iMyanmarHouse.com - Best Property Website for Myanmar
×

ႏႈတ္ခမ္းနီေတြက လူကိုပိုမိုဆြဲေဆာင္မႈရွိသြားေစႏိုင္တယ္ဆိုေပမယ့္ ႏႈတ္ခမ္းနီ အမ်ားစုမွာ ခဲဓာတ္၊cadmium၊ chromium၊ aluminum နဲ႔ အျခားအဆိပ္ျဖစ္ေစႏိုင္တဲ့ ဓာတ္ပစၥည္း ၅ မ်ိဳးပါဝင္ေနတယ္၊လို႔ ကယ္လ္လီဖိုးနီးယားက သိပၸံပညာရွင္ေတြရဲ႕ ေလ့လာမႈအရသိရပါတယ္။ ႏႈတ္ခမ္းနီက အမ်ိဳးသမီးအမ်ားစုအတြက္ အရမ္းကိုအေရးပါလွတဲ့ အလွကုန္တစ္မ်ိဳးျဖစ္သလို အႏွစ္သက္ဆံုး အလွျပင္ပစၥည္း တစ္မ်ိဳးလို႔ဆိုလို႔ရပါတယ္။ ႏႈတ္ခမ္းနီ ေတာ္ေတာ္မ်ားမ်ား ခဲဓာတ္ေတြပါဝင္ေနျပီး ခႏၶာကိုယ္အတြက္ အရမ္းအႏၱရာယ္မ်ားသလို ခႏၶာကိုယ္မွာ ဆိုးက်ိဳးသက္ေရာက္မႈေတြရွိေစႏိုင္ပါတယ္။ ႏႈတ္ခမ္းနီၾကိဳက္ႏွစ္သက္တဲ့ ပ်ိဳေမေတြအေနနဲ႔ အႏၱရာယ္ကင္းကင္းနဲ႔ လွပႏိုင္ေစဖို႔အတြက္ သိထားသင့္တဲ့ အခ်က္ေလးေတြကို လက္လွမ္းမီသေလာက္ စုေဆာင္းေဖာ္ျပေပးလိုက္ပါတယ္။
ႏႈတ္ခမ္းနီမွာပါတဲ့ ဓာတုပစၥည္းေတြက ခႏၶာကိုယ္ကို အႏၱရာယ္ျဖစ္ေစႏိုင္ျခင္း

ႏႈတ္ခမ္းနီေတြကို တာရွည္အထားခံေအာင္ အသံုးျပဳထားတဲ့ ေဖာ္မယ္လ္ဒီဟိုက္ နဲ႔ parabens လိုမ်ဳိးဓာတုပစၥည္းေတြက မ်က္လံုးေတြကို က်ိန္းစပ္ေစတာ၊ ေခ်ာင္းဆိုးတာ နဲ႔ အေရျပားမွာ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္တာမ်ိဳးေတြခံစားရေစႏိုင္ပါတယ္။

ခဲဓာတ္က အာရံုေၾကာစနစ္ကို ပ်က္စီးေစႏိုင္ျခင္း

ႏႈတ္ခမ္းနီေတာ္ေတာ္မ်ားမ်ားမွာ ခဲဓာတ္က အႏၱရာယ္ျဖစ္ေစႏိုင္ေလာက္တဲ့အထိ ခဲဓာတ္ပမာဏေတြမ်ားစြာပါဝင္ေနတတ္ပါတယ္။ ခဲဓာတ္က အာရံုေၾကာကိုအဆိပ္ျဖစ္ေစႏိုင္တဲ့ ဓာတ္တစ္မ်ိဳးျဖစ္ျပီး ခဲဓာတ္နဲ႔ အလြန္အကၽြံထိေတြ႔မႈက အာရံုေၾကာစနစ္ကို ထိခိုက္ေစႏိုင္ပါတယ္။ ဦးေႏွာက္ပ်က္စီးတာ၊ေဟာ္မုန္း မညီမွ်တာ နဲ႔ ျမံဳတာမ်ိဳးအထိျဖစ္ေစႏိုင္ပါတယ္။

