iMyanmarHouse.com - Best Property Website for Myanmar
×

   ဓာတ္ပုံ- မင္းကို (M.K) မိတ္ကပ္-Kareng Ahla
Miss International Queen Myanmar 2015 ေဂးအလွမယ္ မ်ိဳးကိုကုိစန္းသည္ ၎၏ (၂၃)ႏွစ္ ျပည့္ေမြးေန႔တြင္ ဘန္ေကာက္ Kamol Cosmetic ေဆး႐ံု၌ လိင္ ေျပာင္းလဲခြဲစိတ္မႈခံယူၿပီး ယင္းသို႔ခြဲစိတ္မႈခံယူရန္ လြန္ခဲ့သည့္ သံုးႏွစ္ခန္႔ကတည္းက အစီအစဥ္ရွိေၾကာင္း အင္တာဗ်ဴးအခ်ိဳ႕တြင္ ေျဖဆိုခဲ့သည္။


လက္ရွိတြင္ ေဆး႐ံုက ဆင္းၿပီျဖစ္ၿပီး ေဆး႐ံုမွစီစဥ္ထားသည့္ Apartment တစ္ခု၌ တစ္လနီးပါး ေနထိုင္ ကာ စက္တင္ဘာလကုန္ခန္႔မွသာ ျမန္မာႏိုင္ငံသို႔ ျပန္လာမည္ျဖစ္သည္။ အလွမယ္ မ်ိဳးကိုကိုစန္း၏လိင္ ေျပာင္းလဲခြဲစိတ္မႈခံယူျခင္းႏွင့္ပတ္သက္သည့္ စိတ္ခံစားခ်က္၊ အေတြ႕အႀကံဳ၊ အႏုပညာႏွင့္ ဘဝျဖတ္သန္းမႈမ်ားကို 7Day News ဂ်ာနယ္က ဆက္သြယ္ေမးျမန္းခ်က္မ်ားကို ေဖာ္ျပအပ္ပါသည္။

မိန္းကေလးတစ္ေယာက္အျဖစ္ ႏိုးထလာတဲ့ ပထမဆံုးေန႔ရက္က ဘယ္လိုေနပါသလဲ။

ေပါ့ပါးစြာနဲ႔ နာက်င္မႈသက္ သာၿပီးေတာ့ စိတ္ခ်မ္းသာေပ်ာ္ရႊင္ စြာနဲ႔ ႏိုးထလာပါတယ္ရွင့္။ ၿပီး ေတာ့ အဲဒီေန႔က ေမြးေန႔လည္းျဖစ္ တဲ့အတြက္ ညီမေပ်ာ္တာထက္ ညီမ Fan ေတြက ပိုၿပီးေတာ့ ေပ်ာ္ မယ္လို႔ ထင္ပါတယ္။ တခ်ိဳ႕က Surprise အရမ္းလုပ္သြားတယ္ ဆိုၿပီး ေတာ္ေတာ္ေလးေပ်ာ္ေနၾက တာေတြ႕ရတယ္။ သူတို႔ထင္မ ထားဘူးေပါ့ေနာ္။ အဲဒီလိုကြန္မန္႔ ေလးေတြျမင္ရေတာ့ တကယ္စိတ္ ခ်မ္းသာပါတယ္။ ကိုယ့္အေပၚ တ ကယ္ခ်စ္ေပးလို႔လည္း အရမ္း ေက်နပ္ရပါတယ္။

ခြဲစိတ္ခန္းထဲက ထြက္လာၿပီး ႏိုးထလာတဲ့အခ်ိန္မွာ မိန္းကေလး တစ္ေယာက္အျဖစ္ ၿပီးျပည့္စံုသြား ၿပီလို႔ ထင္လား။


မိန္းကေလးအစစ္ေတာ့ ျဖစ္ မလာႏိုင္ဘူး။ ကိုယ္က သားအိမ္မွ ထည့္လို႔မရတာေနာ္။ မိန္းကေလး ေတြလို လစဥ္လတိုင္း ဓမၼတာ လာတာမ်ိဳးလည္းမရွိဘူး။ မိန္းမ အစစ္မဟုတ္ေပမယ့္ မိန္းမတစ္ ေယာက္နဲ႔ အနီးစပ္ဆံုး တူတဲ့သူ တစ္ေယာက္ေတာ့ ျဖစ္ခ်င္တယ္။ ေနာက္ၿပီး ေယာက်္ားအဂၤါမရွိ ေတာ့တဲ့အတြက္ေၾကာင့္ ပိုလံုၿခံဳ ၿပီး ေပါ့ပါးသြားပါတယ္ရွင့္။ ဘာ ျဖစ္လို႔လဲဆိုေတာ့ အရင္က ဆိုရင္ သူမ်ားေတြက မိန္းကေလးအစစ္ လိုေတာ့ လက္ခံတယ္။ ဒါေပမဲ့ ကိုယ့္မွာ ေယာက်္ားအဂၤါႀကီးရွိတဲ့ အခါက်ေတာ့ တခ်ိဳ႕ခရီးသြားတဲ့ အခါေတြမွာ ေဟာခန္းထဲ ေယာက်္ားေလးသက္သက္၊ မိန္း ကေလးသက္သက္စုအိပ္ရတဲ့အ ခါမ်ိဳးေတြမွာ ဒုကၡေရာက္တာမ်ိဳး ေလးေတြရွိတယ္။ အခုခ်ိန္မွာ ေတာ့ အရာအားလံုးအဆင္ေျပ သြားၿပီျဖစ္တဲ့အတြက္ ပုိၿပီး ယံု ၾကည္မႈရွိလာပါတယ္။

