ေျခာက္ေသြ႕ပ်က္စီးေနတဲ့ ဆံသားကို ျပဳျပင္ဖုိ႔အတြက္ ေစ်းလည္းမႀကီးဘဲ ယံုၾကည္စိတ္ခ်ရတဲ့ ဆံပင္ေပါင္းနည္းေလးေတြကို အက္ဒ္မင္က ေသခ်ာရွာေဖြၿပီး တင္ဆက္ေပးလိုက္ပါတယ္ေနာ္။ ဒီနည္းလမ္းေလးေတြက ေယာင္းတို႔ရဲ႕ ေကသာအလွကို တင့္တယ္လွပေစမွာပါ…
၁။ ပ်က္စီးေနတဲ့ ဆံသားေတြကို ေထာပတ္သီးနဲ႔ ျပဳ ျပင္မယ္
ေထာပတ္သီးမွည္႔တစ္လံုးကို အေစ့ထုတ္ၿပီးေတာ့ ၾကက္ဥတစ္လံုးနဲ႔ ေရာႀကိတ္လိုက္ပါ။ ၿပီးေတာ့ ဆံပင္ကို ေရဆြတ္ၿပီး ေခါင္းကို ႏွံ႔စပ္ေအာင္ လိမ္းလိုက္ပါ။ ေထာပတ္သီးမွာ ဗီတာမင္ေတြ သတၳဳဓာတ္ေတြ အဆီဓာတ္ေတြ ပါဝင္လို႔ ဆံပင္ကို သန္မာလာေစမွာပါ။ ဆံပင္ကို မိနစ္ ၂၀ေလာက္ ေပါင္းထားၿပီးမွ ေရမ်ားမ်ားနဲ႔ ေဆးေၾကာပါ။ တစ္လ တစ္ခါေလာက္ လုပ္ေပးမယ္ဆိုရင္ ပ်က္စီးေနတဲ့ ဆံသားေတြဟာ က်န္းမာသန္စြမ္းလာမည္ ျဖစ္ပါေၾကာင္း။
၂။ ေထာပတ္နဲ႔ ႏွိပ္နယ္ေပးပါ
ဒီနည္းကိုလည္း အိမ္တြင္းကုထံုးအေနနဲ႔ အသံုးျပဳႏိုင္ပါတယ္။ ေျခာက္ေသြ႔ၿပီး ပ်က္စီးလြယ္တဲ့ ဆံပင္ကို ေထာပတ္ေလးနည္းနည္းသံုးၿပီး ျပန္လည္ေတာက္ပလာေစမယ့္ နည္းလမ္းေလးပါ။လုပ္ရမွာကေတာ့..ေယာင္းေရ…ေထာပတ္နည္းနည္းနဲ႔ ဆံသားေတြကို ႏွိပ္နယ္ၿပီး shower cap ေလး နာရီဝက္ေလာက္ အုပ္ထားပါ။ ၿပီးရင္ေတာ့ ေယာင္းတို႔သံုးေနက် shampoo နဲ႔ပဲ ေထာပတ္ေတြ ကုန္စင္သြားေအာင္ ေခါင္းေလ်ွာ္လိုက္ပါ။
၃။ သံလြင္ဆီနဲ႔ ေပါင္းတင္မယ္
ေျခာက္ေသြ႔ေနတဲ့ ဆံႏြယ္ေတြ စိုေျပလာေစဖို႔အတြက္ သံလြင္ဆီခပ္ေႏြးေႏြးေလးကို ေရေႏြးၾကမ္းခြက္နဲ႔တဝက္ေလာက္ထိ ထည့္ၿပီး အပူေပးပါ။ (သံလြင္ဆီကို ဆူေအာင္မထားနဲ႔ေနာ္) ။ ရလာတဲ့ သံလြင္ဆီကို ဆံပင္မွာ လိမ္းေပးၿပီး ဆံႏြယ္ေတြကို ပလတ္စတစ္နဲ႔ျဖစ္ျဖစ္ အုပ္ထားပါ။ ဒါမွမဟုတ္ တဘက္နဲ႔ ပတ္ထားပါ။ ၄၅မိနစ္ေလာက္ ထားၿပီးရင္ ေခါင္းေလ်ွာ္ရည္နဲ႔ ဆံပင္ကို စင္ၾကယ္ေအာင္ ျပန္ေလွ်ာ္ေပးပါ။
၄။ ေရေႏြးၾကမ္းနဲ႔ ေခါင္းေလွ်ာ္ပါ။