ေက်ာက္ကပ္ကိုပ်က္စီးေစႏိုင္ျခင္း

ႏႈတ္ခမ္းနီမွာ Cadmium၊ Magnesium နဲ႔ Chromium လိုမ်ိဳးဓာတ္ေတြက အႏၱရာယ္ျဖစ္ေစလာက္တဲ့ ပမာဏအထိပါဝင္ေနပါတယ္။ အဆိုပါ ဓာတ္ပစၥည္းေတြ ေပါင္းစည္းမိသြားတဲ့အခါ ကိုယ္တြင္းအဂၤါေတြ ထိခိုက္ပ်က္စီးတာလိုမ်ိဳး အႏၱရာယ္ရွိေစႏိုင္တဲ့ ေရာဂါမ်ိဳးေတြခံစားရႏိုင္ပါတယ္။

Cadmium ပါဝင္မႈမ်ားတာက ေက်ာက္ကပ္ပ်က္စီးသည္အထိျဖစ္ေစႏိုင္ပါတယ္။

Petrochemicals ေတြက ၾကီးထြားဖြ႔ံျဖိဳးမႈကို ထိခိုက္ေစႏိုင္ျခင္း

ႏႈတ္ခမ္းနီးေတာ္ေတာ္မ်ားမ်ားမွာ petrochemicals ကမပါမျဖစ္ပါဝင္ေလ့ရွိတဲ့ အရာတစ္မ်ိဳးပါ။ petrochemicals က ကိုယ္ခႏၶာကို အႏၱရာယ္ျဖစ္ေစႏိုင္တဲ့ ဆိုးက်ိဳးသက္ေရာက္မႈေတြျဖစ္ေစႏိုင္ပါတယ္။petrochemicals ကေရနံစိမ္းနဲ႔ သဘာဝဓာတ္ေငြ႔ကေနထြက္ရွိတဲ့ ဓာတ္ပစၥည္းတစ္မ်ိဳးပါ။ petrochemicals ေတြက endocrine ဂလင္းေတြကို ထိခိုက္ေစျပီး ခႏၶာကိုယ္ ၾကီးထြားဖြံ႔ျဖိဳးမႈ၊ မ်ိဳးပြားမႈနဲ႔ မွတ္ဥာဏ္ကို ထိခိုက္ေစႏိုင္ပါတယ္။

ဓာတုေဗဒပစၥည္းေတြက ခႏၶာကိုယ္ကို ထိခိုက္ေစႏိုင္ျခင္း

ႏႈတ္ခမ္းနီေတြမွာ တာရွည္ခံေအာင္ bismuth oxychloride ဆိုတဲ့ ဓာတုပစၥည္းတစ္ခုအသံုးျပဳၾကပါတယ္။ အဆိုပါ ဓာတုပစၥည္းေတြက ခႏၶာကိုယ္ကို ထိခိုက္ေစပါတယ္။ ႏႈတ္ခမ္းနီထဲမွာပါဝင္တဲ့ carcinogenic ေတြေၾကာင့္လည္း ခႏၶာကိုယ္ကိုထိခိုက္တာျဖစ္ပါတယ္။ ႏႈတ္ခမ္းနီေတြမွာပါဝင္ေလ့ရွိတဲ့ propylparabens  ကလည္း ေဖာ္မယ္လ္ဒီဟိုက္လိုမ်ိဳး တာရွည္ခံေအာင္လုပ္ေဆာင္ေပးပါတယ္။

