iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခါတေလမွာ သားစိမ္းငါးစိမ္း ေတြ စားရတာ ညည္းေငြ႕လာၿပီး အသီးအရြက္ ေလးေတြ ေျပာင္းစားခ်င္တယ္ဆိုရင္ အသီးအရြက္ ေလးေတြကို အရသာရွိရွိ ခ်က္ျပဳတ္ႏိုင္မယ္႔ နည္းလမ္း ေလးေတြကို သိခ်င္ၾကမွာပါေနာ္။ ဒါဆိုရင္ေတာ႔ ဒီေန႔မွာ ပန္းေဂၚဖီ နဲ႔ ဂ်ပန္ သခြားသီး ကို အရသာရွိရွိ ခ်က္ျပဳတ္ႏိုင္တဲ႔၊ အခ်ိန္လည္း သိပ္မေပးရတဲ႔ ဟင္းလ်ာေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
၁။ ပန္းေဂၚဖီနဲ႔ ဂ်င္းေၾကာ္ခ်က္
ပန္းေဂၚဖီ (အရပ္အေခၚ ပန္းပြင္႔) ဟာ ေဂၚဖီမ်ိဳးႏြယ္ဝင္ ဟင္းသီးဟင္းရြက္ တစ္မ်ိဳးျဖစ္ၿပီး ကြ်န္ေတာ္တို႔ျမန္မာႏိုင္ငံမွာ လူႀကိဳက္မ်ားတဲ႔ ဟင္းသီးဟင္းရြက္ တစ္မ်ိဳးလည္း ျဖစ္ပါတယ္။ ၾကက္ဥေလးနဲ႔ပဲ ေရာၿပီးေၾကာ္ေၾကာ္၊ ပဲငံျပာရည္ေလးနဲ႔ပဲ ေၾကာ္ခ်က္ေလးခ်က္ခ်က္၊ တျခားဟင္းသီးဟင္းရြက္ေတြနဲ႔ေရာၿပီး သီးစံုသနပ္ေလးပဲလုပ္လုပ္ စားလို႔ေကာင္းတဲ႔ ဟင္းသီးဟင္းရြက္ေလးပါ။
ပန္းေဂၚဖီကို ဂ်င္းနဲ႔ေရာၿပီး အရသာတမူထူးျခားတဲ႔ဟင္းလ်ာေလးတမယ္ ျပဳလုပ္ဖန္တီးလို႔ရပါတယ္။ ဒီဟင္းလ်ာေလးကိုေတာ႔ ေခါက္ဆြဲနဲ႔ပဲျဖစ္ျဖစ္၊ ထမင္းေၾကာ္နဲ႔ပဲျဖစ္ျဖစ္ တြဲဖက္စားသံုးႏိုင္ပါတယ္။
ပါဝင္ပစၥည္းေတြကေတာ႔ ပဲဆီ (သို႔) ႏွမ္းဆီ လက္ဖက္ရည္ဇြန္း (၁) ဇြန္း၊ ႏုတ္ႏုတ္စင္းထားတဲ႔ ၾကက္သြန္ျဖဴဥ လက္ဖက္ရည္ဇြန္း (၂) ဇြန္းစာ၊ ႏုတ္ႏုတ္စင္းထားတဲ႔ ဂ်င္းတက္ လက္ဖက္ရည္ဇြန္း (၄) ဇြန္းစာ၊ ပန္းေဂၚဖီ (၁) ထုပ္၊ ေရသန္႕ လက္ဖက္ရည္ဇြန္း (၃) ဇြန္းစာ၊ ငံျပာရည္ လက္ဖက္ရည္ဇြန္း (၁) ဇြန္း၊ ဆန္ရွာလကာရည္ လက္ဖက္ရည္ဇြန္း (၁) ဇြန္းတို႔ပဲ ျဖစ္ၾကပါတယ္။
