iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာျပည္ မွာ ဗန္ဒါပင္(ဗန္ဒါသီး)လို ့အလြယ္ေခၚေလ့ရွိတာေၾကာင့္၊“ဗာဒံပင္” ဆိုတဲ့ သူ ့မူလအမည္ ေပ်ာက္ကြယ္ေနပါတယ္။အဂၤလိပ္အမည္ကေတာ့ Indian Almond ပါတဲ့။
ဗာဒံေစ့ နဲ ့ပတ္သက္ျပီးလူနဲ ့တည့္တယ္၊ က်န္းမာေရး ေကာင္း တယ္၊ အသားအေရ ကို ေကာင္းေစတယ္စတဲ့အေျခခံ ဗဟုသုတေလာက္ေတာ့လူတိုင္းသိၾကမွာပါ။ သို ့ေသာ္ ဗာဒံေစ့နဲ ့ပတ္သက္ျပီး၊ က်န္းမာေရး အက်ဳးိေက်းဇူးေတြ ဘယ္ေလာက္ေတာင္မ်ားျပားတယ္ ဆိုတာသိနိုင္ၾကပါေစရန္ မွ်ေဝေရးသားလိုက္ရပါ တယ္။
ဗာဒံပင္ ကအၾကီးျမန္ျပီး၊အရြက္ေတြ ကလည္းတဆင့္ျပီးတဆင့္ အတက္ျမန္တာေၾကာင့္ ျမန္မာနိုင္ငံမွာ အရိပ္ရအပင္အျဖစ္ စိုက္ပ်ိဳးေလ့ရွိၾကပါတယ္။ အပင္ ကိုေပါေပါမ်ားမ်ားျမင္ေတြ ့ေနရတာရယ္၊ အပင္ ေအာက္မွာ ကေလးငယ္အခ်ိဳ႕့ေၾကြက်လာတဲ့ အသီး ကို အုတ္နီခဲ အက်ိဳးျဖင့္ ထုခြဲစားေနၾကတာရယ္ေၾကာင့္ အရိပ္ရပင္မွရတဲ့အေစ့ရဲ ့က်န္းမာေရး တန္ဖိုးကို သတိမမူမိၾကပါ ဘူး။
ယေန့နိုင္ငံ တကာမွာေတာ့ ဗာဒံေစ့ နဲ ့ ၎မွရတဲ့ အဆီ ကို တန္ဖိုးထားစားသံုးေနၾကပါျပီ။ ဗဟုသုတအေနျဖင့္ မွ်ေဝရပါလွ်င္ ဂရိ နိုင္ငံရဲ႕့ မဂၤလာေဆာင္ေတြမွာ ဗာဒံေစ့ ကို “wedding sweets” အျဖစ္အထူးတလည္ဧည့္ခံေနၾကပါတယ္။
အီရန္ႏိုင္ငံမွာ ေတာ့ NewYear ပါတီပြဲ ႔လို ထူးထူးျခားျခားႏွစ္ပတ္လည္ ဧည့္ခံပြဲ ေတြမွာပင္လယ္မွ ဆားျဖင့္အငံေဖာက္ထားတဲ့
ဗာဒံေစ့ ေလွာ္ နဲ ့ဧည့္ခံ ေလ့ရွိပါတယ္တဲ့။ ေမာ္ေရာ့ကိုနိုင္ငံရဲ ့ အေရးၾကီးအခမ္းအနား မ်ားမွာဗာဒံေစ့မႈန္ ့ေရာထားတဲ့ ႏြားနို ့က မပါ လွ်င္မျပီးျပန္ပါဘူး။ pasanda-style (ေခၚ) အိႏိၵ ရိုးရာ ဟင္းလ်ာ မွာလည္း ဗာဒံေစ့ ကိုဟင္းခတ္ အမယ္အျဖစ္ ထဲ့ခ်က္ေပးရပါတယ္ တဲ့။
ဗာဒံေစ့ ကေအးျမေစတဲ့ အစြမ္းသတၱိ ရွိတာေၾကာင့္လည္းပူျပင္းေျခာက္ေသြ ့တဲ့
ပါကစၥတန္နိုင္ငံရဲ ့ေႏြရာသီမ်ားမွာ ဗာဒံေစ့ နဲ ့ေဖာ္စပ္ထားတဲ့ Almond sherbet ေဖ်ာ္ရည္ကို summer drink အျဖစ္ အထူးတလည္ေသာက္သံုးၾကတယ္လိုသိရပါတယ္။

