iMyanmarHouse.com - Best Property Website for Myanmar
×

လက္သည္းရဲ႕ အလွပဟာလည္း အမ်ိဳးသမီးတို႔အတြက္ အေရးပါတဲ့ အလွပတစ္ခုျဖစ္ပါတယ္။ လက္သည္းေတြ မၾကာခဏက်ိဳးလို႕၊ လက္သည္းမၾကာခဏ ပဲ့ေနတတ္လို႔ စိတ္ညစ္ေနတဲ့သူေတြအတြက္ မိမိအိမ္မွာ လက္သည္းကို အလြယ္တကူ ဂရုိစုက္လို႔ရမယ့္ နည္းလမ္းေတြကိုမွ်ေဝေပးခ်င္ပါတယ္။

၁။ လက္သည္းအရမ္းရွည္လာရင္ ညွပ္လိုက္ပါ

လက္သည္းအရမ္းရွည္ရွည္ထားတာဟာ သင့္အတြက္မေကာင္းပါဘူး။ ဒါ့ေၾကာင့္ လက္သည္းအရမ္းအရွည္မထားဘဲ ပံုမွန္ေလး ညွပ္ေပးရပါမယ္။ ညွပ္တဲ့အခါမွာလည္း လက္သည္းကို ပံုက်ေအာင္ ျပန္ၿပီး တိုက္စားေပးဖို႔လိုအပ္ပါတယ္။

၂။ လက္သည္းကို သန္႔ရွင္းပါ

လက္သည္းနားမွာကပ္ညွိေနတဲ့အညစ္အေၾကးေတြ၊ အစြန္းအထင္းေတြကို ဖယ္ရွားရပါမယ္။

အဲဒီအတြက္ သံပုရာသီး (သို႔) သံပုယိုသီးကိုအသံုးျပဳေပးႏိုင္ပါတယ္။ သံပုရာသီးကိုလက္သည္းနဲ႔ ဒီအတိုင္းပြတ္ေပးလို႔လည္းရသလို၊ သံပုရာရည္ကို ခြက္တစ္လံုးထဲညွစ္ထည့္ၿပီး လက္သည္းကို စိမ္ေပးထားလို႔ရပါတယ္။ ၿပီးရင္ ၃ မိနစ္ (သို႔) ၅ မိနစ္ေလာက္ထားၿပီး ေရေဆးခ်လိုက္ပါ။

၃။ သံလြင္ဆီသံုးမယ္

သံလြင္ဆီကို အပူေပးလိုက္ပါ။ၿပီးရင္ နည္းနည္းအေအးခံၿပီး လက္သည္းကို ၁၅ မိနစ္ေလာက္စိမ္ထားေပးပါ။ လက္သည္းျပန္ၿပီး စိုေျပေစဖို႔ျဖစ္ပါတယ္။ တစ္ရက္ျခားတစ္ခါ လုပ္ေပးႏိုင္ပါတယ္။
Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လက်သည်းရဲ့ အလှပဟာလည်း အမျိုးသမီးတို့အတွက် အရေးပါတဲ့ အလှပတစ်ခုဖြစ်ပါတယ်။ လက်သည်းတွေ မကြာခဏကျိုးလို့၊ လက်သည်းမကြာခဏ ပဲ့နေတတ်လို့ စိတ်ညစ်နေတဲ့သူတွေအတွက် မိမိအိမ်မှာ လက်သည်းကို အလွယ်တကူ ဂရိုစုက်လို့ရမယ့် နည်းလမ်းတွေကိုမျှဝေပေးချင်ပါတယ်။

၁။ လက်သည်းအရမ်းရှည်လာရင် ညှပ်လိုက်ပါ
လက်သည်းအရမ်းရှည်ရှည်ထားတာဟာ သင့်အတွက်မကောင်းပါဘူး။ ဒါ့ကြောင့် လက်သည်းအရမ်းအရှည်မထားဘဲ ပုံမှန်လေး ညှပ်ပေးရပါမယ်။ ညှပ်တဲ့အခါမှာလည်း လက်သည်းကို ပုံကျအောင် ပြန်ပြီး တိုက်စားပေးဖို့လိုအပ်ပါတယ်။

၂။ လက်သည်းကို သန့်ရှင်းပါ
လက်သည်းနားမှာကပ်ညှိနေတဲ့အညစ်အကြေးတွေ၊ အစွန်းအထင်းတွေကို ဖယ်ရှားရပါမယ်။

အဲဒီအတွက် သံပုရာသီး (သို့) သံပုယိုသီးကိုအသုံးပြုပေးနိုင်ပါတယ်။ သံပုရာသီးကိုလက်သည်းနဲ့ ဒီအတိုင်းပွတ်ပေးလို့လည်းရသလို၊ သံပုရာရည်ကို ခွက်တစ်လုံးထဲညှစ်ထည့်ပြီး လက်သည်းကို စိမ်ပေးထားလို့ရပါတယ်။ ပြီးရင် ၃ မိနစ် (သို့) ၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။

၃။ သံလွင်ဆီသုံးမယ်
သံလွင်ဆီကို အပူပေးလိုက်ပါ။ပြီးရင် နည်းနည်းအအေးခံပြီး လက်သည်းကို ၁၅ မိနစ်လောက်စိမ်ထားပေးပါ။ လက်သည်းပြန်ပြီး စိုပြေစေဖို့ဖြစ်ပါတယ်။ တစ်ရက်ခြားတစ်ခါ လုပ်ပေးနိုင်ပါတယ်။
Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top