ခြဲစိတ္ကုသမႈလုပ္ၿပီး ေနာက္ပိုင္း ဘယ္လိုအစီအစဥ္ေတြ ရွိပါေသးလဲ။

ခြဲစိတ္မႈကေတာ့ ဆက္လုပ္ဖို႔ မရွိေတာ့ဘူး။ ညီမအရင္ကတည္း က လုပ္ခ်င္ခဲ့တဲ့အရာကလည္း ဒီ တစ္ခုတည္းပါ။ အခုဒါလည္း အ ေကာင္အထည္ေဖာ္ၿပီးသြားၿပီဆို ေတာ့ ေနာက္ထပ္ လုပ္ျဖစ္ဖို႔ အစီ အစဥ္မရွိေတာ့ဖို႔ မ်ားပါတယ္ရွင့္။

ကိုယ့္ပတ္ဝန္းက်င္ အသိုင္းအဝုိင္းကေကာ မိန္းကေလးတစ္ေယာက္အျဖစ္ လက္ခံမယ္လုိ႔ ထင္ပါသလား။


ကိုယ္သာ သာမန္မိန္းက ေလးတစ္ေယာက္လို ႏူးႏူးညံ့ညံ့လွ လွပပ၊ သိမ္သိမ္ေမြ႕ေမြ႕ေလးနဲ႔ေန မယ္ဆုိရင္ေတာ့ ပတ္ဝန္းက်င္က မိန္းကေလးတစ္ေယာက္အျဖစ္ လက္ခံမယ္လို႔ ထင္ပါတယ္ရွင့္။

အရင္ မိန္းမလ်ာဘဝနဲ႔ လက္ရွိခြဲ စိတ္ျပဳျပင္မႈၿပီးတဲ့ ေနာက္ပိုင္း ဘယ္လိုကြာျခားခ်က္ေတြ ရွိမလဲ။

အမ်ားစုကေတာ့ ပိုၿပီးလက္ ခံလာၾကတယ္လို႔ ထင္ပါတယ္။ အရင္တုန္းကဆိုရင္ ဒီေလာက္ ႀကီးထိ လက္မခံဘူး။ ညီမ Fan ေတြေလာက္ပဲ လက္ခံၾကတယ္။  လူအမ်ိဳးမ်ိဳး၊ စိတ္အေထြေထြဆို ေတာ့ လက္ခံတဲ့သူလည္းရွိမယ္။ လက္မခံတဲ့သူလည္း ရွိပါမယ္။

ဘယ္လိုစိန္ေခၚမႈေတြ ရွိမလဲ။ ဘယ္လိုအခြင့္အေရးေတြ ရရွိလာ မယ္လို႔ ထင္ပါသလဲ။


ညီမျပန္ေရာက္မွ အႏုပညာ လႈပ္ရွားမႈေတြ လုပ္ၾကည့္မွပဲ သိ မွာေပါ့ေနာ္။ ညီမကေတာ့ ကိုယ့္ ဆီ ကမ္းလွမ္းလာမယ့္ အရာေတြ မွန္သမွ်ကို လုပ္ဖို႔၊ ဒီတစ္ခါ လံုးဝ လြတ္ထြက္မသြားေအာင္ အမိအရ ဆုပ္ကိုင္ထားၿပီး အေကာင္းဆံုး ႀကိဳးစားသြားမွာပါ။ ညီမကို အခြင့္ အေရးေပးၾကမယ္လို႔ ေမွ်ာ္လင့္ပါ တယ္။ အႏုပညာလုပ္ငန္းေတြမွာ တစ္ခါေလာက္ စမ္းသံုးၾကည့္ၾကဖို႔ လည္း ေမွ်ာ္လင့္ပါတယ္။

အရင္မိန္းမလ်ာဘဝနဲ႔ အခုခြဲစိတ္ ျပဳျပင္လိုက္တဲ့ေနာက္ပိုင္း အားနည္းခ်က္၊ အားသာခ်က္အျဖစ္ ဘယ္ေနရာေတြမွာ ပိုေကာင္းၿပီး ဘယ္ေနရာေတြမွာ ပိုဆိုးသြားမယ္လို႔ ထင္သလဲ။


အားနည္းခ်က္ဆိုတာက လည္း ကိုယ္ကိုယ္တုိင္ ခံယူထား တဲ့အရာမွပဲ အားနည္းခ်က္လို႔ သတ္မွတ္လို႔ရတာကိုး။ သူမ်ားမ ေကာင္းေျပာၾကတာက ကိုယ့္ရဲ႕ အားနည္းခ်က္မွ မဟုတ္တာေနာ္။ အဲဒီအေပၚမွာ ဘယ္လိုမွေတာ့ မေနပါဘူး။ ေကာင္းတာအေနနဲ႔ ေျပာရရင္ ညီမအေနနဲ႔ အလုပ္နဲ႔ ပတ္သက္ၿပီး ေရြးခ်ယ္စရာေတြ အမ်ားႀကီးရလာလိမ့္မယ္လို႔ ထင္ ပါတယ္ရွင့္။

ကိုယ္တုိင္ခြဲစိတ္ျပဳျပင္မႈ ခံယူေန တဲ့အခ်ိန္ ေက်ာ္ျဖတ္ခဲ့ရတဲ့ စိုးရိမ္ စိတ္၊ ေၾကာက္စိတ္က ဘယ္လိုရွိ မလဲ။
ဘယ္လိုမွ မေနပါဘူး။ ေမ့ ေဆးဆရာဝန္က ေမ့ေဆးေပး လိုက္တာနဲ႔ တန္းၿပီး ေမ့သြား တယ္။ ျပန္ႏိုးလာေတာ့ ခြဲစိတ္ၿပီး ၿပီဆိုေတာ့ စိတ္လႈပ္ရွားမႈလည္း မျဖစ္ဘူး။ ကိုယ္အရင္ကတည္းက လုပ္ခ်င္ခဲ့တဲ့အရာဆိုေတာ့ ဒီအ ေပၚမွာ စိုးရိမ္မႈလည္းမရွိဘူး။ ေၾကာက္ရြံ႕မႈလည္း မရွိဘူး။

