iMyanmarHouse.com - Best Property Website for Myanmar
×

လက္တစ္ေခ်ာင္းစီေပၚ ဝတ္ဆင္ထားတဲ့လက္စြပ္ေတြမွာ မတူတဲ့အဓိပၸာယ္ေတြရွိသတဲ့။ေျပာၾကားခ်က္အရ ဘယ္ဖက္လက္သူၾကြယ္မွာရွိတဲ့ ေသြးေၾကာတစ္ေခ်ာင္းက ႏွလံုးသားနဲ႔ဆက္သြယ္ထားတယ္။ ဒါေၾကာင့္ မဂၤလာေဆာင္တဲ့အခါ မဂၤလာဇနီးေမာင္ႏွံက လက္ထပ္လက္စြပ္ကို ဘယ္ဖက္လက္သူၾကြယ္မွာ ဝတ္ဆင္ေပးၾကတယ္လို႔ ဆိုပါတယ္။ အင္တာနက္ေပၚမွာဖတ္ရတဲ့ လက္စြပ္ဝတ္ဆင္ပံုအေၾကာင္းကို ဘာသာျပန္မွ်ေဝလိုက္ပါတယ္။

လက္စြပ္ဝတ္ဆင္တဲ့ ဘယ္ဖက္လက္နဲ႔ ညာဖက္လက္ရဲ႕ အဓိပၸာယ္ေတြက….
ညာဖက္လက္သန္း ———- ခ်စ္သူ ရည္းစားမထားခ်င္ပါ
ညာဖက္လက္သူၾကြယ္ —— ခ်စ္ႀကိဳက္ေနတယ္။
ညာဖက္လက္ခလယ္ ——- ပိုင္ရွင္ရွိတယ္
ညာဖက္လက္ညႇိဳး ———- တစ္ကိုယ္ေရတစ္ကာယ

ဘယ္ဖက္လက္သန္း ———— အိမ္ေထာင္မျပဳပါ
ဘယ္ဖက္လက္သူၾကြယ္ ——– လက္ထပ္ၿပီး
ဘယ္ဖက္လက္ခလယ္ ——— ေစ့စပ္ထားတယ္
ဘယ္ဖက္လက္ညႇိဳး ———— အိပ္ေထာင္မျပဳရေသးပါ

လက္စြပ္ဝတ္ဆင္တာကို ေျပာစမတ္ရွိၾကတယ္။ အေနာက္ႏိုင္ငံေတြရဲ႕ ဓေလ့ထံုးစံအရ ဘယ္ဖက္လက္က သင့္အတြက္ ဘုရားသခင္ေပးတဲ့ ကံေကာင္းျခင္းတဲ့။ ဒါေၾကာင့္ လက္ထပ္လက္စြပ္ကို မ်ားေသာအားျဖင့္ ဘယ္ဖက္လက္မွာပဲ ဝတ္ဆင္ၾကတယ္။

ႏုိင္ငံတကာမွာ ပိုေခတ္စားတဲ့ လက္စြပ္ဝတ္ဆင္နည္းက …..
လက္ညႇိဳး ———- မဂၤလာေဆာင္ခ်င္တယ္။ (မဂၤလာမေဆာင္ရေသးပါ)
လက္ခလယ္ ——- ခ်စ္ႀကိဳက္ေနတယ္။
လက္သူၾကြယ္ —— ေစ့စပ္ထားတယ္ ဒါမွမဟုတ္ လက္ထပ္ၿပီး
လက္သန္း ———- တစ္ကိုယ္ေရတစ္ကာယ

ဘယ္လက္ေခ်ာင္းမွာပဲ ဝတ္ဆင္ဝတ္ဆင္ အဓိပၸာယ္ေဖာ္ေဆာင္လို႔မရတဲ့ လက္စြပ္တစ္မ်ဳိးရွိပါတယ္။ အဲဒီလက္စြပ္က ပန္းလက္စြပ္(ဖန္စီလက္စြပ္)ျဖစ္တယ္။ ဒီလိုလက္စြပ္မ်ဳိးက အလွအပအတြက္ဝတ္ဆင္တဲ့ လက္စြပ္ျဖစ္တာေၾကာင့္ ဘယ္လက္မွာပဲဝတ္ဝတ္ ရပါတယ္။

