iMyanmarHouse.com - Best Property Website for Myanmar
×

သူတုိ႔ႏွစ္ဦးလံုးရဲ႕အရပ္ ကို ေပါင္းလိုက္ရင္ေတာင္မွ ၁၈၁.၄၁ စင္တီမီတာ ပဲ ႐ွိပါတယ္။ဘရာဇီးႏိုင္ငံက ေပၚလို ဂတ္ဘရီရယ္ ဒါ ေဆးလ္ဗား ဘားေရာ့စ္နဲ႔ ကတ္တူစီယာ လိုင္း ဟို႐ွီႏိုတုိ႔ ဇနီးေမာင္ႏွံ ဟာ ဂင္းနစ္ ကမၻာ့စံခ်ိန္တင္ အဖြဲ႔က “ကမၻာ့အေသးဆံုး မဂၤလာေမာင္ႏွံ” အျဖစ္ မွတ္တမ္း တင္ထားခံျခင္းရသူေတြပါ။ သူတုိ႔ႏွစ္ဦးလံုးရဲ႕အရပ္ကို ေပါင္းလိုက္ရင္ေတာင္မွ ၅ ေပ ၉ လက္မေက်ာ္ေက်ာ္ (၁၈၁.၄၁ စင္တီမီတာ)ပဲ ႐ွိပါတယ္။
ေပၚလိုက အသက္ ၃၁ ႏွစ္၊ အရပ္ ၉၀.၂၈ စင္တီမီတာ နဲ႔ ကတ္တူစီယာ က အသက္ ၂၈ ႏွစ္ ၊ အရပ္ ၉၁.၁၃ စင္တီမီတာ စီ ႐ွိၾကပါတယ္။ သာမန္လူတစ္ဦးမွာ ႐ွိသင့္တဲ့ အရပ္ ထက္ မ်ားစြာနိမ့္ေနၾကသူအခ်င္းခ်င္း ေ႐ႊလက္တြဲျဖစ္သြားတဲ့အခါ လူေတြ က ခ်ီးေျမႇာက္ စကားဆိုၾကပါတယ္။ သူတုိ႔ႏွစ္ဦးဟာ ၂၀၀၆ ခုႏွစ္မွာ လူမႈကြန္ရက္ ေပၚကတစ္ဆင့္ စတင္သိကၽြမ္းခဲ့ၿပီး ၂၀၀၈ ခုႏွစ္ ဒီဇင္ဘာ ၂၀ ရက္ေန႔မွာမွ စတင္ဆံုျဖစ္ၾကတာပါ။ ဒီဇင္ဘာ ၂၉ ရက္မွာေတာ့ ခ်စ္သူ ေတြအျဖစ္ စတင္တြဲလုိက္ပါေတာ့တယ္။ သူတုိ႔ႏွစ္ေယာက္က ခႏၶာကိုယ္ ေသးငယ္ေပမဲ့ အခ်စ္ ေတြေတာ့ အမ်ားႀကီး႐ွိတယ္လို႔ ေပၚလိုက ေျပာပါတယ္။
တစ္ေယာက္တစ္နယ္စီမွာ ေနထုိင္ၾကတဲ့ ခ်စ္သူ နွစ္ဦးဟာ ၂၀၁၂ ခုႏွစ္မွာေတာ့ ေပါင္းစည္းလိုက္ၾကပါတယ္။ ကတ္တူစီယာ က ေပၚလိုေနထိုင္တဲ့ Itapeva ၿမိဳ႕ကို ေျပာင္းေရႊ႕အေျခခ်လိုက္တာပါ။ ေပၚလိုက သူ႔ၿမိဳ႕ေဒသခံ အစိုးရ ဝန္ထမ္းအျဖစ္ လုပ္ကိုင္ၿပီး ကတ္တူစီယာ ကေတာ့ အလွျပင္ဆိုင္ပိုင္ရွင္တစ္ဦးပါ။ သူတုိ႔ႏွစ္ဦး လက္ထပ္ မဂၤလာ ဆင္ႏႊဲၿပီးေနာက္မွာ ဂင္းနစ္ ကမၻာ့ စံခ်ိန္တင္ အဖြဲ႔က ကမၻာ့အေသးငယ္ဆံုး ေမာင္ႏွံ အျဖစ္နဲ႔ မွတ္တမ္း ေပးအပ္ခဲ့တာျဖစ္ပါတယ္။
Credit : Lwinpyin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သူတို့နှစ်ဦးလုံးရဲ့အရပ် ကို ပေါင်းလိုက်ရင်တောင်မှ ၁၈၁.၄၁ စင်တီမီတာ ပဲ ရှိပါတယ်။ဘရာဇီးနိုင်ငံက ပေါ်လို ဂတ်ဘရီရယ် ဒါ ဆေးလ်ဗား ဘားရော့စ်နဲ့ ကတ်တူစီယာ လိုင်း ဟိုရှီနိုတို့ ဇနီးမောင်နှံ ဟာ ဂင်းနစ် ကမ္ဘာ့စံချိန်တင် အဖွဲ့က “ကမ္ဘာ့အသေးဆုံး မင်္ဂလာမောင်နှံ” အဖြစ် မှတ်တမ်း တင်ထားခံခြင်းရသူတွေပါ။ သူတို့နှစ်ဦးလုံးရဲ့အရပ်ကို ပေါင်းလိုက်ရင်တောင်မှ ၅ ပေ ၉ လက်မကျော်ကျော် (၁၈၁.၄၁ စင်တီမီတာ)ပဲ ရှိပါတယ်။