ကမၻာ့အသိအမွတ္ျပဳ USDA ရဲ ့ ဓာတ္ခြဲစမ္းသပ္ခ်က္မ်ားအရ ၁ဝဝ-ဂရမ္အေလးခ်ိန္ ရွိတဲ့ ဗာဒံေစ့ထဲမွာ၊ လူသားတို ့က်န္းမာေရး ကိုေကာင္းက်ိဳးျဖစ္ေစတဲ့ ခြန္အား ၅၇၆ ကယ္လိုရီ၊ ကစီဓာတ္ ၂၁.၆၉ ဂရမ္၊ေကာ္ဓာတ္ ဝ.၇၄ ဂရမ္၊ သၾကား ၃.၈၉ ဂရမ္၊ ေခ်ဖ်က္လြယ္ေသာအမွ်င္ဓာတ္ ၁၂.၂ဝဂရမ္၊ အဆီဓာတ္ ၄၉.၄၂ ဂရမ္၊ ပရိုတင္း ၂၁.၂၂ ဂရမ္၊ လိုင္စင္း ဝ.၅၈ဝရမ္၊ေရဓာတ္ ၄.၇ ဂရမ္၊ ဗီတာမင္ေအ ၁ IU၊ သီအာမင္(ေခၚ) ဗီတာမင္ဘီ(၁) ၁၈%၊ ရီဘိုဖလာဗင္(ေခၚ)ဗီတာမင္ဘီ(၂) ၈၅%၊ နၤအာစင္း (ေခၚ) ဗီတာမင္ဘီ(၃) ၂၃%၊ဗီတာမင္ဘီ(၅) ၉%၊ ဗီတာမင္ဘီ(၆) ၁၁%၊ ေဖာလိပ္(ေခၚ) ဗီတာမင္ဘီ(၉) ၁၃%၊ ခ်ိဳလင္း ၁၁%၊ ဗီတာမင္အီး ၁၇၅%၊ ကယ္လ္စီယမ္ ၂၆%၊ သံဓာတ္ ၂၉%၊ မဂၢနီစီယမ္ ၇၅%၊ မဂၢနီးစ္ ၁ဝ၉%၊ ေဖာ့စဖရက္ ၆၉%၊ ပိုတက္စီယမ္ ၁၅% နဲ ့ ဇင့္ ၃၂% တို႕အသီးသီးပါရွိၾကပါတယ္။
ဒါေၾကာင့္လည္း ဗာဒံေစ့ေတြဟာ အသားအေရႏုကို ျပန္လည္ပ်ိဳေစကာ၊ မွတ္ဥာဏ္စြမ္းအားမ်ားလည္း ေကာင္းေစလို ့က်ား/မ အရြယ္(၃)ပါးအားလံုး စားသံုးေပးၾကရန္ USDA က အၾကံျပဳထားပါတယ္။
အူသိမ္၊ အူမမ်ားနဲ ့ အတြင္းပိုင္းအက်ဆံုး အူမ်ားအားလံုးကိုသန္ ့ေစပါတယ္။ လူတစ္ေယာက္ရဲ ့အသားအေရဟာ သူစားသံုးလိုက္ေသာအစာေခ်ဖ်က္အဂၤါ အဖြဲ ့အစည္းရဲ့အလုပ္လုပ္ နိုင္စြမ္းအားနဲ ့တိုက္ရိုက္အခ်ိဳးက်ေနပါတယ္။
အစာေခ်ဖ်က္ အဂၤါမ်ားအားနည္းလာတဲ့အခါဝမ္းခ်ဳပ္ျခင္းကိုျဖစ္ေစျပီး၊ဝက္ျခံစို/ဝက္ျခံေျခာက္ ေတြေပါက္လာေစပါေတာ့တယ္။ ဗာဒံေစ့ကိုမွန္မွန္စားေပးျခင္းျဖင့္ အစာအိမ္ထဲရွိအက်ိဳးျပဳ ဗက္တီးရီးယားမ်ားကိုလွဳံ႕ေဆာ္ေပးတာေၾကာင့္အစာေခ်ဖ်က္မႈကိုအားေပးကာ၊ ဝမ္းပုပ္မ်ားသက္ေစျပီး၊ အစာေခ်အဂၤါ အဖြဲ႔အစည္းသန္႕စင္သြားတာေၾကာင့္၊ အသားအေရေတြလည္း မညစ္ညမ္းေတာ့ပါဘူး။ ဗီတာမင္အီး ရရွိရာအရင္းအျမစ္ကိုျပပါဆိုရင္ ဗာဒံေစ့ ကိုသာ လက္ညွိး ထိုးလိုက္ပါ။
ဝက္ျခံစို/ဝက္ျခံေျခာက္/ဆားဝက္ျခံ အမ်ိဳးမ်ိဳးနဲ ့မ်က္ႏွာေပၚရွိအမည္းစက္မ်ား၊
