iMyanmarHouse.com - Best Property Website for Myanmar
×
Credit : 7Day Daily
#Unicode Version#
 အနုပညာလောကမှ ခုနစ်နှစ်ခန့် ပျောက်ခဲ့ပြီးနောက် ပြန်လည်လုပ်ကိုင်လာသည်မှာ လေးနှစ်ခန့်ရှိနေပြီဖြစ်သည့်
 သရုပ်ဆောင်ထူးခြားက ရုပ်ရှင်ဇာတ်ကားအများစုတွင် ဇာတ်ကြမ်းများကို လက်ခံရိုက်ကူးနေပြီး လူဆိုးဇာတ်ရုပ်ရိုက်ရသည့် အပေါ် စိုးရိမ်မှုမရှိဟု ပြောသည်။
‘‘အရှေ့မှာ ပျောက်သွားတာက  ပါဆင်နယ်ကိစ္စလေးတစ်ခုရယ်၊ အဆင်မပြေတာလေးတစ်ခုကြောင့်ပါ။ အခုပြန်ရိုက်နေတာကတော့ လေးနှစ်ကျော်လောက်ရှိပါပြီ။ နုနုရွရွကာရိုက်တာလေးတွေလည်း အရမ်းရိုက်ချင်တယ်။
ရိုက်ထားတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ပြန်ရိုက်တဲ့အချိန်မှာ အကြမ်းအရမ်းကတော့ ပိုများတာပေါ့။ နောက်တစ်ခုက ကျွန်တော်က ကြေး(ဂျီး)မများလို့ပါ။ ငှားတဲ့သူတွေအနေနဲ့ကလည်း ကျွန်တော်နဲ့ အဲဒီကာရိုက်တာနဲ့လိုက်ဖက်လို့ ငှားတယ်ပဲထင်ပါတယ်’’ဟု ၎င်း က ပြောသည်။
ယင်းသို့ အကြမ်းအရမ်း ဇာတ်ရုပ်များ ရိုက်ကူးရခြင်းအပေါ် စိုးရိမ်ခြင်းမရှိကြောင်း ၎င်းက ဆိုသည်။
‘‘လူဆိုးကာရိုက်တာ ရိုက်ရတဲ့အတွက် စိုးရိမ်တာမျိုးလည်း မရှိဘူး။ အရင်ကဆို Rape (အဓမ္မ ကျင့်)
လုပ်တာကအစ ကျွန်တော် ရိုက်ခဲ့တယ်။ ဒါပေမဲ့ အခုပရိသတ်တွေက နားလည်လာပါပြီ။
တိုးတက်လာတယ်လို့ပဲ ပြောရမှာပေါ့။ အခြေခံလူတန်းစား ကာရိုက်တာ ရိုက်ရတာလည်း ပျော်တယ်။ သဘောကျတယ်။ လွတ်လွတ် လပ်လပ်လည်းရှိတယ်။ အပြင်နဲ့လည်း နီးစပ်တယ်’’ဟု ထူးခြားက ပြောသည်။
လက်ရှိတွင် ဒါရိုက်တာ စတီးလ်ရိုက်ကူးမည့် ‘သူ့နာမည် ရွှေရုပ်’ဇာတ်ကားတွင် လူဆိုးတစ်ဦးအဖြစ် ရိုက်ကူးသရုပ်ဆောင်မည် ဖြစ်သည်။
အဆိုပါ ဇာတ်ကားအပြီးတွင် ဒါရိုက်တာစတီးလ်ဖြင့်ပင် ရုပ်ရှင် ဇာတ်ကားဆက်လက်ရိုက်ကူးရန် ရှိသည်ဟု ဆိုသည်။
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : 7Day Daily
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top