iMyanmarHouse.com - Best Property Website for Myanmar
×
ပါဝင်ပစ္စည်း
ပြုလုပ်နည်း
ပါဝင်ပစ္စည်း
ပြင်ဆင်ခြင်း
Credit : MyStyle
ရှားစောင်းလက်ပပ်ကို အလှပအတွက် နည်းအမျိုးမျိုးနဲ့ အသုံးပြုကြပါတယ်။ အသားအရေ လှစေဖို့သုံးကြသလို၊ ကျန်းမာရေးအတွက် သောက်ကြသူတွေလည်းရှိပါတယ်။ ဒါတင်မကသေးပါဘူး။ သင့်ဆံကေသာကို နူးညံ့ဖြောင့်စင်းစေပါတယ်။
ရေဓာတ်ပါဝင်မှုမြင့်မားပြီး Antioxidant ပါဝင်သလို၊ သတ္တုဓာတ်လည်း ပါဝင်လို့ သင့်ဆံကေသာအတွက် ကောင်းမွန်ပါတယ်။
ရှားစောင်းလက်ပပ်နဲ့ အုန်းဆီ
ရှားစောင်းလက်ပပ်နဲ့ အုန်းဆီကို ပေါင်းပြီးသုံးတာဟာ သင့်ဆံကေသာအတွက် ကောင်းမွန်ပါတယ်။
ပါဝင်ပစ္စည်း
ရှားစောင်းလက်ပပ် စားပွဲတင်ဇွန်း ၃ ဇွန်း
အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
ခွက်တစ်လုံးထဲကို ပါဝင်ပစ္စည်းနှစ်မျိုးလုံးရောပြီး သေချာမွေလိုက်ပါ။ ပြီးရင် ဆံပင်အရင်းကနေ အဖျား လိမ်းပေးပါ။ ပြီးရင် Shower Cap ဆောင်းပေးထားပြီး တစ်နာရီလောက်ထားထားပါ။
အဲဒီနောက် ခေါင်းလျှော်ချပေးလိုက်ပါ။ တစ်တပ်ကို ၂ ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။
ရှားစောင်းလက်ပပ်နဲ့ ပျားရည်
ရှားစောင်းလက်ပပ်နဲ့ ပျားရည်တွဲပြီးသုံးပေးတာဟာလည်း သင့်ဆံကေသာအတွက်ကောင်းမွန်ပါတယ်။
ပါဝင်ပစ္စည်း
ရှားစောင်းလက်ပပ် စားပွဲတင်ဇွန်း ၃ ဇွန်း
ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း
ပြင်ဆင်ခြင်း
ပါဝင်ပစ္စည်းတွေကိုခွက်တစ်လုံးထဲရောထည့်လိုက်ပြီးသေချာမွေပါ။ ပြီး၇င် ဦးရေပြားနဲ့ ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးပြီး သေချာနှိပ်ပေးပါ။ အဲဒီနောက် မိနစ် ၂ လောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။
Credit : MyStyle
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top