွဲတာကို နောက်တစ်ယောက်နဲ့ တန်းအစားထိုးခြင်းက သင် နဲ့ အခြားတစ်ယောက်အတွက် ကောင်းမွန်တဲ့ Relationship ဖြစ်လာမှာ မဟုတ်ပါဘူး။

၃။ Single ဘဝကို ပျော်ရွှင်ရွှင် အချိန်ယူပါ ။

Single ဘဝမှာ သင့်ကိုယ်သင် ပြုပြင်ပြီး သူငယ်ချင်း ၊ မိသားစုနှင့် ပျော်ရွှင်စွာ အချိန်ဖြုန်းပါ။ Single ဘဝမှာ အချိန်ဖြုန်းရင်း သင်ဘယ်လိုပုံစံ Relationship ကို အလိုချင်ဆုံးလဲဆိုတာ ပိုမို သိရှိလာပါလိမ့်မယ်။

၄။ အချစ်သစ် နဲ့ Date လိုက်ပါ ။

ပြီးသွားတဲ့ Relationship ကို နားလည်ပြီး သင်ကိုယ်တိုင် အချိန်လုံလုံလောက်လောက် ယူပြီးပြီဆိုရင် ဘာမှတုန်လှုပ်မနေပဲ အချစ်စစ်ကို ရှာဖွေဖို့ Date လုပ်လိုက်ပါ။ သင့်ကိုယ်သင် နားလည်နေပြီဆိုတော့ အကောင်းဆုံး အချစ်စစ် နဲ့ မှန်ကန်တဲ့ ချစ်သူကို ရှာဖွေနိုင်မှာပါ။

၅။ ပွင့်လင်းမှုရှိပါ ။

သင် ရှာဖွေ ပြီးလို့ နောက်ဆုံးလက်ခံထားတဲ့ အချစ်ကို ယုံကြည်နိုင်ရပါမယ်။ လက်ရှိ ချစ်သူကို အရင်ရည်းစားဟောင်းနဲ့ နှိုင်းယှဉ်တာမျိုး မပြောမိပါစေနဲ့။ လက်ရှိချစ်သူနှင့် ပြတ်စဲ မှာကို  စိုးရိမ်ပြီး ချုပ်ချယ်တားစီးတာမျိုးလဲ ရှောင်ကြဉ်ပါ။ ပွင့်လင်းမှုရှိပြီး အလိမ်အညာတွေကင်းတဲပ New Relationship ကို စတင်လိုက်ပါ။

Credit:Modern Cupid ( Love Shop )


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top