iMyanmarHouse.com - Best Property Website for Myanmar
×

ေခတ္ေရစီးေၾကာင္းနဲ႔အညီ လိုက္ေလ်ာညီေထြေနတတ္ၿပီး တမူထူးျခားတဲ့ ဆန္းသစ္မႈေတြကို ႀကိဳက္ႏွစ္သက္ၾကတဲ့ ရန္ကုန္ၿမိဳ႕ေန လူငယ္ေတြအတြက္ အမိုက္စား စားေသာက္ဆိုင္တစ္ခုနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။

ဆိုင္တည္ေနရာ
ဆိုင္ရဲ႕ နာမည္ကေတာ့ Babett Eatery & Bar ျဖစ္ၿပီး ဆိုင္ရဲ႕ တည္ေနရာကေတာ့ ဒဂံုၿမိဳ႕နယ္၊ အလံျပဘုရားလမ္း နဲ႔ ေယာမင္းႀကီးလမ္းေထာင့္မွာ တည္ရွိပါတယ္။

ဆိုင္ရဲ႕ အျပင္အဆင္
ေခတ္ေဟာင္းနဲ႔ ေခတ္မီတဲ့ အသြင္အျပင္ေတြရဲ႕ ေရာယွက္ေနတဲ့ ဆိုင္ရဲ႕ အတြင္းပိုင္း အျပင္အဆင္ကို ျမင္ေတြ႔ရမွာျဖစ္ပါတယ္။ ထိုင္ခံုပံုစံကိုလည္း အမ်ိဳးမ်ိဳးျပင္ဆင္ထားၿပီး မိတ္ေဆြ သူငယ္ခ်င္းေတြနဲ႔သာမက မိသားစုေတြနဲ႔ပါ ေအးေအးေဆးေဆး လာၿပီး ဒိတ္ႏိုင္တဲ့ ေနရာေလးတစ္ခုျဖစ္ပါတယ္။

အစားအစာမ်ား
Babett-Red-Snapper

မနက္စာအျဖစ္ဆိုရင္ေတာ့ ဘူေဖးအျပင္ ေကာ္ဖီ၊ လက္ဖက္ရည္ စသျဖင္ အမ်ိဳးအစား စံုလင္စြာ သံုးေဆာင္ႏိုင္မွာျဖစ္ၿပီး ငါး၊ အသား (သို႔) ပါစတာ စတာေတြသာမက အခ်ိဳပြဲလည္း ပါဝင္တဲ့ set menu ကိုလည္း ျမန္မာေငြက်ပ္ ၁၀၀၀၀ ပဲက်သင့္ပါတယ္။
ညေနပိုင္းမွာဆိုရင္ေတာ့ Babett ရဲ႕ နာမည္ေက်ာ္ Dry Aged အမဲသား၊ ပီဇာအမ်ိဳးမ်ိဳး၊ Tapas အျမည္းအမ်ိဳးမ်ိဳးနဲ႔ ပါစတာအစံုအလင္ရရွိႏိုင္တဲ့အျပင္ ႏိုင္ငံျခားကေန တင္သြင္းထားတဲ့ အသားေအးနဲ႔ ခ်ိစ္အမ်ိဳးမ်ိဳး စသျဖင့္ အေနာက္တိုင္း အစားအစာေတြကိုလည္း စံုစံုလင္လင္ ရရွိႏိုင္တာျဖစ္ပါတယ္။

ဝိုင္ နဲ႔ ေကာ့ေတးလ္စံုစံုလင္လင္
Babett မွာ ဝိုင္အမ်ိဳးအစားေပါင္း (၃၀) ခန္႔ရွိၿပီး ဝိုင္တစ္ခြက္ကို ျမန္မာေငြ ၄၅၀၀ ရွိပါတယ္။ တစ္ပုလင္းဆိုရင္ေတာ့ ျမန္မာေငြ ၂၅၀၀၀ မွ စတင္ဝယ္ယူေသာက္သံုးႏိုင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ အေရာင္အသြးစံုလင္ၿပီး ေသာက္ခ်င္စဖြယ္ ေကာ့ေတးလ္ေတြနဲ႔ တျခားအေဖ်ာ္ယမကာေတြကိုလည္း ေစ်းႏႈန္းသက္သက္သာသာနဲ႔ မွာယူေသာက္သံုးႏိုင္ပါတယ္။

