iMyanmarHouse.com - Best Property Website for Myanmar
×

ဘယ္ေလာက္ပဲ အခ်က္အျပဳတ ္မကြ်မ္းက်င္တဲ႔သူပဲျဖစ္ျဖစ္ ၾကက္ဥတစ္လံုးကိုေတာ႔ ျဖစ္ေျမာက္ေအာင္ ေၾကာ္တတ္တယ္လို႔ အထင္ရွိၾကပါတယ္။ ဒါဟာမွန္ပါသလား။

ဘာပဲျဖစ္ျဖစ္ “ၾကက္ဥျပဳတ္တာေတာင္ ဆရာမရွိရင္ အထာမက်ဘူး” ဆိုတဲ႔ ရိုးရာစကားကိုလည္း မေမ႔နဲ႔ဦးေနာ္။ ဒါေပမယ္႔ ေမးစရာရွိတာက ၾကက္ဥေၾကာ္တာကေကာ ဘယ္ေလာက္မ်ား ရႈပ္ေထြးနက္နဲ ေနလို႔လဲ ဆုိတာပါပဲ။

ၾကက္ဥတစ္လံုးကိုယူမယ္။ အခြံအက္သြားေအာင္ အမာေစာင္းတစ္ခုနဲ႔ အသာေလးရိုက္လိုက္မယ္။ အက္သြားရင္ လက္သည္းေလးထိုးထည္႔ၿပီး အထဲက အႏွစ္ေတြထြက္က်လာေအာင္ ဆြဲဖြင္႔ထုတ္လိုက္မယ္။ က်လာတဲ႔ အႏွစ္ေတြကို ဆီပူအိုးထဲ ထည္႔ၿပီး ေၾကာ္လိုက္မယ္။ ဒါပဲမလားလို႔ ေမးစရာရွိလာပါတယ္။

ဒါေပမယ္႔ ၾကက္ဥေၾကာ္တဲ႔အခ်ိန္မွာ ကြ်န္ေတာ္တို႔အားလံုး ျပဳလုပ္မိတတ္တဲ႔ အေသးအဖြဲအမွားေလးေတြ ရွိပါေသးတယ္။ MSN ရဲ႕ အစားအေသာက္ေရးရာ စီနီယာအယ္ဒီတာျဖစ္တဲ႔ Tim Cebula က အရသာအေကာင္းမြန္ဆံုး ၾကက္ဥေၾကာ္တစ္လံုးကုိ ရရွိေစႏိုင္ဖုိ႔အတြက္ သတိျပဳမိသင္႔တဲ႔ အေသးအဖြဲအမွားေလးေတြကို ေထာက္ျပထားပါတယ္ေနာ္။

၁။ မီးဖို အပူမ်ားလြန္းျခင္း

ၾကက္ဥမေၾကာ္ခင္ ဆီပူေပးရမယ္ဆိုတာ အားလံုးသိထားၿပီးသား အခ်က္ပါ။ မီးဖိုေပၚမွာ ဒယ္အိုးျပားတစ္လံုးတင္၊ ဒယ္အိုးထဲမွာ ဆီနည္းနည္းထည္႔၊ ဆီကိုပူလာေအာင္ အပူေပးၿပီးမွ ၾကက္ဥကို ေဖာက္ထည္႔ၾကတာပါ။ ဒါေပမယ္႔ တခ်ိဳ႕ေတြက စိတ္ေလာႀကီးၿပီး ဆီကို ျမန္ျမန္ပူေအာင္ဆိုၿပီး မီးအပူခ်ိန္ကို အျမွင္႔ဆံုုးထိ တင္ထားတတ္ၾကပါတယ္။ ဒါဟာ မွားယြင္းတဲ႔လုပ္ေဆာင္မႈပါ။

ၾကက္ဥေတြဟာ အက်က္အရမ္းျမန္ၿပီး ေျခာက္ေသြ႕တာလည္း ျမန္ပါတယ္။ တကယ္လို႔ ခင္ဗ်ားဟာ အရမ္းက်က္ေအာင္ေၾကာ္ထားတဲ႔ ၾကက္ဥေၾကာ္မ်ိဳးကို စားခ်င္တာမဟုတ္ရင္ မီးအပူခ်ိန္ကို medium ေလာက္ပဲ ထားသင္႔ပါတယ္။ မဟုတ္ရင္ ၾကက္ဥေဘး အနားသားေတြက ညိဳမဲၾကြတ္ရြၿပီး စားလို႔ အဆင္ေျပမွာ မဟုတ္ပါဘူး။ ၾကက္ဥေမႊေၾကာ္၊ ဟက္ဖရိုက္ေၾကာ္နဲ႔ အုန္းမလက္ေၾကာ္ စားခ်င္တယ္ဆိုရင္ မီးအပူခ်ိန္ medium ေလာက္ဆို အေတာ္ပါပဲ။