ခြဲစိတ္ျပဳျပင္ၿပီးေနာက္ပိုင္း ဘယ္လိုအခြင့္အေရးေတြ ရရွိလာမယ္ လို႔ ထင္ပါသလဲ။

မိန္းကေလးတစ္ေယာက္ ဘဝက ကိုယ့္ရဲ႕ငယ္ဘဝအိပ္မက္။ ကိုယ္က ေမြးကတည္းက ေယာက်္ားေလးခႏၶာကိုယ္အေနနဲ႔ ေမြးဖြားလာရတယ္။ ေယာက်္ား တစ္ေယာက္အေနနဲ႔ပဲ ရွင္သန္ လာရတယ္။ ဒီႏိုင္ငံရဲ႕ယဥ္ေက်းမႈ အရရယ္၊ မိဘေတြရဲ႕လက္မခံႏိုင္ တဲ့ အရာေလးေတြေၾကာင့္ရယ္ ဒီလိုမ်ိဳးေလးေနခဲ့ရတယ္။ ဒါေပမဲ့ ကိုယ္အရင္ကတည္းက ျဖစ္ခ်င္ တာက မိန္းကေလးတစ္ေယာက္ ေပါ့ေနာ္။ ျဖစ္ႏိုင္ရင္ အိမ္ေထာင္ ရွင္မေကာင္းတစ္ေယာက္လည္း ျဖစ္ခ်င္တယ္။ အထူးသျဖင့္ ညီမ ရဲ႕ Idol က အေမဆိုေတာ့ အေမ့ ကို အရမ္းအားက်တယ္။ အေမ့လို မ်ိဳး ေတာ္သိထက္ျမက္တဲ့ အမ်ိဳး သမီးေကာင္းတစ္ေယာက္လည္း ျဖစ္ခ်င္တယ္။ ဒါ ကိုယ့္ဘဝရဲ႕ငယ္ အိပ္မက္ေပါ့။

မိန္းကေလးျဖစ္ၿပီး ေနာက္ပိုင္း ပထမဆံုး လုပ္ခ်င္တဲ့ အလုပ္က ဘာျဖစ္မလဲ။


ညီမ အႏုပညာနဲ႔ ပတ္သက္ တဲ့အလုပ္ေတြကိုပဲ လုပ္ခ်င္တယ္ ရွင့္။ ဥပမာ အမ္တီဗီ႐ိုက္တာပဲျဖစ္ ျဖစ္၊ တီဗီေၾကာ္ျငာ႐ိုက္တာပဲျဖစ္ ျဖစ္၊ မဂၢဇင္း႐ိုက္တာပဲျဖစ္ျဖစ္၊ ဓာတ္ပံု႐ိုက္တာပဲျဖစ္ျဖစ္၊ ဇာတ္ လမ္းတြဲ၊ ဇာတ္ကား႐ိုက္တာမ်ိဳးပဲ ျဖစ္ျဖစ္ အႏုပညာနဲ႔ ပတ္သက္တဲ့ အလုပ္ကိုပဲ လုပ္ခ်င္ပါတယ္။

လက္ရွိမွာ ခ်စ္သူရွိလား။ ခ်စ္သူ ကေကာ ကိုယ့္ရဲ႕ခြဲစိတ္ျပဳျပင္မႈအ ေပၚ ဘယ္လိုသေဘာထားရွိသလဲ။ မိသားစုကေကာ ကိုယ့္ရဲ႕ခြဲစိတ္မႈ အေပၚ ဘယ္လိုသေဘာထားရွိလဲ။

ညီမအသက္က အခုမွ (၂၃) ႏွစ္ျပည့္ၿပီးခါစဆိုေတာ့ ကိုယ့္ ကိုယ္ကိုယ္ ငယ္ေသးတယ္လို႔ထင္ တယ္။ ဒီကိစၥေတြ မစဥ္းစားေသး ဘူးလို႔ စဥ္းစားထားပါတယ္။ အ ခ်စ္ေရးကို အသက္(၃၀)ေလာက္ မွ စစဥ္းစားမယ္။ အိမ္ေထာင္ျပဳဖို႔ ဆိုရင္ေတာ့ (၃၄)ႏွစ္ေလာက္မွပဲ ျပဳျဖစ္ဖို႔ မ်ားပါတယ္။ အိမ္ေထာင္ ျပဳ၊ မျပဳကေတာ့ မေသခ်ာပါဘူး။ ကိုယ္ အဲဒီအခ်ိန္မွာ အိမ္ေထာင္ ျပဳဖို႔ စိတ္ဆႏၵရွိရင္လည္း ျပဳျဖစ္ မယ္၊ ျပဳျဖစ္ဖို႔ စိတ္ဆႏၵမရွိရင္ လည္း တစ္ေယာက္တည္းပဲ ေန သြားျဖစ္ဖို႔ မ်ားပါတယ္။ ဒါက ႀကိဳ ေျပာျပလို႔ မရတဲ့ အရာေတြဆို ေတာ့ေလ။ မိသားစုကေတာ့ ခြဲ စိတ္မႈအေပၚ ေအးေဆးပါပဲ။ အခု ဆို အေမကိုယ္တုိင္လည္း လိုက္ လာတယ္။ ညီမေတြလည္း လိုက္ လာတယ္ဆိုေတာ့ ေအးေအးေဆး ေဆးပါပဲရွင့္။

