iMyanmarHouse.com - Best Property Website for Myanmar
×

တခါတေလ အလွပနဲ႔ပတ္သက္တဲ့ ျဖတ္လမ္းနည္းကို သိမယ္ဆိုရင္ သင့္အတြက္ ပိုၿပီး လြယ္ကူျမန္ဆန္သြားမွာျဖစ္ပါတယ္။ ဒီတခါမွာေတာ့ မိန္းကေလးတိုင္း သိသင့္တဲ့ အလွျပင္ပစၥည္းေတြကို ပညာသားပါပါ အသံုးျပဳနည္းေတြကို မွ်ေဝေပးပါမယ္။

မ်က္ေတာင္ေကာ့ရင္း တခါတည္း Liner ဆိုးမယ္

မ်က္ေတာင္ေကာ့တံနားမွာ လိုင္နာဆိုးတဲ့အမဲကို တစ္ခါတည္း ဆိုးလိုက္ပါ။ၿပီးရင္ မ်က္ေတာင္ေကာ့ေပးလုိက္ပါ။ မ်က္ေတာင္လည္းေကာ့ၿပီးသား Liner လည္းဆိုးၿပီးသား ျဖစ္သြားပါၿပီ။

အေမႊးရိတ္တဲ့ ခရင္မ္ကုန္ေနရင္ ေပါင္းေဆးကိုသံုးႏိုင္ပါတယ္

အေမႊးရိတ္တဲ့ခရင္မ္ကုန္ေနရင္ ေပါင္းေဆးကို အသံုးျပဳၿပီး အေမႊးရိတ္ခရင္မ္အျဖစ္ သံုးႏိုင္ပါတယ္။

မိတ္ကပ္ဖ်က္ဖို႔ သံလြင္ဆီ

မိတ္ကပ္ဖ်က္တဲ့ အရည္ကုန္ေနတဲ့အခါ သံလြင္ဆီ (သို႔) အုန္းဆီကို သံုးလုိက္ပါ။ အထူးသျဖင့္ မ်က္လံုးမွာဆိုးထားတဲ့ Eyeliner ေတြမေျပာင္မွာစိုးလို႔ အခုလိုမ်ိဳး မိတ္ကပ္ဖ်က္ေပးသင့္ပါတယ္။

ဆံပင္ျဖဴေတြမသိသာေအာင္ Mascara သံုးမယ္

ဆံပင္ျဖဴက အေပၚမွာ ျမင္မေကာင္းေအာင္ ေပၚေနရင္ Mascara ဆိုးေပးလုိက္ပါ။

ဆံေကသာ ေတာက္ေျပာင္ေစဖို႔ ဘီယာ

ဆံေကသာ ေတာက္ေျပာင္ သန္စြမ္းေစၿပီး ႏူးညံ့ေပ်ာ့ေပ်ာင္းေစဖို႔အတြက္ ဘီယာကို ေခါင္းမေလွ်ာ္ခင္မွာ ဆံပင္အရင္းကေန အဖ်ားထိ ေဆးခ်လိုက္ပါ။ ၿပီးရင္ နာရီဝက္ေလာက္ထားၿပီးမွ ေခါင္းေလွ်ာ္ခ်ပါ။

ေခါင္းဘီးမွာ အညစ္အေၾကးေပတာကို ကာကြယ္ႏိုင္ဖို႔

တစ္ရႈးစ (သို႔) Wet Tissue စ အေျခာက္ကို ေခါင္းဘီမွာ ကပ္ေပးလိုက္ၿပီး အသံုးျပဳေပးႏိုင္ပါတယ္။

