iMyanmarHouse.com - Best Property Website for Myanmar
×


 ထက်သျှားနောင်
 မထက်(Pop Soul)
 မျိုးကိုကိုစန်း
မေသစ္စာမောင်
 စစ်ပိုးအိမ်
Credit : MyStyle

 LGBT တွေကို မြန်မာလူ့အသိုင်းအဝိုင်းမှာ ပွင့်ပွင့်လင်းလင်း လက်မခံလာကြသေးပေမယ့်လည်း သူတို့လေးတွေရဲ့ အလှတရား ခံယူချက် ကြိုးစားအားထုတ်မှုတွေကို တဖြည်းဖြည်း လက်ခံအားပေးလာသူတွေရှိနေပြီဖြစ်ပါတယ်။

မြန်မာပြည်မှာဆို မိတ်ကပ်မထက်၊ မျိုးကိုကိုစန်း၊ စစ်ပိုးအိမ်၊ မေသစ္စာမောင်၊ထက်သျှားနောင် တို့လို Ladyboy (Transgender) တွေကို လက်ခံအားပေးလာကြသူတွေ ရှိလာနေပြီဖြစ်ပါတယ်။

မိတ်ကပ်မထက်ကတော့ သူမရဲ့ ဘဝအကြောင်းကို မကြာသေးခင်ကမှ အခုလို ရင်ဖွင့်ထားပါတယ်။



“ဘဝကသူများတွေလိုမလွယ်ကူဘူး… ကိုယ်ဘာဖြစ်ချင်လဲသိအောင် လုပ်ခဲ့သလို ဖြစ်ချင်တာတွေဖြစ်လာဖို့လည်း အချိန်တွေပေးအလုပ်တွေလုပ်ပြီး ရယူခဲ့တယ်… လဲကျတိုင်း ပြန်ထတယ်… ငိုပြီးတိုင်းနာကျင်စရာတွေကို အားအဖြစ်ပြန်အသုံးချဘူးတယ်…. သူတပါးကဲ့ရဲ့တိုင်း ဘဝတခုကိုအောက်မရောက်အောင် ကြိုးစားရပ်တည်တယ်…အခုကနေရှေ့ဆက်ပြီး အကောင်းဆုံးရပ်တည်မယ် ဆက်လက်ကြိုးစားနေအုံးမယ်.” လို့ဆိုပါတယ်။

မြန်မာပြည်က နောက်ထပ် Ladyboy တစ်ဦးဖြစ်တဲ့ ထက်သျှားနောင်ကလည်း

“Challenge အလှတရားတွေရဲ့ နောက်မှာ နာကျင်မှုတွေရှိပါတယ် တိုက်ပွဲများစွာရှိခဲ့ကြပါတယ်
မတူညီတဲ့ ရှုထောင့် မျိုးစုံက မတူညီတဲ့ ပစ်ခတ်မှုတွေကြောင့် စိတ်ဒဏ်ရာများစွာထဲက အရှုံးမပေးဘဲ ယုံကြည်မှုတခုအတွက် ရုန်းထလာကြရသူတွေပါ” လို့ မျိုးကိုကိုစန်း၊ စစ်ပိုးအိမ်၊မေသစ္စာမောင်Tag တွဲပြီး ရင်ဖွင့်ရေးသားခဲ့ပါတယ်။

LGBT တွေဟာလည်း လူသားတွေပဲမို့ လူသားတွေလိုပဲ တန်းတူဆက်ဆံကာ လူ့အသိုင်းဝိုင်းမှာ ငြိမ်းချမ်းစွာနဲ့ နေရာပေးလာကြသူတွေရှိလာတာဟာလည်း သူတို့လေးတွေအတွက် ဝမ်းသာစရာ အခွင့်အလမ်းတစ်ခုပဲဖြစ်ပါတယ်။

မြန်မာပြည်က Ladyboy အလန်းလေးတွေရဲ့ ငယ်စဉ်က ပုံလေးတွေနဲ့အတူ မျှဝေပေးလိုက်ပါတယ်နော်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top