နားတြင္းပိုးဝင္ေရာက္ျခင္းနွင့္ အခန္႔မသင္ ေရဝင္တဲ့အခါမွာ နားကိုက္ျခင္း ျဖစ္ေစပါတယ္ ။ ဒါ့အျပင္ အေအးမိျခင္း ၊ နားတြင္းနဖားေခ်းမ်ားျခင္း ၊နား၊နွာေခါင္းလမ္းေၾကာင္းတြင္း တစ္ခုခုပိတ္ဆို႔ေနျခင္း ၊ နားအတြင္းထိခိုက္ဒဏ္ရာျဖစ္ျခင္း နွင့္ နားအတြင္းေလဖိအားမ်ားျခင္းတို႔ေၾကာင့္လည္း နားကိုက္ျခင္းကို ျဖစ္ေစပါတယ္ ။ နားကိုက္ျခင္းဟာ လူကို မသက္မသာျဖစ္ေစျပီး အလုပ္ပ်က္၊အကိုင္ပ်က္တဲ့အထိ အေနွာင့္အယွက္ေပးပါတယ္ ။ ၾကိီးၾကီးမားမားမဟုတ္တဲ့ ရိုးရိုးသာမန္နာကိုက္ျခင္းအတြက္ မိမိအိမ္မွာပင္ ကိုယ္တိုင္ေပ်ာက္ကင္းေအာင္ ကုသနိုင္တဲ့ နည္းလမ္းေတြရွိပါတယ္ ။
၁။သံလြင္ဆီ
သံလြင္ဆီကို အနည္းငယ္အပူေပးပါ ။ ထို႔ေနာက္ နားအတြင္းသို႔ ၃၊၄စက္ ခ်ေပးပါ ။ အစက္ခ်တဲ့အခါ ဂြမ္းျဖင့္တို႔ကာ ညွစ္ခ်ေပးတာ ပိုျပီး ထိေရာက္ေကာင္းမြန္ပါတယ္ ။ သံလြင္ဆီ ေနရာမွာ မုန္ညွင္းဆီသံုးရင္လည္း အက်ိဳးထိေရာက္မႈခ်င္း အတူတူပါပဲ ။
၂။ၾကက္သြန္နီ
နားကိုက္ျခင္းကို ကုသဖို႔အတြက္ ၾကက္သြန္နီကလည္း အေကာင္းဆံုး ကုထံုးတစ္ခုပါပဲ ။ ၾကက္သြန္နီကို အခြံခြာကာ က်ိတ္၍ျဖစ္ေစ ၊ ေထာင္း၍ျဖစ္ေစ အရည္ထြက္ေအာင္ ျပဳလုပ္ပါ ။ ထို႔ေနာက္ ၾကက္သြန္နီရည္ကို လက္ဖက္ရည္၁ဇြန္းခန္႔ ယူျပီး အပူခ်ိန္ အနည္းဆံုးျဖင့္ အပူေပးပါ ။ ထို႔ေနာက္ နားတြင္းသို႔ ၂စက္၊၃စက္ခန္႔ ခ်ေပးပါ ။ တစ္ေန႔လွ်င္ ၂ၾကိမ္မွ ၃ၾကိမ္ခန္႔အထိ ျပဳလုပ္ေပးရမွာပါ။
၃။ေရေႏြးပုလင္း
နားကိုက္တဲ့ ေနရာရာတဝိုက္ကို အပူကပ္ေပးျခင္းကလည္း သက္သာေစပါတယ္ ။ ပုလင္းထဲသို႔ ေရေႏြးထည့္ျပီး အဝတ္ (သို႔) သဘက္ျဖင့္ပတ္ကာ နားတဝိုက္ကို မိနစ္အနည္းငယ္ၾကာ အပူကပ္ေပးရမွာပါ ။ မၾကာခဏ ဆိုသလို ကပ္ေပးနိုင္ပါတယ္။
၄။ခ်င္း
သန္႔ရွင္းလတ္ဆတ္ေသာ ခ်င္း(ဂ်င္း)ကို အရည္ညွစ္ယူ၍ နားတြင္းသို႔ ၂စက္ ၊ ၃စက္ခန္႔ ခ်ေပးျခင္းကလည္း နားကိုက္ျခင္းကို သက္သာေပ်ာက္ကင္းေစပါတယ္ ။
၅။ပူဒီနာရြက္
ပူဒီနာရြက္ကိုေထာင္းျပီး အရည္ကို ကိုက္ေနေသာ နားအတြင္းသို႔ အနညး္ငယ္ အစက္ခ်ေပးပါ ။ နားကိုက္ျခင္းကို ရက္အနည္းငယ္အတြင္းမွာ သက္သာသြားေစမွာပါ။ ( တမာရြက္ကိုလည္း ယင္းသို႔ပင္ အသံုးျပဳေပးနိုင္ပါတယ္ ။ )
ဖိုးသူေတာ္ (www.phothutaw.com)
Credit: CHAN (ေရႊအင္းေလး)