ေရွးေရာမမွတ္တမ္းအရ လက္စြပ္ကို လက္မေပၚဝတ္ဆင္တာဟာ ေအာင္ျမင္လိုစိတ္ျပင္းျပတယ္လို႔ ဆိုပါတယ္။ လက္ညႇိဳးေပၚဝတ္ဆင္တာက လန္းဆန္းတက္ၾကြၿပီး ကိုယ္ပိုင္အေတြးအျမင္ပိုရွိသူလို႔ ခံစားေစပါတယ္။ လက္စြပ္ဝတ္ဆင္ရအေကာင္းဆံုး လက္ေခ်ာင္းက လက္ခလယ္ပါပဲ။ လြတ္လပ္ေပါ့ပါးဟန္၊ ဆဲြေဆာင္ႏိုင္မႈဟန္ကို
ပိုေပၚလြင္ေစပါတယ္။ သာမန္အားျဖင့္ လက္သူၾကြယ္မွာ ဝတ္ဆင္တဲ့လက္စြပ္က လက္ထပ္လက္စြပ္ျဖစ္တယ္။ လက္သူၾကြယ္က ပိုေသးသြယ္တာေၾကာင့္ ဘယ္လိုလက္စြပ္ပဲဝတ္ဝတ္ သိမ္ေမြ႔လွပပါတယ္။ ဆန္းသစ္တဲ့ လက္စြပ္ဝတ္ဆင္နည္းကေတာ့ လက္သန္းမွာ ဝတ္ဆင္တာပဲျဖစ္တယ္။ လက္သန္းမွာ ရိုးရွင္းတဲ့လက္စြပ္ေလးဝတ္ဆင္ထားရံုနဲ႔တင္ လက္က ခ်စ္စရာေကာင္းေနတတ္ပါတယ္။ လက္သန္းမွာ လက္စြပ္ဝတ္ဆင္တာက “တစ္ေယာက္တည္းပဲ ေနခ်င္တယ္။ ခ်စ္သူမထားခ်င္ေသးဘူး။ အခ်ိန္ကုန္ခံၿပီး ငါ့ကုိလိုက္မပိုးပန္းပါနဲ႔” ဆိုတဲ့ အဓိပၸာယ္ကိုေဆာင္ပါတယ္။

အဆန္းထြင္ထားတဲ့လက္စြပ္ေတြကို ဝတ္ဆင္ခ်ိန္မွာ ကိုယ္ပိုင္ဟန္ပိုေပၚလြင္ေစခ်င္ရင္ လက္စြပ္နဲ႔လိုက္ဖက္တဲ့၊ ပံုစံဆင္ၿပီးရိုးရွင္းတဲ့ ေနာက္လက္စြပ္တစ္ကြင္းကို တျခားလက္တစ္ဖက္မွာ ဝတ္ဆင္ႏိုင္ပါတယ္။ တကယ္လို႔ လက္စြပ္က လက္ပတ္နာရီနဲ႔ လိုက္ဖက္ဝတ္ဆင္ႏိုင္ရင္ေတာ့ အေကာင္းဆံုးေပါ့။
ဥပမာ- သင္ဝတ္ဆင္တဲ့လက္စြပ္က ပန္းလက္စြပ္ေလးဆိုရင္ သားေရႀကိဳး ေရႊေရာင္ဒိုင္ခြက္နာရီကို ဝတ္ဆင္ႏိုင္ပါတယ္။ တကယ္လို႔ သင္မွာေရြးခ်ယ္စရာ နာရီ၊ လက္စြပ္ေတြ မ်ားမ်ားစားစားမရွိဘူးဆိုရင္လက္စြပ္နဲ႔နာရီကို လက္တစ္ဖက္စီခဲြၿပီး ဝတ္ဆင္ႏိုင္ပါတယ္။ မလိုက္ဖက္တဲ့အရာႏွစ္ခုကို လက္တစ္ဖက္တည္းမွာပဲ မဝတ္ဆင္မိဖို႔ပဲလိုပါတယ္။

လက္တစ္ဖက္တည္းမွာ လက္စြပ္ႏွစ္ကြင္း ဝတ္ဆင္ခ်င္တယ္ဆိုရင္ အေရာင္ေလးေတြ လိုက္ဖက္ဖို႔လိုပါတယ္။ လက္စြပ္တစ္ကြင္းက ဆန္းျပားတဲ့လက္စြပ္ျဖစ္ေနရင္ ေနာက္လက္စြပ္တစ္ကြင္းက ရိုးရွင္းေနရပါတယ္။ အေကာင္းဆံုးက ေဘးခ်င္းကပ္ႏွစ္ေခ်ာင္းႏွစ္ေခ်ာင္းမွာ ဝတ္ဆင္တာပါပဲ။
ဥပမာ– လက္ခလယ္နဲ႔လက္ညႇိဳး၊ လက္ခလယ္နဲ႔လက္သူၾကြယ္၊ လက္သူၾကြယ္နဲ႔လက္သန္း…. လက္စြပ္ႏွစ္ကြင္းၾကားမွာ လက္ေခ်ာင္းတစ္ေခ်ာင္း ျခားေနတာမ်ဳိး မျဖစ္ပါေစနဲ႔။

