iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင္းမွာ သူ႕အလွတရားနဲ႔သူရွိပါတယ္။ သာမန္လူေတြနဲ႔မတူတာနဲ႔ဘဲ အဲဒီလူတစ္ေယာက္ရဲ႕ အလွတရားကို တန္ဖိုးျဖတ္လို႔မရပါဘူး။ မတူညီတဲ့ ရုပ္ရည္သြင္ျပင္ေၾကာင့္ပဲ အားသာခ်က္တစ္ခုအေနနဲ႔ အသံုးခ်ၿပီး ဖက္ရွင္ေလာကမွာ ရပ္တည္ေနၾကတဲ့ ေမာ္ဒယ္ ၃ ဦးအေၾကာင္းကို မွ်ေဝေပးခ်င္ပါတယ္။

၁။ Winnie Harlow

၁၉၉၄ ခုႏွစ္မွာေမြးဖြားခဲ့ၿပီး အရပ္အျမင့္ ၅ ေပ၉ရွိတဲ့ Winnie Harlow ကိုေတာ့ အားလံုးနီးပါးသိၾကမယ္လို႔ထင္ပါတယ္။ ကေနဒါႏိုင္ငံသားဖက္ရွင္ေမာ္ဒယ္တစ္ခုျဖစ္ၿပီး America’s Next Top Model Cycle 21 မွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့သူေလးျဖစ္ပါတယ္။
ၿပိဳင္ပြဲ႕ေန ထြက္ခြာသြားခဲ့ရေပမယ့္လည္း အခုေတာ့ ေအာင္ျမင္တဲ့ ေမာ္ဒယ္တစ္ေယာက္ျဖစ္ေနပါၿပီ။ သူမရဲ႕ သမင္ျဖဴလိုလို အသားအေရေၾကာင့္ပဲ ပိုၿပီးလွပဆြဲေဆာင္မႈရွိေနတာပါ။ London Fashion Weekတို႔လို ရိႈးပြဲႀကီးေတြမွာလည္း Cat Walk ေလွ်ာက္ခဲ့သလို ဖက္ရွင္မဂၢဇင္းေတြမွာလည္း Cover Model အျဖစ္ေဖာ္ျပျခင္းခံရသူေလးျဖစ္ပါတယ္။

၂။ Sabina Karlsson

သူမရဲ႕ ခႏၶာကိုယ္ေကာက္ေၾကာင္းအလွေၾကာင့္ ပိုၿပီးနာမည္ေက်ာ္ၾကားသူတစ္ဦးျဖစ္ပါတယ္။ သူမကိုေတာ့ ၁၉၈၈ ခုႏွစ္မွာေမြးဖြားခဲ့တာျဖစ္ၿပီး ဆြစ္ဒင္ႏိုင္ငံသားျဖစ္ပါတယ္။ ခႏၶာကိုယ္အခ်ိဳးအစား ၃၆ ၊ ၃၂၊ ၄၃ရွိၿပီး အရပ္အျမင့္က ၅ ေပ၉ ရွိသူျဖစ္ပါတယ္။ အသက္ ၄ ႏွစ္အရြယ္ကတည္းက ေမာ္ဒယ္စၿပီးလုပ္ကိုင္လာခဲ့တာျဖစ္ၿပီး ေမာ္ဒယ္အလုပ္ကိုပဲ ေရြးခ်ယ္လုပ္ကိုင္ခဲ့သူျဖစ္ပါတယ္။ ဖက္ရွင္ဒီဇိုင္နာ Jean Paul Gaultier နဲ႔ ဖက္ရွင္ကုမၸဏီ Armani အတြက္ အလုပ္လုပ္ေပးရင္ ပိုၿပီးလူသိမ်ားလာခဲ့တာျဖစ္ပါတယ္။
ဖက္ရွင္ရိႈးေတာ္ေတာ္မ်ားမွာလည္း ပါဝင္ေနသူျဖစ္ပါတယ္။ ၂၀၁၀ ျပည့္ႏွစ္မွာေတာ့ Plus Size Model အျဖစ္ေျပာင္းလဲရပ္တည္ခဲ့ၿပီး Plus Size Model ရဲ႕ Icon တစ္ဦးလည္းျဖစ္ပါတယ္။

၃။ Slick Woods

၁၉၉၆ ခုႏွစ္မွာေမြးဖြားခဲ့ၿပီး အရပ္အျမင့္ ၅ ေပ ၁၀လက္မရွိသူေလးျဖစ္ပါတယ္။ သူမကိုေတာ့ ကတံုးဆံပင္ေက၊ သြားက်ဲက်ဲနဲ႔ တက္တူးေတြေၾကာင့္ ပိုၿပီး သိမ်ားပါတယ္။ သူမဟာ Social Media Modeling ျဖစ္ၿပီး Follower အမ်ားဆံုး နံပါတ္ ၆ ခ်ိတ္ပါတယ္။
သူမကိုေတာ့ ဒီဇိုင္နာ Marc Jacobs အတြက္ေမာ္ဒယ္လုပ္ေပးရင္း ပိုလူသိမ်ားခဲ့တာပါ။ ဖက္ရွင္ရိႈးပြဲေတာ္ေတာ္မ်ားမ်ားမွာလည္း ပါဝင္ေနသူျဖစ္ပါတယ္။ Vogue မဂၢဇင္းတို႕လို နာမည္ေက်ာ္ မဂၢဇင္းေတြမွာလည္း ေဖာ္ျပခံရသူေလးျဖစ္ၿပီး Calvin Klein အတြက္ Campaign ေတြမွာလည္း ပါဝင္ေနရသူေလးျဖစ္ပါတယ္။
အဆိုေတာ္ Rihanna ရဲ႕ မိတ္ကပ္brand တစ္ခုျဖစ္တဲ့ Fenty Beauty မွာလည္း Woods ရဲ႕ မ်က္ႏွာ ကို ေဖာ္ျပထားပါတယ္။ သူမဟာ ၂၀၁၇ ခုႏွစ္ ဇူလိုင္လက models.com ရဲ႕ Hot List စာရင္းမွာ ပါဝင္ခဲ့သူလည္းျဖစ္ပါတယ္။
Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူတိုင်းမှာ သူ့အလှတရားနဲ့သူရှိပါတယ်။ သာမန်လူတွေနဲ့မတူတာနဲ့ဘဲ အဲဒီလူတစ်ယောက်ရဲ့ အလှတရားကို တန်ဖိုးဖြတ်လို့မရပါဘူး။ မတူညီတဲ့ ရုပ်ရည်သွင်ပြင်ကြောင့်ပဲ အားသာချက်တစ်ခုအနေနဲ့ အသုံးချပြီး ဖက်ရှင်လောကမှာ ရပ်တည်နေကြတဲ့ မော်ဒယ် ၃ ဦးအကြောင်းကို မျှဝေပေးချင်ပါတယ်။