ႏႈတ္ခမ္းနီ ဆိုးျခင္းက ခႏၶာကိုယ္ထဲကို အဆိပ္အေတာက္ေတြဝင္ေရာက္ေစႏိုင္ျခင္း

ႏႈတ္ခမ္းနီကို အခ်ိန္ျပည့္နီးပါးဆိုးထားမယ္ဆိုရင္ အစားစားတဲ့အခါ မိမိစားလိုက္တဲ့ အစာေတြမွာ ႏႈတ္ခမ္းနီေတြ စြန္းေပသြားျပီး စားမိလိုက္တာမ်ိဳးေတြျဖစ္ႏိုင္ပါတယ္။ ဒီလိုနဲ႔အခ်ိန္ၾကာလာတဲ့အခါ ခႏၶာကိုယ္တြင္းကို ႏႈတ္ခမ္းနီရဲ႕ အဆိပ္ဓာတ္ေတြအမ်ားအျပားဝင္ေရာက္သြားတာမ်ိဳးေတြျဖစ္လာႏိုင္ပါတယ္။ ႏႈတ္ခမ္းနီေတာင့္ နဲ႔ ႏႈတ္ခမ္းနီအဆီေတြကို ေန႔စဥ္စားသံုးမိတဲ့အခါ ခႏၶာကိုယ္တြင္းမွာ aluminium၊ cadmium၊ chromium နဲ႔ manganese ေတြနည္းနည္းခ်င္းစီေရာက္ရွိသြားျပီး အခ်ိန္ၾကာလာတာနဲဲ႔အမွ် ပမာဏေတြတိုးလာျပီး အဆိပ္သင့္တာမ်ိဳးေတြ ခံစားလာရေစပါတယ္။
ႏႈတ္ခမ္းနီမွာပါတဲ့ ဓာတု ပစၥည္းေတြနဲ႔ ၎တို႔ရဲ႕ ဆိုးက်ိဳးမ်ား

ေအာက္မွာေဖာ္ျပထားတဲ့ အရာေတြက ႏႈတ္ခမ္းနီအမ်ားစုမွာပါဝင္ေလ့ရွိတဲ့ အဆိပ္ျဖစ္ေစႏိုင္တဲ့ ဓာတုဓာတ္ပစၥည္းေတြျဖစ္ပါတယ္။

    Chromium ကာစီႏိုဂ်င္တစ္မ်ိဳးျဖစ္ျပီး အစာအိမ္မွာ အက်ိတ္အဖုေတြျဖစ္ေစႏိုင္ပါတယ္။
    ခဲဓာတ္ ႏႈတ္ခမ္းနီအမ်ားစုမွာ ခဲဓာတ္ပမာဏမ်ားစြာပါဝင္ျပီး အာရံုေၾကာေတြကို အဆိပ္သင့္ေစႏိုင္သလို ေဟာ္မုန္းေတြကို ကေမာက္ကမျဖစ္ေစႏိုင္ပါတယ္။
    Cadmium ပမာဏမ်ားလာတဲ့အခါ ေက်ာက္ကပ္ေတြကို ထိခိုက္ပ်က္စီးေစႏိုင္သလို အရိုးေတြကို က်ိဳးလြယ္ေစပါတယ္။
    မဂၢနိက ခႏၶာကိုယ္အတြက္မရွိမျဖစ္လိုအပ္တဲ့ အာဟာရဓာတ္တစ္မ်ိဳးျဖစ္ေပမယ့္ ပမာဏအရမ္းမ်ားလြန္းရင္ေတာ့ ပါကင္ဆန္ေရာဂါလိုမ်ိဳး ေရာဂါေတြကို ျဖစ္ေပၚေစႏိုင္ပါတယ္။
    Aluminum ကအာရံုေၾကာစနစ္ကို အဆိပ္သင့္ေစႏိုင္ျပီး လူ႔ခႏၶာကိုယ္အတြက္ အက်ိဳးမျပဳပါဘူး။

အမ်ိဳးသမီးေတြအေနနဲ႔ တစ္ေန႔တာအတြင္း ႏႈတ္ခမ္းနီကို အၾကိမ္ၾကိမ္ဆိုးေနမယ္ဆိုရင္ အႏၱရာယ္ကင္းတဲ့ပမာဏထက္ေက်ာ္ျပီး ဓာတုပစၥည္းေတြနဲ႔ထိေတြ႔မိတာကေနတဆင့္ ခႏၶာကိုယ္ကို ထိခိုက္အဆိပ္သင့္တာေတြျဖစ္ေပၚခံစားရႏိုင္ပါတယ္။
ေဘးကင္းတဲ့ႏႈတ္ခမ္းနီတစ္ေတာင့္ဘယ္လိုဝယ္ယူမလဲ