ပေါ်လိုက အသက် ၃၁ နှစ်၊ အရပ် ၉၀.၂၈ စင်တီမီတာ နဲ့ ကတ်တူစီယာ က အသက် ၂၈ နှစ် ၊ အရပ် ၉၁.၁၃ စင်တီမီတာ စီ ရှိကြပါတယ်။ သာမန်လူတစ်ဦးမှာ ရှိသင့်တဲ့ အရပ် ထက် များစွာနိမ့်နေကြသူအချင်းချင်း ရွှေလက်တွဲဖြစ်သွားတဲ့အခါ လူတွေ က ချီးမြှောက် စကားဆိုကြပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၀၆ ခုနှစ်မှာ လူမှုကွန်ရက် ပေါ်ကတစ်ဆင့် စတင်သိကျွမ်းခဲ့ပြီး ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့မှာမှ စတင်ဆုံဖြစ်ကြတာပါ။ ဒီဇင်ဘာ ၂၉ ရက်မှာတော့ ချစ်သူ တွေအဖြစ် စတင်တွဲလိုက်ပါတော့တယ်။ သူတို့နှစ်ယောက်က ခန္ဓာကိုယ် သေးငယ်ပေမဲ့ အချစ် တွေတော့ အများကြီးရှိတယ်လို့ ပေါ်လိုက ပြောပါတယ်။

တစ်ယောက်တစ်နယ်စီမှာ နေထိုင်ကြတဲ့ ချစ်သူ နှစ်ဦးဟာ ၂၀၁၂ ခုနှစ်မှာတော့ ပေါင်းစည်းလိုက်ကြပါတယ်။ ကတ်တူစီယာ က ပေါ်လိုနေထိုင်တဲ့ Itapeva မြို့ကို ပြောင်းရွှေ့အခြေချလိုက်တာပါ။ ပေါ်လိုက သူ့မြို့ဒေသခံ အစိုးရ ဝန်ထမ်းအဖြစ် လုပ်ကိုင်ပြီး ကတ်တူစီယာ ကတော့ အလှပြင်ဆိုင်ပိုင်ရှင်တစ်ဦးပါ။ သူတို့နှစ်ဦး လက်ထပ် မင်္ဂလာ ဆင်နွှဲပြီးနောက်မှာ ဂင်းနစ် ကမ္ဘာ့ စံချိန်တင် အဖွဲ့က ကမ္ဘာ့အသေးငယ်ဆုံး မောင်နှံ အဖြစ်နဲ့ မှတ်တမ်း ပေးအပ်ခဲ့တာဖြစ်ပါတယ်။

Credit : Lwinpyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top