iMyanmarHouse.com - Best Property Website for Myanmar
×

တကယ္လို႔ ခင္ဗ်ားသာ ကြ်န္ေတာ္႔လို ေကာ္ဖီခေရဇီတစ္ေယာက္ဆိုရင္ မနက္မိုးလင္းလို႔ မ်က္စိ (၂) လံုး ပြင္႔ၿပီဆုိတာနဲ႔ ေကာ္ဖီေဖ်ာ္စက္နားသြားၿပီး ေကာ္ဖီပူပူ၊ ေမႊးေမႊးေလးတစ္ခြက္ကို ကိုယ္တိုင္ေဖ်ာ္ေသာက္ခ်င္မိမွာပါပဲ။ ေကာ္ဖီဟာ ကမၻာေပၚမွာ (ေရၿပီးရင္) လူေသာက္အမ်ားဆံုး အေဖ်ာ္ယမကာတစ္မ်ိဳး ျဖစ္တဲ႔အတြက္ ခင္ဗ်ားလည္း ကြ်န္ေတာ္႔လိုပဲ ေကာ္ဖီေကာင္းေကာင္း တစ္ခြက္ကို ႏွစ္သက္ႏိုင္ေျခ ေတာ္ေတာ္မ်ားမွာပါ။

ဒါေပမယ္႔ ေကာ္ဖီေသာက္ဖို႔ အေကာင္းဆံုးအခ်ိန္ဟာ မနက္မိုးလင္း အိပ္ယာထခ်ိန္လည္း မဟုတ္ေသးပါဘူးတဲ႔။ ဒါဆိုရင္ ဘယ္အခ်ိန္ျဖစ္မလဲ။ ဒီေမးခြန္းကို ေအာက္မွာ ေျဖၾကားေပးထားပါတယ္။

မနက္အိပ္္ယာႏိုးႏိုးခ်င္း ေကာ္ဖီမေသာက္သင္႔

မနက္ခင္းအခ်ိန္ေတြမွာ ေကာ္ဖီေသာက္ျခင္းျဖင္႔ ႏိုးၾကားတဲ႔အာရံုကို ဝုန္းခနဲတက္လာေအာင္ ဆြဲေဆာင္ေပးႏိုင္တယ္ဆိုေပမယ္႔ အခ်ိန္အနည္းငယ္ၾကာရင္ အဲဒီကဖင္းဓာတ္က လႈံ႕ေဆာ္ေပးထားတဲ႔ တက္ၾကြႏိုးၾကားမႈေတြက က်ဆင္းသြားမွာပါ။ ဒါေၾကာင္႔ မနက္အိပ္ယာ ႏိုးႏိုးခ်င္း ေကာ္ဖီေသာက္ျခင္းကို ေရွာင္ရွားသင္႔တာပါ။ လိုင္စင္ရ အစားအေသာက္ေရးရာ ကြ်မ္းက်င္ပညာရွင္ Laura Cipullo ကလည္း အခုလို ဆိုထားပါတယ္။

ေကာ္ဖီေသာက္ဖို႔ အေကာင္းဆံုးအခ်ိန္

ကိုယ္ေသာက္လိုက္တဲ႔ ေကာ္ဖီတစ္ခြက္ရဲ႕ အက်ိဳးအာနိသင္ေတြကို အျပည္႔အဝရရွိေစႏိုင္ၿပီး ေဘးထြက္ဆိုးက်ိဳးေတြကိုေတာ႔ အနည္းဆံုး ျဖစ္ေစႏိုင္ဖို႔အတြက္ ေကာ္ဖီေသာက္မယ္႔ အခ်ိန္ကိုလည္း တစ္ေန႔တာရဲ႕ အေကာင္းဆံုးအခ်ိန္ကို ေရြးခ်ယ္သင္႔ပါတယ္။ ေကာ္ဖီေသာက္သံုးဖို႔အတြက္ အေကာင္းဆံုးအခ်ိန္ကေတာ႔ မနက္ (၁၀) နာရီ ဝန္းက်င္ (သို႔မဟုတ္) ေန႔လည္ (၁၁) နာရီဝန္းက်င္ခန္႔ ျဖစ္တယ္လို႔ ကြ်မ္းက်င္သူေတြက ဆိုထားပါတယ္။