ကိုယ္ျဖတ္သန္းေနတဲ့ မိန္းမလ်ာ ဘဝကို မိသားစုကေကာ လက္ခံလား။

အရင္ကေတာ့ ျမန္မာႏိုင္ငံမွာက ဘယ္သူမွ လက္မခံၾကဘူး။ ဒါေပမဲ့ ကိုယ့္ဘက္က အေနအထုိင္၊ အေျပာအဆို၊ အျပဳအမူ ဆင္ျခင္လိုက္တယ္။ ဥပမာ အစ္ ကိုေတြ ည ၁၀ နာရီအိမ္ျပန္လာရင္ ကိုယ္ေတြက ည ၈ နာရီဆို အိမ္ထဲက အိမ္ျပင္မထြက္ရေတာ့ဘူး။ ဘယ္သြားသြား အေနာက္က အေမလိုက္တယ္။ အဲဒီလိုမ်ိဳးေလး ေတြေတာ့ရွိတယ္။ ၿပီးရင္ ဒီမွာ မ်ိဳးကိုကိုစန္းရဲ႕အေဖ၊ အေမဆို ရင္ ကိုယ့္မိဘေတြ ရွက္ရေလာက္ တဲ့ ကိစၥမ်ိဳး ကိုယ္တစ္ခုမွ မလုပ္ခဲ့ ဘူး။ အေကာင္းဆံုးလိပ္ျပာသန္႔ သန္႔နဲ႔ေနတယ္။ ညီမအေဖ၊ အေမ ကိုလည္း ညီမ Fan ေတြက ဝိုင္း ခ်စ္ေပးၾကတဲ့အတြက္ သူတို႔ လည္း ဂုဏ္တက္တာေပါ့ေနာ္။ အဲဒါေၾကာင့္ အရင္ကေလာက္ ေတာ့ မဆိုးေတာ့ဘူး။ လက္ခံလာ ၾကပါၿပီ။

ျမန္မာျပည္ကို ဘယ္ေတာ့ျပန္လာမလဲ။ လက္ရွိ က်န္းမာေရးအေျခ အေနကိုလည္း သိခ်င္ပါတယ္။

ဒီမွာ သူတို႔က တစ္လနီးပါး ေလာက္ ထပ္ေနခိုင္းတယ္ဆိုေတာ့ ညီမအထင္ စက္တင္ဘာလကုန္ ေလာက္ဆို ျပန္လာျဖစ္မယ္ထင္ပါ တယ္။ လက္ရွိ က်န္းမာေရးအေျခ အေနကေတာ့ လံုးဝအဆင္ေျပပါ တယ္။ ေအးေအးေဆးေဆးပါပဲ။ ခြဲစိတ္ထားတယ္ဆိုေပမယ့္ အ တတ္ႏိုင္ဆံုး၊ အေကာင္းဆံုး နာ က်င္မႈမရွိဘဲနဲ႔ က်န္းက်န္းမာမာ ေနေနပါတယ္။

ခြဲစိတ္ခန္းထဲက ထြက္လာတဲ့အခ်ိန္ ပထမဆံုး ခံစားရတဲ့ခံစားမႈက ဘယ္လိုရွိလဲ။ ေရရွည္အတြက္ ကိုယ့္က်န္းမာေရးကိုေကာ ဘယ္လိုဂ႐ုစိုက္ျဖစ္မလဲ။

အရမ္းေပ်ာ္တယ္။ ငါလိုခ်င္ တဲ့ ဘဝတစ္ခုကို ရၿပီ။ ငါလုပ္ခ်င္ တဲ့ Operation တစ္ခုကို လုပ္ႏိုင္ ၿပီဆိုတဲ့စိတ္နဲ႔ အရမ္းေပ်ာ္ေနပါ တယ္ရွင့္။

ကိုယ့္လို ျပဳျပင္ခ်င္တဲ့ မိိန္းမလ်ာေတြကိုေကာ Sex ခ်ိန္းတာကို အားေပးခ်င္လား၊ တားျမစ္ခ်င္လား။

တခ်ိဳ႕ လိင္ေျပာင္းခ်င္တဲ့ မိန္းမလ်ာေတြရွိမယ္။ မေျပာင္း ခ်င္တဲ့သူေတြလည္း ရွိမယ္။ ဒါ သူ တို႔ခံယူခ်က္နဲ႔သူတို႔ေပါ့။ ကုိယ္က အားလည္းမေပးခ်င္ဘူး။ တားျမစ္  တာလည္း မလုပ္ခ်င္ဘူး။ ဒါက ကိုယ့္စိတ္နဲ႔ ကိုယ္ပဲေလ။ လူတစ္ ဖက္သားကို ဒီကိစၥနဲ႔ပတ္သက္ၿပီး ဖိအားေပးလို႔ရတဲ့အရာမဟုတ္ဘူး လို႔ ကိုယ္ကိုယ္တုိင္ယံုၾကည္ထား တဲ့အတြက္ေၾကာင့္ ကိုယ့္စိတ္ဆႏၵ ရွိမွပဲ လုပ္ပါ။ ကိုယ့္စိတ္ဆႏၵရွိ တယ္ဆိုရင္ ျဖစ္ေအာင္ လုပ္ပါ။ သူတစ္ပါးေဝဖန္တာကို ဂ႐ုစိုက္ ေနရင္ လုပ္ျဖစ္မွာေတာင္ မဟုတ္ ပါဘူး။ လုပ္ဖို႔ဆႏၵရွိရင္ လုပ္ပါ။ လုပ္ဖို႔ဆႏၵမရွိရင္ မလုပ္ပါနဲ႔လို႔ ေျပာခ်င္ပါတယ္။