အႏၱရာယ္ကင္းတဲ့ ႏႈတ္ခမ္းနီတစ္ေတာင့္ဝယ္ယူလိုတယ္ဆိုရင္ေတာ့

    phenol၊ menthol နဲ႔ salicylic  အက္ဆစ္ေတြပါဝင္တဲ့ႏႈတ္ခမ္းနီေတြက ခႏၶာကိုယ္က ႏႈတ္ခမ္းတဝိုက္မွာ အစိုဓာတ္ျဖစ္ေပၚေအာင္လုပ္ေဆာင္ေပးမႈကို ရပ္တန္႔သြားေစတာမ်ိဳးျဖစ္ေစႏိုင္တာေၾကာင့္ အဆိုပါ အက္ဆစ္ေတြပါဝင္ေနတဲ့ႏႈတ္ခမ္းနီကိုမဝယ္သင့္ပါဘူး။ အလါနအကၽြံသံုးစြဲမယ္ဆိုရင္ ႏႈတ္ခမ္းအေပၚယံလႊာေတြေျခာက္ေသြ႔ျပီး ကြာက်တာမ်ိဳးေတြျဖစ္ေပၚခံစားရႏိုင္ပါတယ္။
    အနံ႔အရသာထည့္ထားတဲ့ ႏႈတ္ခမ္းဆိုးေဆးအဆီေတြက အနံ႔နဲ႔အရသာအတြက္ ဓာတုပစၥည္းေတြကို ပံုမွန္ထက္ပိုထည့္သြင္းျပဳလုပ္ထားတာေၾကာင့္ အေရျပားကို စပ္ဖ်ဥ္းဖ်ဥ္းျဖစ္ေစႏိုင္သလို အေရျပားဓာတ္မတည့္မႈေတြကိုလည္း ျဖစ္ေစႏိုင္ပါတယ္။
    SPF 30 ပါတဲ့ႏႈတ္ခမ္းဆိုးေဆးအဆီေတြကို ဝယ္ယူပါ။ ႏႈတ္ခမ္းနီအေရာင္ေတာက္ေတာက္ေတြက ႏႈတ္ခမ္းသားကို ေနေရာင္တိုက္ရိုက္ထိုးေဖာက္ေစနိုင္တာေၾကာင့္ အေရျပားကင္ဆာျဖစ္နိုင္ေျခကို တိုးေစႏိုင္ပါတယ္၊ ဒါေၾကာင့္ ေနေရာင္ျပင္းျပင္ထဲထြက္မယ္ဆိုရင္ ႏႈတ္ခမ္းကိုလည္း ေနေလာင္ကာခရင္မ္လူးေပးပါ။ ႏႈတ္ခမ္းသားမွာလည္း အေရျပားကင္ဆာျဖစ္ေစႏိုင္ပါတယ္။

Credit : mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နှုတ်ခမ်းနီတွေက လူကိုပိုမိုဆွဲဆောင်မှုရှိသွားစေနိုင်တယ်ဆိုပေမယ့် နှုတ်ခမ်းနီ အများစုမှာ ခဲဓာတ်၊cadmium၊ chromium၊ aluminum နဲ့ အခြားအဆိပ်ဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်း ၅ မျိုးပါဝင်နေတယ်၊လို့ ကယ်လ်လီဖိုးနီးယားက သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုအရသိရပါတယ်။ နှုတ်ခမ်းနီက အမျိုးသမီးအများစုအတွက် အရမ်းကိုအရေးပါလှတဲ့ အလှကုန်တစ်မျိုးဖြစ်သလို အနှစ်သက်ဆုံး အလှပြင်ပစ္စည်း တစ်မျိုးလို့ဆိုလို့ရပါတယ်။ နှုတ်ခမ်းနီ တော်တော်များများ ခဲဓာတ်တွေပါဝင်နေပြီး ခန္ဓာကိုယ်အတွက် အရမ်းအန္တရာယ်များသလို ခန္ဓာကိုယ်မှာ ဆိုးကျိုးသက်ရောက်မှုတွေရှိစေနိုင်ပါတယ်။ နှုတ်ခမ်းနီကြိုက်နှစ်သက်တဲ့ ပျိုမေတွေအနေနဲ့ အန္တရာယ်ကင်းကင်းနဲ့ လှပနိုင်စေဖို့အတွက် သိထားသင့်တဲ့ အချက်လေးတွေကို လက်လှမ်းမီသလောက် စုဆောင်းဖော်ပြပေးလိုက်ပါတယ်။
နှုတ်ခမ်းနီမှာပါတဲ့ ဓာတုပစ္စည်းတွေက ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်ခြင်း

