iMyanmarHouse.com - Best Property Website for Myanmar
×

Credit : MyStyle

မကြာခင်မှာ မင်္ဂလာပွဲကျင်းပတော့မယ့် ပရိသတ်အားလုံးရဲ့ အချစ်တော် Song တို့ စုံတွဲရဲ့ ရိုးရှင်းတဲ့ မင်္ဂလာဖိတ်ဟာကို တရုတ်မီဒီယာတစ်ခုဖြစ်တဲ့ Chongqing Times ကဖော်ပြခဲ့ပါတယ်။
အဖြူရောင် ရိုးရိုးရှင်းရှင်းဖိတ်စာထက်မှာ ဖဲပြားလေးရယ် ပန်းနဲ့ တူတဲ့အစိမ်းရောင်အရွက်လေးတွေနဲ့ ပြုလုပ်ထားတဲ့ ဖိတ်စာပဲဖြစ်ပါတယ်။
အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း အဲဒီ မင်္ဂလာဖိတ်စာကို အွန်လိုင်းက Fan တွေအချင်းချင်း ရှယ်ခဲ့ကြပါတယ်။

မင်္ဂလာဖိတ်စာရိုးရှင်းလွန်းတာကြောင့် ပရိသတ်တချို့က အံ့အားသင့်ခဲ့ကြပါတယ်။ တချို့လည်း မကျေမနပ်ဖြစ်ခဲ့ကြသလို တချို့ကလည်း အကောင်းမြင်တဲ့ ကော့မန့်တွေပေးခဲ့ကြပါတယ်။
Descendent of the Sun ရုပ်သံဇာတ်လမ်းတွဲကို အတူတူ ရိုက်ကူးရင်းနဲ့ ချစ်သူတွေဖြစ်ခဲ့ကြပြီး ပရိသတ်တွေကို အသိပေးပြီး မကြာခင်မှာပဲ လက်ထပ်တော့မှာဖြစ်တယ်လို့ ကြေညာခဲ့ကြတာပါ။
မင်္ဂလာပွဲကိုတော့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ Pre-Wedding ဓာတ်ပုံကိုတော့ San Francisco မှာ ရိုက်ကူးခဲ့ကြပြီး မကြာသေးခင်ကလည်း ပါရီမြို့ကို အတူတူသွားခဲ့ကြပါတယ်။ မင်္ဂလာပွဲအစီအစဉ်ကို ဘယ်လိုကျင်းပမယ် ဟန်းနီးမွန်းကို ဘယ်သွားမယ်ဆိုတာနဲ့ပတ်သက်လို့ ပရိသတ်တွေကို အသိပေးထုတ်ပြန်ထားတာမရှိသေးပါဘူး။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top