ကိုယ့္ကို စိတ္ပူေပးၾကတဲ့ ပရိသတ္ေတြကိုေကာ ဘာမ်ားေျပာခ်င္ပါ သလဲ။

ေက်းဇူးအမ်ားႀကီး တင္ပါ တယ္။ ဒီလိုစိတ္ပူေပးတဲ့ ပရိသတ္ ေတြရွိေနလုိ႔လည္း မ်ိဳးကိုကိုစန္း ဆိုတဲ့ အတုိင္းအတာ ေသးေသး ေလးတစ္ခုမွာ ညီမအေနနဲ႔ရွိေနႏိုင္ တာပါ။ ပရိသတ္မရွိဘူး၊ ကိုယ့္ကို အားေပးတဲ့သူမရွိဘူးဆိုရင္ ကိုယ္ ဘယ္ေလာက္ေတာ္ပါေစ၊ ကိုယ္ ဘယ္ေလာက္လွေနပါေစ ရပ္ တည္ႏိုင္မွာမဟုတ္ပါဘူး၊   ကံ ရယ္၊ စန္းရယ္ဆိုတာကလည္း ဒီအႏုပညာေလာကမွာ အရမ္းလို အပ္တဲ့အရာတစ္ခုပါ။ ညီမ ျမန္ မာျပည္ျပန္ေရာက္တာနဲ႔ လာသမွ် အလုပ္မွန္သမွ်ကို အတတ္ႏိုင္ဆံုး၊ အေကာင္းဆံုးနဲ႔ အၿမဲတမ္းျပင္ဆင္ ထားပါ့မယ္လို႔။ ညီမကိုလည္း အားေပးၾကပါဦးလို႔။

ေက်းဇူးတင္ပါတယ္။


 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit: 7Day Daily

#Unicode Version#
ဓာတ်ပုံ- မင်းကို (M.K) မိတ်ကပ်-Kareng Ahla

Miss International Queen Myanmar 2015 ဂေးအလှမယ် မျိုးကိုကိုစန်းသည် ၎င်း၏ (၂၃)နှစ် ပြည့်မွေးနေ့တွင် ဘန်ကောက် Kamol Cosmetic ဆေးရုံ၌ လိင် ပြောင်းလဲခွဲစိတ်မှုခံယူပြီး ယင်းသို့ခွဲစိတ်မှုခံယူရန် လွန်ခဲ့သည့် သုံးနှစ်ခန့်ကတည်းက အစီအစဉ်ရှိကြောင်း အင်တာဗျူးအချို့တွင် ဖြေဆိုခဲ့သည်။


လက်ရှိတွင် ဆေးရုံက ဆင်းပြီဖြစ်ပြီး ဆေးရုံမှစီစဉ်ထားသည့် Apartment တစ်ခု၌ တစ်လနီးပါး နေထိုင် ကာ စက်တင်ဘာလကုန်ခန့်မှသာ မြန်မာနိုင်ငံသို့ ပြန်လာမည်ဖြစ်သည်။ အလှမယ် မျိုးကိုကိုစန်း၏လိင် ပြောင်းလဲခွဲစိတ်မှုခံယူခြင်းနှင့်ပတ်သက်သည့် စိတ်ခံစားချက်၊ အတွေ့အကြုံ၊ အနုပညာနှင့် ဘဝဖြတ်သန်းမှုများကို 7Day News ဂျာနယ်က ဆက်သွယ်မေးမြန်းချက်များကို ဖော်ပြအပ်ပါသည်။

မိန်းကလေးတစ်ယောက်အဖြစ် နိုးထလာတဲ့ ပထမဆုံးနေ့ရက်က ဘယ်လိုနေပါသလဲ။

ပေါ့ပါးစွာနဲ့ နာကျင်မှုသက် သာပြီးတော့ စိတ်ချမ်းသာပျော်ရွှင် စွာနဲ့ နိုးထလာပါတယ်ရှင့်။ ပြီး တော့ အဲဒီနေ့က မွေးနေ့လည်းဖြစ် တဲ့အတွက် ညီမပျော်တာထက် ညီမ Fan တွေက ပိုပြီးတော့ ပျော် မယ်လို့ ထင်ပါတယ်။ တချို့က Surprise အရမ်းလုပ်သွားတယ် ဆိုပြီး တော်တော်လေးပျော်နေကြ တာတွေ့ရတယ်။ သူတို့ထင်မ ထားဘူးပေါ့နော်။ အဲဒီလိုကွန်မန့် လေးတွေမြင်ရတော့ တကယ်စိတ် ချမ်းသာပါတယ်။ ကိုယ့်အပေါ် တ ကယ်ချစ်ပေးလို့လည်း အရမ်း ကျေနပ်ရပါတယ်။

ခွဲစိတ်ခန်းထဲက ထွက်လာပြီး နိုးထလာတဲ့အချိန်မှာ မိန်းကလေး တစ်ယောက်အဖြစ် ပြီးပြည့်စုံသွား ပြီလို့ ထင်လား။

မိန်းကလေးအစစ်တော့ ဖြစ် မလာနိုင်ဘူး။ ကိုယ်က သားအိမ်မှ ထည့်လို့မရတာနော်။ မိန်းကလေး တွေလို လစဉ်လတိုင်း ဓမ္မတာ လာတာမျိုးလည်းမရှိဘူး။ မိန်းမ အစစ်မဟုတ်ပေမယ့် မိန်းမတစ် ယောက်နဲ့ အနီးစပ်ဆုံး တူတဲ့သူ တစ်ယောက်တော့ ဖြစ်ချင်တယ်။ နောက်ပြီး ယောကျ်ားအင်္ဂါမရှိ တော့တဲ့အတွက်ကြောင့် ပိုလုံခြုံ ပြီး ပေါ့ပါးသွားပါတယ်ရှင့်။ ဘာ ဖြစ်လို့လဲဆိုတော့ အရင်က ဆိုရင် သူများတွေက မိန်းကလေးအစစ် လိုတော့ လက်ခံတယ်။ ဒါပေမဲ့ ကိုယ့်မှာ ယောကျ်ားအင်္ဂါကြီးရှိတဲ့ အခါကျတော့ တချို့ခရီးသွားတဲ့ အခါတွေမှာ ဟောခန်းထဲ ယောကျ်ားလေးသက်သက်၊ မိန်း ကလေးသက်သက်စုအိပ်ရတဲ့အ ခါမျိုးတွေမှာ ဒုက္ခရောက်တာမျိုး လေးတွေရှိတယ်။ အခုချိန်မှာ တော့ အရာအားလုံးအဆင်ပြေ သွားပြီဖြစ်တဲ့အတွက် ပိုပြီး ယုံ ကြည်မှုရှိလာပါတယ်။