အမာရြတ္မ်ားအတြက္ ဘယ္လိုပင္ မိတ္ကပ္ ေကာင္းေကာင္းလိမ္းပါေသာ္လဲ မေပ်ာက္နိုင္တဲ့အခါ စိတ္ညစ္ရျပီး၊ေငြေၾကးတတ္နိုင္သူမ်ားလည္း အေရျပားအထူးကု ဆရာဝန္ေတြနဲ ့ျပသၾကည့္ၾကရာ၊ဆရာဝန္တိုင္းက အသားအေရေကာင္းေစဖို ့ ဗီတာမင္အီး ေဆးေတာင့္ေလးေတြ တိုက္ေကြ်း ေလ့ရွိပါတယ္။ အဲဒီဗီတာမင္အီး ေဆးေတာင့္ေတြနဲ ့ဗီတာမင္အီးဓာတ္ပါတဲ့ ေဆးေတြအားလံုးကို Alpha-Tocopherol ဓာတ္ ပစၥည္းနဲ႕ေဖာ္စပ္ထားတာေၾကာင့္ အသားအေရကို ၾကည္လင္ဝင္းမြတ္ေတာက္ပလာေစပါတယ္။
ဗာဒံေစ့ ဟာ ဗီတာမင္အီး ၾကြယ္ ဝရာအရင္းအျမစ္ျဖစ္တာေၾကာင့္ ဝက္ျခံေပါက္သူေတြသာမက၊ အေရျပားေရာဂါရွိ သူမ်ားလည္း မျဖစ္မေနစားသင့္ပါတယ္။ အရြယ္နုပ်ိဳေဆးသဖြယ္ အားကိုးထိုက္ပါတယ္။
ဗာဒံေစ့ကို မွန္မွန္စားတဲ့အျပင္၊ ဗာဒံေစ့ဆီနဲ ့ပါမ်က္ႏွာကို အသာအယာႏွိပ္နယ္ေပးျခင္းျဖင့္ အရြယ္မတိုင္မီ မ်က္ႏွာအေရးေၾကာင္းေတြမျဖစ္ေစေတာ့ပါဘူး။ အသားအေရလည္း ပိုညက္ေညာလာပါတယ္။ မ်က္ကြင္းညိုသူေတြ မ်က္လံုးေအာက္တဝိုက္ ဗာဒံဆီ မွန္မွန္ လိမ္းေပးျခင္းျဖင့္ ရက္အနည္းငယ္အတြင္း မ်က္ကြင္းညို မ်ားသိသိသာသာ ေလ်ာ့ပါးသြားေစပါတယ္။ (မ်က္လံုးထဲ ဆီမဝင္ေအာင္ ဂရုစိုက္လိမ္းပါ)
ႏွလံုးအတြက္ သူငယ္ခ်င္းေကာင္းလို ့ဆိုရမွာပါဘဲ။ အရိုးရွင္းဆံုးေျပာရရင္ ဗာဒံေစ့ က ႏွလံုးေရာဂါ ျဖစ္ျခင္းမွကာကြယ္ေပးပါတယ္။ ဗာဒံေစ့ထဲမွာပါတဲ့ အမွ်င္ဓာတ္ေတြဟာ ခႏၶာ ကိုယ္က အစားအစာထဲမွာ ပါလာတဲ့ျပင္ပအဆီေတြစုပ္ယူျခင္းကို ပိတ္ပင္ဟန္ ့တားေပးပါတယ္။
ဒါ့ျပင္ဗာဒံေစ့ထဲမွာ ဗီတာ မင္အီး၊ ျပည့္ဝဆီမ်ား၊ မဂၢနီစီယမ္ နဲ ့ခႏၶာကိုယ္ အက်ိဳးျပဳဓာတ္တိုးဆန္ ့က်င္ ပစၥည္းေတြ အလံုအေလာက္ပါဝင္ေနတာမို ့ႏွလံုးေသြးလည္ပတ္ စီးဆင္းမႈအားေကာင္းေစပါတယ္။ ဒါတင္မကေသးပါဘူး။ေသြးထဲရွိ ကိုလက္စထေရာပမာဏကို ခ်ေပး တာေၾကာင့္
ႏွလံုးက်မၼာလာေစပါတယ္။
