iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္မွာရွိတဲ့ လက္ေခ်ာင္းေလးေတြေတာင္ အတိုအရွည္မညီၾကပါဘူး။ အေဖမတူ အေမမတူ ေသြးမေတာ္သားမစပ္ လူသားႏွစ္ဦးရဲ႕စိတ္ဟာ အခ်ိန္တိုင္းတူညီေနဖို႕ဆိုတာလည္း မလြယ္ကူလွတဲ့ကိစၥပါပဲ။ တခါတေလေတာ့လည္း ကေတာက္ကဆ/ ကေတာက္ကဆ ကေန စကားမ်ား/ စကားမ်ားရာက ရန္ျဖစ္/ ရန္ျဖစ္ရာကေန ထသတ္ပါေလေရာ။ 😛

ဒါေပမယ့္ ရန္ျဖစ္တဲ့အဆင့္ထိပဲ ေကာင္းပါတယ္ေနာ္။ လက္ပါတာေတာ့ သိပ္မမိုက္ဘူး။ ကုိယ္ခ်စ္လို႕ ေရြးထားတဲ့သူေတြမလား။ နာက်င္ေအာင္ မလုပ္ရဘူးေလ။ ေနာ့္ ။ 😀

ကဲ ရန္ျဖစ္ၾကတဲ့အတြဲေတြ ဘာလို႕ အခ်စ္တိုးၾကလဲသိလား။

1) စကားနိုင္လုရာကေန ခ်စ္တဲ့သူက အေလွ်ာ့ေပး။

ပိုခ်စ္တဲ့သူက အေလွ်ာ့ေပးၾကတာခ်ည္းပါပဲ။

(မနိုင္ေတာ့လို႕လည္း ပါမွာေပါ့။ 😛 )

အဲ့ဒီေတာ့ ရန္ျဖစ္ေနရင္း ကုိယ့္ခ်စ္သူက ေလွ်ာ့လိုက္ၿပီဆိုရင္ ကုိယ္လည္း အနိုင္မယူပါနဲ႕ေတာ့။ သူကုိယ့္ကို ပိုခ်စ္လို႕သာ ေလွ်ာ့လိုက္တာပါ။

2) စကားနိုင္လုတာက စေနာက္ခ်င္လို႕လည္းျဖစ္။

ခ်စ္က ကိုကို႕ကို မခ်စ္ပါဘူး။ ဘာညာ စကားစရွာၿပီး ရန္စတတ္ပါတယ္။ အဲ့ကေနရန္ျဖစ္ စိတ္ဆိုးၿပီး ျပန္ေခ်ာ့။ ျပန္လည္း အဆင္ေျပသြားျပန္ေရာ အခ်စ္ေတြက တိုးၿပီးက်န္ခဲ့။ အို္က္စ္စ္စ္စ္စ္။ :v

3) တစ္ေယာက္အေၾကာင္း တစ္ေယာက္ပိုသိ။

ခ်စ္သူသက္တမ္းၾကာလာေလ တစ္ေယာက္အေၾကာင္း တစ္ေယာက္သိေလပါပဲ။ လူ႕အေၾကာင္းက ေပါင္းၾကည့္မွေလ။ ပိုသိလာတာနဲ႕အမွ် ကုိယ့္ခ်စ္သူရဲ႕ စိတ္ေနသေဘာထားကို ပိုသိလာပါမယ္။ အဲ့ေတာ့မွ ပိုခ်စ္သြားတယ္ဆိုတာေတြလည္း ရွိေသးတယ္ေတာ့္။

4) ဥာဏ္လည္းပိုေကာင္းၾက။

စေနာက္ခ်င္လို႕ ရန္ျဖစ္တာပဲျဖစ္ျဖစ္/ အခန္႕မသင့္လို႕ ရန္ျဖစ္မိတာပဲျဖစ္ျဖစ္ လတ္တေလာမွာေတာ့ ကုိယ့္ဘက္က အသာစီးလိုခ်င္တာပါပဲ။ ကုိယ္မွန္တယ္ထင္ရင္ ပိုလို႕ေတာင္ နိုင္ခ်င္ပါတယ္။ အဲ့ေတာ့ လွည့္ပတ္ေျပာရင္း ဥာဏ္ကလည္း ေကာင္းလာေရာ။ ဥာဏ္ေကာင္းခ်င္ ရန္မ်ားမ်ား ျဖစ္ၾကပါ။ (စတာ သက္လား 😛 )

5) စိတ္ထဲမထားတတ္။

ရန္ျဖစ္တဲ့စံုတြဲေတြဟာ ပြင့္လင္းၾကသူမ်ားပဲ ျဖစ္ပါတယ္။ တစ္ခုကို မေက်နပ္ဘူးဆိုရင္ ခ်က္ခ်င္းဖြင့္ေျပာလို႕ ရန္ျဖစ္ရတာလည္း ပါပါတယ္။ အစိုင္အခဲေတြကို ရင္ထဲမထားဘဲ ခ်က္ခ်င္းေျဖရွင္းဖို႕အတြက္ ရန္ျဖစ္တဲ့နည္းကို သံုးလို႕ စကားမ်ားၿပီးတာနဲ႕ အေတးအမွတ္မထားတဲ့ အတြဲပါ။ အဲ့ဒီေတာ့ ျဖစ္ၿပီးသမွ်ေတြ ေမ့ၿပီး တိုးလို႕ခ်စ္သြားျပန္ေရာ။

