iMyanmarHouse.com - Best Property Website for Myanmar
×

သင္ ကိုယ္ဝန္ေဆာင္ခ်ိန္တြင္ သင့္ကေလးထံသို႔ ဗီတာမင္ႏွင့္ သတၱဳဓာတ္မ်ား ေပးႏိုင္ရန္ အစာကို ပိုစားသင့္သည္ဟု သင္ေတြးမည္မွာ ပံုမွန္ပင္ျဖစ္သည္။ သို႔ေသာ္ ၎သည္ မမွန္ကန္ေပ။ ညီညြတ္မွ်တေသာ အာဟာရဟု ေျပာရန္မွာ အာဟာရဓာတ္မ်ား စံုလင္ေအာင္ စားရန္ကို ဆိုလိုပါသည္။ ပမာဏအမ်ားႀကီး စားရန္ မဟုတ္ပါ။ ထို႔ေၾကာင့္ ဗီတာမင္ႏွင့္ သတၱဳဓာတ္မ်ား ၾကြယ္ဝေသာ အစားအစာမ်ားကို ညႊန္ၾကားသည့္အတိုင္း စားရန္သာျဖစ္ၿပီး ပိုစားရန္မလိုပါ။

သင္ ကိုယ္ဝန္ေဆာင္ခ်ိန္တြင္ အဘယ္ေၾကာင့္ အစားအမ်ားႀကီး မစားသင့္ပါသလဲ။

ေဆးတကၠသိုလ္မွ အဆိုအရ ကိုယ္ဝန္ေဆာင္ခ်ိန္တြင္ ကိုယ္အေလးခ်ိန္ ပိုျခင္းသည္ မိခင္ႏွင့္ကေလးတြင္ က်န္းမာေရး ေနာက္ဆက္တြဲ ျပႆနာမ်ား၊ အထူးသျဖင့္ ေအာက္ပါေရာဂါမ်ား ပိုျဖစ္ႏို္င္သည္ဟု ဆိုသည္။

         ကိုယ္ဝန္ေဆာင္ခ်ိန္ျဖစ္ေသာ ဆီးခ်ိဳေရာဂါ
         ကိုယ္ဝန္ဆိပ္တက္ျခင္း
          ေမြးဖြားရခက္ျခင္း
         ႏို႔ စတိုက္ရန္ ခက္ျခင္း
         ေမြးဖြားၿပီးေနာက္ မိခင္တြင္ ကို္ယ္အေလးခ်ိန္ တက္ျခင္း
         ကေလး ကိုယ္အေလးခ်ိန္ မ်ားျခင္း

ထို႔ေၾကာင့္ သင့္အတြက္ ကိုယ္ဝန္ေဆာင္ေနစဥ္တြင္ ကို္ယ္အေလးခ်ိန္ ၂၅ ေပါင္မွ ၃၅ ေပါင္ အထိသာ ပ်မ္းမွ်အားျဖင့္ တိုးသင့္ပါသည္။
က်န္းမာေရးႏွင့္ ညီညြတ္ေသာ ကိုယ္ဝန္ေဆာင္ စားေသာက္မွႈသည္ အဘယ္နည္း။

က်န္းမာေရးႏွင့္ ညီညြတ္ေသာ မွ်တသည့္ အာဟာရသည္ သင္၏ ႀကီးထြားလာေသာ ကေလးငယ္သည္ လံုေလာက္ေသာ ဗီတာမင္၊ သတၱဳဓာတ္ႏွင့္ အာဟာရမ်ားကို သူလိုအပ္သေလာက္ ရရွိေနျခင္း ျဖစ္သည္။ သင္၏ ေန႔စဥ္အာဟာရတြင္ အစာအုပ္စု ေလးမ်ိဳး အဓိက ပါဝင္သင့္သည္။

သစ္သီးႏွင့္ ဟင္းသီးဟင္းရြက္ – ေန႔စဥ္ သစ္သီးႏွင့္ ဟင္းသီးဟင္းရြက္ကို ၅ မ်ိဳးမွ ၇မ်ိဳး ပါဝင္ေအာင္စားသင့္သည္။ ေအးခဲထားေသာ၊ စည္သြတ္ဘူးႏွင့္ အသီးေျခာက္မ်ားသည္ပင္ စားရန္ အဆင္ေျပသည္။ သို႔ေသာ္ အသင့္စားရန္ ျပဳျပင္ထားေသာ အသီးအရြက္မ်ားသည္ ဆား၊ သၾကားမ်ား ထပ္ထည့္ထားေသာေၾကာင့္ လတ္ဆတ္ေသာ အသီးအရြက္မ်ားကိုသာ စားသင့္သည္။

သစ္သီး ေဖ်ာ္ရည္မ်ားကိုလည္း ေသာက္ႏိုင္သည္။ သို႔ေသာ္ သၾကားဓာတ္သည္ သင့္သြားမ်ားကို ပ်က္စီးေစႏိုင္ၿပီး၊ ေသြးထဲရွိ သၾကားဓာတ္ကို တက္ေစႏိုင္ေသာေၾကာင့္ သင္ေသာက္သည့္ ပမာဏကို ကန္႔သတ္သင့္သည္။

