iMyanmarHouse.com - Best Property Website for Myanmar
×

 
<လက်တွဲဖော်ဆိုတာ >
_________________

တကယ်လို့

အကယ်၍များ ............

သင် ဘယ်တွေပဲလုပ်လုပ်



ဒါပေမယ့်



သို့သော် .......
" သင် သတိအမြဲရှိပါ "


"ဘာလို့လဲ ဆိုတော့ ........


#လွမ်းပုံပြင်


< လက်တွဲဖော်ဆိုတာ >
_________________
သင့် အာငယ်နေချိန်မှာ သင့်ကို
အားပေးစကားတွေ အမြဲပြောလေ့ရှိပြီး .......
တကယ်လို့
သူ့မှာပျော်ရွှင်စရာတွေရှိခဲ့ရင်တောင်
သင့်အတွက် ( 90% ) ခွဲပေးတက်တဲ့ သူမျိုးပါ။

အကယ်၍များ ............
သူ့မှာ စိတ်ညစ်စရာတွေ ရှိနေရင်တောင်
သင့်ကို အသိမပေးပဲ ရေငုံနှုတ်ပိတ်ပြီး
သင့်ရှေ့ရောက်တိုင်း အမြဲပြုံးပြနေတက်တဲ့ သူမျိုးပါ။

သင် ဘယ်တွေပဲလုပ်လုပ်
ဘယ်နေရာပဲသွားသွား သင့်နဲအတူ
ရှိမနေနိုင်ခဲ့ရင်တောင် သင့်ကို စိုးရိမ်စိတ်အပြည့်နဲ့
သင့်အကြောင်းကို လက်လှမ်းမှီသလောက်......
လေ့လာ စုံစမ်းနေတဲ့ သူမျိုးပါ။

သင် စိတ်ဆင်းရဲရမှာကို သူအတွက်
အလွန်တရာပင် ကြောက်ရွံ့နေတက်ပြီး
သူ ဝမ်းနည်းနေတဲ့ အချိန်တိုင်းလည်း
သင့်ရှေ့မှာ ထုပ်ဖော်ပြောလေ့မရှိတဲ့ သူမျိုးပါ။

သင့်ကို မနာလိုသူတွေ ရှိချင် ရှိနေလိမ့်မယ်....
သင့်ကို နာကျင်အောင် လုပ်တဲ့သူတွေ ရှိကောင်းရှိနေလိမ့်မယ် .......

ဒါပေမယ့်

သင်ဘယ်လိုပဲ ဆိုးသွမ်းနေပါစေ
သူ့ရှေ့မှာ သင့်မကောင်းကြောင်း ပြောလာတဲ့
လူမှန်သမျှကို ကြက်ခေါင်းဆိတ် မခံ
ပြန်လည် တုံ့ပြန်တက်တဲ့ သူမျိုးပါ။

သင်ပျော်ရွှင်ဖို့အတွက်ပဲ အမြဲစဉ်းစားနေတက်ပြီး ........
သူ့ပျော်ရွှင်ဖို့အတွက်ဆိုတာကို
ထည့်မတွက်ပဲ မေ့လျော့နေတဲ့ သူမျိုးပါ။

သို့သော် .......
" သင် သတိအမြဲရှိပါ "

သင့်အပေါ်မှာ ရှုထောင့်မျိုးစုံကနေ
နားလည်မှု့အပြည့်နဲ့ ရပ်တည်ပေးနေတဲ့
လူ တစ်ယောက်အပေါ်....... ဘယ်တော့မှ
သင် အနိုင်မယူချင်ပါနဲ့ အနိုင်မယူမိပါစေနဲ့

"ဘာလို့လဲ ဆိုတော့ ........
ရာသီတွေ အလီလီပြောင်းလဲကြသလို
ရေမြေ တောတောင် သဘာဝမကျရင်လဲ
သက်ရှိသတ္တဝါတွေလည်းပဲ ........
နေရာရွေ့ကျင်လည် ကျက်စားတက်ကြပါတယ်"

အသွေးသားနဲ့ ဖွဲစည်းတည်ဆောက်ထားတဲ့
လူသားတိုင်းဟာ...... ခံစားမှု့မျိုးစုံနဲ့
ထိတွေ့နေကြသော်လည်း ပြန်ပြင်လို့မရတဲ့
သင့်အမှားတွေကြောင့် သင့်အပေါ်တန်ဖိုးထားတဲ့
လူတစ်ယောက်အပေါ် သူစိတ်နာသွားအောင်
သင် ဘယ်တော့မှ မလုပ်မိပါစေနဲ့ .......

#လွမ်းပုံပြင်

Credit: ရွှေမြန်မာများ စာမျက်နှာ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top