ကဲ ပ်ိဳေမတို႕ေကာ ရန္ျဖစ္ဖို႕ အဆင္သင့္ပဲလား။

 Credit:Verte (For Her Myanmar)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
လူတစ်ယောက်မှာရှိတဲ့ လက်ချောင်းလေးတွေတောင် အတိုအရှည်မညီကြပါဘူး။ အဖေမတူ အမေမတူ သွေးမတော်သားမစပ် လူသားနှစ်ဦးရဲ့စိတ်ဟာ အချိန်တိုင်းတူညီနေဖို့ဆိုတာလည်း မလွယ်ကူလှတဲ့ကိစ္စပါပဲ။ တခါတလေတော့လည်း ကတောက်ကဆ/ ကတောက်ကဆ ကနေ စကားများ/ စကားများရာက ရန်ဖြစ်/ ရန်ဖြစ်ရာကနေ ထသတ်ပါလေရော။ 😛

ဒါပေမယ့် ရန်ဖြစ်တဲ့အဆင့်ထိပဲ ကောင်းပါတယ်နော်။ လက်ပါတာတော့ သိပ်မမိုက်ဘူး။ ကိုယ်ချစ်လို့ ရွေးထားတဲ့သူတွေမလား။ နာကျင်အောင် မလုပ်ရဘူးလေ။ နော့် ။ 😀

ကဲ ရန်ဖြစ်ကြတဲ့အတွဲတွေ ဘာလို့ အချစ်တိုးကြလဲသိလား။

1) စကားနိုင်လုရာကနေ ချစ်တဲ့သူက အလျှော့ပေး။

ပိုချစ်တဲ့သူက အလျှော့ပေးကြတာချည်းပါပဲ။

(မနိုင်တော့လို့လည်း ပါမှာပေါ့။ 😛 )

အဲ့ဒီတော့ ရန်ဖြစ်နေရင်း ကိုယ့်ချစ်သူက လျှော့လိုက်ပြီဆိုရင် ကိုယ်လည်း အနိုင်မယူပါနဲ့တော့။ သူကိုယ့်ကို ပိုချစ်လို့သာ လျှော့လိုက်တာပါ။

2) စကားနိုင်လုတာက စနောက်ချင်လို့လည်းဖြစ်။

ချစ်က ကိုကို့ကို မချစ်ပါဘူး။ ဘာညာ စကားစရှာပြီး ရန်စတတ်ပါတယ်။ အဲ့ကနေရန်ဖြစ် စိတ်ဆိုးပြီး ပြန်ချော့။ ပြန်လည်း အဆင်ပြေသွားပြန်ရော အချစ်တွေက တိုးပြီးကျန်ခဲ့။ အိုက်စ်စ်စ်စ်စ်။ :v

3) တစ်ယောက်အကြောင်း တစ်ယောက်ပိုသိ။

ချစ်သူသက်တမ်းကြာလာလေ တစ်ယောက်အကြောင်း တစ်ယောက်သိလေပါပဲ။ လူ့အကြောင်းက ပေါင်းကြည့်မှလေ။ ပိုသိလာတာနဲ့အမျှ ကိုယ့်ချစ်သူရဲ့ စိတ်နေသဘောထားကို ပိုသိလာပါမယ်။ အဲ့တော့မှ ပိုချစ်သွားတယ်ဆိုတာတွေလည်း ရှိသေးတယ်တော့်။

4) ဉာဏ်လည်းပိုကောင်းကြ။

စနောက်ချင်လို့ ရန်ဖြစ်တာပဲဖြစ်ဖြစ်/ အခန့်မသင့်လို့ ရန်ဖြစ်မိတာပဲဖြစ်ဖြစ် လတ်တလောမှာတော့ ကိုယ့်ဘက်က အသာစီးလိုချင်တာပါပဲ။ ကိုယ်မှန်တယ်ထင်ရင် ပိုလို့တောင် နိုင်ချင်ပါတယ်။ အဲ့တော့ လှည့်ပတ်ပြောရင်း ဉာဏ်ကလည်း ကောင်းလာရော။ ဉာဏ်ကောင်းချင် ရန်များများ ဖြစ်ကြပါ။ (စတာ သက်လား 😛 )

5) စိတ်ထဲမထားတတ်။

ရန်ဖြစ်တဲ့စုံတွဲတွေဟာ ပွင့်လင်းကြသူများပဲ ဖြစ်ပါတယ်။ တစ်ခုကို မကျေနပ်ဘူးဆိုရင် ချက်ချင်းဖွင့်ပြောလို့ ရန်ဖြစ်ရတာလည်း ပါပါတယ်။ အစိုင်အခဲတွေကို ရင်ထဲမထားဘဲ ချက်ချင်းဖြေရှင်းဖို့အတွက် ရန်ဖြစ်တဲ့နည်းကို သုံးလို့ စကားများပြီးတာနဲ့ အတေးအမှတ်မထားတဲ့ အတွဲပါ။ အဲ့ဒီတော့ ဖြစ်ပြီးသမျှတွေ မေ့ပြီး တိုးလို့ချစ်သွားပြန်ရော။

ကဲ ပျိုမေတို့ကော ရန်ဖြစ်ဖို့ အဆင်သင့်ပဲလား။

 Credit:Verte (For Her Myanmar)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top