တစ္ေန႔တာလံုး ပင္ပန္းႏြမ္းနယ္မႈေတြကို မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔အတူ စကားေျပာရင္း အပန္းေျဖလို႔ အရမ္းဆင္ေျပတဲ့ ေနရာေလးတစ္ခုပါပဲ။

စိတ္ဝင္စားစရာ အထူးအစီအစဥ္ေတြ
ေန႔စဥ္ – ဘီယာတစ္ခြက္ကို ျမန္မာေငြက်ပ္ ၃၀၀၀ သာ က်သင့္မယ့္ Babett’s Happy Hour

အဂၤါေန႔တိုင္း – ျမန္မာက်ပ္ ၂၇၀၀၀ က်ပ္နဲ႔ မိမိႏွစ္သက္တဲ့ (၁) မီတာခန္႔ရွိတဲ့ ပီဇာကို စိတ္ႀကိဳက္ေရြးခ်ယ္ႏိုင္မယ့္ အစီအစဥ္။

ဗုဒၶဟူးေန႔တိုင္း – ေကာ့ေတးလ္ Free Flow ရရွိႏိုင္မယ့္ Ladies’ Night အစီအစဥ္။

ၾကာသပေတးေန႔တိုင္း – Tapas နဲ႕ ဝိုင္ကို ျမန္မာေငြ ၆၀၀၀ က်ပ္နဲ႔ ရရွိႏိုင္မယ့္ အစီအစဥ္။

စေနေန႔တိုင္း – Regular Live Music အစီအစဥ္။ စသျဖင့္ စိတ္လႈပ္ရွားဖြယ္အစီအစဥ္ေတြ မ်ားစြာရွိေနပါတယ္။

သြားမယ္ဆိုရင္ေတာ့
ဒဂံုၿမိဳ႕နယ္၊ အလံျပဘုရားလမ္း နဲ႔ ေယာမင္းႀကီးလမ္းေထာင့္မွာ တည္ရွိၿပီး ဆိုင္ဖြင့္ခ်ိန္က ေန႔စဥ္ မနက္ ၇း၀၀ နာရီကေန ညမိုးခ်ဳပ္တဲ့ထိ ဖြင့္လွစ္ၿပီးပါတယ္။ ႀကိဳတင္ မွာယူခ်င္တယ္ဆိုရင္ေတာ့ 01-243639 (သို႔) babettyangon@randblab.com တို႕ကေနတဆင့္ မွာယူလို႔ရပါတယ္။ အေသးစိတ္ကို ပိုၿပီးသိခ်င္ရင္ေတာ့

    Facebook.com/babettyangon
    Instagram@babettyangon
    Viber/Babett Yangon မွာ ဝင္ေရာက္ေလ့လာႏိုင္မွာျဖစ္ပါတယ္။
Credit : Myfood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ခေတ်ရေစီးကြောင်းနဲ့အညီ လိုက်လျောညီထွေနေတတ်ပြီး တမူထူးခြားတဲ့ ဆန်းသစ်မှုတွေကို ကြိုက်နှစ်သက်ကြတဲ့ ရန်ကုန်မြို့နေ လူငယ်တွေအတွက် အမိုက်စား စားသောက်ဆိုင်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဆိုင်တည်နေရာ
ဆိုင်ရဲ့ နာမည်ကတော့ Babett Eatery & Bar ဖြစ်ပြီး ဆိုင်ရဲ့ တည်နေရာကတော့ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်း နဲ့ ယောမင်းကြီးလမ်းထောင့်မှာ တည်ရှိပါတယ်။

ဆိုင်ရဲ့ အပြင်အဆင်
ခေတ်ဟောင်းနဲ့ ခေတ်မီတဲ့ အသွင်အပြင်တွေရဲ့ ရောယှက်နေတဲ့ ဆိုင်ရဲ့ အတွင်းပိုင်း အပြင်အဆင်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ထိုင်ခုံပုံစံကိုလည်း အမျိုးမျိုးပြင်ဆင်ထားပြီး မိတ်ဆွေ သူငယ်ချင်းတွေနဲ့သာမက မိသားစုတွေနဲ့ပါ အေးအေးဆေးဆေး လာပြီး ဒိတ်နိုင်တဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။