၂။ မွားယြင္းတဲ႔ဒယ္အိုးသံုးမိျခင္း

ၾကက္ဥေၾကာ္ရာမွာ ဒယ္အိုးေရြးခ်ယ္မႈကလည္း အေရးႀကီးပါေသးတယ္။ အေကာင္းဆံုးကေတာ႔ ေအာက္ေျခမွာ အစားအစာေတြ အလြယ္တကူ ကပ္ညိျခင္း မရွိတဲ႔ ဒယ္အိုးျပားမ်ိဳးပါပဲ။ အဲဒီလို ဒယ္အိုးျပားမ်ိဳးကို nonstick pan လို႔ေခၚၿပီး စူပါမက္ကက္ေတြမွာ ေမးျမန္းဝယ္ယူလို႔ရပါတယ္။ ဒါေပမယ္႔ မွားယြင္းတဲ႔ ဒယ္အိုးျပားအမ်ိဳးအစားမ်ိဳးကို ေရြးခ်ယ္မိရင္ေတာ႔ ၾကက္ဥေတြဟာ ဒယ္အိုးေအာက္ေျခမွာ ကပ္တာတို႔၊ ၾကက္ဥအႏွစ္ေပါက္တာတို႔ျဖစ္ၿပီး အရသာကိုေကာ၊ ပံုစံကိုပါ ပ်က္ေစႏိုင္ပါတယ္။

၃။ ဆားမ်ားျခင္း

ၾကက္ဥေၾကာ္ေနခ်ိန္မွာ အျဖစ္မ်ားတဲ႔ အမွားတစ္ခုကေတာ႔ ဆားအထည္႔လြန္တာပါပဲ။ ဒါကလည္း အလြယ္တကူမွားတတ္တဲ႔ အမွားတစ္ခုပါ။ စိတ္မွန္းနဲ႔ တေကာ္ေလာက္ဆိုၿပီး ဆားပြင္႔ေလးေတြကို ေကာ္လိုက္ေပမယ္႔ မ်ားသြားတတ္တာမ်ိဳးေပါ႔။ ၾကက္ဥေၾကာ္ေတြဟာ ကြ်န္ေတာ္တို႔ ထင္ထားတာထက္ပိုၿပီး ဆားနည္းနည္းပဲ လိုပါတယ္။ ဆားမ်ားသြားရင္လည္း အရသာပ်က္သြားမွာပါ။ ဒါေၾကာင္႔ ဆားထည္႔ရာမွာလည္း သတိထားသင္႔ပါတယ္။

၄။ ဒယ္အိုးႏႈတ္ခမ္းနဲ႔ရိုက္ၿပီး ၾကက္ဥခြဲျခင္း

ဒါကလည္း အျဖစ္မ်ားတဲ႔ အမွားတစ္ခုပါ။ ၾကက္ဥေၾကာ္ေတာ႔မယ္ဆိုရင္ အလြယ္တကူပဲ ဒယ္အိုးေဘာင္နဲ႔ပဲ ၾကက္ဥအခြံကို ရိုက္ခြာမိတတ္ၾကပါတယ္။ ဒီလိုလုပ္ျခင္းျဖင္႔ ၾကက္ဥအခြံေတြ ဒယ္အိုးထဲဝင္ၿပီး ၾကက္ဥေၾကာ္ထဲမွာ အခြံေတြပါသြားျခင္းျဖင္႔ ၾကက္ဥေၾကာ္ရဲ႕ အရသာကို ပ်က္ေစႏိုင္သလို ဒယ္အိုးႏႈတ္ခမ္းေပၚမွာ ၾကက္ဥအႏွစ္ေတြ စီးက်ၿပီး အျဖဴသားနဲ႔ အႏွစ္ လွလွပပ ကြဲထြက္ေနတဲ႔ ဟက္ဖရိုက္ေၾကာ္တစ္လံုးရဲ႕ အရသာအစစ္ကို မရရွိႏိုင္ေတာ႔ပါဘူး။ ဒါဟာလည္း သတိထားရမယ္႔ အခ်က္ပါ။