တူညီတဲ့ အမ်ားေျပာပံုတစ္ခုက—-

လက္မမွာဝတ္ဆင္တာက “ပိုးပန္း”တယ္။ (တစ္ဘက္လူကို ပိုးပန္းဖို႔ လႈပ္ရွားတယ္)
လက္ညႇိဳးမွာဝတ္ဆင္တာက “ေတာင္းဆို”တယ္။ (ႏွလံုးသားက အခ်စ္ကိုေတာင့္တတယ္)
လက္ခလယ္မွာဝတ္ဆင္တာက “တည္”တယ္။ (ခ်စ္ႀကိဳက္ေနတယ္ ဒါမွမဟုတ္ ေစ့စပ္ထားတယ္)
လက္သူၾကြယ္မွာဝတ္ဆင္တာက “ေႏွာင္ဖဲြ႔”တယ္။ (လက္ထပ္ၿပီးေၾကာင္းေျပာတယ္)
လက္သန္းမွာဝတ္ဆင္တာက “ခြာ”တယ္။
(တစ္ကိုယ္တည္းေနဖို႔ ဆံုးျဖတ္တယ္ ဒါမွမဟုတ္ ကြာရွင္းထားတယ္)
အေနာက္ႏိုင္ငံမွာ လက္စြပ္မဝတ္ဆင္ထားရင္ “ပိုင္ရွင္မရွိေသးပါဘူး.. ပိုးပန္းႏိုင္တယ္”ဆိုတဲ့ အဓိပၸာယ္ရပါတယ္။

ဝတ္ဆင္ထားတဲ့ လက္စြပ္ကိုၾကည့္ၿပီး လူတစ္ေယာက္ရဲ႕ အတြင္းစိတ္ကိုလည္း ခန္႔မွန္းႏိုင္ပါတယ္။ လက္စြပ္ဟာ တန္ဆာဆင္ပစၥည္းသက္သက္တစ္ခု မဟုတ္ဘဲ သင္ႀကိဳက္ႏွစ္သက္တဲ့ လက္စြပ္၊ သင္ဝတ္ဆင္တဲ့ လက္ေခ်ာင္းေပၚမူတည္ၿပီး သင့္အတြင္းစိတ္ကိုလည္း လွစ္ဟျပႏိုင္ပါတယ္။
အမ်ဳိးသားအတြက္ ေျပာရရင္—
ေငြေရာင္လက္စြပ္ဝတ္ဆင္သူက ႏူးညံ့သိမ္ေမြ႔တယ္၊ လူတိုင္းနဲ႔ အလိုက္အထိုက္ေနတတ္တယ္၊ ဝင္ဆံ့တယ္။
ေရႊေရာင္လက္စြပ္ဝတ္ဆင္သူက အက်ဳိးအျမတ္ကို ပိုအေလးထားတယ္။ မ်ားေသာအားျဖင့္ ထက္ျမက္တဲ့ စီးပြားေရးဦးေႏွာက္ရွိတယ္။ ေက်ာက္စိမ္းလက္စြပ္ဝတ္ဆင္သူက အရည္အခ်င္းကို ပိုအသားေပးတယ္။ အလုပ္လုပ္ရာမွာ စည္းစနစ္ႀကီးတယ္။
အမ်ဳိးသမီးအတြက္ ေျပာရရင္ —
ပန္းေရာင္လက္စြပ္ ဒါမွမဟုတ္ သႏာၱေက်ာက္လက္စြပ္ကို ဝတ္ဆင္သူက ခံစားမႈျပင္းထန္ၿပီး ရိုမန္တစ္ဆန္သူျဖစ္တယ္။
ပတၱျမားလက္စြပ္ ဒါမွမဟုတ္ အနီေရာင္ဖရဲအူေက်ာက္ (Tourmaline)လက္စြပ္ကို ဝတ္ဆင္သူကစိတ္အားထက္သန္မႈမ်ားတယ္။
နီလာလက္စြပ္ ဒါမွမဟုတ္ စိမ္းျပာေရာင္ေက်ာက္လက္စြပ္ကို ဝတ္ဆင္သူက ေအးတိေအးစက္ ဘာသိဘာသာေနတတ္တယ္။
ျမလက္စြပ္ ဒါမွမဟုတ္ အစိမ္းေရာင္(Turquoise)ေက်ာက္လက္စြပ္ကို ဝတ္ဆင္သူက ခံစားခ်က္ ႏုရြသိမ္ေမြ႔လြန္းပါတယ္။
Credit: thutazone
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လက်တစ်ချောင်းစီပေါ် ဝတ်ဆင်ထားတဲ့လက်စွပ်တွေမှာ မတူတဲ့အဓိပ္ပာယ်တွေရှိသတဲ့။ပြောကြားချက်အရ ဘယ်ဖက်လက်သူကြွယ်မှာရှိတဲ့ သွေးကြောတစ်ချောင်းက နှလုံးသားနဲ့ဆက်သွယ်ထားတယ်။ ဒါကြောင့် မင်္ဂလာဆောင်တဲ့အခါ မင်္ဂလာဇနီးမောင်နှံက လက်ထပ်လက်စွပ်ကို ဘယ်ဖက်လက်သူကြွယ်မှာ ဝတ်ဆင်ပေးကြတယ်လို့ ဆိုပါတယ်။ အင်တာနက်ပေါ်မှာဖတ်ရတဲ့ လက်စွပ်ဝတ်ဆင်ပုံအကြောင်းကို ဘာသာပြန်မျှဝေလိုက်ပါတယ်။

