iMyanmarHouse.com - Best Property Website for Myanmar
×

မဂၤလာပါေနာ္။ ငယ္ငယ္တုန္းက ကိုယ္ႀကိဳက္သလို ေနခဲ့ေပမယ့္ အသက္အရြယ္ရလာတာနဲ႔ အမွ် ပိုပိုၿပီး ဂရုစိုက္ရပါတယ္။ အသက္ ၃၀ အရြယ္ေလာက္ေရာက္ၿပီဆိုရင္ ဇီဝျဖစ္စဥ္ေတြ ေႏွးေကြးသြားတာေၾကာင့္ သင့္အေနနဲ႔ အစားအေသာက္အေနအထိုင္ေတြပါ ပိုၿပီးဂရုစိုက္ဖို႔လိုအပ္ပါတယ္။ အလွပအတြက္သာမဟုတ္ပါဘူး။ က်န္းမာေရးအတြက္လည္း ပါပါတယ္။

၁။ အစားအေသာက္ကို ဂရုစိုက္ပါ
ပထမဆံုးအေရးႀကီးတဲ့အခ်က္က သင္စားတဲ့အစားအေသာက္ကို ဂရုိစု္ကဖို႔လိုပါတယ္။ အာဟာရဓာတ္ညီညႊတ္မွ်တေအာင္စားပါ။ အသက္ ၃၀ ေလာက္ေရာက္ရင္ ဇီဝျဖစ္စဥ္ေႏွးေကြးသြားတာေၾကာင့္ ကိုယ္အေလးခ်ိန္တက္လြယ္ပါတယ္။ ဒါ့ေၾကာင့္ အစားေသာက္ကို စားပါ။

၂။ အိပ္ခ်ိန္ကို ဂရုစိုက္ပါ
ယံုဖို႕ခက္ေပမယ့္ အိပ္ခ်ိန္နည္းတာဟာ သင့္ကို ပိုၿပီးဝေစတယ္ဆိုတာ သင္သိပါသလား။ အိပ္ခ်ိန္နည္းေလေလ ပိုဝေလေလပါပဲ။ အိပ္ေရးဝဝအိပ္ပါ။

၃။ ေလ့က်င့္ခန္းလုပ္ပါ
ေလ့က်င့္ခန္းလုပ္ေပးရပါမယ္။ Gym ကိုပဲ တခ်ိန္လံုးေဆာ့ရမယ္လုိ႕မဆိုလိုပါဘူး။ လမ္းေလွ်ာက္တာ၊ ေျပးတာ၊ ေရကူးတာ၊ စက္ဘီးနင္းတာမ်ိဳးကို လုပ္ေပးသင့္ပါတယ္။ တစ္ပတ္ကို ၄ ႀကိမ္ကေန၆ႀကိမ္ထိလုပ္ေပးပါ။

၄။ ဇီဝျဖစ္စဥ္ကို ထိန္းသိမ္းပါ

ဇီဝျဖစ္စဥ္ကို ပိုၿပီး တက္ၾကြေစတဲ့ အစားအစာေတြကို စားေပးသင့္ပါတယ္။

ေရေႏြးၾကမ္းေသာက္တာ၊ အစပ္စားတာ၊ အျပဳတ္ေသာက္တာ၊ ကယ္လ္ဆီယမ္ၾကြယ္ဝတဲ့အစားအစာကို စားတာမ်ိဳးလုပ္ေပးႏိုင္ပါတယ္။

၅။ ေရဓာတ္ျဖည့္တင္းပါ
ေရကို ဆာတဲ့အခ်ိန္တိုင္းေသာက္ေပးပါ။ မဆာရင္လည္းေသာက္ေပးပါ။  မနက္အိပ္ယာႏုိးႏိုးခ်င္း ေရ ၂ ခြက္ ၃ ခြက္ေလာက္ေသာက္ၿပီး တစ္ေန႔တာလံုးကို အစျပဳပါ။

၆။ ဗီတာမင္C ၾကြယ္ဝတဲ့အစားအစာ စားေပးပါ

ဗီတာမင္ C ၾကြယ္ဝတဲ့ အစားအစာကို စားေပးပါ။ ဗီတာမင္ C ဟာ သင့္ကို ကိုယ္ခံအားစနစ္ေကာင္းမြန္ေစၿပီး ႏုပ်ိဳလွပေစပါတယ္။

၇။ Green Tea ေသာက္ပါ
သင့္ရဲက်န္းမာေရးအတြက္ေရာ အလွပအတြက္ပါ ေသာက္ေပးသင့္ပါတယ္။ ႏွလံုးကို က်န္းမာေစၿပီး အဆိပ္အေတာက္ေတြကိုဖယ္ရွားေပးလို႔ သင့္ကို ပိုၿပီး က်န္းမာလွပေစမွာပါ။

