ေက်ာက္သား အစစ္ကိုထြင္းထားတဲ့ ေက်ာက္ပ်ဥ္ ျဖစ္ျဖစ္ ဘိလပ္ေျမ လိုမ်ိဳးကိုပံုျပဳ႕ထားတဲ့ေက်ာက္ပ်ဥ္ျဖစ္ျဖစ္ပထမဦးဆံုးအသံုးမျပဳ႕ခင္မွာဝယ္လာတဲ့ေက်ာက္ပ်ဥ္ကိုေရစင္စင္ေဆးၿပီး ေက်ာက္ပ်ဥ္ ကိုေရပုန္းထဲကိုထည့္ၿပီးေရနဲ႔တစ္ညစိမ္ထားပါေနာက္တစ္ရက္မွာနႏြန္းတက္နဲ႔ဆီ+ဆားနဲ႔ကိုေသြးၿပီးတစ္ေနကုန္ေနလွမ္းထားရပါတယ္ဆီေျခာက္ေတာ့မွသနပ္ခါးေက်ာက္ပ်ဥ္ကိုေရထပ္ေဆးၿပီးမွမိမိႀကိဳက္ႏွစ္သက္ရာ သနပ္ခါးတံုး ကိုေသြးရပါတယ္
ထြက္လာတဲ့ သနပ္ခါး ကေလးေတြကညက္ေနၿပီးတေနကုန္ပါးျပင္ေပၚအရာထင္ေနပါတယ္တဲ့ကဲ ေက်ာက္ပ်ဥ္အ သစ္ကိုဘယ္လိုအသံုးျပဳ႕ရသလဲဆိုတာသိသြားၿပီေပါ့
ေမေမေျပာျပတယ္ ေက်ာက္ပ်ဥ္ ေပၚသနပ္ခါး ေသြးတာ ေလ့က်င့္ခန္း တစ္ခုလုပ္တာနဲ႔တူတူပဲတဲ့ဒါေပမဲ့ၾကမ္းျပင္ေပၚခ်ေသြးရတာမဟုတ္ပဲမိမိခါးအလည္ေလာက္အျမင့္ရွိတဲ့ေနရာမွာထားၿပီးေသြးရမယ္တဲ့ သနပ္ခါး ကိုအားစိုက္ေသြးေနရေတာ့ေလ့က်င့္ခန္းလုပ္ေနတယ္လို႔မထင္ရေပမဲ့ႏွစ္နဲ႔ခ်ီၿပီးေန႔စဥ္ေသြးေနရေတာ့လက္ေမာင္းႂကြက္သြားေတြက
ပိုၿပီးသန္မာတယ္
ေပ်ာ့ၿပီးရြဲက်ျခင္းမ်ိဳးမျဖစ္ဘူးတဲ့ဘယ္ညာေတာ့လွည့္ေသြးေပါ့တဲ့ င႐ုပ္သီးေထာင္း တာလဲအတူတူပဲတဲ့ေခါင္းေလ့က်င့္ခန္းကေတာ့ ေရအိုး ရြက္တာပါတဲ့ ေမေမ အေမ(အဖြား)ေျပာျပတာလို႔ေျပာတယ္
Credit : Original Uploder
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မေမေ ပြောပြတဲ့ ပျိုမေ တို့အကြိုက် သနပ်ခါး ကျောက်ပျဉ် သနပ်ခါး ကျောက်ပြင် အသစ်ဆိုရေလေးဆေးလိုက်ပြီးသနပ်ခါး တုံးသွေးထည့်လိုက်တာပဲအဲသလိုလုပ်လို့မရပါဘူး
ကျောက်သား အစစ်ကိုထွင်းထားတဲ့ ကျောက်ပျဉ် ဖြစ်ဖြစ် ဘိလပ်မြေ လိုမျိုးကိုပုံပြု့ထားတဲ့ကျောက်ပျဉ်ဖြစ်ဖြစ်ပထမဦးဆုံးအသုံးမပြု့ခင်မှာဝယ်လာတဲ့ကျောက်ပျဉ်ကိုရေစင်စင်ဆေးပြီး ကျောက်ပျဉ် ကိုရေပုန်းထဲကိုထည့်ပြီးရေနဲ့တစ်ညစိမ်ထားပါနောက်တစ်ရက်မှာနနွန်းတက်နဲ့ဆီ+ဆားနဲ့ကိုသွေးပြီးတစ်နေကုန်နေလှမ်းထားရပါတယ်ဆီခြောက်တော့မှသနပ်ခါးကျောက်ပျဉ်ကိုရေထပ်ဆေးပြီးမှမိမိကြိုက်နှစ်သက်ရာ သနပ်ခါးတုံး ကိုသွေးရပါတယ်
ထွက်လာတဲ့ သနပ်ခါး ကလေးတွေကညက်နေပြီးတနေကုန်ပါးပြင်ပေါ်အရာထင်နေပါတယ်တဲ့ကဲ ကျောက်ပျဉ်အ သစ်ကိုဘယ်လိုအသုံးပြု့ရသလဲဆိုတာသိသွားပြီပေါ့
မေမေပြောပြတယ် ကျောက်ပျဉ် ပေါ်သနပ်ခါး သွေးတာ လေ့ကျင့်ခန်း တစ်ခုလုပ်တာနဲ့တူတူပဲတဲ့ဒါပေမဲ့ကြမ်းပြင်ပေါ်ချသွေးရတာမဟုတ်ပဲမိမိခါးအလည်လောက်အမြင့်ရှိတဲ့နေရာမှာထားပြီးသွေးရမယ်တဲ့ သနပ်ခါး ကိုအားစိုက်သွေးနေရတော့လေ့ကျင့်ခန်းလုပ်နေတယ်လို့မထင်ရပေမဲ့နှစ်နဲ့ချီပြီးနေ့စဉ်သွေးနေရတော့လက်မောင်းကြွက်သွားတွေက
ပိုပြီးသန်မာတယ်
ပျော့ပြီးရွဲကျခြင်းမျိုးမဖြစ်ဘူးတဲ့ဘယ်ညာတော့လှည့်သွေးပေါ့တဲ့ ငရုပ်သီးထောင်း တာလဲအတူတူပဲတဲ့ခေါင်းလေ့ကျင့်ခန်းကတော့ ရေအိုး ရွက်တာပါတဲ့ မေမေ အမေ(အဖွား)ပြောပြတာလို့ပြောတယ်
Credit : Original Uploder
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...