ကစီဓာတ္ပါေသာ အစားအစာမ်ား – အာလူး၊ ဆန္၊ ဂ်ံဳ၊ ႏွံစားေျပာင္းျဖင့္ ျပဳလုပ္ေသာ ဆန္လံုးညိဳ၊ ေပါင္မုန္႔၊ မုန္႔ခ်ပ္၊ ေခါက္ဆြဲစေသာ အစားအစာမ်ား။

ပ႐ိုတင္းဓာတ္ပါေသာ အသား၊ ၾကက္သား၊ ငါး၊ ပဲအမ်ိဳးမ်ိဳး၊ သစ္ခ်သီးေစ့၊ ပဲပင္ေပါက္ စေသာ အစားအစာမ်ား။

ႏို႔ထြက္ပစၥည္းမ်ား – ႏို႔၊ ဒိန္ခ်ဥ္၊ ခ်ိစ္၊ ေထာပတ္၊ ေရခဲမုန္႔ စေသာ အစားအစာမ်ား။ ႏို႔ထြက္ပစၥည္းမ်ားတြင္ သၾကားႏွင့္ အဆီဓာတ္ပါဝင္မႈ နည္းသင့္သည္။

လူအမ်ားစုတြင္ စားသည့္အာဟာရတြင္ အိုင္အိုဒင္းဓာတ္ ပါဝင္မႈနည္းသည့္အတြက္ ကိုယ္ဝန္ေဆာင္မ်ားတြင္ ဆိုးရြားေသာ အက်ိဳးဆက္မ်ား ျဖစ္ႏိုင္သည္။ အိုင္အိုဒင္းသည္ ကေလး၏ ဦးေႏွာက္ဖြံ႔ၿဖိဳးမႈအတြက္ လိုအပ္ေသာေၾကာင့္ အေရးႀကီးေသာ သတၱဳဓာတ္တစ္မ်ိဳး ျဖစ္ပါသည္။ အိုင္အိုဒင္းကို ႏို႔ထြက္ပစၥည္းမ်ားႏွင့္ ပင္လယ္စာမ်ားတြင္ ေတြ႔ရသည္။

ကိုယ္ဝန္ေဆာင္ျခင္းသည္ သင္ကေလးကို ေကာင္းစြာ ဖြံ႔ၿဖိဳးႀကီးထြားႏိုင္ရန္ လံုေလာက္ေသာ အာဟာရ ဓာတ္မ်ားကို ေပးရန္ လိုအပ္ေသာေၾကာင့္ ေကာင္းစြာ အားစိုက္ထုတ္ရၿပီး စိတ္ရွည္ရန္၊ ဗဟုသုတၾကြယ္ဝရန္ လိုအပ္ပါသည္။ သင့္အတြက္ မွ်တေသာ အာဟာရဓာတ္ ရရွိရန္၊ သင့္ေတာ္ေသာ ကိုယ္အေလးခ်ိန္ တိုးတက္မႈကို ရရွိရန္အတြက္ သင့္ဆရာဝန္ႏွင့္ တိုင္ပင္ေဆြးေႏြးပါ။

Credit:hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
သင် ကိုယ်ဝန်ဆောင်ချိန်တွင် သင့်ကလေးထံသို့ ဗီတာမင်နှင့် သတ္တုဓာတ်များ ပေးနိုင်ရန် အစာကို ပိုစားသင့်သည်ဟု သင်တွေးမည်မှာ ပုံမှန်ပင်ဖြစ်သည်။ သို့သော် ၎င်းသည် မမှန်ကန်ပေ။ ညီညွတ်မျှတသော အာဟာရဟု ပြောရန်မှာ အာဟာရဓာတ်များ စုံလင်အောင် စားရန်ကို ဆိုလိုပါသည်။ ပမာဏအများကြီး စားရန် မဟုတ်ပါ။ ထို့ကြောင့် ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝသော အစားအစာများကို ညွှန်ကြားသည့်အတိုင်း စားရန်သာဖြစ်ပြီး ပိုစားရန်မလိုပါ။

သင် ကိုယ်ဝန်ဆောင်ချိန်တွင် အဘယ်ကြောင့် အစားအများကြီး မစားသင့်ပါသလဲ။

ဆေးတက္ကသိုလ်မှ အဆိုအရ ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်အလေးချိန် ပိုခြင်းသည် မိခင်နှင့်ကလေးတွင် ကျန်းမာရေး နောက်ဆက်တွဲ ပြဿနာများ၊ အထူးသဖြင့် အောက်ပါရောဂါများ ပိုဖြစ်နိုင်သည်ဟု ဆိုသည်။

