iMyanmarHouse.com - Best Property Website for Myanmar
×

ဆုိၾကပါစို႔။ သင္ဟာက်န္းမာေရးလုိက္စားခ်င္တဲ့သူတစ္ေယာက္ျဖစ္ေပမယ့္ ေန႔စဥ္ သင့္မွာႀကီးမားလွတဲ့ အလုပ္တာဝန္ေတြနဲ႔ မိသားစုကိုအခ်ိန္ေပးရမယ့္ကိစၥေတြရွိေနမယ္ဆိုရင္ ေလ့က်င့္ခန္းပံုမွန္လုပ္ဖို႔ဟာ သိပ္မျဖစ္ႏုိင္တဲ့အရာျဖစ္ပါတယ္။ လူတိုင္းက်န္းမာခ်င္ပါတယ္။ ဒါေပမယ့္ လူအေတာ္မ်ားမ်ားကေတာ့ ေလ့က်င့္ခန္းအတြက္အတြက္အခ်ိန္ေပးဖို႔ တြန္႔ဆုတ္ေနတက္ၾကပါတယ္။
သင္ဟာ ေန႔စဥ္က်န္းမာေရးကိုယ္လက္လႈပ္ရွားမႈအတြက္ သီးသန္႔ အခ်ိန္မေပးႏုိင္ဘူးဆိုရင္ ေအာက္ပါအခ်က္ေလးေတြကုိ လုိက္လုပ္ၾကည့္ပါ။ သင့္အတြက္အခ်ိန္ထူးၿပီးကုန္သြားမွာ မဟုတ္ဘူးဆိုတာကို အာမခံပါတယ္။
ေရေသာက္ပါ။
ဒါကြၽန္ေတာ္တို႔ ခဏခဏၾကားဖူးေနၾကစကားျဖစ္ပါတယ္။ ဟုတ္ပါတယ္။ က်န္းမာေရးအတြက္ ေရေသာက္ရပါမယ္။ မနက္ေစာေစာထတဲ့အခါ ေရတဖန္ခြက္ခပ္မ်ားမ်ား ေသာက္ၿပီး ေရဘူးကို သင္နဲ႔မကြာ တေန႔လံုးအတူတူထားေပးပါ။ ဒါဆို သင္အနည္းဆုံးေတာ့ ေရဓါတ္ခမ္းေျခာက္မႈဒဏ္က ကင္းေဝးပါလိမ့္မယ္။
အစီအစဥ္ဆြဲပါ။
ကိစၥအားလံုးအတြက္ အစီအစဥ္ဆြဲထားပါ။ အေသးအဖြဲေလးေတြကအစဆြဲႏုိင္ရင္ပိုေကာင္းပါတယ္။ ဥပမာ တနဂၤေႏြေန႔မွာ မိသားစုအတြက္ ဘယ္လိုအခ်ိန္ေပးၿပီး ဘာလုပ္စားမယ္ဆိုတာက အစေပါ့။ သင့္ရဲ႕စိတ္က်န္းမာေရးအတြက္ အေရးႀကီးတဲ့အရာျဖစ္ပါတယ္။
ကိုယ္လက္လႈပ္ရွားမႈ လုပ္ျဖစ္ေအာင္လုပ္ပါ။
အေပၚမွာေျပာခဲ့တဲ့အတိုင္း သင္ဟာကိုယ္လက္လႈပ္ရွားမႈ ေလ့က်င့္ခန္းအတြက္ အခ်ိန္မေပးႏုိင္လည္း ကိစၥမရွိပါဘူး။ ကေလးေတြနဲ႔ရွိတဲ့အခါ ကိုယ္ပါဝင္ၿပီးေျပးလႊားေဆာ့ကစားလိုက္လို႔ ရပါတယ္။ ဒါမွမဟုတ္ အနည္းဆံုးေတာ့ အိမ္ကေလွခါးကို အတက္အဆင္းနည္းနည္းလုပ္ေပးလိုက္လို႔ရပါတယ္။ ဒါေတြမလုပ္ျဖစ္ဘူး ဆိုရင္လည္း အိမ္အျပန္ကားစီးမယ့္အစား လမ္းေတာ့ေလွ်ာက္လုိက္ပါ။
က်န္းမာေရးကိစၥေတြစိတ္ဝင္စားပါ
အခုလိုက်န္းမာေရးေဆာင္းပါးမ်ိဳးအပါအဝင္ က်န္းမာေရးကိစၥေတြမွာ စိတ္ဝင္တစားရွိပါ။ က်န္းမာေရး သတင္းေတြဖတ္ပါ။ ကိုယ့္က်န္းမာေရးကို အၿမဲသတိျပဳေနပါ။ ဒါအခ်ိန္ေပးရတဲ့ အလုပ္မဟုတ္ပါဘူး။
ေကာင္းေကာင္းအိပ္ပါ