မွတ္ဥာဏ္နဲ ့ကိုယ္ခံ စြမ္းအား ေတြတိုးပြားေစပါတယ္။ အယ္လ္ဇိုင္းမား(ေခၚ)ဦးေႏွာက္ဇရာၾကိဳေရာဂါသက္သာေဆးမ်ား၊ကိုယ္ခံစြမ္းအားေကာင္းေဆးနဲ ့မွတ္ဥာဏ္ေကာင္းေဆးေတြကို ရီဘိုဖလာဗင္၊မဂၢနီစီယမ္ဓာတ္ေတြနဲ ့ေဖာ္စပ္
ထားျခင္းျဖစ္ပါတယ္။ အဲဒီဓာတ္ေတြအလံုအေလာက္ပါတဲ့ ဗာဒံေစ့ကိုစားေပး ျခင္းျဖင့္ တစ္ေနကုန္လန္းဆန္းလာေစပါတယ္။ အယ္လ္ဇိုင္းမားေဝဒနာရွင္မ်ား ဗာဒံေစ့ကိုျဖည့္စြက္စာအားေဆးအျဖစ္ မျဖစ္ မေန စားေပးသင့္ပါတယ္။
ဝျဖိဳးျခင္း ကိုတားဆီးေပးပါတယ္။ ဗီတာမင္၊ သတၱဳဓာတ္၊ကစီဓာတ္္ေတြနဲ ့ အာဟာရသိဒၶိျပည့္ဝတဲ့ဗာဒံေစ့ကိုစားလိုက္တဲ့အခါ၊ ေနာက္ထပ္အစာစားခ်င္စိတ္ကုိခ်ိဳးႏွိမ္ေပးတာမို ့အခ်ိန္ေတာ္ေတာ္ၾကာေအာင္ အဆာခံႏိုင္သြားပါတယ္တဲ့။ ဒါ့ျပင္ ဗာဒံေစ့ထဲမွာပါရွိတဲ့ အက်ိဳးျပဳျပည့္ဝဆီမ်ားက ဗိုက္ေခါက္ အဆီ မ်ားကိုခ်ေပးနိုင္တာေၾကာင့္ ဝျဖိဳးသူမ်ားနဲ႕အဆီေတြအိတြဲက်သူမ်ား ဗာဒံေစ့ကို စားေပးၾကပါလို ့ USDA ကအၾကံျပဳထားပါတယ္။
Credit : Lwinpyin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္..မြန်မာပြည် မှာ ဗန်ဒါပင်(ဗန်ဒါသီး)လို့အလွယ်ခေါ်လေ့ရှိတာကြောင့်၊“ဗာဒံပင်” ဆိုတဲ့ သူ့မူလအမည် ပျောက်ကွယ်နေပါတယ်။အင်္ဂလိပ်အမည်ကတော့ Indian Almond ပါတဲ့။
ဗာဒံစေ့ နဲ့ပတ်သက်ပြီးလူနဲ့တည့်တယ်၊ ကျန်းမာရေး ကောင်း တယ်၊ အသားအရေ ကို ကောင်းစေတယ်စတဲ့အခြေခံ ဗဟုသုတလောက်တော့လူတိုင်းသိကြမှာပါ။ သို့သော် ဗာဒံစေ့နဲ့ပတ်သက်ပြီး၊ ကျန်းမာရေး အကျုးိကျေးဇူးတွေ ဘယ်လောက်တောင်များပြားတယ် ဆိုတာသိနိုင်ကြပါစေရန် မျှဝေရေးသားလိုက်ရပါ တယ်။
ဗာဒံပင် ကအကြီးမြန်ပြီး၊အရွက်တွေ ကလည်းတဆင့်ပြီးတဆင့် အတက်မြန်တာကြောင့် မြန်မာနိုင်ငံမှာ အရိပ်ရအပင်အဖြစ် စိုက်ပျိုးလေ့ရှိကြပါတယ်။ အပင် ကိုပေါပေါများများမြင်တွေ့နေရတာရယ်၊ အပင် အောက်မှာ ကလေးငယ်အချို့ကြွေကျလာတဲ့ အသီး ကို အုတ်နီခဲ အကျိုးဖြင့် ထုခွဲစားနေကြတာရယ်ကြောင့် အရိပ်ရပင်မှရတဲ့အစေ့ရဲ့ကျန်းမာရေး တန်ဖိုးကို သတိမမူမိကြပါ ဘူး။