ျပဳလုပ္နည္းကေတာ႔ အရင္ဆံုး ဒယ္အိုးျပားတစ္လံုးထဲမွာ ဆီကိုအရင္အပူေပးလိုက္ပါ။ ၿပီးရင္ ႏုတ္ႏုတ္စင္းထားတဲ႔ ၾကက္သြန္ျဖဴနဲ႔ ဂ်င္းကိုထည္႔ၿပီး စကၠန္႕ (၃၀) ကေန (၁) မိနစ္ခန္႔ၾကာေအာင္ ဆီသတ္ေပးလိုက္ပါ။ ၿပီးရင္ေတာ႔ ပန္းေဂၚဖီကိုထည္႔ၿပီး ခ်က္ျပဳတ္ေပးႏိုင္ပါၿပီ။ (၂) မိနစ္ေလာက္ၾကာရင္ေတာာ႔ ပန္းေဂၚဖီေတြ အေရာင္နည္းနည္းေျပာင္းလာပါလိမ္႔မယ္။ ၿပီးရင္ အေပၚက ေရနဲ႔ ငံျပာရည္ နည္းနည္းအုပ္ေပးလိုက္ပါ။ အပူခ်ိန္ကိုလည္း medium သို႔ေလွ်ာ႔ခ်ေပးလိုက္ပါ။ ၿပီးရင္ေတာ႔ အဖံုးအုပ္ၿပီး (၃) မိနစ္ခန္႕ၾကာေအာင္ ထားေပးလိုက္ပါ။ (၃) မိနစ္ျပည္႔ရင္ေတာ႔ ရွာလကာရည္ေလး အေပၚက အုပ္ေပးဖို႔မေမ႔ပါနဲ႔ဦး။
၂။ ဂ်ပန္ သခြားသီးသုပ္
ဂ်ပန္ သခြားသီးသုပ္ ေလးကေတာ႔ ရိုးရွင္းၿပီး စားလို႔ေကာင္းတဲ႔ဟင္းလ်ာေလးတစ္နပ္ ျဖစ္ပါတယ္။ ထမင္းနဲ႕တြဲဖက္စားသံုးႏိုင္သလို ဒီတိုင္းစားလို႔လည္း အဆင္ေျပပါတယ္။
ပါဝင္ပစၥည္းေတြကေတာ႔ အရြယ္ေတာ္ သခြားသီး (၂) လံုး၊ ဆန္ ရွာလကာရည္ အနည္းငယ္၊ သၾကား လက္ဖက္ရည္ဇြန္း (၁) ဇြန္း၊ ဆား အနည္းငယ္၊ ႏွမ္းေစ႔ေလွာ္ၿပီးသား လက္ဖက္ရည္ဇြန္း (၂) ဇြန္း တို႔ပဲ ျဖစ္ပါတယ္။ ျပဳလုပ္နည္းကေတာ႔ အရင္ဆံုး သခြားသီးေတြကို အခြံခြာလိုက္ပါ။ ၿပီးရင္သခြားသီးေတြကို အလည္ကေန ထက္ျခမ္းျခမ္းလိုက္ပါ။ သခြားသီးအေစ႔ေတြကိုေတာ႔ ဇြန္းေလးတစ္ေခ်ာင္းနဲ႔ ကေလာ္ထုတ္ေပးလိုက္ပါ။
ၿပီးရင္ အာလူး အခြံခြာတဲ႔ဓား (သို႕) ဓားထက္ထက္တစ္ေခ်ာင္းကိုသံုးၿပီး သခြားသီး ေတြကို ပါးပါးေလးေတြျဖစ္ေအာင္ လွီးေပးလိုက္ပါ။ ရလာတဲ႔ သခြားသီး ဖတ္ေတြကို စကၠဴတစ္ရွဴးတစ္ရြက္ထဲ ထည္႔ၿပီး အစိုဓာတ္ကုန္ခမ္းသြားေအာင္ အသာအယာေလးညွစ္ေပးလိုက္ပါ။
ၿပီးရင္ေတာ႔ ဇလံုတစ္လံုးထဲမွာ ရွာလကာရည္ ရယ္၊ သၾကားရယ္၊ ဆားရယ္ကိုထည္႔ၿပီး သမသြားသည္အထိ ေရာသမေမႊေပးလိုက္ပါ။ ၿပီးေတာ႔မွရလာတဲ႔အႏွစ္ထဲကို သခြားသီး ဖတ္ေတြနဲ႔ ႏွမ္းေစ႔ေလွာ္ေတြကို ထည္႔ၿပီး သုတ္ေပးလိုက္ပါ။ ၿပီးရင္ေတာ႔ အသင္႔စားသံုးႏိုင္တဲ႔ ဂ်ပန္စတိုင္ သခြားသီးသုပ္ေလးကို ရရွိပါၿပီ။
Credit : Lwinpyin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


