iMyanmarHouse.com - Best Property Website for Myanmar
×

ဩစေၾတးလ်ႏုိင္ငံ မဲလ္ ဘုန္းၿမိဳ႕ရွိ မဲလ္ဘုန္းတကၠသိုလ္ တြင္ ဘြဲ႕ရရွိခဲ့ေသာ ေမာ္ဒယ္ ေမဂေရ႕စ္က  ၿပီးခဲ့သည့္ ဇူလုိင္က အဆုိပါၿမိဳ႕ရွိ ေမာ္ဒယ္လုပ္ငန္း ၏ ဆက္သြယ္ေပးမႈျဖင့္ ေၾကာ္ျငာ တစ္ခု လက္ခံ႐ိုက္ကူးျဖစ္ေၾကာင္း ေျပာသည္။

‘‘ေမရဲ႕ Uni Final Exam ၿပီးခါစေလးမွာ မဲလ္ဘုန္းက FRMModel Management က ဆက္ သြယ္ေပးတဲ့အတြက္ DIOR NGV Code Of Conduct Photoshootေလး႐ိုက္ျဖစ္တယ္။ သူတို႔နဲ႔ တြဲ႐ိုက္ရတာ အေတြ႕အႀကံဳေကာင္း ေတြ အမ်ားႀကီးရပါတယ္။ အဲဒီလို ကမၻာေက်ာ္ကုမၸဏီနဲ႔ လက္တြဲ အလုပ္လုပ္ရတဲ့အတြက္လည္း ေမအရမ္းကံေကာင္းပါတယ္’’ဟု ေမဂေရ႕စ္က ေျပာသည္။

Dior Photoshoot သည္ ျပည္ပ၌ ၎ပထမဆံုးအႀကိမ္ ႐ိုက္ကူးေသာ ေၾကာ္ျငာမဟုတ္ ေပ။ ယင္း၏ အေရွ႕တြင္ အက်ႌ ေၾကာ္ျငာႏွင့္ မိတ္ကပ္ေၾကာ္ျငာ အခ်ိဳ႕   ႐ိုက္ကူးထားေၾကာင္း ေမဂေရ႕စ္က ေျပာသည္။

‘‘ျပည္ပမွာပဲ႐ိုက္႐ိုက္၊ ျပည္ တြင္းမွာပဲ႐ိုက္႐ိုက္ စိတ္ခံစား ခ်က္က တူတူပါပဲ။ ဒါေပမဲ့ ရန္ ကုန္မွာ အလုပ္လုပ္ရတာ ပို သေဘာက်တယ္။ ဘာလို႔လဲဆုိ ေတာ့ ျမန္မာႏုိင္ငံမွာက်ေတာ့ ေမ့ ရဲ႕ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔အ တူတူ အလုပ္လုပ္ရတာျဖစ္တဲ့အ တြက္ ပိုသေဘာက်တယ္’’ဟု ၎ က ေျပာသည္။

ဩစေၾတးလ်ႏွင့္ ျမန္မာ ႏုိင္ငံသုိ႔ သြားလိုက္ျပန္လိုက္ျဖင့္ သံုးႏွစ္ေက်ာ္ ေက်ာင္းတက္ရင္း ဇူလိုင္ ၂၉ ရက္တြင္ မဲလ္ဘုန္း တကၠသိုလ္၌ Bachelor of Arts (Media Communication & Minor Screen Studies) ဘြဲ႕ရရွိ ခဲ့သည္။