အိပ္ယာထၿပီး (၃) (၄) နာရီေလာက္ၾကာမွ ကဖင္းဓာတ္ကို ခႏၶာကိုယ္ထဲ ထည္႔ျခင္းဟာ ေကာ္ဖီရဲ႕အက်ိဳးအာနိသင္ေတြကို အျပည္႔အဝရရွိေစႏိုင္တယ္ လို႔လည္း ကြ်မ္းက်င္သူအမ်ားက သတ္မွတ္ထားပါတယ္။ ဘာလို႔လဲဆိုေတာ႔ အဲဒီအခ်ိန္မွာ ခႏၶာကိုယ္မွာ cortisol လို႔ေခၚတဲ႔ လူကိုႏိုးၾကားေနေစတဲ႔ ေဟာ္မုန္းေတြ က်ဆင္းေနၿပီး လူကိုျပန္လည္ႏိုးၾကားေစဖို႔ booster တစ္ခုခုကိုလည္း လိုအပ္ေနခ်ိန္ ျဖစ္လို႔ပါပဲတဲ႔။

ဝိေရာဓိမ်ား

ဒါေပမယ္႔ မနက္မိုးလင္းတာနဲ႔ ေကာ္ဖီတစ္ခြက္ ေသာက္ကိုေသာက္ရမွ အဆင္ေျပမယ္႕သူ ဆိုရင္လည္း ဆက္ေသာက္လို႔ရပါတယ္။ အေကာင္းဆံုးအခ်ိန္မွာ မေသာက္ရင္ေတာင္ ေကာ္ဖီရဲ႕ အက်ိဳးေက်းဇူးေတြကိုေတာ႔ ဆက္လက္ရရွိေနဦးမွာပါ။ ဒါ႔အျပင္ လူတိုင္းလူတိုင္းက ဒီသီအိုရီကို လက္ခံၾကတာလည္း မဟုတ္ေသးပါဘူး။

လိုင္စင္ရ အာဟာရေဗဒပညာရွင္ Melanie Dellingees ကေတာ႔ ေကာ္ဖီနဲ႔ပတ္သက္ရင္ အေရးအႀကီးဆံုးက ခႏၶာကိုယ္ထဲကို ကဖင္းပမာဏ ဘယ္ေလာက္ထည္႔လိုက္ႏိုင္လဲက အေရးအႀကီးဆံုးျဖစ္ၿပီး ဘယ္အခ်ိန္မွာေသာက္ျခင္းက အဲေလာက္ အေရးမပါလွဘူးလို႔ ယံုၾကည္ထားပါတယ္။

သူမကေတာ႔ တစ္ေန႔ကို ေကာ္ဖီ (၂) ခြက္ကေန (၄) ခြက္အတြင္း ေသာက္သံုးမယ္ဆိုရင္ ေကာ္ဖီရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြကို အျပည္႔အဝ ရရွိႏိုင္မွာပါလို႔ ဆိုထားပါတယ္။

