iMyanmarHouse.com - Best Property Website for Myanmar
×

credit : pannpwint 

နာမည်ကျော် အဆိုတော် တစ်ဦးဖြစ်တဲ့ အိမ်ချစ် က ဖေ့စ်ဘွက်လူမှုကွန်ယက်မှာ ကဲ့ရဲ့ခံနေရတာတွေ အရမ်းများနေလို့ စိတ်ဓာတ်တွေ ကျလွန်းနေပြီလို့ ဆိုပါတယ်။
မကြာသေးခင်ကပဲ သီလရှင် လူထွက် ဆံပင် ကို မလှဘူး အပြောခံရတတွေကြောင့် စိတ်ညစ်နေကြောင်း အိမ့်ချစ် က ပြောထားသေးသည်။
တစ်ချို့ကလည်း အိမ့်ချစ် ကို အသားမဲတယ်လို့ ပြောကြသည်။ ခုတစ်ခါလည်း အိမ့်ချစ် ကို အရပ်ပု တယ်လို့ ဝိုင်းပြောကြတာကြောင့် သူမ စိတ်ညစ်လာပါတယ်။
မနေ့က (အောက်တိုဘာလ ၁၆ ရက်) ရွှေထူး၊ ဆန်းသစ်လတို့နဲ့ တွဲရက် ဓာတ်ပုံ တစ်ပုံကို တင်ခဲ့သည်။ အရပ်ရှည်လွန်းတဲ့ ရွှေထူး နဲ့ ယှဉ်ကြည့်တော့ အိမ့်ချစ် တစ်ယောက် အပြောခံရစရာ ဖြစ်ခဲ့ပါတယ်။
“နောက်ဆိုဘာပုံမှ public မတင်တော့ဘူး” မွေးကတည်းကပုတာကို ပုလိုက်တာဆိုတော့ ဘာလုပ်ပေးရမလဲကွယ်” “အရမ်းကဲ့ရဲ့ကြတဲ့သူတွေကြောင့် စိတ်ဓာတ် တွေလည်း ကျလွန်းလို့ မတင်တော့ဘူး” ဟု အိမ့်ချစ် က ကောမန့် တွင် သူမ၏ ခံစားချက်များကို ရေးသားသည်။
အိမ့်ချစ် က ခုတော့ စင်္ကာပူ ကို ရောက်နေတာ ဖြစ်ပါတယ်။ အောင်မြင်တဲ့ အဆိုတော် ချစ်ကောင်း ၏ သမီးဖြစ်ပြီး သူမကလည်း အဖေလိုပဲ အောင်မြင်နေတာ ဖြစ်ပါတယ်။
credit : pannpwint

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top