iMyanmarHouse.com - Best Property Website for Myanmar
×

လက္ရွိဘ၀ကို တိုးတက္ခ်င္ရင္ အေျပာင္းအလဲလုပ္ဖို႔ လိုအပ္ပါတယ္။ ဘ၀ရဲ႕ ေနာက္ထပ္ ေျခလွမ္းသစ္ကို ေလွ်ာက္လွမ္းတဲ့အခ်ိန္မွာ စြန္႔စားမႈ၊ ေျပာင္းလဲမႈေတြ လုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္။

Nestlé ကုမၸဏီ ကေတာ့ ေနာက္ထပ္ ေျခလွမ္းသစ္တစ္ခုအေနနဲ႔ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ေအာင္ျမင္ေနတဲ့ Nescafe 3-in-1 ကို ရပ္တန္႔ၿပီး Nescafe Blend & Brew ေကာ္ဖီကို ေျပာင္းလဲ ထုတ္လုပ္လုိက္ပါၿပီ။
ထုတ္လုပ္ပံု

Nestlé ရဲ႕ မူပိုင္ Blend & Brew နည္းပညာဟာ ေကာ္ဖီေစ့ေတြကို သာမန္ထက္ ၁၀ဆ ပိုမိုႏုညက္ေအာင္ ႀကိတ္ေခ်ကာ တျခား ပါ၀င္ပစၥည္းေတြနဲ႔ ေရာေႏွာၿပီး ႏုညက္ေကာင္းမြန္တဲ့ ေကာ္ဖီမႈန္႔ျဖစ္ေအာင္ တစ္ဆင့္ၿပီး တစ္ဆင့္ ထုတ္လုပ္ထားပါတယ္။

အေကာင္းမြန္ဆံုး ေကာ္ဖီရနံ႔ ရရွိဖို႔ ေကာ္ဖီေစ့ေတြကို အသင့္ေတာ္ဆံုး အပူခ်ိန္မွာ ေလွာ္စပ္ထားၿပီး ပထမအႀကိမ္ ႀကိတ္ေခ်မႈျပဳလုပ္ၿပီးတဲ့ေနာက္မွာ ေကာ္ဖီေစ့ေတြကို ၁၀ဆ ပိုမိုႏုညက္ေအာင္ ဒုတိယအႀကိမ္ ထပ္မံႀကိတ္ေခ်ပါတယ္။ ဒါေၾကာင့္ ေကာ္ဖီရဲ႕ အနံ႔ အဆီအႏွစ္ေတြက ေမႊးပ်ံ႕ ႏုညက္ေပ်ာ့ေပ်ာင္းေနပါတယ္။
ေကာ္ဖီမႈန္႔ေတြကို Nestlé ရဲ႕ Creamer နဲ႔ လႊမ္းၿခံဳလိုက္ၿပီး ေရတြင္ ေပ်ာ္၀င္လြယ္ေသာ ေကာ္ဖီ၊ သၾကားတို႔ကို ေနာက္ဆံုးအဆင့္အျဖစ္ ေရာစပ္လို္က္ပါတယ္။ ထုတ္လုပ္မႈ အဆင့္တစ္ဆင့္ခ်င္းစီ ေသခ်ာဂရုတစိုက္ထုတ္လုပ္ကာ သမမွ်တေအာင္ ေရာစပ္ထုတ္လုပ္ထားမႈက တျခား 3-in-1 ေကာ္ဖီမ်ားနဲ႔ Blend & Brew ရဲ႕ ကြာျခားခ်က္ဘဲ ျဖစ္ပါတယ္။
ဒါ့ေၾကာင့္ Nestlé’ ကုမၸဏီရဲ႕ စြန္႔စားမႈေတြလိုဘဲ သင့္ဘ၀ တိုးတက္ေကာင္းမြန္ဖုိ႔ NESCAFÉ Blend & Brew ေသာက္ရင္း သင့္ဘ၀ကို ေျပာင္းလဲလိုက္ၾကရေအာင္။
စြန္႔စားလိုစိတ္ရွိသူေတြအတြက္ ေကာ္ဖီရဲ႕ေကာင္းက်ိဳးမ်ား