ေရေႏြးၾကမ္းေသာက္ရတာကို ႏွစ္သက္တဲ့သူမွ ႏွစ္သက္ၾကတာပါ။ ဒါေပမဲ့ ေရေႏြးၾကမ္းဟာ ဆံႏြယ္ေတြကို သဘာဝအတိုင္း ေတာက္ပေစမွာ ျဖစ္ပါတယ္။ ေယာင္းသံုးေနက် ေခါင္းေလ်ွာ္ရည္နဲ႔ ေလွ်ာ္ၿပီးရင္ ေရေႏြးၾကမ္းနဲ႔ ေခါင္းေလွ်ာ္မယ္ဆိုရင္ ဆံႏြယ္ေလးေတြက ပိုၿပီးနက္ေမွာင္ေတာက္ပေနမွာပါ။
၅။ ပန္းသီး႐ွာလကာရည္နဲ႔ ေပါင္းတင္ျခင္း
ေယာင္းရဲ႕ ေျခာက္ေသြ႔ေနတဲ့ဆံပင္ေတြကို လက္ဖ်ားခါရေလာက္ေအာင္ ရင္သပ္႐ႈေမာဖြယ္အလွတရားမ်ားနဲ႔ ျပည့္စံုသြားေစခ်င္တယ္ဆိုရင္ ပန္းသီး႐ွာလကာရည္ကို လက္ဖက္ရည္ဇြန္း ၁ဇြန္း နဲ႔ သံလြင္ဆီ လက္ဖက္ရည္ဇြန္း ၂ ဇြန္း၊ ၿပီးေတာ့ ၾကက္ဥအကာ ၃ လံုးနဲ႔ ေရာေမႊၿပီး ဆံပင္ကို လိမ္းေပးပါ။ ၿပီးရင္ ပလတ္စတစ္နဲ႔ ဆံပင္ကို ပတ္ထားၿပီးေတာ့ျဖစ္ျဖစ္ ဒါမွမဟုတ္ shower capေလး ေဆာင္းထားၿပီးေတာ့ျဖစ္ျဖစ္ နာရီဝက္ေလာက္ ထားေပးပါ။ ၿပီးမွ ေခါင္းေလွ်ာ္ရည္နဲ႔ ျပန္ေလ်ွာ္လိုက္ပါ။
၆။ ၾကက္ဥေခါင္းေလ်ွာ္ရည္ ကိုယ္တိုင္လုပ္ၿပီး သံုးၾကည္႔ပါ။
ၾကက္ဥတစ္လံုးကို ေခါင္းေလွ်ာ္ရည္နည္းနည္းနဲ႔ ေရာေမႊၿပီး ပ်က္စီးေနတဲ့ ဆံႏြယ္ေတြကို ၅မိနစ္ေလာက္ လိမ္းထားေပးပါ။ ၿပီးရင္ ေခါင္းေသခ်ာေလွ်ာ္လိုက္ပါ။ ဒီနည္းက ေယာင္းရဲ႕ဆံပင္ကို ပ႐ိုတင္းဓာတ္ ျဖည့္တင္းေပးႏိုင္မယ့္ နည္းလမ္းေကာင္းတစ္ခုပါ။
၇။ ေရကူးလို႔ ဆံပင္ေတြပ်က္စီးေနတာကို ေပါင္းတင္မယ္ဆိုရင္
ကမ္းေျခမွာ ေရထဲမဆင္းခင္၊ ဒါမွမဟုတ္ ေရကူးၿပီးတဲ့ေနာက္မွာ ဆံပင္မပ်က္စီးေအာင္ ကာကြယ္ဖို႔အတြက္ကေတာ့ ပန္းသီးရွာလကာရည္ ၄ပံု ၁ပံု နဲ႔ ေရ ၄ပံု ၃ပံု ေရာစပ္ၿပီး ေခါင္းေလွ်ာ္ေပးရင္ ဆံပင္ကို သန္႔စင္ေစမွာပါ။ ၿပီးရင္ေတာ့ ေပါင္းေဆးနဲ႔ ျပန္ေလ်ွာ္ေပးပါ။
၈။ ေရစိုေနတဲ့ဆံပင္ကို အဝတ္နဲ႔ပတ္ထားၿပီး ေျခာက္ေအာင္ထားပါ။