တစ်ခါတလေမှာ သားစိမ်းငါးစိမ်း တွေ စားရတာ ညည်းငွေ့လာပြီး အသီးအရွက် လေးတွေ ပြောင်းစားချင်တယ်ဆိုရင် အသီးအရွက် လေးတွေကို အရသာရှိရှိ ချက်ပြုတ်နိုင်မယ့် နည်းလမ်း လေးတွေကို သိချင်ကြမှာပါနော်။ ဒါဆိုရင်တော့ ဒီနေ့မှာ ပန်းဂေါ်ဖီ နဲ့ ဂျပန် သခွားသီး ကို အရသာရှိရှိ ချက်ပြုတ်နိုင်တဲ့၊ အချိန်လည်း သိပ်မပေးရတဲ့ ဟင်းလျာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ပန်းဂေါ်ဖီနဲ့ ဂျင်းကြော်ချက်

ပန်းဂေါ်ဖီ (အရပ်အခေါ် ပန်းပွင့်) ဟာ ဂေါ်ဖီမျိုးနွယ်ဝင် ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ပြီး ကျွန်တော်တို့မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးလည်း ဖြစ်ပါတယ်။ ကြက်ဥလေးနဲ့ပဲ ရောပြီးကြော်ကြော်၊ ပဲငံပြာရည်လေးနဲ့ပဲ ကြော်ချက်လေးချက်ချက်၊ တခြားဟင်းသီးဟင်းရွက်တွေနဲ့ရောပြီး သီးစုံသနပ်လေးပဲလုပ်လုပ် စားလို့ကောင်းတဲ့ ဟင်းသီးဟင်းရွက်လေးပါ။
ပန်းဂေါ်ဖီကို ဂျင်းနဲ့ရောပြီး အရသာတမူထူးခြားတဲ့ဟင်းလျာလေးတမယ် ပြုလုပ်ဖန်တီးလို့ရပါတယ်။ ဒီဟင်းလျာလေးကိုတော့ ခေါက်ဆွဲနဲ့ပဲဖြစ်ဖြစ်၊ ထမင်းကြော်နဲ့ပဲဖြစ်ဖြစ် တွဲဖက်စားသုံးနိုင်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့ ပဲဆီ (သို့) နှမ်းဆီ လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ နုတ်နုတ်စင်းထားတဲ့ ကြက်သွန်ဖြူဥ လက်ဖက်ရည်ဇွန်း (၂) ဇွန်းစာ၊ နုတ်နုတ်စင်းထားတဲ့ ဂျင်းတက် လက်ဖက်ရည်ဇွန်း (၄) ဇွန်းစာ၊ ပန်းဂေါ်ဖီ (၁) ထုပ်၊ ရေသန့် လက်ဖက်ရည်ဇွန်း (၃) ဇွန်းစာ၊ ငံပြာရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ဆန်ရှာလကာရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းတို့ပဲ ဖြစ်ကြပါတယ်။