လက်စွပ်ဝတ်ဆင်တဲ့ ဘယ်ဖက်လက်နဲ့ ညာဖက်လက်ရဲ့ အဓိပ္ပာယ်တွေက….
ညာဖက်လက်သန်း ———- ချစ်သူ ရည်းစားမထားချင်ပါ
ညာဖက်လက်သူကြွယ် —— ချစ်ကြိုက်နေတယ်။
ညာဖက်လက်ခလယ် ——- ပိုင်ရှင်ရှိတယ်
ညာဖက်လက်ညှိုး ———- တစ်ကိုယ်ရေတစ်ကာယ

ဘယ်ဖက်လက်သန်း ———— အိမ်ထောင်မပြုပါ
ဘယ်ဖက်လက်သူကြွယ် ——– လက်ထပ်ပြီး
ဘယ်ဖက်လက်ခလယ် ——— စေ့စပ်ထားတယ်
ဘယ်ဖက်လက်ညှိုး ———— အိပ်ထောင်မပြုရသေးပါ

လက်စွပ်ဝတ်ဆင်တာကို ပြောစမတ်ရှိကြတယ်။ အနောက်နိုင်ငံတွေရဲ့ ဓလေ့ထုံးစံအရ ဘယ်ဖက်လက်က သင့်အတွက် ဘုရားသခင်ပေးတဲ့ ကံကောင်းခြင်းတဲ့။ ဒါကြောင့် လက်ထပ်လက်စွပ်ကို များသောအားဖြင့် ဘယ်ဖက်လက်မှာပဲ ဝတ်ဆင်ကြတယ်။

နိုင်ငံတကာမှာ ပိုခေတ်စားတဲ့ လက်စွပ်ဝတ်ဆင်နည်းက …..
လက်ညှိုး ———- မင်္ဂလာဆောင်ချင်တယ်။ (မင်္ဂလာမဆောင်ရသေးပါ)
လက်ခလယ် ——- ချစ်ကြိုက်နေတယ်။
လက်သူကြွယ် —— စေ့စပ်ထားတယ် ဒါမှမဟုတ် လက်ထပ်ပြီး
လက်သန်း ———- တစ်ကိုယ်ရေတစ်ကာယ

ဘယ်လက်ချောင်းမှာပဲ ဝတ်ဆင်ဝတ်ဆင် အဓိပ္ပာယ်ဖော်ဆောင်လို့မရတဲ့ လက်စွပ်တစ်မျိုးရှိပါတယ်။ အဲဒီလက်စွပ်က ပန်းလက်စွပ်(ဖန်စီလက်စွပ်)ဖြစ်တယ်။ ဒီလိုလက်စွပ်မျိုးက အလှအပအတွက်ဝတ်ဆင်တဲ့ လက်စွပ်ဖြစ်တာကြောင့် ဘယ်လက်မှာပဲဝတ်ဝတ် ရပါတယ်။