ဒါလည္းခဏခဏ ၾကားဖူးေနၾကျဖစ္ပါတယ္။ ဟုတ္ပါတယ္။ ကြၽန္ေတာ္တို႔ ေကာင္းေကာင္းအိပ္ဖို႔လိုပါတယ္။ ပင္ပန္းျခင္းေၾကာင့္ထြက္လာတဲ့ေဟာ္မုန္းေတြကို ဖိအားလို႔အလြယ္ေခၚပါတယ္။ အဲဒါေတြကုိ ေခ်ဖ်က္ဖို႔ အေကာင္းဆံုးနည္းလမ္းက အိပ္စက္ျခင္းပါ။ ေကာင္းေကာင္းအိပ္ရတဲ့သူဟာ ဦးေႏွာက္ၾကည္ၿပီး ဆံုးျဖတ္ခ်က္ေတြလည္း အေကာင္းဆံုးခ်ႏုိင္ပါတယ္။
အခ်ိန္ငါးမိနစ္ေလာက္ယူပါ
ေန႔စဥ္အခ်ိန္ငါးမိနစ္ေလာက္ယူၿပီး အသက္ရႈေလ့က်င့္ခန္းလုပ္ၾကည့္ပါ။ တိတ္ဆိတ္တဲ့ေနရာျဖစ္ရင္ပိုေကာင္းပါတယ္။ တရားထုိင္သလိုပဲ လုပ္ၾကည့္ပါ။
ကိုယ့္ကိုကုိယ္မညွင္းဆဲပါနဲ႔
ဘယ္အရာမွ ျပည့္စံုတယ္ဆိုတာ မရွိပါဘူး။ က်န္းမာေရးဘယ္ေလာက္ေကာင္းေကာင္း အခ်ိန္တန္ရင္ေတာ့ လူ႔ေလာကကိုစြန္႔ခြာရမွာပါပဲ။ အထူးသျဖင့္ အားနည္းေနတဲ့အခ်ိန္မွာ ကိုယ့္ကိုကိုယ္တအားမခိုင္းပါနဲ႔။ အလုပ္မွာပဲ ျဖစ္ျဖစ္ ဘယ္ကိစၥပဲျဖစ္ျဖစ္ ကိုယ့္ကိုကုိယ္ညွင္းဆဲတာမ်ိဳး မလုပ္မိပါေစနဲ႔။ က်န္းမာေပ်ာ္ရႊင္တယ္ ဆိုတဲ့လူသားေတြဟာ ဟန္ခ်က္ညီေအာင္ေနထိုင္တက္လို႔ျဖစ္ပါတယ္။ ျပည့္စံုေနလို႔မဟုတ္ပါဘူး။

Credit: က်န္းမာေရးွဗဟုသုတ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဆိုကြပါစို့။ သင်ဟာကျန်းမာရေးလိုက်စားချင်တဲ့သူတစ်ယောက်ဖြစ်ပေမယ့် နေ့စဉ် သင့်မှာကြီးမားလှတဲ့ အလုပ်တာဝန်တွေနဲ့ မိသားစုကိုအချိန်ပေးရမယ့်ကိစ္စတွေရှိနေမယ်ဆိုရင် လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ဟာ သိပ်မဖြစ်နိုင်တဲ့အရာဖြစ်ပါတယ်။ လူတိုင်းကျန်းမာချင်ပါတယ်။ ဒါပေမယ့် လူအတော်များများကတော့ လေ့ကျင့်ခန်းအတွက်အတွက်အချိန်ပေးဖို့ တွန့်ဆုတ်နေတက်ကြပါတယ်။
သင်ဟာ နေ့စဉ်ကျန်းမာရေးကိုယ်လက်လှုပ်ရှားမှုအတွက် သီးသန့် အချိန်မပေးနိုင်ဘူးဆိုရင် အောက်ပါအချက်လေးတွေကို လိုက်လုပ်ကြည့်ပါ။ သင့်အတွက်အချိန်ထူးပြီးကုန်သွားမှာ မဟုတ်ဘူးဆိုတာကို အာမခံပါတယ်။
ရေသောက်ပါ။
ဒါကျွန်တော်တို့ ခဏခဏကြားဖူးနေကြစကားဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ကျန်းမာရေးအတွက် ရေသောက်ရပါမယ်။ မနက်စောစောထတဲ့အခါ ရေတဖန်ခွက်ခပ်များများ သောက်ပြီး ရေဘူးကို သင်နဲ့မကွာ တနေ့လုံးအတူတူထားပေးပါ။ ဒါဆို သင်အနည်းဆုံးတော့ ရေဓါတ်ခမ်းခြောက်မှုဒဏ်က ကင်းဝေးပါလိမ့်မယ်။
အစီအစဉ်ဆွဲပါ။