# Unicode Version #
နားတွင်းပိုးဝင်ရောက်ခြင်းနှင့် အခန့်မသင် ရေဝင်တဲ့အခါမှာ နားကိုက်ခြင်း ဖြစ်စေပါတယ် ။ ဒါ့အပြင် အအေးမိခြင်း ၊ နားတွင်းနဖားချေးများခြင်း ၊နား၊နှာခေါင်းလမ်းကြောင်းတွင်း တစ်ခုခုပိတ်ဆို့နေခြင်း ၊ နားအတွင်းထိခိုက်ဒဏ်ရာဖြစ်ခြင်း နှင့် နားအတွင်းလေဖိအားများခြင်းတို့ကြောင့်လည်း နားကိုက်ခြင်းကို ဖြစ်စေပါတယ် ။ နားကိုက်ခြင်းဟာ လူကို မသက်မသာဖြစ်စေပြီး အလုပ်ပျက်၊အကိုင်ပျက်တဲ့အထိ အနှောင့်အယှက်ပေးပါတယ် ။ ကြီးကြီးမားမားမဟုတ်တဲ့ ရိုးရိုးသာမန်နာကိုက်ခြင်းအတွက် မိမိအိမ်မှာပင် ကိုယ်တိုင်ပျောက်ကင်းအောင် ကုသနိုင်တဲ့ နည်းလမ်းတွေရှိပါတယ် ။
၁။သံလွင်ဆီ
သံလွင်ဆီကို အနည်းငယ်အပူပေးပါ ။ ထို့နောက် နားအတွင်းသို့ ၃၊၄စက် ချပေးပါ ။ အစက်ချတဲ့အခါ ဂွမ်းဖြင့်တို့ကာ ညှစ်ချပေးတာ ပိုပြီး ထိရောက်ကောင်းမွန်ပါတယ် ။ သံလွင်ဆီ နေရာမှာ မုန်ညှင်းဆီသုံးရင်လည်း အကျိုးထိရောက်မှုချင်း အတူတူပါပဲ ။
၂။ကြက်သွန်နီ
နားကိုက်ခြင်းကို ကုသဖို့အတွက် ကြက်သွန်နီကလည်း အကောင်းဆုံး ကုထုံးတစ်ခုပါပဲ ။ ကြက်သွန်နီကို အခွံခွာကာ ကျိတ်၍ဖြစ်စေ ၊ ထောင်း၍ဖြစ်စေ အရည်ထွက်အောင် ပြုလုပ်ပါ ။ ထို့နောက် ကြက်သွန်နီရည်ကို လက်ဖက်ရည်၁ဇွန်းခန့် ယူပြီး အပူချိန် အနည်းဆုံးဖြင့် အပူပေးပါ ။ ထို့နောက် နားတွင်းသို့ ၂စက်၊၃စက်ခန့် ချပေးပါ ။ တစ်နေ့လျှင် ၂ကြိမ်မှ ၃ကြိမ်ခန့်အထိ ပြုလုပ်ပေးရမှာပါ။
၃။ရေနွေးပုလင်း
နားကိုက်တဲ့ နေရာရာတဝိုက်ကို အပူကပ်ပေးခြင်းကလည်း သက်သာစေပါတယ် ။ ပုလင်းထဲသို့ ရေနွေးထည့်ပြီး အဝတ် (သို့) သဘက်ဖြင့်ပတ်ကာ နားတဝိုက်ကို မိနစ်အနည်းငယ်ကြာ အပူကပ်ပေးရမှာပါ ။ မကြာခဏ ဆိုသလို ကပ်ပေးနိုင်ပါတယ်။
၄။ချင်း
သန့်ရှင်းလတ်ဆတ်သော ချင်း(ဂျင်း)ကို အရည်ညှစ်ယူ၍ နားတွင်းသို့ ၂စက် ၊ ၃စက်ခန့် ချပေးခြင်းကလည်း နားကိုက်ခြင်းကို သက်သာပျောက်ကင်းစေပါတယ် ။
၅။ပူဒီနာရွက်
ပူဒီနာရွက်ကိုထောင်းပြီး အရည်ကို ကိုက်နေသော နားအတွင်းသို့ အနည်းငယ် အစက်ချပေးပါ ။ နားကိုက်ခြင်းကို ရက်အနည်းငယ်အတွင်းမှာ သက်သာသွားစေမှာပါ။ ( တမာရွက်ကိုလည်း ယင်းသို့ပင် အသုံးပြုပေးနိုင်ပါတယ် ။ )
ဖိုးသူတော် (www.phothutaw.com)
Credit: CHAN (ရွှေအင်းလေး)
နားကိုက္ျခင္းကို သက္သာေပ်ာက္ကင္းေစမယ့္ အိမ္တြင္းနည္းလမ္းမ်ား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။