ရှေးရောမမှတ်တမ်းအရ လက်စွပ်ကို လက်မပေါ်ဝတ်ဆင်တာဟာ အောင်မြင်လိုစိတ်ပြင်းပြတယ်လို့ ဆိုပါတယ်။ လက်ညှိုးပေါ်ဝတ်ဆင်တာက လန်းဆန်းတက်ကြွပြီး ကိုယ်ပိုင်အတွေးအမြင်ပိုရှိသူလို့ ခံစားစေပါတယ်။ လက်စွပ်ဝတ်ဆင်ရအကောင်းဆုံး လက်ချောင်းက လက်ခလယ်ပါပဲ။ လွတ်လပ်ပေါ့ပါးဟန်၊ ဆွဲဆောင်နိုင်မှုဟန်ကို
ပိုပေါ်လွင်စေပါတယ်။ သာမန်အားဖြင့် လက်သူကြွယ်မှာ ဝတ်ဆင်တဲ့လက်စွပ်က လက်ထပ်လက်စွပ်ဖြစ်တယ်။ လက်သူကြွယ်က ပိုသေးသွယ်တာကြောင့် ဘယ်လိုလက်စွပ်ပဲဝတ်ဝတ် သိမ်မွေ့လှပပါတယ်။ ဆန်းသစ်တဲ့ လက်စွပ်ဝတ်ဆင်နည်းကတော့ လက်သန်းမှာ ဝတ်ဆင်တာပဲဖြစ်တယ်။ လက်သန်းမှာ ရိုးရှင်းတဲ့လက်စွပ်လေးဝတ်ဆင်ထားရုံနဲ့တင် လက်က ချစ်စရာကောင်းနေတတ်ပါတယ်။ လက်သန်းမှာ လက်စွပ်ဝတ်ဆင်တာက “တစ်ယောက်တည်းပဲ နေချင်တယ်။ ချစ်သူမထားချင်သေးဘူး။ အချိန်ကုန်ခံပြီး ငါ့ကိုလိုက်မပိုးပန်းပါနဲ့” ဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်ပါတယ်။

အဆန်းထွင်ထားတဲ့လက်စွပ်တွေကို ဝတ်ဆင်ချိန်မှာ ကိုယ်ပိုင်ဟန်ပိုပေါ်လွင်စေချင်ရင် လက်စွပ်နဲ့လိုက်ဖက်တဲ့၊ ပုံစံဆင်ပြီးရိုးရှင်းတဲ့ နောက်လက်စွပ်တစ်ကွင်းကို တခြားလက်တစ်ဖက်မှာ ဝတ်ဆင်နိုင်ပါတယ်။ တကယ်လို့ လက်စွပ်က လက်ပတ်နာရီနဲ့ လိုက်ဖက်ဝတ်ဆင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။
ဥပမာ- သင်ဝတ်ဆင်တဲ့လက်စွပ်က ပန်းလက်စွပ်လေးဆိုရင် သားရေကြိုး ရွှေရောင်ဒိုင်ခွက်နာရီကို ဝတ်ဆင်နိုင်ပါတယ်။ တကယ်လို့ သင်မှာရွေးချယ်စရာ နာရီ၊ လက်စွပ်တွေ များများစားစားမရှိဘူးဆိုရင်လက်စွပ်နဲ့နာရီကို လက်တစ်ဖက်စီခွဲပြီး ဝတ်ဆင်နိုင်ပါတယ်။ မလိုက်ဖက်တဲ့အရာနှစ်ခုကို လက်တစ်ဖက်တည်းမှာပဲ မဝတ်ဆင်မိဖို့ပဲလိုပါတယ်။

လက်တစ်ဖက်တည်းမှာ လက်စွပ်နှစ်ကွင်း ဝတ်ဆင်ချင်တယ်ဆိုရင် အရောင်လေးတွေ လိုက်ဖက်ဖို့လိုပါတယ်။ လက်စွပ်တစ်ကွင်းက ဆန်းပြားတဲ့လက်စွပ်ဖြစ်နေရင် နောက်လက်စွပ်တစ်ကွင်းက ရိုးရှင်းနေရပါတယ်။ အကောင်းဆုံးက ဘေးချင်းကပ်နှစ်ချောင်းနှစ်ချောင်းမှာ ဝတ်ဆင်တာပါပဲ။
ဥပမာ– လက်ခလယ်နဲ့လက်ညှိုး၊ လက်ခလယ်နဲ့လက်သူကြွယ်၊ လက်သူကြွယ်နဲ့လက်သန်း…. လက်စွပ်နှစ်ကွင်းကြားမှာ လက်ချောင်းတစ်ချောင်း ခြားနေတာမျိုး မဖြစ်ပါစေနဲ့။