‘‘ဒီေန႔ဟာ ေမ့အတြက္ စိတ္ အလႈပ္ရွားရဆံုး ေန႔တစ္ေန႔ပဲ ေပါ့။ ဩစေၾတးလ်မွာ သံုးႏွစ္ ေက်ာ္ ျမန္မာျပည္နဲ႔ခြဲေနခဲ့ရေပ မယ့္ ကိုယ့္ျမန္မာႏုိင္ငံက အရင္ ေရာက္ႏွင့္ေနတဲ့ တကၠသိုလ္ ေက်ာင္းသူ၊ ေက်ာင္းသားေတြရဲ႕ ကိုယ့္ျမန္မာႏုိင္ငံက ေရာက္လာ တဲ့ ေက်ာင္းသား၊ ေက်ာင္းသူအ သစ္ေတြကို ေႏြးေထြးစြာ ႀကိဳဆို ကူညီေစာင့္ေရွာက္တတ္တဲ့ ေလး စားခ်စ္ခင္စရာေကာင္းတဲ့ သူငယ္ ခ်င္းေတြနဲ႔ မခြဲခ်င္ဘဲ ခြဲၾကရမယ္ဆုိတာ သိၿပီးေတာ့ စိတ္ထဲႀကိဳ လြမ္းမိေနမိတယ္။ ယံုၾကည္ေနပါ တယ္။ ေမတို႔ေတြ အားလံုးျပန္ဆံု ရမယ္လို႔’’ဟု ေက်ာင္းဆင္းပြဲေန႔ တြင္ ၎၏ ေဖ့စ္ဘြတ္ခ္စာမ်က္ ႏွာ၌ ေရးသားထားသည္။

လတ္တေလာတြင္ မဟာ ဘြဲ႕ ဆက္တက္လိုေသာ္လည္း တက္ျဖစ္၊ မတက္ျဖစ္ မေသခ်ာ ေသးေၾကာင္း ေမဂေရ႕စ္က ေျပာ သည္။

‘‘ကိုယ့္ရဲ႕ အနာဂတ္အ ေၾကာင္းကို ေတြးမိရင္ နည္းနည္း လည္း စိတ္လႈပ္ရွားတယ္။ ဘြဲ႕ရ ၿပီးခါစဆုိေတာ့ ေၾကာက္လည္း ေၾကာက္ေနမိတယ္။ ေမျဖစ္ခ်င္ တဲ့ အိပ္မက္ေတြ အမ်ားႀကီးနဲ႔ ေမွ်ာ္လင့္ခ်က္ေတြကိုလည္း လက္ေတြ႕အေကာင္အထည္ေဖာ္ႏုိင္ လိမ့္မယ္လုိ႔ ယံုၾကည္တယ္’’ဟု ၎က ေျပာသည္။

ေအာက္တိုဘာတြင္ ရန္ကုန္ၿမိဳ႕သို႔ ျပန္လာမည္ျဖစ္၍ အလြန္စိတ္လႈပ္ရွားေနၿပီး စိန္ေရႊရတနာဆုိင္တစ္ဆုိင္က ေၾကာ္ျငာ႐ိုက္ ကူးရန္ ကမ္းလွမ္းထားေၾကာင္း ေမဂေရ႕စ္ကေျပာသည္။


 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: 7Day Daily

#Unicode Version#
ဩစတြေးလျနိုင်ငံ မဲလ် ဘုန်းမြို့ရှိ မဲလ်ဘုန်းတက္ကသိုလ် တွင် ဘွဲ့ရရှိခဲ့သော မော်ဒယ် မေဂရေ့စ်က  ပြီးခဲ့သည့် ဇူလိုင်က အဆိုပါမြို့ရှိ မော်ဒယ်လုပ်ငန်း ၏ ဆက်သွယ်ပေးမှုဖြင့် ကြော်ငြာ တစ်ခု လက်ခံရိုက်ကူးဖြစ်ကြောင်း ပြောသည်။

‘‘မေရဲ့ Uni Final Exam ပြီးခါစလေးမှာ မဲလ်ဘုန်းက FRMModel Management က ဆက် သွယ်ပေးတဲ့အတွက် DIOR NGV Code Of Conduct Photoshootလေးရိုက်ဖြစ်တယ်။ သူတို့နဲ့ တွဲရိုက်ရတာ အတွေ့အကြုံကောင်း တွေ အများကြီးရပါတယ်။ အဲဒီလို ကမ္ဘာကျော်ကုမ္ပဏီနဲ့ လက်တွဲ အလုပ်လုပ်ရတဲ့အတွက်လည်း မေအရမ်းကံကောင်းပါတယ်’’ဟု မေဂရေ့စ်က ပြောသည်။

