iMyanmarHouse.com - Best Property Website for Myanmar
×


ပါဝင်ပစ္စည်း



ပြုလုပ်နည်း


နောက်တစ်နည်း

ပါဝင်ပစ္စည်း


ပြုလုပ်နည်း

Credit : MyStyle

မျက်နှာအသားအရေ (သို့ ) ခန္ဓာကိုယ်တစ်ခုလုံးက အသားအရေကို တစ်ပတ် တစ်ကြိမ်လောက်ပုံမှန် ချေးချွတ်ပေးသင့်ပါတယ်။ ချေးချွတ်တယ်ဆိုတာ အဓိကအားဖြင့်တော့ ဆဲလ်သေတွေကို ဖယ်ရှားတာဖြစ်ပါတယ်။ ခဏခဏလုပ်ပေးရင်မကောင်းပါဘူး။ ဘာလို့လဲဆိုတော့ အသားအရေပေါ်က တခြားဆဲလ်တွေလည်း ပါသွားတတ်တာကြောင့်ပါ။ ချေးချွတ်ပေးခြင်းအားဖြင့် သင့်အသားအရေကို အတွင်းပိုင်းထိ သန့်စင်စေပါတယ်။

ပါဝင်ပစ္စည်း
ကော်ဖီမှုန့်အကြမ်း စားပွဲတင်ဇွန်း ၁ ဇွန်း

Lotion စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းနှစ်မျိုးလုံးကို ခွက်တစ်လုံးထဲထည့်ပြီး ရောလိုက်ပါ။ ပြီး၇င် မျက်နှာနဲ့ တခြားနေရာတွေမှာ လိမ်းပေးပါ။ ဖြည်းဖြည်းချင်း ပွတ်ပေးပါ။ မလောက်ရင် အခုဖော်ပြထားတဲ့အချိုးအတိုင်း ၂ ဆ (သို့) ၃ ဆလုပ်လို့ရပါတယ်။ ပြီးရင် ၁၀ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။ အဲဒီနောက် ခြောက်အောင်သုတ်ပေးပြီး မျက်နှာကိုဆို တိုနာ ခန္ဓာကိုယ်အနှံ့ကို Lotion သေချာလိမ်းပါ။ သကြားထည့်ချင်လည်း ထည့်လို့ရပါတယ်။ သကြားကို စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။

နောက်တစ်နည်း

ပါဝင်ပစ္စည်း

သကြား စားပွဲတင်ဇွန်း ၂ ဇွန်း

သံပုယိုသီး တစ်ခြမ်း အရည်ညှစ်ပါ။

ပြုလုပ်နည်း

ပါဝင်ပစ္စည်းနှစ်မျိုးလုံးကို သေချာရောပြီး ခွက်တစ်လုံးထဲ ထည့်လိုက်ပါ။ ပြီးရင် မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့ကိုသေချာလိမ်းပေးပါ။ ဖြည်းဖြည်းချင်း ၅ မိနစ်လောက်ပွတ်ပေးပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။ မလောက်ရင် စောစောကပြောခဲ့သလိုပဲ ၂ ဆ၊ ၃ ဆ လုပ်လို့ရပါတယ်နော်။ အဲဒီနောက် ခြောက်အောင်သုတ်ပေးပြီး မျက်နှာကိုဆို တိုနာ ခန္ဓာကိုယ်အနှံ့ကို Lotion သေချာလိမ်းပါ။
Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top