တူညီတဲ့ အများပြောပုံတစ်ခုက—-

လက်မမှာဝတ်ဆင်တာက “ပိုးပန်း”တယ်။ (တစ်ဘက်လူကို ပိုးပန်းဖို့ လှုပ်ရှားတယ်)
လက်ညှိုးမှာဝတ်ဆင်တာက “တောင်းဆို”တယ်။ (နှလုံးသားက အချစ်ကိုတောင့်တတယ်)
လက်ခလယ်မှာဝတ်ဆင်တာက “တည်”တယ်။ (ချစ်ကြိုက်နေတယ် ဒါမှမဟုတ် စေ့စပ်ထားတယ်)
လက်သူကြွယ်မှာဝတ်ဆင်တာက “နှောင်ဖွဲ့”တယ်။ (လက်ထပ်ပြီးကြောင်းပြောတယ်)
လက်သန်းမှာဝတ်ဆင်တာက “ခွာ”တယ်။
(တစ်ကိုယ်တည်းနေဖို့ ဆုံးဖြတ်တယ် ဒါမှမဟုတ် ကွာရှင်းထားတယ်)
အနောက်နိုင်ငံမှာ လက်စွပ်မဝတ်ဆင်ထားရင် “ပိုင်ရှင်မရှိသေးပါဘူး.. ပိုးပန်းနိုင်တယ်”ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။

ဝတ်ဆင်ထားတဲ့ လက်စွပ်ကိုကြည့်ပြီး လူတစ်ယောက်ရဲ့ အတွင်းစိတ်ကိုလည်း ခန့်မှန်းနိုင်ပါတယ်။ လက်စွပ်ဟာ တန်ဆာဆင်ပစ္စည်းသက်သက်တစ်ခု မဟုတ်ဘဲ သင်ကြိုက်နှစ်သက်တဲ့ လက်စွပ်၊ သင်ဝတ်ဆင်တဲ့ လက်ချောင်းပေါ်မူတည်ပြီး သင့်အတွင်းစိတ်ကိုလည်း လှစ်ဟပြနိုင်ပါတယ်။
အမျိုးသားအတွက် ပြောရရင်—
ငွေရောင်လက်စွပ်ဝတ်ဆင်သူက နူးညံ့သိမ်မွေ့တယ်၊ လူတိုင်းနဲ့ အလိုက်အထိုက်နေတတ်တယ်၊ ဝင်ဆံ့တယ်။
ရွှေရောင်လက်စွပ်ဝတ်ဆင်သူက အကျိုးအမြတ်ကို ပိုအလေးထားတယ်။ များသောအားဖြင့် ထက်မြက်တဲ့ စီးပွားရေးဦးနှောက်ရှိတယ်။ ကျောက်စိမ်းလက်စွပ်ဝတ်ဆင်သူက အရည်အချင်းကို ပိုအသားပေးတယ်။ အလုပ်လုပ်ရာမှာ စည်းစနစ်ကြီးတယ်။
အမျိုးသမီးအတွက် ပြောရရင် —
ပန်းရောင်လက်စွပ် ဒါမှမဟုတ် သန္တာကျောက်လက်စွပ်ကို ဝတ်ဆင်သူက ခံစားမှုပြင်းထန်ပြီး ရိုမန်တစ်ဆန်သူဖြစ်တယ်။
ပတ္တမြားလက်စွပ် ဒါမှမဟုတ် အနီရောင်ဖရဲအူကျောက် (Tourmaline)လက်စွပ်ကို ဝတ်ဆင်သူကစိတ်အားထက်သန်မှုများတယ်။
နီလာလက်စွပ် ဒါမှမဟုတ် စိမ်းပြာရောင်ကျောက်လက်စွပ်ကို ဝတ်ဆင်သူက အေးတိအေးစက် ဘာသိဘာသာနေတတ်တယ်။
မြလက်စွပ် ဒါမှမဟုတ် အစိမ်းရောင်(Turquoise)ကျောက်လက်စွပ်ကို ဝတ်ဆင်သူက ခံစားချက် နုရွသိမ်မွေ့လွန်းပါတယ်။
Credit: thutazone

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top