၁။ Winnie Harlow
၁၉၉၄ ခုနှစ်မှာမွေးဖွားခဲ့ပြီး အရပ်အမြင့် ၅ ပေ၉ရှိတဲ့ Winnie Harlow ကိုတော့ အားလုံးနီးပါးသိကြမယ်လို့ထင်ပါတယ်။ ကနေဒါနိုင်ငံသားဖက်ရှင်မော်ဒယ်တစ်ခုဖြစ်ပြီး America’s Next Top Model Cycle 21 မှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူလေးဖြစ်ပါတယ်။
ပြိုင်ပွဲ့နေ ထွက်ခွာသွားခဲ့ရပေမယ့်လည်း အခုတော့ အောင်မြင်တဲ့ မော်ဒယ်တစ်ယောက်ဖြစ်နေပါပြီ။ သူမရဲ့ သမင်ဖြူလိုလို အသားအရေကြောင့်ပဲ ပိုပြီးလှပဆွဲဆောင်မှုရှိနေတာပါ။ London Fashion Weekတို့လို ရှိုးပွဲကြီးတွေမှာလည်း Cat Walk လျှောက်ခဲ့သလို ဖက်ရှင်မဂ္ဂဇင်းတွေမှာလည်း Cover Model အဖြစ်ဖော်ပြခြင်းခံရသူလေးဖြစ်ပါတယ်။

၂။ Sabina Karlsson
သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကြောင့် ပိုပြီးနာမည်ကျော်ကြားသူတစ်ဦးဖြစ်ပါတယ်။ သူမကိုတော့ ၁၉၈၈ ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီး ဆွစ်ဒင်နိုင်ငံသားဖြစ်ပါတယ်။ ခန္ဓာကိုယ်အချိုးအစား ၃၆ ၊ ၃၂၊ ၄၃ရှိပြီး အရပ်အမြင့်က ၅ ပေ၉ ရှိသူဖြစ်ပါတယ်။ အသက် ၄ နှစ်အရွယ်ကတည်းက မော်ဒယ်စပြီးလုပ်ကိုင်လာခဲ့တာဖြစ်ပြီး မော်ဒယ်အလုပ်ကိုပဲ ရွေးချယ်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ဖက်ရှင်ဒီဇိုင်နာ Jean Paul Gaultier နဲ့ ဖက်ရှင်ကုမ္ပဏီ Armani အတွက် အလုပ်လုပ်ပေးရင် ပိုပြီးလူသိများလာခဲ့တာဖြစ်ပါတယ်။
ဖက်ရှင်ရှိုးတော်တော်များမှာလည်း ပါဝင်နေသူဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာတော့ Plus Size Model အဖြစ်ပြောင်းလဲရပ်တည်ခဲ့ပြီး Plus Size Model ရဲ့ Icon တစ်ဦးလည်းဖြစ်ပါတယ်။

၃။ Slick Woods
၁၉၉၆ ခုနှစ်မှာမွေးဖွားခဲ့ပြီး အရပ်အမြင့် ၅ ပေ ၁၀လက်မရှိသူလေးဖြစ်ပါတယ်။ သူမကိုတော့ ကတုံးဆံပင်ကေ၊ သွားကျဲကျဲနဲ့ တက်တူးတွေကြောင့် ပိုပြီး သိများပါတယ်။ သူမဟာ Social Media Modeling ဖြစ်ပြီး Follower အများဆုံး နံပါတ် ၆ ချိတ်ပါတယ်။
သူမကိုတော့ ဒီဇိုင်နာ Marc Jacobs အတွက်မော်ဒယ်လုပ်ပေးရင်း ပိုလူသိများခဲ့တာပါ။ ဖက်ရှင်ရှိုးပွဲတော်တော်များများမှာလည်း ပါဝင်နေသူဖြစ်ပါတယ်။ Vogue မဂ္ဂဇင်းတို့လို နာမည်ကျော် မဂ္ဂဇင်းတွေမှာလည်း ဖော်ပြခံရသူလေးဖြစ်ပြီး Calvin Klein အတွက် Campaign တွေမှာလည်း ပါဝင်နေရသူလေးဖြစ်ပါတယ်။
အဆိုတော် Rihanna ရဲ့ မိတ်ကပ်brand တစ်ခုဖြစ်တဲ့ Fenty Beauty မှာလည်း Woods ရဲ့ မျက်နှာ ကို ဖော်ပြထားပါတယ်။ သူမဟာ ၂၀၁၇ ခုနှစ် ဇူလိုင်လက models.com ရဲ့ Hot List စာရင်းမှာ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။
Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top