ယနေ့နိုင်ငံ တကာမှာတော့ ဗာဒံစေ့ နဲ့ ၎င်းမှရတဲ့ အဆီ ကို တန်ဖိုးထားစားသုံးနေကြပါပြီ။ ဗဟုသုတအနေဖြင့် မျှဝေရပါလျှင် ဂရိ နိုင်ငံရဲ့ မင်္ဂလာဆောင်တွေမှာ ဗာဒံစေ့ ကို “wedding sweets” အဖြစ်အထူးတလည်ဧည့်ခံနေကြပါတယ်။
အီရန်နိုင်ငံမှာ တော့ NewYear ပါတီပွဲ့လို ထူးထူးခြားခြားနှစ်ပတ်လည် ဧည့်ခံပွဲ တွေမှာပင်လယ်မှ ဆားဖြင့်အငံဖောက်ထားတဲ့
ဗာဒံစေ့ လှော် နဲ့ဧည့်ခံ လေ့ရှိပါတယ်တဲ့။ မော်ရော့ကိုနိုင်ငံရဲ့ အရေးကြီးအခမ်းအနား များမှာဗာဒံစေ့မှုန့်ရောထားတဲ့ နွားနို့က မပါ လျှင်မပြီးပြန်ပါဘူး။ pasanda-style (ခေါ်) အိန္ဒိ ရိုးရာ ဟင်းလျာ မှာလည်း ဗာဒံစေ့ ကိုဟင်းခတ် အမယ်အဖြစ် ထဲ့ချက်ပေးရပါတယ် တဲ့။
ဗာဒံစေ့ ကအေးမြစေတဲ့ အစွမ်းသတ္တိ ရှိတာကြောင့်လည်းပူပြင်းခြောက်သွေ့တဲ့
ပါကစ္စတန်နိုင်ငံရဲ့နွေရာသီများမှာ ဗာဒံစေ့ နဲ့ဖော်စပ်ထားတဲ့ Almond sherbet ဖျော်ရည်ကို summer drink အဖြစ် အထူးတလည်သောက်သုံးကြတယ်လိုသိရပါတယ်။

ကမ္ဘာ့အသိအမှတ်ပြု USDA ရဲ့ ဓာတ်ခွဲစမ်းသပ်ချက်များအရ ၁ဝဝ-ဂရမ်အလေးချိန် ရှိတဲ့ ဗာဒံစေ့ထဲမှာ၊ လူသားတို့ကျန်းမာရေး ကိုကောင်းကျိုးဖြစ်စေတဲ့ ခွန်အား ၅၇၆ ကယ်လိုရီ၊ ကစီဓာတ် ၂၁.၆၉ ဂရမ်၊ကော်ဓာတ် ဝ.၇၄ ဂရမ်၊ သကြား ၃.၈၉ ဂရမ်၊ ချေဖျက်လွယ်သောအမျှင်ဓာတ် ၁၂.၂ဝဂရမ်၊ အဆီဓာတ် ၄၉.၄၂ ဂရမ်၊ ပရိုတင်း ၂၁.၂၂ ဂရမ်၊ လိုင်စင်း ဝ.၅၈ဝရမ်၊ရေဓာတ် ၄.၇ ဂရမ်၊ ဗီတာမင်အေ ၁ IU၊ သီအာမင်(ခေါ်) ဗီတာမင်ဘီ(၁) ၁၈%၊ ရီဘိုဖလာဗင်(ခေါ်)ဗီတာမင်ဘီ(၂) ၈၅%၊ င်္နအာစင်း (ခေါ်) ဗီတာမင်ဘီ(၃) ၂၃%၊ဗီတာမင်ဘီ(၅) ၉%၊ ဗီတာမင်ဘီ(၆) ၁၁%၊ ဖောလိပ်(ခေါ်) ဗီတာမင်ဘီ(၉) ၁၃%၊ ချိုလင်း ၁၁%၊ ဗီတာမင်အီး ၁၇၅%၊ ကယ်လ်စီယမ် ၂၆%၊ သံဓာတ် ၂၉%၊ မဂ္ဂနီစီယမ် ၇၅%၊ မဂ္ဂနီးစ် ၁ဝ၉%၊ ဖော့စဖရက် ၆၉%၊ ပိုတက်စီယမ် ၁၅% နဲ့ ဇင့် ၃၂% တို့အသီးသီးပါရှိကြပါတယ်။
ဒါကြောင့်လည်း ဗာဒံစေ့တွေဟာ အသားအရေနုကို ပြန်လည်ပျိုစေကာ၊ မှတ်ဉာဏ်စွမ်းအားများလည်း ကောင်းစေလို့ကျား/မ အရွယ်(၃)ပါးအားလုံး စားသုံးပေးကြရန် USDA က အကြံပြုထားပါတယ်။