စိတ္ပိုင္းဆိုင္ရာကို လန္းဆန္း တက္ၾကြေစ
ေကာ္ဖီမွာပါ၀င္တဲ့ ကဖိန္းဓာတ္ေၾကာင့္ စိတ္ပင္ပန္းႏြမ္းနယ္မႈကို ေပ်ာက္ေစၿပီး တက္ၾကြလန္းဆန္းေစပါတယ္။ တခါတေလ ပိုေကာင္းမြန္တဲ့ဘ၀ကို ရရွိဖို႔ ခရီးၾကမ္းေလွ်ာက္ေနခ်ိန္မွာ ေကာ္ဖီက သင့္ကို ခြန္အားေတြနဲ႔ လန္းဆန္းတက္ၾကြမႈကို ေပးၿပီး အလုပ္ပိုလုပ္ႏိုင္ေအာင္ ကူညီေပးမွာျဖစ္ပါတယ္။

စိတ္စြမ္းအင္ကို တိုးျမွင့္ေပး
စိတ္စြမ္းအင္ဆိုတာ ဆံုးျဖတ္ခ်က္ေတြ ခ်ရာမွာလည္း အထူးအေရးပါပါတယ္။ စတီေဂ်ာ့က အက်ၤီဆင္တူ၊ ေဘာင္းဘီ ဆင္တူကို ေန႔စဥ္၀တ္တယ္ဆိုတာ သိမွာပါ။ အေရးႀကီး ဆံုးျဖတ္ခ်က္ေတြခ်ဖို႔ သူ႔ရဲ႕စိတ္စြမ္းအင္ကို သိမ္းဆည္းထားတာျဖစ္ပါတယ္။

ေကာ္ဖီက သင္ေမာပန္းေနတဲ့အခ်ိန္မွာေတာင္ သင့္ရဲ႕ စိတ္စြမ္းအင္ကို ခိုင္မာေစၿပီး စိတ္အလိုမလိုက္ဘဲ ကိုယ္တိုင္ထိန္းခ်ဳပ္ႏိုင္ေအာင္ ကူညီေပးပါတယ္။

ဒါေၾကာင့္ ေမာပန္းႏြမ္းနယ္ေနခ်ိန္၊ အခက္အခဲေတြနဲ႔ရႈပ္ေနခ်ိန္မွာေတာင္ သင္လိုခ်င္တဲ့ တန္ဖိုးထားမႈေတြ၊ လိုအပ္ခ်က္ေတြကို အေျခခံၿပီး လုပ္ငန္းဆိုင္ရာေဆြးေႏြးမႈေတြ ေအာင္ေအာင္ျမင္ျမင္လုပ္ေဆာင္ႏိုင္ကာ ဖိအားေတြခံႏိုင္မွာျဖစ္ပါတယ္။

ေကာ္ဖီေသာက္ျခင္းျဖင့္ သင့္ေန႔ရက္ေတြကို ပိုမိုေကာင္းမြန္စြာျဖတ္သန္းႏိုင္ၿပီး ေကာင္းမြန္တဲ့ ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ႏိုင္မွာပါ။

ေလ့လာမႈကို ပိုမိုျမန္ဆန္ေစ
အမ်ားအားျဖင့္ စြန္႔စားမႈကို ႏွစ္သက္သူ၊ ဘ၀ကို ေျပာင္းလဲခ်င္သူ၊ စြန္႔ဦးတီထြင္သူေတြဟာ အၿမဲလိုလို အေၾကာင္းအရာအသစ္ေတြကို အင္တာနက္၊ ေဆာင္းပါး၊ မဂၢဇင္းေတြ၊ စာအုပ္ေတြ၊ ဗီဒီယို၊ youtube၊ ေရဒီယိုေတြကေနတစ္ဆင့္ ေလ့လာေနရတာပါ။

ဒီအေၾကာင္းအရာအသစ္ေတြကလည္း သူတို႔ လုပ္ငန္းအတြက္ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ရာမွာ အေရးပါပါတယ္။
pexels-photo-226172

ဒါေၾကာင့္ ေကာ္ဖီတစ္ခြက္ေလာက္ေသာက္ထားရင္ အာရုံစိုက္မႈလည္း ပိုေကာင္းၿပီး ေလ့လာမႈအားလည္း ပိုေကာင္းေစပါတယ္။