ေရစိုေနတဲ့ဆံပင္ကို တဘက္နဲ႔ ပြတ္တိုက္ၿပီး ေျခာက္ေအာင္သုတ္တာမ်ိဳး မလုပ္ဘဲ ပ်က္စီးေနတဲ့ ဆံႏြယ္ေတြကို ခ်ည္မ်က္ႏွာသုတ္ပဝါနဲ႔ ေပါင္းထားမယ္ဆိုရင္ ခ်ည္တဘက္က မိနစ္အနည္းငယ္အတြင္း ဆံပင္ရဲ႕ အစိုဓာတ္ကို စုပ္ယူသြားၿပီး ဆံပင္အဖ်ားေတြ ႏွစ္ခြျဖစ္ျခင္းကေန ကာကြယ္ေပးႏိုင္ပါတယ္။
၉။ ဆံပင္ကို ျဖန္႔ခ်ထားပါ။
အကယ္၍ ေယာင္းက ဆံပင္ကို ျမင့္ျမင့္စည္းၿပီးေတာ့ျဖစ္ျဖစ္ တေနကုန္စည္းထားၿပီးျဖစ္ျဖစ္ အခ်ိန္ၾကာၾကာထားရင္ ဆံပင္ေတြကို ျပတ္ထြက္ေစႏိုင္ပါတယ္။ ဆံပင္ကို တင္းၾကပ္ေနေအာင္ မခ်ည္ပါနဲ႔။ အက္ဒမင္ဆို ဆံပင္ကို တင္းတင္းစည္းထားတာ ၾကာရင္ ေခါင္းကိုက္လာေရာ။ အိပ္တဲ့အခါက်ရင္လည္း ဆံပင္ကို နဂိုအတုိင္း ျဖန္႔ခ်ထားပါ။ ေခါင္းစည္းႀကိဳးေတြ၊ ကလစ္ေတြ ဝတ္မအိပ္ပါနဲ႔။
Credit;Yin Myanmar ( For Her Myanmar )
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ခြောက်သွေ့ပျက်စီးနေတဲ့ ဆံသားကို ပြုပြင်ဖို့အတွက် ဈေးလည်းမကြီးဘဲ ယုံကြည်စိတ်ချရတဲ့ ဆံပင်ပေါင်းနည်းလေးတွေကို အက်ဒ်မင်က သေချာရှာဖွေပြီး တင်ဆက်ပေးလိုက်ပါတယ်နော်။ ဒီနည်းလမ်းလေးတွေက ယောင်းတို့ရဲ့ ကေသာအလှကို တင့်တယ်လှပစေမှာပါ…
၁။ ပျက်စီးနေတဲ့ ဆံသားတွေကို ထောပတ်သီးနဲ့ ပြု ပြင်မယ်
ထောပတ်သီးမှည့်တစ်လုံးကို အစေ့ထုတ်ပြီးတော့ ကြက်ဥတစ်လုံးနဲ့ ရောကြိတ်လိုက်ပါ။ ပြီးတော့ ဆံပင်ကို ရေဆွတ်ပြီး ခေါင်းကို နှံ့စပ်အောင် လိမ်းလိုက်ပါ။ ထောပတ်သီးမှာ ဗီတာမင်တွေ သတ္ထုဓာတ်တွေ အဆီဓာတ်တွေ ပါဝင်လို့ ဆံပင်ကို သန်မာလာစေမှာပါ။ ဆံပင်ကို မိနစ် ၂၀လောက် ပေါင်းထားပြီးမှ ရေများများနဲ့ ဆေးကြောပါ။ တစ်လ တစ်ခါလောက် လုပ်ပေးမယ်ဆိုရင် ပျက်စီးနေတဲ့ ဆံသားတွေဟာ ကျန်းမာသန်စွမ်းလာမည် ဖြစ်ပါကြောင်း။
၂။ ထောပတ်နဲ့ နှိပ်နယ်ပေးပါ