အူသိမ်၊ အူမများနဲ့ အတွင်းပိုင်းအကျဆုံး အူများအားလုံးကိုသန့်စေပါတယ်။ လူတစ်ယောက်ရဲ့အသားအရေဟာ သူစားသုံးလိုက်သောအစာချေဖျက်အင်္ဂါ အဖွဲ့အစည်းရဲ့အလုပ်လုပ် နိုင်စွမ်းအားနဲ့တိုက်ရိုက်အချိုးကျနေပါတယ်။
အစာချေဖျက် အင်္ဂါများအားနည်းလာတဲ့အခါဝမ်းချုပ်ခြင်းကိုဖြစ်စေပြီး၊ဝက်ခြံစို/ဝက်ခြံခြောက် တွေပေါက်လာစေပါတော့တယ်။ ဗာဒံစေ့ကိုမှန်မှန်စားပေးခြင်းဖြင့် အစာအိမ်ထဲရှိအကျိုးပြု ဗက်တီးရီးယားများကိုလှုံ့ဆော်ပေးတာကြောင့်အစာချေဖျက်မှုကိုအားပေးကာ၊ ဝမ်းပုပ်များသက်စေပြီး၊ အစာချေအင်္ဂါ အဖွဲ့အစည်းသန့်စင်သွားတာကြောင့်၊ အသားအရေတွေလည်း မညစ်ညမ်းတော့ပါဘူး။ ဗီတာမင်အီး ရရှိရာအရင်းအမြစ်ကိုပြပါဆိုရင် ဗာဒံစေ့ ကိုသာ လက်ညှိး ထိုးလိုက်ပါ။
ဝက်ခြံစို/ဝက်ခြံခြောက်/ဆားဝက်ခြံ အမျိုးမျိုးနဲ့မျက်နှာပေါ်ရှိအမည်းစက်များ၊
အမာရွတ်များအတွက် ဘယ်လိုပင် မိတ်ကပ် ကောင်းကောင်းလိမ်းပါသော်လဲ မပျောက်နိုင်တဲ့အခါ စိတ်ညစ်ရပြီး၊ငွေကြေးတတ်နိုင်သူများလည်း အရေပြားအထူးကု ဆရာဝန်တွေနဲ့ပြသကြည့်ကြရာ၊ဆရာဝန်တိုင်းက အသားအရေကောင်းစေဖို့ ဗီတာမင်အီး ဆေးတောင့်လေးတွေ တိုက်ကျွေး လေ့ရှိပါတယ်။ အဲဒီဗီတာမင်အီး ဆေးတောင့်တွေနဲ့ဗီတာမင်အီးဓာတ်ပါတဲ့ ဆေးတွေအားလုံးကို Alpha-Tocopherol ဓာတ် ပစ္စည်းနဲ့ဖော်စပ်ထားတာကြောင့် အသားအရေကို ကြည်လင်ဝင်းမွတ်တောက်ပလာစေပါတယ်။
ဗာဒံစေ့ ဟာ ဗီတာမင်အီး ကြွယ် ဝရာအရင်းအမြစ်ဖြစ်တာကြောင့် ဝက်ခြံပေါက်သူတွေသာမက၊ အရေပြားရောဂါရှိ သူများလည်း မဖြစ်မနေစားသင့်ပါတယ်။ အရွယ်နုပျိုဆေးသဖွယ် အားကိုးထိုက်ပါတယ်။
ဗာဒံစေ့ကို မှန်မှန်စားတဲ့အပြင်၊ ဗာဒံစေ့ဆီနဲ့ပါမျက်နှာကို အသာအယာနှိပ်နယ်ပေးခြင်းဖြင့် အရွယ်မတိုင်မီ မျက်နှာအရေးကြောင်းတွေမဖြစ်စေတော့ပါဘူး။ အသားအရေလည်း ပိုညက်ညောလာပါတယ်။ မျက်ကွင်းညိုသူတွေ မျက်လုံးအောက်တဝိုက် ဗာဒံဆီ မှန်မှန် လိမ်းပေးခြင်းဖြင့် ရက်အနည်းငယ်အတွင်း မျက်ကွင်းညို များသိသိသာသာ လျော့ပါးသွားစေပါတယ်။ (မျက်လုံးထဲ ဆီမဝင်အောင် ဂရုစိုက်လိမ်းပါ)