ကိစ္စအားလုံးအတွက် အစီအစဉ်ဆွဲထားပါ။ အသေးအဖွဲလေးတွေကအစဆွဲနိုင်ရင်ပိုကောင်းပါတယ်။ ဥပမာ တနင်္ဂနွေနေ့မှာ မိသားစုအတွက် ဘယ်လိုအချိန်ပေးပြီး ဘာလုပ်စားမယ်ဆိုတာက အစပေါ့။ သင့်ရဲ့စိတ်ကျန်းမာရေးအတွက် အရေးကြီးတဲ့အရာဖြစ်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှု လုပ်ဖြစ်အောင်လုပ်ပါ။
အပေါ်မှာပြောခဲ့တဲ့အတိုင်း သင်ဟာကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းအတွက် အချိန်မပေးနိုင်လည်း ကိစ္စမရှိပါဘူး။ ကလေးတွေနဲ့ရှိတဲ့အခါ ကိုယ်ပါဝင်ပြီးပြေးလွှားဆော့ကစားလိုက်လို့ ရပါတယ်။ ဒါမှမဟုတ် အနည်းဆုံးတော့ အိမ်ကလှေခါးကို အတက်အဆင်းနည်းနည်းလုပ်ပေးလိုက်လို့ရပါတယ်။ ဒါတွေမလုပ်ဖြစ်ဘူး ဆိုရင်လည်း အိမ်အပြန်ကားစီးမယ့်အစား လမ်းတော့လျှောက်လိုက်ပါ။
ကျန်းမာရေးကိစ္စတွေစိတ်ဝင်စားပါ
အခုလိုကျန်းမာရေးဆောင်းပါးမျိုးအပါအဝင် ကျန်းမာရေးကိစ္စတွေမှာ စိတ်ဝင်တစားရှိပါ။ ကျန်းမာရေး သတင်းတွေဖတ်ပါ။ ကိုယ့်ကျန်းမာရေးကို အမြဲသတိပြုနေပါ။ ဒါအချိန်ပေးရတဲ့ အလုပ်မဟုတ်ပါဘူး။
ကောင်းကောင်းအိပ်ပါ
ဒါလည်းခဏခဏ ကြားဖူးနေကြဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းအိပ်ဖို့လိုပါတယ်။ ပင်ပန်းခြင်းကြောင့်ထွက်လာတဲ့ဟော်မုန်းတွေကို ဖိအားလို့အလွယ်ခေါ်ပါတယ်။ အဲဒါတွေကို ချေဖျက်ဖို့ အကောင်းဆုံးနည်းလမ်းက အိပ်စက်ခြင်းပါ။ ကောင်းကောင်းအိပ်ရတဲ့သူဟာ ဦးနှောက်ကြည်ပြီး ဆုံးဖြတ်ချက်တွေလည်း အကောင်းဆုံးချနိုင်ပါတယ်။
အချိန်ငါးမိနစ်လောက်ယူပါ
နေ့စဉ်အချိန်ငါးမိနစ်လောက်ယူပြီး အသက်ရှုလေ့ကျင့်ခန်းလုပ်ကြည့်ပါ။ တိတ်ဆိတ်တဲ့နေရာဖြစ်ရင်ပိုကောင်းပါတယ်။ တရားထိုင်သလိုပဲ လုပ်ကြည့်ပါ။
ကိုယ့်ကိုကိုယ်မညှင်းဆဲပါနဲ့
ဘယ်အရာမှ ပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ကျန်းမာရေးဘယ်လောက်ကောင်းကောင်း အချိန်တန်ရင်တော့ လူ့လောကကိုစွန့်ခွာရမှာပါပဲ။ အထူးသဖြင့် အားနည်းနေတဲ့အချိန်မှာ ကိုယ့်ကိုကိုယ်တအားမခိုင်းပါနဲ့။ အလုပ်မှာပဲ ဖြစ်ဖြစ် ဘယ်ကိစ္စပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ်ညှင်းဆဲတာမျိုး မလုပ်မိပါစေနဲ့။ ကျန်းမာပျော်ရွှင်တယ် ဆိုတဲ့လူသားတွေဟာ ဟန်ချက်ညီအောင်နေထိုင်တက်လို့ဖြစ်ပါတယ်။ ပြည့်စုံနေလို့မဟုတ်ပါဘူး။

Credit: ကျန်းမာရေးှဗဟုသုတ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top