iMyanmarHouse.com - Best Property Website for Myanmar
×






Credit : Thithtoolwin

လူသားများအတွက် အကျိုးများသောအသီးအနှံမြောက်များစွာ ရှိသည့် အနက် တည်သီး( Persimmon ) တစ်မျိုးလည်း ပါဝင်နေပါသည်။ တည်သီးလတ်လတ်ဆတ်ဆတ်ကို စားသုံးခြင်းဖြင့် အစွမ်းထက်ပြီးလူ့ကျန်းမာရေးအတွက် များစွာပင် အကျိုးများပါသည် ။

တည်သီးတွင်ဗီတာမင်စီဓာတ်ပါဝင်ပြီး အင်တီအောက်ဆီးဒင့်(antioxidant )များကြောင့် ကူးစက်ပိုးကြောင့် ဖျားနာခြင်း မဖြစ်ပေါ်စေနိုင်သလို ရောင်ရမ်းနာကျင်မှု့များကိုလည်း လျှော့ကျစေသည့် အသီးတစ်မျိုးလည်း ဖြစ်ပါသည် ။

တည်သီးတွင် သကြားဓာတ် ဂလူးကို့စ်ပါဝင်နှုန်းများပြားသည့်အတွက် သွေးကြောစနစ်များတွင် ပိုမိုအားကောင်းစေပြီး ကျန်းမာစေရန် များစွာ အထောက်အကူပြူနေပါသည် ။ လူခန္ဓာကိုယ့်အတွက် အရေးပါသော သတ္တုဓာတ်များလည်း ပါဝင်တာကြောင့် စားသုံးသင့်သော တည်သီးလည်း ဖြစ်ပါသည် ။ တစ်ခြား အသီးအနှံဖြစ်သော သစ်တော်သီး နှင့် ပန်းသီးတို့လည်း စားသုံးသင့်ပါသည် ။

တည်သီးတစ်ခုတည်းမဟုတ်ဘဲ တစ်ခါတစ်လေ တွဲစားမိတာရှိတာရှိတက်ကြပါတယ် ။ တွဲစားမသင့်သလို သတိထားသင့်သည်က ကန်စွန်းဥ နှင့် တွဲဖက်ပြီး စားသုံးရန် မသင့်ပါ ကျောက်တည် ရောဂါဖြစ်တက်လို့ပါ ။

နေ့စဉ်လှု ပ်ရှားနေရသည့်အတွက် တစ်ခါတစ်ရံတွင် မူးဝေမှု့မောပန်းမှု့ဖြစ်တက်ပါသည် ။
မောပန်းမူးဝေခြင်းအတွက် သက်သာကောင်းမွန်စေသော ဗီတာမင်B6 လည်း ပါဝင်သည့် အသီးလည်း ဖြစ်ပါသည် ။

ဌင်းတည်သီးလတ်လတ်ဆက်ဆက်သည် စားကောင်းသည့် အပြင် ကျန်းမာရေးအတွက် ပါ များစွာပင် အထောက်ကူပြု့သောအသီး ဖြစ်ပါတော့သည် ။

Credit : Thithtoolwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top