Dior Photoshoot သည် ပြည်ပ၌ ၎င်းပထမဆုံးအကြိမ် ရိုက်ကူးသော ကြော်ငြာမဟုတ် ပေ။ ယင်း၏ အရှေ့တွင် အကျႌ ကြော်ငြာနှင့် မိတ်ကပ်ကြော်ငြာ အချို့   ရိုက်ကူးထားကြောင်း မေဂရေ့စ်က ပြောသည်။

‘‘ပြည်ပမှာပဲရိုက်ရိုက်၊ ပြည် တွင်းမှာပဲရိုက်ရိုက် စိတ်ခံစား ချက်က တူတူပါပဲ။ ဒါပေမဲ့ ရန် ကုန်မှာ အလုပ်လုပ်ရတာ ပို သဘောကျတယ်။ ဘာလို့လဲဆို တော့ မြန်မာနိုင်ငံမှာကျတော့ မေ့ ရဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့အ တူတူ အလုပ်လုပ်ရတာဖြစ်တဲ့အ တွက် ပိုသဘောကျတယ်’’ဟု ၎င်း က ပြောသည်။

ဩစတြေးလျနှင့် မြန်မာ နိုင်ငံသို့ သွားလိုက်ပြန်လိုက်ဖြင့် သုံးနှစ်ကျော် ကျောင်းတက်ရင်း ဇူလိုင် ၂၉ ရက်တွင် မဲလ်ဘုန်း တက္ကသိုလ်၌ Bachelor of Arts (Media Communication & Minor Screen Studies) ဘွဲ့ရရှိ ခဲ့သည်။

‘‘ဒီနေ့ဟာ မေ့အတွက် စိတ် အလှုပ်ရှားရဆုံး နေ့တစ်နေ့ပဲ ပေါ့။ ဩစတြေးလျမှာ သုံးနှစ် ကျော် မြန်မာပြည်နဲ့ခွဲနေခဲ့ရပေ မယ့် ကိုယ့်မြန်မာနိုင်ငံက အရင် ရောက်နှင့်နေတဲ့ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ကိုယ့်မြန်မာနိုင်ငံက ရောက်လာ တဲ့ ကျောင်းသား၊ ကျောင်းသူအ သစ်တွေကို နွေးထွေးစွာ ကြိုဆို ကူညီစောင့်ရှောက်တတ်တဲ့ လေး စားချစ်ခင်စရာကောင်းတဲ့ သူငယ် ချင်းတွေနဲ့ မခွဲချင်ဘဲ ခွဲကြရမယ်ဆိုတာ သိပြီးတော့ စိတ်ထဲကြို လွမ်းမိနေမိတယ်။ ယုံကြည်နေပါ တယ်။ မေတို့တွေ အားလုံးပြန်ဆုံ ရမယ်လို့’’ဟု ကျောင်းဆင်းပွဲနေ့ တွင် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက် နှာ၌ ရေးသားထားသည်။

လတ်တလောတွင် မဟာ ဘွဲ့ ဆက်တက်လိုသော်လည်း တက်ဖြစ်၊ မတက်ဖြစ် မသေချာ သေးကြောင်း မေဂရေ့စ်က ပြော သည်။

‘‘ကိုယ့်ရဲ့ အနာဂတ်အ ကြောင်းကို တွေးမိရင် နည်းနည်း လည်း စိတ်လှုပ်ရှားတယ်။ ဘွဲ့ရ ပြီးခါစဆိုတော့ ကြောက်လည်း ကြောက်နေမိတယ်။ မေဖြစ်ချင် တဲ့ အိပ်မက်တွေ အများကြီးနဲ့ မျှော်လင့်ချက်တွေကိုလည်း လက်တွေ့အကောင်အထည်ဖော်နိုင် လိမ့်မယ်လို့ ယုံကြည်တယ်’’ဟု ၎င်းက ပြောသည်။

အောက်တိုဘာတွင် ရန်ကုန်မြို့သို့ ပြန်လာမည်ဖြစ်၍ အလွန်စိတ်လှုပ်ရှားနေပြီး စိန်ရွှေရတနာဆိုင်တစ်ဆိုင်က ကြော်ငြာရိုက် ကူးရန် ကမ်းလှမ်းထားကြောင်း မေဂရေ့စ်ကပြောသည်။


 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



Credit: 7Day Daily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top