အစားအစာများ
Babett-Red-Snapper

မနက်စာအဖြစ်ဆိုရင်တော့ ဘူဖေးအပြင် ကော်ဖီ၊ လက်ဖက်ရည် စသဖြင် အမျိုးအစား စုံလင်စွာ သုံးဆောင်နိုင်မှာဖြစ်ပြီး ငါး၊ အသား (သို့) ပါစတာ စတာတွေသာမက အချိုပွဲလည်း ပါဝင်တဲ့ set menu ကိုလည်း မြန်မာငွေကျပ် ၁၀၀၀၀ ပဲကျသင့်ပါတယ်။
ညနေပိုင်းမှာဆိုရင်တော့ Babett ရဲ့ နာမည်ကျော် Dry Aged အမဲသား၊ ပီဇာအမျိုးမျိုး၊ Tapas အမြည်းအမျိုးမျိုးနဲ့ ပါစတာအစုံအလင်ရရှိနိုင်တဲ့အပြင် နိုင်ငံခြားကနေ တင်သွင်းထားတဲ့ အသားအေးနဲ့ ချိစ်အမျိုးမျိုး စသဖြင့် အနောက်တိုင်း အစားအစာတွေကိုလည်း စုံစုံလင်လင် ရရှိနိုင်တာဖြစ်ပါတယ်။

ဝိုင် နဲ့ ကော့တေးလ်စုံစုံလင်လင်
Babett မှာ ဝိုင်အမျိုးအစားပေါင်း (၃၀) ခန့်ရှိပြီး ဝိုင်တစ်ခွက်ကို မြန်မာငွေ ၄၅၀၀ ရှိပါတယ်။ တစ်ပုလင်းဆိုရင်တော့ မြန်မာငွေ ၂၅၀၀၀ မှ စတင်ဝယ်ယူသောက်သုံးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အရောင်အသွးစုံလင်ပြီး သောက်ချင်စဖွယ် ကော့တေးလ်တွေနဲ့ တခြားအဖျော်ယမကာတွေကိုလည်း ဈေးနှုန်းသက်သက်သာသာနဲ့ မှာယူသောက်သုံးနိုင်ပါတယ်။

တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်မှုတွေကို မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ စကားပြောရင်း အပန်းဖြေလို့ အရမ်းဆင်ပြေတဲ့ နေရာလေးတစ်ခုပါပဲ။

စိတ်ဝင်စားစရာ အထူးအစီအစဉ်တွေ
နေ့စဉ် – ဘီယာတစ်ခွက်ကို မြန်မာငွေကျပ် ၃၀၀၀ သာ ကျသင့်မယ့် Babett’s Happy Hour

အင်္ဂါနေ့တိုင်း – မြန်မာကျပ် ၂၇၀၀၀ ကျပ်နဲ့ မိမိနှစ်သက်တဲ့ (၁) မီတာခန့်ရှိတဲ့ ပီဇာကို စိတ်ကြိုက်ရွေးချယ်နိုင်မယ့် အစီအစဉ်။

ဗုဒ္ဓဟူးနေ့တိုင်း – ကော့တေးလ် Free Flow ရရှိနိုင်မယ့် Ladies’ Night အစီအစဉ်။

ကြာသပတေးနေ့တိုင်း – Tapas နဲ့ ဝိုင်ကို မြန်မာငွေ ၆၀၀၀ ကျပ်နဲ့ ရရှိနိုင်မယ့် အစီအစဉ်။

စနေနေ့တိုင်း – Regular Live Music အစီအစဉ်။ စသဖြင့် စိတ်လှုပ်ရှားဖွယ်အစီအစဉ်တွေ များစွာရှိနေပါတယ်။

သွားမယ်ဆိုရင်တော့
ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်း နဲ့ ယောမင်းကြီးလမ်းထောင့်မှာ တည်ရှိပြီး ဆိုင်ဖွင့်ချိန်က နေ့စဉ် မနက် ရး၀၀ နာရီကနေ ညမိုးချုပ်တဲ့ထိ ဖွင့်လှစ်ပြီးပါတယ်။ ကြိုတင် မှာယူချင်တယ်ဆိုရင်တော့ 01-243639 (သို့) babettyangon@randblab.com တို့ကနေတဆင့် မှာယူလို့ရပါတယ်။ အသေးစိတ်ကို ပိုပြီးသိချင်ရင်တော့

    Facebook.com/babettyangon
    Instagram@babettyangon
    Viber/Babett Yangon မှာ ဝင်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။
Credit : Myfood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top