၃။နေရာပြန်ချိန်ပါ။
Credit : MyStyle
ပုံးလိုက်တယ် ချစ်စရာကောင်းတဲ့ ပါးချိုင့်ပိုင်ရှင်လေးတွေကို အားကျမိတာမမှားပါဘူး။ တကယ်ဆိုရင်တော့ ပါးချိုင့်ဆိုတာက အသေးစားမျက်နှာကြွက်သားချို့ယွင်းမှုကြောင့်ဖြစ်ရတာပါ။ ဒါပေမယ့်လည်း အဲ့ဒါကို အားနည်းချက်တစ်ခုထက် အလှတစ်ခုလို့သတ်မှတ်ထားကြပါတယ်။ ဒါကြောင့်မို့လည်း လူအတော်များများပါးချိုင့်ကိုလိုချင်ကြတာပါ။ ဒါပေမယ့် ပါးချိုင့်မရှိလည်း မပူပါနဲ့။ ဒီနည်းလေးတွေနဲ့ ယာယီပါးချိုင့်တုပြုလုပ်လို့ရပါတယ်။
သဘာဝလေ့ကျင့်ခန် (၃)မျိုး
သတိပြုရန်: ဒီလေ့ကျင့်ခန်းတွေက ပါးချိုင့်ထွက်လာနိုင်တယ်လို့ အတိအလင်းဖော်ပြထားခြင်းမရှိပါဘူး။ လူတစ်ဦးချင်းစီအပေါ်မူတည်ပြီးပြောင်းလဲနိုင်ပါတယ်။
၁။ပါးကျုံ့လေ့ကျင့်ခန်း
နှုတ်ခမ်းလေးကိုရှုံ့ပြီး ပါးကိုအတွင်းပိုင်းသို့ ကျုံ့ဝင်ထားပါ။ သံပုရာသီးစုပ်စားတဲ့အခါ ဖြစ်သွားတဲ့အနေအထားမျိုးပေါ့။ ပါးအတွင်းပိုင်းကျုံ့ဝင်ရလွယ်အောင် သွားတွေစေ့မထားရပါဘူးနော်။
၂။လက်ချောင်းတွေနဲ့ဖိထားမယ်
ပါးချိုင့်ဖြစ်စေချင်တဲ့၊ အနက်ဆုံးကျုံ့ဝင်နိုင်မယ့်နေရာမျိုးကို လက်ညှိုးနှစ်ဖက်နဲ့ဖိထားပေးပါ။
၃။နေရာပြန်ချိန်ပါ။
လက်ညှိုးနဲ့ဖိပြီးတဲ့အခါ ပြုံးလိုက်ပါ။ လက်ချောင်းတွေကိုမဖယ်သေးပါနဲ့။ ပြုံးပြီးတဲ့အခါမှ တကယ့်ပါးချိုင့်ဖြစ်နိုင်တဲ့နေရာမျိုးကိုချိန်ပြီး လက်ညှိုးလေးနဲ့ပြန်ဖိထားပါ။ မိနစ် ၃၀လောက်အဲ့ဒီ့အနေအထားမှာပဲထားပါ။
တစ်နေ့ မိနစ်(၃၀)လောက် ပါးချိုင့်တုလေ့ကျင့်ခန်းကိုပုံမှန်လုပ်ပေးပါ။ တစ်လလောက်ကြာရင် ထူးခြားချင်ထူးခြားသွားပါလိမ့်မယ်။ မထူးခြားသွားရင်လည်းဒီနည်းက ကိုယ့်အတွက်အလုပ်မဖြစ်လို့ပါ။ လူတစ်ယောက်နဲ့တစ်ယောက် အကျိုးသက်ရောက်ပုံမတူပါဘူး။
မိတ်ကပ်နည်းနဲ့ပုံဖော်ခြင်း
ဒီခေတ်အခါမှာ မိတ်ကပ်နည်းနဲ့ နှာတံကအစ sick pack အဆုံးယာယီအတုလုပ်လို့ရနေပြီဆိုတော့ ပါးချိုင့်လုပ်နိုင်တာလည်းမဆန်းပါဘူး။နည်းလမ်းကတော့လွယ်လွယ်လေးပါ။
၁။ မျက်ခုံးဆွဲခဲတံအညိုလေးကိုယူလိုက်ပါ။ ပါးချိုင့်ဖြစ်သင့်တဲ့နေရာမှာ အဝိုင်းစက်သေးသေးလေးဖော်လိုက်ပါ။
၂။အောက်နားထောင့်လေးမှာ လခြမ်းပုံစံလေးအကွေးသေးသေးလေး ဖော်လိိုက်ပါ။ တစ်လက်မအရှည်မကျော်ရပါဘူး။
၃။ပြီးရင်တော့အသာအယာ blend လုပ်လိုက်ပါ။
ဒါဆိုရင်တော့ ယာယီပါးချိုင့်အတုလေးရပါပြီ။ ဓာတ်ပုံရိုက်လန်းလိုက်ကြပါတော့။
Credit : MyStyle
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ယာယီ ပါးချိုင့်အတုပြုလုပ်နည်းများ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။