ပြုလုပ်နည်းကတော့ အရင်ဆုံး ဒယ်အိုးပြားတစ်လုံးထဲမှာ ဆီကိုအရင်အပူပေးလိုက်ပါ။ ပြီးရင် နုတ်နုတ်စင်းထားတဲ့ ကြက်သွန်ဖြူနဲ့ ဂျင်းကိုထည့်ပြီး စက္ကန့် (၃၀) ကနေ (၁) မိနစ်ခန့်ကြာအောင် ဆီသတ်ပေးလိုက်ပါ။ ပြီးရင်တော့ ပန်းဂေါ်ဖီကိုထည့်ပြီး ချက်ပြုတ်ပေးနိုင်ပါပြီ။ (၂) မိနစ်လောက်ကြာရင်တောာ့ ပန်းဂေါ်ဖီတွေ အရောင်နည်းနည်းပြောင်းလာပါလိမ့်မယ်။ ပြီးရင် အပေါ်က ရေနဲ့ ငံပြာရည် နည်းနည်းအုပ်ပေးလိုက်ပါ။ အပူချိန်ကိုလည်း medium သို့လျှော့ချပေးလိုက်ပါ။ ပြီးရင်တော့ အဖုံးအုပ်ပြီး (၃) မိနစ်ခန့်ကြာအောင် ထားပေးလိုက်ပါ။ (၃) မိနစ်ပြည့်ရင်တော့ ရှာလကာရည်လေး အပေါ်က အုပ်ပေးဖို့မမေ့ပါနဲ့ဦး။
၂။ ဂျပန် သခွားသီးသုပ်

ဂျပန် သခွားသီးသုပ် လေးကတော့ ရိုးရှင်းပြီး စားလို့ကောင်းတဲ့ဟင်းလျာလေးတစ်နပ် ဖြစ်ပါတယ်။ ထမင်းနဲ့တွဲဖက်စားသုံးနိုင်သလို ဒီတိုင်းစားလို့လည်း အဆင်ပြေပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ အရွယ်တော် သခွားသီး (၂) လုံး၊ ဆန် ရှာလကာရည် အနည်းငယ်၊ သကြား လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ဆား အနည်းငယ်၊ နှမ်းစေ့လှော်ပြီးသား လက်ဖက်ရည်ဇွန်း (၂) ဇွန်း တို့ပဲ ဖြစ်ပါတယ်။ ပြုလုပ်နည်းကတော့ အရင်ဆုံး သခွားသီးတွေကို အခွံခွာလိုက်ပါ။ ပြီးရင်သခွားသီးတွေကို အလည်ကနေ ထက်ခြမ်းခြမ်းလိုက်ပါ။ သခွားသီးအစေ့တွေကိုတော့ ဇွန်းလေးတစ်ချောင်းနဲ့ ကလော်ထုတ်ပေးလိုက်ပါ။
ပြီးရင် အာလူး အခွံခွာတဲ့ဓား (သို့) ဓားထက်ထက်တစ်ချောင်းကိုသုံးပြီး သခွားသီး တွေကို ပါးပါးလေးတွေဖြစ်အောင် လှီးပေးလိုက်ပါ။ ရလာတဲ့ သခွားသီး ဖတ်တွေကို စက္ကူတစ်ရှူးတစ်ရွက်ထဲ ထည့်ပြီး အစိုဓာတ်ကုန်ခမ်းသွားအောင် အသာအယာလေးညှစ်ပေးလိုက်ပါ။
ပြီးရင်တော့ ဇလုံတစ်လုံးထဲမှာ ရှာလကာရည် ရယ်၊ သကြားရယ်၊ ဆားရယ်ကိုထည့်ပြီး သမသွားသည်အထိ ရောသမမွှေပေးလိုက်ပါ။ ပြီးတော့မှရလာတဲ့အနှစ်ထဲကို သခွားသီး ဖတ်တွေနဲ့ နှမ်းစေ့လှော်တွေကို ထည့်ပြီး သုတ်ပေးလိုက်ပါ။ ပြီးရင်တော့ အသင့်စားသုံးနိုင်တဲ့ ဂျပန်စတိုင် သခွားသီးသုပ်လေးကို ရရှိပါပြီ။

Credit : Lwinpyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top