iMyanmarHouse.com - Best Property Website for Myanmar
×

ဒီကေန႔ေခတ္မွာ စိတ္ဖိစီးမႈေတြ သဘာဝပတ္ဝန္းက်င္ ေလထုညစ္ညမ္းမႈေတြေၾကာင့္ အသားအေရကို ပိုၿပီး က်န္းမာလွပေအာင္ ထိန္းသိမ္းဖို႔ လိုအပ္လာပါၿပီ။ စိတ္ဖိစီးမႈမ်ားတာဟာလည္း သင့္အသားအေရကို အိုမင္းရင့္ေရာ္ေစပါတယ္။ ဒါ့အျပင္ သဘာဝပတ္ဝန္းက်င္နဲ႔ ေလထုညစ္ညမ္းမႈေတြကလည္း သင့္အသားအေရကို အိုမင္းရင့္ေရာ္ေစပါတယ္။

ဒါေၾကာင့္ မိမိအိမ္မွာပဲ အလြယ္တကူ ျပဳလုပ္ေပးလို႔ရမယ့္ နည္းလမ္း ၃ သြယ္ကို မွ်ေဝေပးခ်င္ပါတယ္။

အသားအေရ ၾကည္လင္သန္႔စင္ေစဖို႔ အဆိပ္အေတာက္ဖယ္ရွားေပးမယ္ ေဖ်ာ္ရည္

ပါဝင္ပစၥည္း

ေရ ၂ လီတာ၊ သခြားသီး ၁ လံုး၊ သံပုယိုသီး ၁ လံုး၊ ပူစီနံ လက္တစ္စုပ္စာ လိုပါမယ္။

ျပဳလုပ္နည္း

အရင္ဆံုး သခြားသီးကို ပါးပါးလွီးလိုက္ၿပီး ခြက္ထဲထည့္လိုက္ပါ။ ၿပီးရင္ သံပုယုိသီးကိုလည္း ပါးပါးလွီးၿပီး ခြက္ထဲထပ္ထည့္ပါ။ ၿပီးရင္ ပူစီနံ ထည့္လိုက္ပါ။အဲဒီေနာက္ ေရ ၂ လီတာကို ထည့္လိုက္ပါ။ အဲဒါကို ေရခဲေသတၱာထဲမွာထည့္ထားပါ။တစ္ရက္ေလာက္ ထားထားၿပီး ေသာက္ေပးပါ။ ေန႔စဥ္ေသာက္ေပးျခင္းျဖင့္ သင့္ခႏၶာကိုယ္အတြင္းက အဆိပ္အေတာက္ေတြကိုဖယ္ရွားေပးၿပီး အဆီက်ရံုသာမက အသားအေရကို ၾကည္လင္လာေစမွာျဖစ္ပါတယ္။

အုန္းဆီသံုးမယ္

အုန္းဆီနဲ႔ ဝါဂြမ္းလိုပါမယ္။ အုန္းဆီကို ထည့္လိုက္ပါ။ အခဲဆိုရင္ အရည္ေပ်ာ္သြားေအာင္ အပူေပးလုိက္ပါ။ ၿပီးရင္ ဝါဂြမ္းစနစ္လိုက္ၿပီး သင့္မ်က္ႏွာေပၚမွာလိမ္းေပးပါ။ ၅ မိနစ္ ၆ မိနစ္ေလာက္ ႏွိပ္နယ္ေပးပါ။ ၿပီး၇င္ ၂ မိနစ္ ၃ မိနစ္ေလာ္ကထားပါ။ အဲဒီေနာက္ ဝါဂြမ္းစအသစ္ကို ေရအနည္းငယ္စြတ္ၿပီး အုန္းဆီေတြကို ျဖည္းျဖည္းခ်င္း ဖယ္ရွားလိုက္ပါ။ ၿပီးရင္ မ်က္ႏွာသစ္ေပးပါ။ ေန႔တိုင္း ျပဳလုပ္ေပးႏိုင္ပါတယ္။

Green Tea

Green Tea အိတ္ ၁ ထုပ္၊ ေရေႏြးပူပူ ၁ ခြက္၊ ပ်ားရည္ အနည္းငယ္၊ သံပုယိုရည္ အနည္းငယ္ လိုအပ္ပါတယ္။

အရင္ဆံုး ေရေႏြးပူပူထဲကို Green Tea ထုပ္ထည့္လိုက္ပါ။ ၿပီး၇င္ မိနစ္အနည္းငယ္ေလာက္ထားပါ။ အဲဒီေနာက္ Green Tea ထုပ္ကိုဖယ္လိုက္ၿပီး သံပုယိုရည္နည္းနည္းနဲ႔ ပ်ားရည္နည္းနည္းညွစ္ထည့္ပါ။ အရသာအတြက္ထည့္တာျဖစ္ပါတယ္။ ပူပူေလးေသာက္ေပးပါ။ တစ္ေန႔ကို ၂ ခြက္ ၃ ခြက္ေလာက္ေသာက္ႏိုင္ပါတယ္။ အသားအေရကိုလည္းလွေစမွာျဖစ္သလို ဝိတ္လည္းက်ေစမွာပါ။


Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဒီကနေ့ခေတ်မှာ စိတ်ဖိစီးမှုတွေ သဘာဝပတ်ဝန်းကျင် လေထုညစ်ညမ်းမှုတွေကြောင့် အသားအရေကို ပိုပြီး ကျန်းမာလှပအောင် ထိန်းသိမ်းဖို့ လိုအပ်လာပါပြီ။ စိတ်ဖိစီးမှုများတာဟာလည်း သင့်အသားအရေကို အိုမင်းရင့်ရော်စေပါတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်နဲ့ လေထုညစ်ညမ်းမှုတွေကလည်း သင့်အသားအရေကို အိုမင်းရင့်ရော်စေပါတယ်။

ဒါကြောင့် မိမိအိမ်မှာပဲ အလွယ်တကူ ပြုလုပ်ပေးလို့ရမယ့် နည်းလမ်း ၃ သွယ်ကို မျှဝေပေးချင်ပါတယ်။

အသားအရေ ကြည်လင်သန့်စင်စေဖို့ အဆိပ်အတောက်ဖယ်ရှားပေးမယ် ဖျော်ရည်

ပါဝင်ပစ္စည်း

ရေ ၂ လီတာ၊ သခွားသီး ၁ လုံး၊ သံပုယိုသီး ၁ လုံး၊ ပူစီနံ လက်တစ်စုပ်စာ လိုပါမယ်။

ပြုလုပ်နည်း

အရင်ဆုံး သခွားသီးကို ပါးပါးလှီးလိုက်ပြီး ခွက်ထဲထည့်လိုက်ပါ။ ပြီးရင် သံပုယိုသီးကိုလည်း ပါးပါးလှီးပြီး ခွက်ထဲထပ်ထည့်ပါ။ ပြီးရင် ပူစီနံ ထည့်လိုက်ပါ။အဲဒီနောက် ရေ ၂ လီတာကို ထည့်လိုက်ပါ။ အဲဒါကို ရေခဲသေတ္တာထဲမှာထည့်ထားပါ။တစ်ရက်လောက် ထားထားပြီး သောက်ပေးပါ။ နေ့စဉ်သောက်ပေးခြင်းဖြင့် သင့်ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး အဆီကျရုံသာမက အသားအရေကို ကြည်လင်လာစေမှာဖြစ်ပါတယ်။

အုန်းဆီသုံးမယ်

အုန်းဆီနဲ့ ဝါဂွမ်းလိုပါမယ်။ အုန်းဆီကို ထည့်လိုက်ပါ။ အခဲဆိုရင် အရည်ပျော်သွားအောင် အပူပေးလိုက်ပါ။ ပြီးရင် ဝါဂွမ်းစနစ်လိုက်ပြီး သင့်မျက်နှာပေါ်မှာလိမ်းပေးပါ။ ၅ မိနစ် ၆ မိနစ်လောက် နှိပ်နယ်ပေးပါ။ ပြီး၇င် ၂ မိနစ် ၃ မိနစ်လော်ကထားပါ။ အဲဒီနောက် ဝါဂွမ်းစအသစ်ကို ရေအနည်းငယ်စွတ်ပြီး အုန်းဆီတွေကို ဖြည်းဖြည်းချင်း ဖယ်ရှားလိုက်ပါ။ ပြီးရင် မျက်နှာသစ်ပေးပါ။ နေ့တိုင်း ပြုလုပ်ပေးနိုင်ပါတယ်။

Green Tea

Green Tea အိတ် ၁ ထုပ်၊ ရေနွေးပူပူ ၁ ခွက်၊ ပျားရည် အနည်းငယ်၊ သံပုယိုရည် အနည်းငယ် လိုအပ်ပါတယ်။

အရင်ဆုံး ရေနွေးပူပူထဲကို Green Tea ထုပ်ထည့်လိုက်ပါ။ ပြီး၇င် မိနစ်အနည်းငယ်လောက်ထားပါ။ အဲဒီနောက် Green Tea ထုပ်ကိုဖယ်လိုက်ပြီး သံပုယိုရည်နည်းနည်းနဲ့ ပျားရည်နည်းနည်းညှစ်ထည့်ပါ။ အရသာအတွက်ထည့်တာဖြစ်ပါတယ်။ ပူပူလေးသောက်ပေးပါ။ တစ်နေ့ကို ၂ ခွက် ၃ ခွက်လောက်သောက်နိုင်ပါတယ်။ အသားအရေကိုလည်းလှစေမှာဖြစ်သလို ဝိတ်လည်းကျစေမှာပါ။


Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top