၈။ အခ်ိဳစားႀကိဳက္ရင္ ဒီလိုေရြးစားပါ
သင့္အေနနဲ႔ အခ်ိဳႀကိဳက္တယ္ဆိုရင္ သၾကားပါဝင္မႈမ်ားတဲ့အခ်ိဳအစား သဘာဝ သစ္သီးကရတဲ့ အခ်ိဳကိုစားေပးပါ။ ေခ်ာ့ကလက္စားခ်င္ရင္ေတာင္ ေခ်ာ့ကလက္ အမည္းကို စားေပးသင့္ပါတယ္။
Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မင်္ဂလာပါနော်။ ငယ်ငယ်တုန်းက ကိုယ်ကြိုက်သလို နေခဲ့ပေမယ့် အသက်အရွယ်ရလာတာနဲ့ အမျှ ပိုပိုပြီး ဂရုစိုက်ရပါတယ်။ အသက် ၃၀ အရွယ်လောက်ရောက်ပြီဆိုရင် ဇီဝဖြစ်စဉ်တွေ နှေးကွေးသွားတာကြောင့် သင့်အနေနဲ့ အစားအသောက်အနေအထိုင်တွေပါ ပိုပြီးဂရုစိုက်ဖို့လိုအပ်ပါတယ်။ အလှပအတွက်သာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်း ပါပါတယ်။

၁။ အစားအသောက်ကို ဂရုစိုက်ပါ
ပထမဆုံးအရေးကြီးတဲ့အချက်က သင်စားတဲ့အစားအသောက်ကို ဂရိုစု်ကဖို့လိုပါတယ်။ အာဟာရဓာတ်ညီညွှတ်မျှတအောင်စားပါ။ အသက် ၃၀ လောက်ရောက်ရင် ဇီဝဖြစ်စဉ်နှေးကွေးသွားတာကြောင့် ကိုယ်အလေးချိန်တက်လွယ်ပါတယ်။ ဒါ့ကြောင့် အစားသောက်ကို စားပါ။

၂။ အိပ်ချိန်ကို ဂရုစိုက်ပါ
ယုံဖို့ခက်ပေမယ့် အိပ်ချိန်နည်းတာဟာ သင့်ကို ပိုပြီးဝစေတယ်ဆိုတာ သင်သိပါသလား။ အိပ်ချိန်နည်းလေလေ ပိုဝလေလေပါပဲ။ အိပ်ရေးဝဝအိပ်ပါ။

၃။ လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။ Gym ကိုပဲ တချိန်လုံးဆော့ရမယ်လို့မဆိုလိုပါဘူး။ လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာ၊ စက်ဘီးနင်းတာမျိုးကို လုပ်ပေးသင့်ပါတယ်။ တစ်ပတ်ကို ၄ ကြိမ်ကနေ၆ကြိမ်ထိလုပ်ပေးပါ။

၄။ ဇီဝဖြစ်စဉ်ကို ထိန်းသိမ်းပါ

ဇီဝဖြစ်စဉ်ကို ပိုပြီး တက်ကြွစေတဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။

ရေနွေးကြမ်းသောက်တာ၊ အစပ်စားတာ၊ အပြုတ်သောက်တာ၊ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့အစားအစာကို စားတာမျိုးလုပ်ပေးနိုင်ပါတယ်။

၅။ ရေဓာတ်ဖြည့်တင်းပါ
ရေကို ဆာတဲ့အချိန်တိုင်းသောက်ပေးပါ။ မဆာရင်လည်းသောက်ပေးပါ။  မနက်အိပ်ယာနိုးနိုးချင်း ရေ ၂ ခွက် ၃ ခွက်လောက်သောက်ပြီး တစ်နေ့တာလုံးကို အစပြုပါ။

၆။ ဗီတာမင်C ကြွယ်ဝတဲ့အစားအစာ စားပေးပါ

ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာကို စားပေးပါ။ ဗီတာမင် C ဟာ သင့်ကို ကိုယ်ခံအားစနစ်ကောင်းမွန်စေပြီး နုပျိုလှပစေပါတယ်။

၇။ Green Tea သောက်ပါ
သင့်ရဲကျန်းမာရေးအတွက်ရော အလှပအတွက်ပါ သောက်ပေးသင့်ပါတယ်။ နှလုံးကို ကျန်းမာစေပြီး အဆိပ်အတောက်တွေကိုဖယ်ရှားပေးလို့ သင့်ကို ပိုပြီး ကျန်းမာလှပစေမှာပါ။

၈။ အချိုစားကြိုက်ရင် ဒီလိုရွေးစားပါ
သင့်အနေနဲ့ အချိုကြိုက်တယ်ဆိုရင် သကြားပါဝင်မှုများတဲ့အချိုအစား သဘာဝ သစ်သီးကရတဲ့ အချိုကိုစားပေးပါ။ ချော့ကလက်စားချင်ရင်တောင် ချော့ကလက် အမည်းကို စားပေးသင့်ပါတယ်။
Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top