ခွဲစိတ်ကုသမှုလုပ်ပြီး နောက်ပိုင်း ဘယ်လိုအစီအစဉ်တွေ ရှိပါသေးလဲ။

ခွဲစိတ်မှုကတော့ ဆက်လုပ်ဖို့ မရှိတော့ဘူး။ ညီမအရင်ကတည်း က လုပ်ချင်ခဲ့တဲ့အရာကလည်း ဒီ တစ်ခုတည်းပါ။ အခုဒါလည်း အ ကောင်အထည်ဖော်ပြီးသွားပြီဆို တော့ နောက်ထပ် လုပ်ဖြစ်ဖို့ အစီ အစဉ်မရှိတော့ဖို့ များပါတယ်ရှင့်။

ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းကကော မိန်းကလေးတစ်ယောက်အဖြစ် လက်ခံမယ်လို့ ထင်ပါသလား။

ကိုယ်သာ သာမန်မိန်းက လေးတစ်ယောက်လို နူးနူးညံ့ညံ့လှ လှပပ၊ သိမ်သိမ်မွေ့မွေ့လေးနဲ့နေ မယ်ဆိုရင်တော့ ပတ်ဝန်းကျင်က မိန်းကလေးတစ်ယောက်အဖြစ် လက်ခံမယ်လို့ ထင်ပါတယ်ရှင့်။

အရင် မိန်းမလျာဘဝနဲ့ လက်ရှိခွဲ စိတ်ပြုပြင်မှုပြီးတဲ့ နောက်ပိုင်း ဘယ်လိုကွာခြားချက်တွေ ရှိမလဲ။

အများစုကတော့ ပိုပြီးလက် ခံလာကြတယ်လို့ ထင်ပါတယ်။ အရင်တုန်းကဆိုရင် ဒီလောက် ကြီးထိ လက်မခံဘူး။ ညီမ Fan တွေလောက်ပဲ လက်ခံကြတယ်။  လူအမျိုးမျိုး၊ စိတ်အထွေထွေဆို တော့ လက်ခံတဲ့သူလည်းရှိမယ်။ လက်မခံတဲ့သူလည်း ရှိပါမယ်။

ဘယ်လိုစိန်ခေါ်မှုတွေ ရှိမလဲ။ ဘယ်လိုအခွင့်အရေးတွေ ရရှိလာ မယ်လို့ ထင်ပါသလဲ။

ညီမပြန်ရောက်မှ အနုပညာ လှုပ်ရှားမှုတွေ လုပ်ကြည့်မှပဲ သိ မှာပေါ့နော်။ ညီမကတော့ ကိုယ့် ဆီ ကမ်းလှမ်းလာမယ့် အရာတွေ မှန်သမျှကို လုပ်ဖို့၊ ဒီတစ်ခါ လုံးဝ လွတ်ထွက်မသွားအောင် အမိအရ ဆုပ်ကိုင်ထားပြီး အကောင်းဆုံး ကြိုးစားသွားမှာပါ။ ညီမကို အခွင့် အရေးပေးကြမယ်လို့ မျှော်လင့်ပါ တယ်။ အနုပညာလုပ်ငန်းတွေမှာ တစ်ခါလောက် စမ်းသုံးကြည့်ကြဖို့ လည်း မျှော်လင့်ပါတယ်။

အရင်မိန်းမလျာဘဝနဲ့ အခုခွဲစိတ် ပြုပြင်လိုက်တဲ့နောက်ပိုင်း အားနည်းချက်၊ အားသာချက်အဖြစ် ဘယ်နေရာတွေမှာ ပိုကောင်းပြီး ဘယ်နေရာတွေမှာ ပိုဆိုးသွားမယ်လို့ ထင်သလဲ။

အားနည်းချက်ဆိုတာက လည်း ကိုယ်ကိုယ်တိုင် ခံယူထား တဲ့အရာမှပဲ အားနည်းချက်လို့ သတ်မှတ်လို့ရတာကိုး။ သူများမ ကောင်းပြောကြတာက ကိုယ့်ရဲ့ အားနည်းချက်မှ မဟုတ်တာနော်။ အဲဒီအပေါ်မှာ ဘယ်လိုမှတော့ မနေပါဘူး။ ကောင်းတာအနေနဲ့ ပြောရရင် ညီမအနေနဲ့ အလုပ်နဲ့ ပတ်သက်ပြီး ရွေးချယ်စရာတွေ အများကြီးရလာလိမ့်မယ်လို့ ထင် ပါတယ်ရှင့်။

ကိုယ်တိုင်ခွဲစိတ်ပြုပြင်မှု ခံယူနေ တဲ့အချိန် ကျော်ဖြတ်ခဲ့ရတဲ့ စိုးရိမ် စိတ်၊ ကြောက်စိတ်က ဘယ်လိုရှိ မလဲ။

ဘယ်လိုမှ မနေပါဘူး။ မေ့ ဆေးဆရာဝန်က မေ့ဆေးပေး လိုက်တာနဲ့ တန်းပြီး မေ့သွား တယ်။ ပြန်နိုးလာတော့ ခွဲစိတ်ပြီး ပြီဆိုတော့ စိတ်လှုပ်ရှားမှုလည်း မဖြစ်ဘူး။ ကိုယ်အရင်ကတည်းက လုပ်ချင်ခဲ့တဲ့အရာဆိုတော့ ဒီအ ပေါ်မှာ စိုးရိမ်မှုလည်းမရှိဘူး။ ကြောက်ရွံ့မှုလည်း မရှိဘူး။