နှုတ်ခမ်းနီတွေကို တာရှည်အထားခံအောင် အသုံးပြုထားတဲ့ ဖော်မယ်လ်ဒီဟိုက် နဲ့ parabens လိုမျိုးဓာတုပစ္စည်းတွေက မျက်လုံးတွေကို ကျိန်းစပ်စေတာ၊ ချောင်းဆိုးတာ နဲ့ အရေပြားမှာ စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုးတွေခံစားရစေနိုင်ပါတယ်။

ခဲဓာတ်က အာရုံကြောစနစ်ကို ပျက်စီးစေနိုင်ခြင်း

နှုတ်ခမ်းနီတော်တော်များများမှာ ခဲဓာတ်က အန္တရာယ်ဖြစ်စေနိုင်လောက်တဲ့အထိ ခဲဓာတ်ပမာဏတွေများစွာပါဝင်နေတတ်ပါတယ်။ ခဲဓာတ်က အာရုံကြောကိုအဆိပ်ဖြစ်စေနိုင်တဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး ခဲဓာတ်နဲ့ အလွန်အကျွံထိတွေ့မှုက အာရုံကြောစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ဦးနှောက်ပျက်စီးတာ၊ဟော်မုန်း မညီမျှတာ နဲ့ မြုံတာမျိုးအထိဖြစ်စေနိုင်ပါတယ်။

ကျောက်ကပ်ကိုပျက်စီးစေနိုင်ခြင်း

နှုတ်ခမ်းနီမှာ Cadmium၊ Magnesium နဲ့ Chromium လိုမျိုးဓာတ်တွေက အန္တရာယ်ဖြစ်စေလာက်တဲ့ ပမာဏအထိပါဝင်နေပါတယ်။ အဆိုပါ ဓာတ်ပစ္စည်းတွေ ပေါင်းစည်းမိသွားတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ပျက်စီးတာလိုမျိုး အန္တရာယ်ရှိစေနိုင်တဲ့ ရောဂါမျိုးတွေခံစားရနိုင်ပါတယ်။

Cadmium ပါဝင်မှုများတာက ကျောက်ကပ်ပျက်စီးသည်အထိဖြစ်စေနိုင်ပါတယ်။

Petrochemicals တွေက ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ခြင်း

နှုတ်ခမ်းနီးတော်တော်များများမှာ petrochemicals ကမပါမဖြစ်ပါဝင်လေ့ရှိတဲ့ အရာတစ်မျိုးပါ။ petrochemicals က ကိုယ်ခန္ဓာကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆိုးကျိုးသက်ရောက်မှုတွေဖြစ်စေနိုင်ပါတယ်။petrochemicals ကရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့ကနေထွက်ရှိတဲ့ ဓာတ်ပစ္စည်းတစ်မျိုးပါ။ petrochemicals တွေက endocrine ဂလင်းတွေကို ထိခိုက်စေပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှု၊ မျိုးပွားမှုနဲ့ မှတ်ဉာဏ်ကို ထိခိုက်စေနိုင်ပါတယ်။

ဓာတုဗေဒပစ္စည်းတွေက ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ခြင်း

နှုတ်ခမ်းနီတွေမှာ တာရှည်ခံအောင် bismuth oxychloride ဆိုတဲ့ ဓာတုပစ္စည်းတစ်ခုအသုံးပြုကြပါတယ်။ အဆိုပါ ဓာတုပစ္စည်းတွေက ခန္ဓာကိုယ်ကို ထိခိုက်စေပါတယ်။ နှုတ်ခမ်းနီထဲမှာပါဝင်တဲ့ carcinogenic တွေကြောင့်လည်း ခန္ဓာကိုယ်ကိုထိခိုက်တာဖြစ်ပါတယ်။ နှုတ်ခမ်းနီတွေမှာပါဝင်လေ့ရှိတဲ့ propylparabens  ကလည်း ဖော်မယ်လ်ဒီဟိုက်လိုမျိုး တာရှည်ခံအောင်လုပ်ဆောင်ပေးပါတယ်။