ဒီနည်းကိုလည်း အိမ်တွင်းကုထုံးအနေနဲ့ အသုံးပြုနိုင်ပါတယ်။ ခြောက်သွေ့ပြီး ပျက်စီးလွယ်တဲ့ ဆံပင်ကို ထောပတ်လေးနည်းနည်းသုံးပြီး ပြန်လည်တောက်ပလာစေမယ့် နည်းလမ်းလေးပါ။လုပ်ရမှာကတော့..ယောင်းရေ…ထောပတ်နည်းနည်းနဲ့ ဆံသားတွေကို နှိပ်နယ်ပြီး shower cap လေး နာရီဝက်လောက် အုပ်ထားပါ။ ပြီးရင်တော့ ယောင်းတို့သုံးနေကျ shampoo နဲ့ပဲ ထောပတ်တွေ ကုန်စင်သွားအောင် ခေါင်းလျှော်လိုက်ပါ။
၃။ သံလွင်ဆီနဲ့ ပေါင်းတင်မယ်
ခြောက်သွေ့နေတဲ့ ဆံနွယ်တွေ စိုပြေလာစေဖို့အတွက် သံလွင်ဆီခပ်နွေးနွေးလေးကို ရေနွေးကြမ်းခွက်နဲ့တဝက်လောက်ထိ ထည့်ပြီး အပူပေးပါ။ (သံလွင်ဆီကို ဆူအောင်မထားနဲ့နော်) ။ ရလာတဲ့ သံလွင်ဆီကို ဆံပင်မှာ လိမ်းပေးပြီး ဆံနွယ်တွေကို ပလတ်စတစ်နဲ့ဖြစ်ဖြစ် အုပ်ထားပါ။ ဒါမှမဟုတ် တဘက်နဲ့ ပတ်ထားပါ။ ၄၅မိနစ်လောက် ထားပြီးရင် ခေါင်းလျှော်ရည်နဲ့ ဆံပင်ကို စင်ကြယ်အောင် ပြန်လျှော်ပေးပါ။
၄။ ရေနွေးကြမ်းနဲ့ ခေါင်းလျှော်ပါ။
ရေနွေးကြမ်းသောက်ရတာကို နှစ်သက်တဲ့သူမှ နှစ်သက်ကြတာပါ။ ဒါပေမဲ့ ရေနွေးကြမ်းဟာ ဆံနွယ်တွေကို သဘာဝအတိုင်း တောက်ပစေမှာ ဖြစ်ပါတယ်။ ယောင်းသုံးနေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ပြီးရင် ရေနွေးကြမ်းနဲ့ ခေါင်းလျှော်မယ်ဆိုရင် ဆံနွယ်လေးတွေက ပိုပြီးနက်မှောင်တောက်ပနေမှာပါ။
၅။ ပန်းသီးရှာလကာရည်နဲ့ ပေါင်းတင်ခြင်း
ယောင်းရဲ့ ခြောက်သွေ့နေတဲ့ဆံပင်တွေကို လက်ဖျားခါရလောက်အောင် ရင်သပ်ရှုမောဖွယ်အလှတရားများနဲ့ ပြည့်စုံသွားစေချင်တယ်ဆိုရင် ပန်းသီးရှာလကာရည်ကို လက်ဖက်ရည်ဇွန်း ၁ဇွန်း နဲ့ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ပြီးတော့ ကြက်ဥအကာ ၃ လုံးနဲ့ ရောမွှေပြီး ဆံပင်ကို လိမ်းပေးပါ။ ပြီးရင် ပလတ်စတစ်နဲ့ ဆံပင်ကို ပတ်ထားပြီးတော့ဖြစ်ဖြစ် ဒါမှမဟုတ် shower capလေး ဆောင်းထားပြီးတော့ဖြစ်ဖြစ် နာရီဝက်လောက် ထားပေးပါ။ ပြီးမှ ခေါင်းလျှော်ရည်နဲ့ ပြန်လျှော်လိုက်ပါ။
၆။ ကြက်ဥခေါင်းလျှော်ရည် ကိုယ်တိုင်လုပ်ပြီး သုံးကြည့်ပါ။