ခွဲစိတ်ပြုပြင်ပြီးနောက်ပိုင်း ဘယ်လိုအခွင့်အရေးတွေ ရရှိလာမယ် လို့ ထင်ပါသလဲ။

မိန်းကလေးတစ်ယောက် ဘဝက ကိုယ့်ရဲ့ငယ်ဘဝအိပ်မက်။ ကိုယ်က မွေးကတည်းက ယောကျ်ားလေးခန္ဓာကိုယ်အနေနဲ့ မွေးဖွားလာရတယ်။ ယောကျ်ား တစ်ယောက်အနေနဲ့ပဲ ရှင်သန် လာရတယ်။ ဒီနိုင်ငံရဲ့ယဉ်ကျေးမှု အရရယ်၊ မိဘတွေရဲ့လက်မခံနိုင် တဲ့ အရာလေးတွေကြောင့်ရယ် ဒီလိုမျိုးလေးနေခဲ့ရတယ်။ ဒါပေမဲ့ ကိုယ်အရင်ကတည်းက ဖြစ်ချင် တာက မိန်းကလေးတစ်ယောက် ပေါ့နော်။ ဖြစ်နိုင်ရင် အိမ်ထောင် ရှင်မကောင်းတစ်ယောက်လည်း ဖြစ်ချင်တယ်။ အထူးသဖြင့် ညီမ ရဲ့ Idol က အမေဆိုတော့ အမေ့ ကို အရမ်းအားကျတယ်။ အမေ့လို မျိုး တော်သိထက်မြက်တဲ့ အမျိုး သမီးကောင်းတစ်ယောက်လည်း ဖြစ်ချင်တယ်။ ဒါ ကိုယ့်ဘဝရဲ့ငယ် အိပ်မက်ပေါ့။

မိန်းကလေးဖြစ်ပြီး နောက်ပိုင်း ပထမဆုံး လုပ်ချင်တဲ့ အလုပ်က ဘာဖြစ်မလဲ။

ညီမ အနုပညာနဲ့ ပတ်သက် တဲ့အလုပ်တွေကိုပဲ လုပ်ချင်တယ် ရှင့်။ ဥပမာ အမ်တီဗီရိုက်တာပဲဖြစ် ဖြစ်၊ တီဗီကြော်ငြာရိုက်တာပဲဖြစ် ဖြစ်၊ မဂ္ဂဇင်းရိုက်တာပဲဖြစ်ဖြစ်၊ ဓာတ်ပုံရိုက်တာပဲဖြစ်ဖြစ်၊ ဇာတ် လမ်းတွဲ၊ ဇာတ်ကားရိုက်တာမျိုးပဲ ဖြစ်ဖြစ် အနုပညာနဲ့ ပတ်သက်တဲ့ အလုပ်ကိုပဲ လုပ်ချင်ပါတယ်။

လက်ရှိမှာ ချစ်သူရှိလား။ ချစ်သူ ကကော ကိုယ့်ရဲ့ခွဲစိတ်ပြုပြင်မှုအ ပေါ် ဘယ်လိုသဘောထားရှိသလဲ။ မိသားစုကကော ကိုယ့်ရဲ့ခွဲစိတ်မှု အပေါ် ဘယ်လိုသဘောထားရှိလဲ။

ညီမအသက်က အခုမှ (၂၃) နှစ်ပြည့်ပြီးခါစဆိုတော့ ကိုယ့် ကိုယ်ကိုယ် ငယ်သေးတယ်လို့ထင် တယ်။ ဒီကိစ္စတွေ မစဉ်းစားသေး ဘူးလို့ စဉ်းစားထားပါတယ်။ အ ချစ်ရေးကို အသက်(၃၀)လောက် မှ စစဉ်းစားမယ်။ အိမ်ထောင်ပြုဖို့ ဆိုရင်တော့ (၃၄)နှစ်လောက်မှပဲ ပြုဖြစ်ဖို့ များပါတယ်။ အိမ်ထောင် ပြု၊ မပြုကတော့ မသေချာပါဘူး။ ကိုယ် အဲဒီအချိန်မှာ အိမ်ထောင် ပြုဖို့ စိတ်ဆန္ဒရှိရင်လည်း ပြုဖြစ် မယ်၊ ပြုဖြစ်ဖို့ စိတ်ဆန္ဒမရှိရင် လည်း တစ်ယောက်တည်းပဲ နေ သွားဖြစ်ဖို့ များပါတယ်။ ဒါက ကြို ပြောပြလို့ မရတဲ့ အရာတွေဆို တော့လေ။ မိသားစုကတော့ ခွဲ စိတ်မှုအပေါ် အေးဆေးပါပဲ။ အခု ဆို အမေကိုယ်တိုင်လည်း လိုက် လာတယ်။ ညီမတွေလည်း လိုက် လာတယ်ဆိုတော့ အေးအေးဆေး ဆေးပါပဲရှင့်။

ကိုယ်ဖြတ်သန်းနေတဲ့ မိန်းမလျာ ဘဝကို မိသားစုကကော လက်ခံလား။

အရင်ကတော့ မြန်မာနိုင်ငံမှာက ဘယ်သူမှ လက်မခံကြဘူး။ ဒါပေမဲ့ ကိုယ့်ဘက်က အနေအထိုင်၊ အပြောအဆို၊ အပြုအမူ ဆင်ခြင်လိုက်တယ်။ ဥပမာ အစ် ကိုတွေ ည ၁၀ နာရီအိမ်ပြန်လာရင် ကိုယ်တွေက ည ၈ နာရီဆို အိမ်ထဲက အိမ်ပြင်မထွက်ရတော့ဘူး။ ဘယ်သွားသွား အနောက်က အမေလိုက်တယ်။ အဲဒီလိုမျိုးလေး တွေတော့ရှိတယ်။ ပြီးရင် ဒီမှာ မျိုးကိုကိုစန်းရဲ့အဖေ၊ အမေဆို ရင် ကိုယ့်မိဘတွေ ရှက်ရလောက် တဲ့ ကိစ္စမျိုး ကိုယ်တစ်ခုမှ မလုပ်ခဲ့ ဘူး။ အကောင်းဆုံးလိပ်ပြာသန့် သန့်နဲ့နေတယ်။ ညီမအဖေ၊ အမေ ကိုလည်း ညီမ Fan တွေက ဝိုင်း ချစ်ပေးကြတဲ့အတွက် သူတို့ လည်း ဂုဏ်တက်တာပေါ့နော်။ အဲဒါကြောင့် အရင်ကလောက် တော့ မဆိုးတော့ဘူး။ လက်ခံလာ ကြပါပြီ။