ဘာကိုပဲ လက္ခံဖို႔ ေရြးခ်ယ္လိုက္သည္ျဖစ္ပါေစ။ ေကာ္ဖီခ်စ္သူမွန္ရင္ေတာ႔ ေန႔လည္ပိုင္းေလာက္ဆိုရင္ ေကာ္ဖီတစ္ခြက္ကို ေသခ်ာေပါက္ေသာက္သံုးမိၾကမွာပါပဲ။ ဒါေပမယ္႔ သတိထားရမွာတစ္ခုက ေန႔လည္ (၂) နာရီ၊ (၃) နာရီေလာက္မွာေတာ႔ ေကာ္ဖီကို မေသာက္မိေအာင္ ေရွာင္ရွားသင္႔ပါတယ္။ ဘာလို႔လဲဆိုေတာ႔ သုေတသနေတြအရ ေကာ္ဖီထဲက ကဖင္းဓာတ္ဟာ ေသာက္သံုးၿပီး (၆) နာရီအခ်ိန္အတြင္း အိပ္စက္ျခင္းသံသရာကို ေႏွာင္႔ယွက္ႏိုင္လို႔ပါပဲတဲ႔။
Credit: Duwun
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တကယ်လို့ ခင်ဗျားသာ ကျွန်တော့်လို ကော်ဖီခရေဇီတစ်ယောက်ဆိုရင် မနက်မိုးလင်းလို့ မျက်စိ (၂) လုံး ပွင့်ပြီဆိုတာနဲ့ ကော်ဖီဖျော်စက်နားသွားပြီး ကော်ဖီပူပူ၊ မွှေးမွှေးလေးတစ်ခွက်ကို ကိုယ်တိုင်ဖျော်သောက်ချင်မိမှာပါပဲ။ ကော်ဖီဟာ ကမ္ဘာပေါ်မှာ (ရေပြီးရင်) လူသောက်အများဆုံး အဖျော်ယမကာတစ်မျိုး ဖြစ်တဲ့အတွက် ခင်ဗျားလည်း ကျွန်တော့်လိုပဲ ကော်ဖီကောင်းကောင်း တစ်ခွက်ကို နှစ်သက်နိုင်ခြေ တော်တော်များမှာပါ။

ဒါပေမယ့် ကော်ဖီသောက်ဖို့ အကောင်းဆုံးအချိန်ဟာ မနက်မိုးလင်း အိပ်ယာထချိန်လည်း မဟုတ်သေးပါဘူးတဲ့။ ဒါဆိုရင် ဘယ်အချိန်ဖြစ်မလဲ။ ဒီမေးခွန်းကို အောက်မှာ ဖြေကြားပေးထားပါတယ်။

မနက်အိပ်ယာနိုးနိုးချင်း ကော်ဖီမသောက်သင့်

မနက်ခင်းအချိန်တွေမှာ ကော်ဖီသောက်ခြင်းဖြင့် နိုးကြားတဲ့အာရုံကို ဝုန်းခနဲတက်လာအောင် ဆွဲဆောင်ပေးနိုင်တယ်ဆိုပေမယ့် အချိန်အနည်းငယ်ကြာရင် အဲဒီကဖင်းဓာတ်က လှုံ့ဆော်ပေးထားတဲ့ တက်ကြွနိုးကြားမှုတွေက ကျဆင်းသွားမှာပါ။ ဒါကြောင့် မနက်အိပ်ယာ နိုးနိုးချင်း ကော်ဖီသောက်ခြင်းကို ရှောင်ရှားသင့်တာပါ။ လိုင်စင်ရ အစားအသောက်ရေးရာ ကျွမ်းကျင်ပညာရှင် Laura Cipullo ကလည်း အခုလို ဆိုထားပါတယ်။

ကော်ဖီသောက်ဖို့ အကောင်းဆုံးအချိန်

ကိုယ်သောက်လိုက်တဲ့ ကော်ဖီတစ်ခွက်ရဲ့ အကျိုးအာနိသင်တွေကို အပြည့်အဝရရှိစေနိုင်ပြီး ဘေးထွက်ဆိုးကျိုးတွေကိုတော့ အနည်းဆုံး ဖြစ်စေနိုင်ဖို့အတွက် ကော်ဖီသောက်မယ့် အချိန်ကိုလည်း တစ်နေ့တာရဲ့ အကောင်းဆုံးအချိန်ကို ရွေးချယ်သင့်ပါတယ်။ ကော်ဖီသောက်သုံးဖို့အတွက် အကောင်းဆုံးအချိန်ကတော့ မနက် (၁၀) နာရီ ဝန်းကျင် (သို့မဟုတ်) နေ့လည် (၁၁) နာရီဝန်းကျင်ခန့် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။