ကြက်ဥတစ်လုံးကို ခေါင်းလျှော်ရည်နည်းနည်းနဲ့ ရောမွှေပြီး ပျက်စီးနေတဲ့ ဆံနွယ်တွေကို ၅မိနစ်လောက် လိမ်းထားပေးပါ။ ပြီးရင် ခေါင်းသေချာလျှော်လိုက်ပါ။ ဒီနည်းက ယောင်းရဲ့ဆံပင်ကို ပရိုတင်းဓာတ် ဖြည့်တင်းပေးနိုင်မယ့် နည်းလမ်းကောင်းတစ်ခုပါ။
၇။ ရေကူးလို့ ဆံပင်တွေပျက်စီးနေတာကို ပေါင်းတင်မယ်ဆိုရင်
ကမ်းခြေမှာ ရေထဲမဆင်းခင်၊ ဒါမှမဟုတ် ရေကူးပြီးတဲ့နောက်မှာ ဆံပင်မပျက်စီးအောင် ကာကွယ်ဖို့အတွက်ကတော့ ပန်းသီးရှာလကာရည် ၄ပုံ ၁ပုံ နဲ့ ရေ ၄ပုံ ၃ပုံ ရောစပ်ပြီး ခေါင်းလျှော်ပေးရင် ဆံပင်ကို သန့်စင်စေမှာပါ။ ပြီးရင်တော့ ပေါင်းဆေးနဲ့ ပြန်လျှော်ပေးပါ။
၈။ ရေစိုနေတဲ့ဆံပင်ကို အဝတ်နဲ့ပတ်ထားပြီး ခြောက်အောင်ထားပါ။
ရေစိုနေတဲ့ဆံပင်ကို တဘက်နဲ့ ပွတ်တိုက်ပြီး ခြောက်အောင်သုတ်တာမျိုး မလုပ်ဘဲ ပျက်စီးနေတဲ့ ဆံနွယ်တွေကို ချည်မျက်နှာသုတ်ပဝါနဲ့ ပေါင်းထားမယ်ဆိုရင် ချည်တဘက်က မိနစ်အနည်းငယ်အတွင်း ဆံပင်ရဲ့ အစိုဓာတ်ကို စုပ်ယူသွားပြီး ဆံပင်အဖျားတွေ နှစ်ခွဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။
၉။ ဆံပင်ကို ဖြန့်ချထားပါ။
အကယ်၍ ယောင်းက ဆံပင်ကို မြင့်မြင့်စည်းပြီးတော့ဖြစ်ဖြစ် တနေကုန်စည်းထားပြီးဖြစ်ဖြစ် အချိန်ကြာကြာထားရင် ဆံပင်တွေကို ပြတ်ထွက်စေနိုင်ပါတယ်။ ဆံပင်ကို တင်းကြပ်နေအောင် မချည်ပါနဲ့။ အက်ဒမင်ဆို ဆံပင်ကို တင်းတင်းစည်းထားတာ ကြာရင် ခေါင်းကိုက်လာရော။ အိပ်တဲ့အခါကျရင်လည်း ဆံပင်ကို နဂိုအတိုင်း ဖြန့်ချထားပါ။ ခေါင်းစည်းကြိုးတွေ၊ ကလစ်တွေ ဝတ်မအိပ်ပါနဲ့။
Credit;Yin Myanmar ( For Her Myanmar )
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ေျခာက္ေသြ႔ပ်က္စီးေနတဲ့ ဆံေကသာအတြက္ ကုထံုး ၉ မ်ိဳး
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။