သြားျဖဴေစမယ့္ မီးေသြးခဲ

မီးေသြးခဲကို သြားေတြ ျဖဴဝင္းေစဖို႔ အသံုးျပဳလို႔ရပါတယ္ေနာ္။ မီးေသြးခဲနဲ႔ သြားေတြမွာ ပြတ္တိုက္ေပးၿပီး ၅ မိနစ္ ၁၀ မိနစ္ေလာက္ထားကာ ေရေဆးခ်လိုက္ပါ။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တခါတလေ အလှပနဲ့ပတ်သက်တဲ့ ဖြတ်လမ်းနည်းကို သိမယ်ဆိုရင် သင့်အတွက် ပိုပြီး လွယ်ကူမြန်ဆန်သွားမှာဖြစ်ပါတယ်။ ဒီတခါမှာတော့ မိန်းကလေးတိုင်း သိသင့်တဲ့ အလှပြင်ပစ္စည်းတွေကို ပညာသားပါပါ အသုံးပြုနည်းတွေကို မျှဝေပေးပါမယ်။

မျက်တောင်ကော့ရင်း တခါတည်း Liner ဆိုးမယ်

မျက်တောင်ကော့တံနားမှာ လိုင်နာဆိုးတဲ့အမဲကို တစ်ခါတည်း ဆိုးလိုက်ပါ။ပြီးရင် မျက်တောင်ကော့ပေးလိုက်ပါ။ မျက်တောင်လည်းကော့ပြီးသား Liner လည်းဆိုးပြီးသား ဖြစ်သွားပါပြီ။

အမွှေးရိတ်တဲ့ ခရင်မ်ကုန်နေရင် ပေါင်းဆေးကိုသုံးနိုင်ပါတယ်

အမွှေးရိတ်တဲ့ခရင်မ်ကုန်နေရင် ပေါင်းဆေးကို အသုံးပြုပြီး အမွှေးရိတ်ခရင်မ်အဖြစ် သုံးနိုင်ပါတယ်။

မိတ်ကပ်ဖျက်ဖို့ သံလွင်ဆီ

မိတ်ကပ်ဖျက်တဲ့ အရည်ကုန်နေတဲ့အခါ သံလွင်ဆီ (သို့) အုန်းဆီကို သုံးလိုက်ပါ။ အထူးသဖြင့် မျက်လုံးမှာဆိုးထားတဲ့ Eyeliner တွေမပြောင်မှာစိုးလို့ အခုလိုမျိုး မိတ်ကပ်ဖျက်ပေးသင့်ပါတယ်။

ဆံပင်ဖြူတွေမသိသာအောင် Mascara သုံးမယ်

ဆံပင်ဖြူက အပေါ်မှာ မြင်မကောင်းအောင် ပေါ်နေရင် Mascara ဆိုးပေးလိုက်ပါ။

ဆံကေသာ တောက်ပြောင်စေဖို့ ဘီယာ

ဆံကေသာ တောက်ပြောင် သန်စွမ်းစေပြီး နူးညံ့ပျော့ပျောင်းစေဖို့အတွက် ဘီယာကို ခေါင်းမလျှော်ခင်မှာ ဆံပင်အရင်းကနေ အဖျားထိ ဆေးချလိုက်ပါ။ ပြီးရင် နာရီဝက်လောက်ထားပြီးမှ ခေါင်းလျှော်ချပါ။

ခေါင်းဘီးမှာ အညစ်အကြေးပေတာကို ကာကွယ်နိုင်ဖို့

တစ်ရှုးစ (သို့) Wet Tissue စ အခြောက်ကို ခေါင်းဘီမှာ ကပ်ပေးလိုက်ပြီး အသုံးပြုပေးနိုင်ပါတယ်။

သွားဖြူစေမယ့် မီးသွေးခဲ

မီးသွေးခဲကို သွားတွေ ဖြူဝင်းစေဖို့ အသုံးပြုလို့ရပါတယ်နော်။ မီးသွေးခဲနဲ့ သွားတွေမှာ ပွတ်တိုက်ပေးပြီး ၅ မိနစ် ၁၀ မိနစ်လောက်ထားကာ ရေဆေးချလိုက်ပါ။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top