အိပ်ယာထပြီး (၃) (၄) နာရီလောက်ကြာမှ ကဖင်းဓာတ်ကို ခန္ဓာကိုယ်ထဲ ထည့်ခြင်းဟာ ကော်ဖီရဲ့အကျိုးအာနိသင်တွေကို အပြည့်အဝရရှိစေနိုင်တယ် လို့လည်း ကျွမ်းကျင်သူအများက သတ်မှတ်ထားပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ ခန္ဓာကိုယ်မှာ cortisol လို့ခေါ်တဲ့ လူကိုနိုးကြားနေစေတဲ့ ဟော်မုန်းတွေ ကျဆင်းနေပြီး လူကိုပြန်လည်နိုးကြားစေဖို့ booster တစ်ခုခုကိုလည်း လိုအပ်နေချိန် ဖြစ်လို့ပါပဲတဲ့။

ဝိရောဓိများ

ဒါပေမယ့် မနက်မိုးလင်းတာနဲ့ ကော်ဖီတစ်ခွက် သောက်ကိုသောက်ရမှ အဆင်ပြေမယ့်သူ ဆိုရင်လည်း ဆက်သောက်လို့ရပါတယ်။ အကောင်းဆုံးအချိန်မှာ မသောက်ရင်တောင် ကော်ဖီရဲ့ အကျိုးကျေးဇူးတွေကိုတော့ ဆက်လက်ရရှိနေဦးမှာပါ။ ဒါ့အပြင် လူတိုင်းလူတိုင်းက ဒီသီအိုရီကို လက်ခံကြတာလည်း မဟုတ်သေးပါဘူး။

လိုင်စင်ရ အာဟာရဗေဒပညာရှင် Melanie Dellingees ကတော့ ကော်ဖီနဲ့ပတ်သက်ရင် အရေးအကြီးဆုံးက ခန္ဓာကိုယ်ထဲကို ကဖင်းပမာဏ ဘယ်လောက်ထည့်လိုက်နိုင်လဲက အရေးအကြီးဆုံးဖြစ်ပြီး ဘယ်အချိန်မှာသောက်ခြင်းက အဲလောက် အရေးမပါလှဘူးလို့ ယုံကြည်ထားပါတယ်။

သူမကတော့ တစ်နေ့ကို ကော်ဖီ (၂) ခွက်ကနေ (၄) ခွက်အတွင်း သောက်သုံးမယ်ဆိုရင် ကော်ဖီရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို အပြည့်အဝ ရရှိနိုင်မှာပါလို့ ဆိုထားပါတယ်။

ဘာကိုပဲ လက်ခံဖို့ ရွေးချယ်လိုက်သည်ဖြစ်ပါစေ။ ကော်ဖီချစ်သူမှန်ရင်တော့ နေ့လည်ပိုင်းလောက်ဆိုရင် ကော်ဖီတစ်ခွက်ကို သေချာပေါက်သောက်သုံးမိကြမှာပါပဲ။ ဒါပေမယ့် သတိထားရမှာတစ်ခုက နေ့လည် (၂) နာရီ၊ (၃) နာရီလောက်မှာတော့ ကော်ဖီကို မသောက်မိအောင် ရှောင်ရှားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သုတေသနတွေအရ ကော်ဖီထဲက ကဖင်းဓာတ်ဟာ သောက်သုံးပြီး (၆) နာရီအချိန်အတွင်း အိပ်စက်ခြင်းသံသရာကို နှောင့်ယှက်နိုင်လို့ပါပဲတဲ့။
Credit: Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top