iMyanmarHouse.com - Best Property Website for Myanmar
×

ဟဲလေးက သားနှစ်ယောက်ကိုပိုင်ဆိုင်ထားရတဲ့ အဖေတစ်ယောက် ဖြစ်နေပြီး မိန်းမအပေါ်မှာလဲ ခုချိန်ထိ ချစ်နေဆဲပါ ဆိုတာကို ဒီလိုလေး သက်သေပြလိုက်ပါတယ်။

Mle7soicboypormjwsh4


Credit:KKK(momolay)
#Unicode Version#
ဟဲလေးက သားနှစ်ကိုပိုင်ဆိုင်ထားရတဲ့ အဖေတစ်ယောက် ဖြစ်နေပြီး မိန်းမအပေါ်မှာလဲ ခုချိန်ထိ ချစ်နေဆဲပါ ဆိုတာကို ဒီလိုလေး သက်သေပြလိုက်ပါတယ်။

“မင်းကို၇တန်းထဲကချစ်လာတာ..ငါ့အချစ်ကခုထိ..မှိုမတက်ဘူး။ သံချေးမကိုက်ဘူး….အာမခံ ..၁၆ပဲရည်ပြည့်..လုံးဝအမှည့်” ဆိုပြီး သူ့ရဲ့ဖေ့ဘုတ်မှာ ဖေါ်ပြထားပါတယ်။ဟဲလေးဟာ ခရီးတွေဆက်တိုက်ထွက်နေပြီး ခရီးထွက်တဲ့ နေရာတိုင်းမှာလဲ သူ့မိန်းမက မပါမဖြစ်ပါတဲ့။

အဆိုတော်ပီပီ စကားလုံးလှလှလေးတွေနဲ့ မိန်းမကိုချုပ်နေပါတယ်။သူမဟာ ကျွန်တော့်ဘဝရဲ့ လက်ပတ်နာရီ လေးပါတဲ့၊တိုင်ကပ်နာရီဆိုရင် အိမ်မှာချိတ်ထားလို့ရတယ် လက်ပတ်နာရီဆိုတော့ သွားလေရာတကောက်ကောက်ပေါ့ဆိုပြီး ရေးသားထားပါသေးတယ်။မကြာသေးတဲ့ ရက်ပိုင်းအတွင်းကလဲသူ့ရဲ့ချွေးနည်းစာလေးနဲ့ နောင်ဘဝအထိ ပါမယ့် ပရဟိတအလှူလေး တစ်ခုကိုလဲ မိသားစုနဲ့ အတူပြုလုပ်ခဲ့ပါသေးတယ်။

ခုချိန်မှာတော့ မှည့် ဆိုတဲ့အခွေအတွက် ကြိုးပမ်းနေပါတယ်တဲ့ ။ ကလေးနှစ်ယောက်အဖေ ဒယ်ဒီ ဟဲလေးရဲ့ ပရိတ်သတ်ကြီးရေ ဟဲလေးကို ချစ်ကြသေးရဲ့လား။
ချစ်သေးရင် Like & Share လေးလုပ်ကြအုံးနော်။

Credit:KKK(momolay)
Source : HeဲLay Facebook
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top