မြန်မာပြည်ကို ဘယ်တော့ပြန်လာမလဲ။ လက်ရှိ ကျန်းမာရေးအခြေ အနေကိုလည်း သိချင်ပါတယ်။

ဒီမှာ သူတို့က တစ်လနီးပါး လောက် ထပ်နေခိုင်းတယ်ဆိုတော့ ညီမအထင် စက်တင်ဘာလကုန် လောက်ဆို ပြန်လာဖြစ်မယ်ထင်ပါ တယ်။ လက်ရှိ ကျန်းမာရေးအခြေ အနေကတော့ လုံးဝအဆင်ပြေပါ တယ်။ အေးအေးဆေးဆေးပါပဲ။ ခွဲစိတ်ထားတယ်ဆိုပေမယ့် အ တတ်နိုင်ဆုံး၊ အကောင်းဆုံး နာ ကျင်မှုမရှိဘဲနဲ့ ကျန်းကျန်းမာမာ နေနေပါတယ်။

ခွဲစိတ်ခန်းထဲက ထွက်လာတဲ့အချိန် ပထမဆုံး ခံစားရတဲ့ခံစားမှုက ဘယ်လိုရှိလဲ။ ရေရှည်အတွက် ကိုယ့်ကျန်းမာရေးကိုကော ဘယ်လိုဂရုစိုက်ဖြစ်မလဲ။

အရမ်းပျော်တယ်။ ငါလိုချင် တဲ့ ဘဝတစ်ခုကို ရပြီ။ ငါလုပ်ချင် တဲ့ Operation တစ်ခုကို လုပ်နိုင် ပြီဆိုတဲ့စိတ်နဲ့ အရမ်းပျော်နေပါ တယ်ရှင့်။

ကိုယ့်လို ပြုပြင်ချင်တဲ့ မိန်းမလျာတွေကိုကော Sex ချိန်းတာကို အားပေးချင်လား၊ တားမြစ်ချင်လား။

တချို့ လိင်ပြောင်းချင်တဲ့ မိန်းမလျာတွေရှိမယ်။ မပြောင်း ချင်တဲ့သူတွေလည်း ရှိမယ်။ ဒါ သူ တို့ခံယူချက်နဲ့သူတို့ပေါ့။ ကိုယ်က အားလည်းမပေးချင်ဘူး။ တားမြစ်  တာလည်း မလုပ်ချင်ဘူး။ ဒါက ကိုယ့်စိတ်နဲ့ ကိုယ်ပဲလေ။ လူတစ် ဖက်သားကို ဒီကိစ္စနဲ့ပတ်သက်ပြီး ဖိအားပေးလို့ရတဲ့အရာမဟုတ်ဘူး လို့ ကိုယ်ကိုယ်တိုင်ယုံကြည်ထား တဲ့အတွက်ကြောင့် ကိုယ့်စိတ်ဆန္ဒ ရှိမှပဲ လုပ်ပါ။ ကိုယ့်စိတ်ဆန္ဒရှိ တယ်ဆိုရင် ဖြစ်အောင် လုပ်ပါ။ သူတစ်ပါးဝေဖန်တာကို ဂရုစိုက် နေရင် လုပ်ဖြစ်မှာတောင် မဟုတ် ပါဘူး။ လုပ်ဖို့ဆန္ဒရှိရင် လုပ်ပါ။ လုပ်ဖို့ဆန္ဒမရှိရင် မလုပ်ပါနဲ့လို့ ပြောချင်ပါတယ်။

ကိုယ့်ကို စိတ်ပူပေးကြတဲ့ ပရိသတ်တွေကိုကော ဘာများပြောချင်ပါ သလဲ။

ကျေးဇူးအများကြီး တင်ပါ တယ်။ ဒီလိုစိတ်ပူပေးတဲ့ ပရိသတ် တွေရှိနေလို့လည်း မျိုးကိုကိုစန်း ဆိုတဲ့ အတိုင်းအတာ သေးသေး လေးတစ်ခုမှာ ညီမအနေနဲ့ရှိနေနိုင် တာပါ။ ပရိသတ်မရှိဘူး၊ ကိုယ့်ကို အားပေးတဲ့သူမရှိဘူးဆိုရင် ကိုယ် ဘယ်လောက်တော်ပါစေ၊ ကိုယ် ဘယ်လောက်လှနေပါစေ ရပ် တည်နိုင်မှာမဟုတ်ပါဘူး၊   ကံ ရယ်၊ စန်းရယ်ဆိုတာကလည်း ဒီအနုပညာလောကမှာ အရမ်းလို အပ်တဲ့အရာတစ်ခုပါ။ ညီမ မြန် မာပြည်ပြန်ရောက်တာနဲ့ လာသမျှ အလုပ်မှန်သမျှကို အတတ်နိုင်ဆုံး၊ အကောင်းဆုံးနဲ့ အမြဲတမ်းပြင်ဆင် ထားပါ့မယ်လို့။ ညီမကိုလည်း အားပေးကြပါဦးလို့။

ကျေးဇူးတင်ပါတယ်။


 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



Credit: 7Day Daily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top