၅။ ေၾကာ္ၿပီး ခ်က္ခ်င္းမစားျခင္း

ၾကက္ဥေၾကာ္တစ္လံုးရဲ႕ ရသက ေၾကာ္ၿပီးၿပီးခ်င္း စားရတာပါ။ အဲဒီလို ေၾကာ္ၿပီးၿပီးခ်င္း ခ်က္ခ်င္းစားမွသာ ၾကက္ဥေၾကာ္တစ္လံုးရဲ႕ အရသာကို အျပည္႔အဝ ရရွိခံစားႏိုင္မွာပါ။ ဒီလိုမဟုတ္ဘဲ ခဏသိမ္းထားမယ္ဆိုရင္ ေအးစက္ၿပီး အရသာကို အျပည္႔မရရွိရံုသာမက အာဟာရတန္ဖိုးေတြကိုလည္း ေလ်ာ႔နည္းေစႏိုင္ပါတယ္။

Soure: MSN
Credit: Duwun
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဘယ်လောက်ပဲ အချက်အပြုတ ်မကျွမ်းကျင်တဲ့သူပဲဖြစ်ဖြစ် ကြက်ဥတစ်လုံးကိုတော့ ဖြစ်မြောက်အောင် ကြော်တတ်တယ်လို့ အထင်ရှိကြပါတယ်။ ဒါဟာမှန်ပါသလား။

ဘာပဲဖြစ်ဖြစ် “ကြက်ဥပြုတ်တာတောင် ဆရာမရှိရင် အထာမကျဘူး” ဆိုတဲ့ ရိုးရာစကားကိုလည်း မမေ့နဲ့ဦးနော်။ ဒါပေမယ့် မေးစရာရှိတာက ကြက်ဥကြော်တာကကော ဘယ်လောက်များ ရှုပ်ထွေးနက်နဲ နေလို့လဲ ဆိုတာပါပဲ။

ကြက်ဥတစ်လုံးကိုယူမယ်။ အခွံအက်သွားအောင် အမာစောင်းတစ်ခုနဲ့ အသာလေးရိုက်လိုက်မယ်။ အက်သွားရင် လက်သည်းလေးထိုးထည့်ပြီး အထဲက အနှစ်တွေထွက်ကျလာအောင် ဆွဲဖွင့်ထုတ်လိုက်မယ်။ ကျလာတဲ့ အနှစ်တွေကို ဆီပူအိုးထဲ ထည့်ပြီး ကြော်လိုက်မယ်။ ဒါပဲမလားလို့ မေးစရာရှိလာပါတယ်။

ဒါပေမယ့် ကြက်ဥကြော်တဲ့အချိန်မှာ ကျွန်တော်တို့အားလုံး ပြုလုပ်မိတတ်တဲ့ အသေးအဖွဲအမှားလေးတွေ ရှိပါသေးတယ်။ MSN ရဲ့ အစားအသောက်ရေးရာ စီနီယာအယ်ဒီတာဖြစ်တဲ့ Tim Cebula က အရသာအကောင်းမွန်ဆုံး ကြက်ဥကြော်တစ်လုံးကို ရရှိစေနိုင်ဖို့အတွက် သတိပြုမိသင့်တဲ့ အသေးအဖွဲအမှားလေးတွေကို ထောက်ပြထားပါတယ်နော်။

၁။ မီးဖို အပူများလွန်းခြင်း

ကြက်ဥမကြော်ခင် ဆီပူပေးရမယ်ဆိုတာ အားလုံးသိထားပြီးသား အချက်ပါ။ မီးဖိုပေါ်မှာ ဒယ်အိုးပြားတစ်လုံးတင်၊ ဒယ်အိုးထဲမှာ ဆီနည်းနည်းထည့်၊ ဆီကိုပူလာအောင် အပူပေးပြီးမှ ကြက်ဥကို ဖောက်ထည့်ကြတာပါ။ ဒါပေမယ့် တချို့တွေက စိတ်လောကြီးပြီး ဆီကို မြန်မြန်ပူအောင်ဆိုပြီး မီးအပူချိန်ကို အမြှင့်ဆုံုးထိ တင်ထားတတ်ကြပါတယ်။ ဒါဟာ မှားယွင်းတဲ့လုပ်ဆောင်မှုပါ။

ကြက်ဥတွေဟာ အကျက်အရမ်းမြန်ပြီး ခြောက်သွေ့တာလည်း မြန်ပါတယ်။ တကယ်လို့ ခင်ဗျားဟာ အရမ်းကျက်အောင်ကြော်ထားတဲ့ ကြက်ဥကြော်မျိုးကို စားချင်တာမဟုတ်ရင် မီးအပူချိန်ကို medium လောက်ပဲ ထားသင့်ပါတယ်။ မဟုတ်ရင် ကြက်ဥဘေး အနားသားတွေက ညိုမဲကြွတ်ရွပြီး စားလို့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ကြက်ဥမွှေကြော်၊ ဟက်ဖရိုက်ကြော်နဲ့ အုန်းမလက်ကြော် စားချင်တယ်ဆိုရင် မီးအပူချိန် medium လောက်ဆို အတော်ပါပဲ။

