iMyanmarHouse.com - Best Property Website for Myanmar
×

Credit : MyStyle

 Girl’s Generation ရဲ့ Stylist တစ်ဦးဖြစ်သူ Seo Soo Kyungက SM Entertainment ဟာ သူ့ရဲ့ ဝန်ထမ်းတွေ၊ အနုပညာရှင်တွေကို လစာပေးတဲ့နေရာမှာ မရက်ရောဘူးလို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

Soe Soo Kyung ဟာ Girl’s Generation နဲ့ ၂၀၁၁ ခုနှစ်ကတည်းက လက်တွဲလာခဲ့တာဖြစ်ပြီး Idol စတားတွေကို စင်ပေါ်မှာကော စင်အောက်မှာပါ နောက်ဆုံးပေါ် ဒီဇိုင်းတွေနဲ့ ဝင့်ဝင့်ကြွားကြွားဖြစ်အောင် ပြင်ဆင်ပေးမှုကြောင့် နာမည်ကျော်ကြားသူတစ်ဦးဖြစ်ပါတယ်။ လူမှုကွန်ရက်စာမျက်နှာပေးမှာလည်း Soo’s Style ဆိုတဲ့ နာမည်နဲ့ ဖက်ရှင် Tips တွေကို ချပြနေသူတစ်ဦးဖြစ်ပါတယ်။

PSY, SEVENTEEN တို့လို ဖျော်ဖြေရေးအေဂျင်စီတွေက အနုပညာရှင်တော်တော်များများနဲ့ အလုပ်တွဲလုပ်ခဲ့ဖူးသူတစ်ဦးဖြစ်ပြီး အေဂျင်စီတိုင်းကတော့ လစာကောင်းကောင်းမပေးကြဘူးလို့ ဆိုပါတယ်။

အဓိကအကြောင်းကတော့ Broadcaster ထုတ်လွှင့်သူတွေ အေဂျင်စီတွေကို လစာငွေကောင်းကောင်းမပေးတာကြောင့် သူတို့ရဲ့ ဝန်ထမ်းတွေကို များများမပေးနိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။ သူအလုပ်စလုပ်တုန်းကဆိုရင် ၃ လကိုမှ အမေရိကန်ဒေါ်လာ ၂၆၅ ဒေါ်လာလောက်ပဲရတယ်လို့ ဆိုပါတယ်။

SM Entertainment ကတော့ လစာပေးတာ အနည်းဆုံးပဲ လို့ ပြောပါတယ်။

SM Entertainment က Girl’s Generation လို ကမ္ဘာကျော် စူပါစတားတွေနဲ့ တွဲပြီးလုပ်ရတာတောင် ဂုဏ်ယူသင့်တယ်လို့ ပြောတတ်လေ့ရှိတဲ့အကြောင်း သူမကဆက်ပြောပါတယ်။

မကြာသေးခင်က Girl’s Generation အဖွဲ့ဝင် (၃) ဦးဖြစ်တဲ့ Sooyoung, Seohyung နဲ့ Tiffany တို့ နှုတ်ထွက်ခဲ့တာနဲ့ပတ်သက်လို့တော့ သူ့မအနေနဲ့ ဒါဟာ ပြဿနာကြီးတစ်ခုလို့မမြင်တဲ့အကြောင်းနဲ့ Girl’s Generation အနေနဲ့ အဖွဲ့ဖျက်သိမ်းမှာမဟုတ်ဘူးလို့ ထင်တဲ့အကြောင်းပြောပါတယ်။ တကယ်လို့ အဖွဲ့ကို ဖျက်သိမ်းလိုက်မယ်ဆိုရင် သူ့အနေနဲ့ အသည်းကွဲမှာဖြစ်တဲ့အကြောင်းနဲ့ သူဟာလည်း Girl’s Generation ရဲ့ ဖန်တစ်ဦးဖြစ်တဲ့အကြောင်း ပြောလိုက်ပါတယ်။

Credit : MyStyle

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top