နှလုံးအတွက် သူငယ်ချင်းကောင်းလို့ဆိုရမှာပါဘဲ။ အရိုးရှင်းဆုံးပြောရရင် ဗာဒံစေ့ က နှလုံးရောဂါ ဖြစ်ခြင်းမှကာကွယ်ပေးပါတယ်။ ဗာဒံစေ့ထဲမှာပါတဲ့ အမျှင်ဓာတ်တွေဟာ ခန္ဓာ ကိုယ်က အစားအစာထဲမှာ ပါလာတဲ့ပြင်ပအဆီတွေစုပ်ယူခြင်းကို ပိတ်ပင်ဟန့်တားပေးပါတယ်။
ဒါ့ပြင်ဗာဒံစေ့ထဲမှာ ဗီတာ မင်အီး၊ ပြည့်ဝဆီများ၊ မဂ္ဂနီစီယမ် နဲ့ခန္ဓာကိုယ် အကျိုးပြုဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ အလုံအလောက်ပါဝင်နေတာမို့နှလုံးသွေးလည်ပတ် စီးဆင်းမှုအားကောင်းစေပါတယ်။ ဒါတင်မကသေးပါဘူး။သွေးထဲရှိ ကိုလက်စထရောပမာဏကို ချပေး တာကြောင့်
နှလုံးကျမ္မာလာစေပါတယ်။
မှတ်ဉာဏ်နဲ့ကိုယ်ခံ စွမ်းအား တွေတိုးပွားစေပါတယ်။ အယ်လ်ဇိုင်းမား(ခေါ်)ဦးနှောက်ဇရာကြိုရောဂါသက်သာဆေးများ၊ကိုယ်ခံစွမ်းအားကောင်းဆေးနဲ့မှတ်ဉာဏ်ကောင်းဆေးတွေကို ရီဘိုဖလာဗင်၊မဂ္ဂနီစီယမ်ဓာတ်တွေနဲ့ဖော်စပ်
ထားခြင်းဖြစ်ပါတယ်။ အဲဒီဓာတ်တွေအလုံအလောက်ပါတဲ့ ဗာဒံစေ့ကိုစားပေး ခြင်းဖြင့် တစ်နေကုန်လန်းဆန်းလာစေပါတယ်။ အယ်လ်ဇိုင်းမားဝေဒနာရှင်များ ဗာဒံစေ့ကိုဖြည့်စွက်စာအားဆေးအဖြစ် မဖြစ် မနေ စားပေးသင့်ပါတယ်။
ဝဖြိုးခြင်း ကိုတားဆီးပေးပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်၊ကစီဓာတ်တွေနဲ့ အာဟာရသိဒ္ဓိပြည့်ဝတဲ့ဗာဒံစေ့ကိုစားလိုက်တဲ့အခါ၊ နောက်ထပ်အစာစားချင်စိတ်ကိုချိုးနှိမ်ပေးတာမို့အချိန်တော်တော်ကြာအောင် အဆာခံနိုင်သွားပါတယ်တဲ့။ ဒါ့ပြင် ဗာဒံစေ့ထဲမှာပါရှိတဲ့ အကျိုးပြုပြည့်ဝဆီများက ဗိုက်ခေါက် အဆီ များကိုချပေးနိုင်တာကြောင့် ဝဖြိုးသူများနဲ့အဆီတွေအိတွဲကျသူများ ဗာဒံစေ့ကို စားပေးကြပါလို့ USDA ကအကြံပြုထားပါတယ်။
Credit : Lwinpyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top