စြန္႔ဦးတီထြင္သူေတြက သူတို႔လုပ္ငန္းကို တျခားသူေတြထက္ ေျခတစ္လွမ္းဦးေစဖို႔ နည္းပညာအသစ္ေတြ၊ အေၾကာင္းအရာအသစ္ေတြ အၿမဲေလ့လာေနရတာေၾကာင့္ ေကာ္ဖီတစ္ခြက္ သို႔မဟုတ္ ႏွစ္ခြက္ေလာက္ေသာက္လုိက္ရင္ ေလ့လာမႈ အားေကာင္းေစမွာပါ။
Credit : MyFood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လက်ရှိဘဝကို တိုးတက်ချင်ရင် အပြောင်းအလဲလုပ်ဖို့ လိုအပ်ပါတယ်။ ဘဝရဲ့ နောက်ထပ် ခြေလှမ်းသစ်ကို လျှောက်လှမ်းတဲ့အချိန်မှာ စွန့်စားမှု၊ ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

Nestlé ကုမ္ပဏီ ကတော့ နောက်ထပ် ခြေလှမ်းသစ်တစ်ခုအနေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ အောင်မြင်နေတဲ့ Nescafe 3-in-1 ကို ရပ်တန့်ပြီး Nescafe Blend & Brew ကော်ဖီကို ပြောင်းလဲ ထုတ်လုပ်လိုက်ပါပြီ။
ထုတ်လုပ်ပုံ

Nestlé ရဲ့ မူပိုင် Blend & Brew နည်းပညာဟာ ကော်ဖီစေ့တွေကို သာမန်ထက် ၁၀ဆ ပိုမိုနုညက်အောင် ကြိတ်ချေကာ တခြား ပါဝင်ပစ္စည်းတွေနဲ့ ရောနှောပြီး နုညက်ကောင်းမွန်တဲ့ ကော်ဖီမှုန့်ဖြစ်အောင် တစ်ဆင့်ပြီး တစ်ဆင့် ထုတ်လုပ်ထားပါတယ်။

အကောင်းမွန်ဆုံး ကော်ဖီရနံ့ ရရှိဖို့ ကော်ဖီစေ့တွေကို အသင့်တော်ဆုံး အပူချိန်မှာ လှော်စပ်ထားပြီး ပထမအကြိမ် ကြိတ်ချေမှုပြုလုပ်ပြီးတဲ့နောက်မှာ ကော်ဖီစေ့တွေကို ၁၀ဆ ပိုမိုနုညက်အောင် ဒုတိယအကြိမ် ထပ်မံကြိတ်ချေပါတယ်။ ဒါကြောင့် ကော်ဖီရဲ့ အနံ့ အဆီအနှစ်တွေက မွှေးပျံ့ နုညက်ပျော့ပျောင်းနေပါတယ်။
ကော်ဖီမှုန့်တွေကို Nestlé ရဲ့ Creamer နဲ့ လွှမ်းခြုံလိုက်ပြီး ရေတွင် ပျော်ဝင်လွယ်သော ကော်ဖီ၊ သကြားတို့ကို နောက်ဆုံးအဆင့်အဖြစ် ရောစပ်လိုက်ပါတယ်။ ထုတ်လုပ်မှု အဆင့်တစ်ဆင့်ချင်းစီ သေချာဂရုတစိုက်ထုတ်လုပ်ကာ သမမျှတအောင် ရောစပ်ထုတ်လုပ်ထားမှုက တခြား 3-in-1 ကော်ဖီများနဲ့ Blend & Brew ရဲ့ ကွာခြားချက်ဘဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် Nestlé’ ကုမ္ပဏီရဲ့ စွန့်စားမှုတွေလိုဘဲ သင့်ဘ၀ တိုးတက်ကောင်းမွန်ဖို့ NESCAFÉ Blend & Brew သောက်ရင်း သင့်ဘဝကို ပြောင်းလဲလိုက်ကြရအောင်။
စွန့်စားလိုစိတ်ရှိသူတွေအတွက် ကော်ဖီရဲ့ကောင်းကျိုးများ