         ကိုယ်ဝန်ဆောင်ချိန်ဖြစ်သော ဆီးချိုရောဂါ
         ကိုယ်ဝန်ဆိပ်တက်ခြင်း
          မွေးဖွားရခက်ခြင်း
         နို့ စတိုက်ရန် ခက်ခြင်း
         မွေးဖွားပြီးနောက် မိခင်တွင် ကိုယ်အလေးချိန် တက်ခြင်း
         ကလေး ကိုယ်အလေးချိန် များခြင်း

ထို့ကြောင့် သင့်အတွက် ကိုယ်ဝန်ဆောင်နေစဉ်တွင် ကိုယ်အလေးချိန် ၂၅ ပေါင်မှ ၃၅ ပေါင် အထိသာ ပျမ်းမျှအားဖြင့် တိုးသင့်ပါသည်။
ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်ဝန်ဆောင် စားသောက်မှှုသည် အဘယ်နည်း။

ကျန်းမာရေးနှင့် ညီညွတ်သော မျှတသည့် အာဟာရသည် သင်၏ ကြီးထွားလာသော ကလေးငယ်သည် လုံလောက်သော ဗီတာမင်၊ သတ္တုဓာတ်နှင့် အာဟာရများကို သူလိုအပ်သလောက် ရရှိနေခြင်း ဖြစ်သည်။ သင်၏ နေ့စဉ်အာဟာရတွင် အစာအုပ်စု လေးမျိုး အဓိက ပါဝင်သင့်သည်။

သစ်သီးနှင့် ဟင်းသီးဟင်းရွက် – နေ့စဉ် သစ်သီးနှင့် ဟင်းသီးဟင်းရွက်ကို ၅ မျိုးမှ ၇မျိုး ပါဝင်အောင်စားသင့်သည်။ အေးခဲထားသော၊ စည်သွတ်ဘူးနှင့် အသီးခြောက်များသည်ပင် စားရန် အဆင်ပြေသည်။ သို့သော် အသင့်စားရန် ပြုပြင်ထားသော အသီးအရွက်များသည် ဆား၊ သကြားများ ထပ်ထည့်ထားသောကြောင့် လတ်ဆတ်သော အသီးအရွက်များကိုသာ စားသင့်သည်။

သစ်သီး ဖျော်ရည်များကိုလည်း သောက်နိုင်သည်။ သို့သော် သကြားဓာတ်သည် သင့်သွားများကို ပျက်စီးစေနိုင်ပြီး၊ သွေးထဲရှိ သကြားဓာတ်ကို တက်စေနိုင်သောကြောင့် သင်သောက်သည့် ပမာဏကို ကန့်သတ်သင့်သည်။

ကစီဓာတ်ပါသော အစားအစာများ – အာလူး၊ ဆန်၊ ဂျုံ၊ နှံစားပြောင်းဖြင့် ပြုလုပ်သော ဆန်လုံးညို၊ ပေါင်မုန့်၊ မုန့်ချပ်၊ ခေါက်ဆွဲစသော အစားအစာများ။

ပရိုတင်းဓာတ်ပါသော အသား၊ ကြက်သား၊ ငါး၊ ပဲအမျိုးမျိုး၊ သစ်ချသီးစေ့၊ ပဲပင်ပေါက် စသော အစားအစာများ။

နို့ထွက်ပစ္စည်းများ – နို့၊ ဒိန်ချဉ်၊ ချိစ်၊ ထောပတ်၊ ရေခဲမုန့် စသော အစားအစာများ။ နို့ထွက်ပစ္စည်းများတွင် သကြားနှင့် အဆီဓာတ်ပါဝင်မှု နည်းသင့်သည်။

လူအများစုတွင် စားသည့်အာဟာရတွင် အိုင်အိုဒင်းဓာတ် ပါဝင်မှုနည်းသည့်အတွက် ကိုယ်ဝန်ဆောင်များတွင် ဆိုးရွားသော အကျိုးဆက်များ ဖြစ်နိုင်သည်။ အိုင်အိုဒင်းသည် ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်သောကြောင့် အရေးကြီးသော သတ္တုဓာတ်တစ်မျိုး ဖြစ်ပါသည်။ အိုင်အိုဒင်းကို နို့ထွက်ပစ္စည်းများနှင့် ပင်လယ်စာများတွင် တွေ့ရသည်။

ကိုယ်ဝန်ဆောင်ခြင်းသည် သင်ကလေးကို ကောင်းစွာ ဖွံ့ဖြိုးကြီးထွားနိုင်ရန် လုံလောက်သော အာဟာရ ဓာတ်များကို ပေးရန် လိုအပ်သောကြောင့် ကောင်းစွာ အားစိုက်ထုတ်ရပြီး စိတ်ရှည်ရန်၊ ဗဟုသုတကြွယ်ဝရန် လိုအပ်ပါသည်။ သင့်အတွက် မျှတသော အာဟာရဓာတ် ရရှိရန်၊ သင့်တော်သော ကိုယ်အလေးချိန် တိုးတက်မှုကို ရရှိရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Credit:hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top