iMyanmarHouse.com - Best Property Website for Myanmar
×
ပါဝင်ပစ္စည်း
ကြက်သွန်ဖြူ ၁၂ စိတ်
ပြင်ဆင်ခြင်း
credit : myfood myanmar
ကျန်းမာရေး အတွက်ရော အလှအပ အတွက်ပါ ကိုယ်အလေးချိန် လျှော့ချဖို့ လူတွေ ပိုပြီး ဂရုစိုက်လာကြပါတယ်။ ကျန်းမာရေး နဲ့ညီညွတ်တဲ့ အစားအစာ တွေစားတာဟာ ကယ်လိုရီ လောင်ကျွန်းစေပါတယ်။ ဒါ့အပြင် ကိုယ်ကာယ လေ့ကျင့်ခန်းကိုလည်း တွဲပြီးလုပ်ပေးသင့်ပါတယ်။
 ဒါ့အပြင် အဆီ ကိုလောင်ကျွမ်းစေနိုင်တဲ့ သဘာ၀ အစားအစာ တွေကိုလည်း သိထားသင့်ပါတယ်။ ဒီတော့ ကိုယ်အလေးချိန် လျှော့ချရာမှာ ပိုလို့အသုံးဝင်တာပေါ့ရှင့်။
ကြက်သွန်ဖြူ ဟာ ကျန်းမာရေး နဲ့ ညီညွှတ်တဲ့အပြင် ဆေးဖက် လည်းဝင်ပါတယ်။ ကြက်သွန်ဖြူ ကို တစ်ဇွန်းလောက် စားပေးတာဟာ ရောဂါပေါင်းများစွာကိုကာကွယ်ပေးနိုင်ပါတယ်။
ဒါ့အပြင် နှလုံးရောဂါ ကိုလည်းကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။
ဒီတော့ ကြက်သွန်ဖြူ နဲ့ ကိုယ်အလေးချိန် လျှော့ချလိုက်ကြရအောင်ပါ။
ပါဝင်ပစ္စည်း
 ဝိုင်နီ ၁/၂ လီတာ
ကြက်သွန်ဖြူ ၁၂ စိတ်
ပြင်ဆင်ခြင်း
 ကြက်သွန်ဖြူ ကို အခွနွှာပြီး အတုံးသေးသေးလေးလှီးပေးပါ။ ပြီးရင် ဖန်အိုးတစ်လုံးထဲထည့်ပြီး ဝိုင်နီထဲပါ။ ပြီးရင် ဖန်ကို ပိတ်လိုက်ပြီး နေရောင်ထဲမှာ ၂ ပတ်လောက်ထားပါ။ တခါတလေမှာ လှုပ်ခါပေးပါ။ ၂ ပတ်ပြည့်ပြီဆိုရင် မွှေပြီး အရည်ကို ရေဆစ်နဲဆစ်ကာ အမည်းရောင် ပုလင်းထဲ ထည့်ပေးပါ။ ပြီး၇င် တစ်နေ့ကို ၃ သောက်ပေးပါ။ ဒီ နည်းလမ်း တိုင်း ၆ လလောက်လုပ်ပေးပါ။
ကြက်သွန်ဖြူ ရဲ အကျိုးကျေးဇူး ကြောင့် သွေးတွင်း ကိုလက်စထရော ပမာဏကိုလျှော့ကျစေမှာဖြစ်ပြီး ဝမ်းဗိုက်ကအဆီတွေကိုဖယ်ရှားပေးနိုင်ပါတယ်။
တကယ်လို့ ဝိုင်နီ ကိုမကြိုက်ဘူးဆိုရင် ရေကိုအစားထိုးပြီးလုပ်နိုင်ပါတယ်။
credit : myfood myanmar
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top