စိတ်ပိုင်းဆိုင်ရာကို လန်းဆန်း တက်ကြွစေ
ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်ကြောင့် စိတ်ပင်ပန်းနွမ်းနယ်မှုကို ပျောက်စေပြီး တက်ကြွလန်းဆန်းစေပါတယ်။ တခါတလေ ပိုကောင်းမွန်တဲ့ဘဝကို ရရှိဖို့ ခရီးကြမ်းလျှောက်နေချိန်မှာ ကော်ဖီက သင့်ကို ခွန်အားတွေနဲ့ လန်းဆန်းတက်ကြွမှုကို ပေးပြီး အလုပ်ပိုလုပ်နိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။

စိတ်စွမ်းအင်ကို တိုးမြှင့်ပေး
စိတ်စွမ်းအင်ဆိုတာ ဆုံးဖြတ်ချက်တွေ ချရာမှာလည်း အထူးအရေးပါပါတယ်။ စတီဂျော့က အင်္ကျီဆင်တူ၊ ဘောင်းဘီ ဆင်တူကို နေ့စဉ်ဝတ်တယ်ဆိုတာ သိမှာပါ။ အရေးကြီး ဆုံးဖြတ်ချက်တွေချဖို့ သူ့ရဲ့စိတ်စွမ်းအင်ကို သိမ်းဆည်းထားတာဖြစ်ပါတယ်။

ကော်ဖီက သင်မောပန်းနေတဲ့အချိန်မှာတောင် သင့်ရဲ့ စိတ်စွမ်းအင်ကို ခိုင်မာစေပြီး စိတ်အလိုမလိုက်ဘဲ ကိုယ်တိုင်ထိန်းချုပ်နိုင်အောင် ကူညီပေးပါတယ်။

ဒါကြောင့် မောပန်းနွမ်းနယ်နေချိန်၊ အခက်အခဲတွေနဲ့ရှုပ်နေချိန်မှာတောင် သင်လိုချင်တဲ့ တန်ဖိုးထားမှုတွေ၊ လိုအပ်ချက်တွေကို အခြေခံပြီး လုပ်ငန်းဆိုင်ရာဆွေးနွေးမှုတွေ အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ကာ ဖိအားတွေခံနိုင်မှာဖြစ်ပါတယ်။

ကော်ဖီသောက်ခြင်းဖြင့် သင့်နေ့ရက်တွေကို ပိုမိုကောင်းမွန်စွာဖြတ်သန်းနိုင်ပြီး ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မှာပါ။

လေ့လာမှုကို ပိုမိုမြန်ဆန်စေ
အများအားဖြင့် စွန့်စားမှုကို နှစ်သက်သူ၊ ဘဝကို ပြောင်းလဲချင်သူ၊ စွန့်ဦးတီထွင်သူတွေဟာ အမြဲလိုလို အကြောင်းအရာအသစ်တွေကို အင်တာနက်၊ ဆောင်းပါး၊ မဂ္ဂဇင်းတွေ၊ စာအုပ်တွေ၊ ဗီဒီယို၊ youtube၊ ရေဒီယိုတွေကနေတစ်ဆင့် လေ့လာနေရတာပါ။

ဒီအကြောင်းအရာအသစ်တွေကလည်း သူတို့ လုပ်ငန်းအတွက်ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အရေးပါပါတယ်။
pexels-photo-226172

ဒါကြောင့် ကော်ဖီတစ်ခွက်လောက်သောက်ထားရင် အာရုံစိုက်မှုလည်း ပိုကောင်းပြီး လေ့လာမှုအားလည်း ပိုကောင်းစေပါတယ်။

စွန့်ဦးတီထွင်သူတွေက သူတို့လုပ်ငန်းကို တခြားသူတွေထက် ခြေတစ်လှမ်းဦးစေဖို့ နည်းပညာအသစ်တွေ၊ အကြောင်းအရာအသစ်တွေ အမြဲလေ့လာနေရတာကြောင့် ကော်ဖီတစ်ခွက် သို့မဟုတ် နှစ်ခွက်လောက်သောက်လိုက်ရင် လေ့လာမှု အားကောင်းစေမှာပါ။
Credit : MyFood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top