၂။ မှားယွင်းတဲ့ဒယ်အိုးသုံးမိခြင်း

ကြက်ဥကြော်ရာမှာ ဒယ်အိုးရွေးချယ်မှုကလည်း အရေးကြီးပါသေးတယ်။ အကောင်းဆုံးကတော့ အောက်ခြေမှာ အစားအစာတွေ အလွယ်တကူ ကပ်ညိခြင်း မရှိတဲ့ ဒယ်အိုးပြားမျိုးပါပဲ။ အဲဒီလို ဒယ်အိုးပြားမျိုးကို nonstick pan လို့ခေါ်ပြီး စူပါမက်ကက်တွေမှာ မေးမြန်းဝယ်ယူလို့ရပါတယ်။ ဒါပေမယ့် မှားယွင်းတဲ့ ဒယ်အိုးပြားအမျိုးအစားမျိုးကို ရွေးချယ်မိရင်တော့ ကြက်ဥတွေဟာ ဒယ်အိုးအောက်ခြေမှာ ကပ်တာတို့၊ ကြက်ဥအနှစ်ပေါက်တာတို့ဖြစ်ပြီး အရသာကိုကော၊ ပုံစံကိုပါ ပျက်စေနိုင်ပါတယ်။

၃။ ဆားများခြင်း

ကြက်ဥကြော်နေချိန်မှာ အဖြစ်များတဲ့ အမှားတစ်ခုကတော့ ဆားအထည့်လွန်တာပါပဲ။ ဒါကလည်း အလွယ်တကူမှားတတ်တဲ့ အမှားတစ်ခုပါ။ စိတ်မှန်းနဲ့ တကော်လောက်ဆိုပြီး ဆားပွင့်လေးတွေကို ကော်လိုက်ပေမယ့် များသွားတတ်တာမျိုးပေါ့။ ကြက်ဥကြော်တွေဟာ ကျွန်တော်တို့ ထင်ထားတာထက်ပိုပြီး ဆားနည်းနည်းပဲ လိုပါတယ်။ ဆားများသွားရင်လည်း အရသာပျက်သွားမှာပါ။ ဒါကြောင့် ဆားထည့်ရာမှာလည်း သတိထားသင့်ပါတယ်။

၄။ ဒယ်အိုးနှုတ်ခမ်းနဲ့ရိုက်ပြီး ကြက်ဥခွဲခြင်း

ဒါကလည်း အဖြစ်များတဲ့ အမှားတစ်ခုပါ။ ကြက်ဥကြော်တော့မယ်ဆိုရင် အလွယ်တကူပဲ ဒယ်အိုးဘောင်နဲ့ပဲ ကြက်ဥအခွံကို ရိုက်ခွာမိတတ်ကြပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် ကြက်ဥအခွံတွေ ဒယ်အိုးထဲဝင်ပြီး ကြက်ဥကြော်ထဲမှာ အခွံတွေပါသွားခြင်းဖြင့် ကြက်ဥကြော်ရဲ့ အရသာကို ပျက်စေနိုင်သလို ဒယ်အိုးနှုတ်ခမ်းပေါ်မှာ ကြက်ဥအနှစ်တွေ စီးကျပြီး အဖြူသားနဲ့ အနှစ် လှလှပပ ကွဲထွက်နေတဲ့ ဟက်ဖရိုက်ကြော်တစ်လုံးရဲ့ အရသာအစစ်ကို မရရှိနိုင်တော့ပါဘူး။ ဒါဟာလည်း သတိထားရမယ့် အချက်ပါ။

၅။ ကြော်ပြီး ချက်ချင်းမစားခြင်း

ကြက်ဥကြော်တစ်လုံးရဲ့ ရသက ကြော်ပြီးပြီးချင်း စားရတာပါ။ အဲဒီလို ကြော်ပြီးပြီးချင်း ချက်ချင်းစားမှသာ ကြက်ဥကြော်တစ်လုံးရဲ့ အရသာကို အပြည့်အဝ ရရှိခံစားနိုင်မှာပါ။ ဒီလိုမဟုတ်ဘဲ ခဏသိမ်းထားမယ်ဆိုရင် အေးစက်ပြီး အရသာကို အပြည့်မရရှိရုံသာမက အာဟာရတန်ဖိုးတွေကိုလည်း လျော့နည်းစေနိုင်ပါတယ်။

Soure: MSN
Credit: Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top