နှုတ်ခမ်းနီ ဆိုးခြင်းက ခန္ဓာကိုယ်ထဲကို အဆိပ်အတောက်တွေဝင်ရောက်စေနိုင်ခြင်း

နှုတ်ခမ်းနီကို အချိန်ပြည့်နီးပါးဆိုးထားမယ်ဆိုရင် အစားစားတဲ့အခါ မိမိစားလိုက်တဲ့ အစာတွေမှာ နှုတ်ခမ်းနီတွေ စွန်းပေသွားပြီး စားမိလိုက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့အချိန်ကြာလာတဲ့အခါ ခန္ဓာကိုယ်တွင်းကို နှုတ်ခမ်းနီရဲ့ အဆိပ်ဓာတ်တွေအများအပြားဝင်ရောက်သွားတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ နှုတ်ခမ်းနီတောင့် နဲ့ နှုတ်ခမ်းနီအဆီတွေကို နေ့စဉ်စားသုံးမိတဲ့အခါ ခန္ဓာကိုယ်တွင်းမှာ aluminium၊ cadmium၊ chromium နဲ့ manganese တွေနည်းနည်းချင်းစီရောက်ရှိသွားပြီး အချိန်ကြာလာတာနဲ့အမျှ ပမာဏတွေတိုးလာပြီး အဆိပ်သင့်တာမျိုးတွေ ခံစားလာရစေပါတယ်။
နှုတ်ခမ်းနီမှာပါတဲ့ ဓာတု ပစ္စည်းတွေနဲ့ ၎င်းတို့ရဲ့ ဆိုးကျိုးများ

အောက်မှာဖော်ပြထားတဲ့ အရာတွေက နှုတ်ခမ်းနီအများစုမှာပါဝင်လေ့ရှိတဲ့ အဆိပ်ဖြစ်စေနိုင်တဲ့ ဓာတုဓာတ်ပစ္စည်းတွေဖြစ်ပါတယ်။

    Chromium ကာစီနိုဂျင်တစ်မျိုးဖြစ်ပြီး အစာအိမ်မှာ အကျိတ်အဖုတွေဖြစ်စေနိုင်ပါတယ်။
    ခဲဓာတ် နှုတ်ခမ်းနီအများစုမှာ ခဲဓာတ်ပမာဏများစွာပါဝင်ပြီး အာရုံကြောတွေကို အဆိပ်သင့်စေနိုင်သလို ဟော်မုန်းတွေကို ကမောက်ကမဖြစ်စေနိုင်ပါတယ်။
    Cadmium ပမာဏများလာတဲ့အခါ ကျောက်ကပ်တွေကို ထိခိုက်ပျက်စီးစေနိုင်သလို အရိုးတွေကို ကျိုးလွယ်စေပါတယ်။
    မဂ္ဂနိက ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပေမယ့် ပမာဏအရမ်းများလွန်းရင်တော့ ပါကင်ဆန်ရောဂါလိုမျိုး ရောဂါတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
    Aluminum ကအာရုံကြောစနစ်ကို အဆိပ်သင့်စေနိုင်ပြီး လူ့ခန္ဓာကိုယ်အတွက် အကျိုးမပြုပါဘူး။

အမျိုးသမီးတွေအနေနဲ့ တစ်နေ့တာအတွင်း နှုတ်ခမ်းနီကို အကြိမ်ကြိမ်ဆိုးနေမယ်ဆိုရင် အန္တရာယ်ကင်းတဲ့ပမာဏထက်ကျော်ပြီး ဓာတုပစ္စည်းတွေနဲ့ထိတွေ့မိတာကနေတဆင့် ခန္ဓာကိုယ်ကို ထိခိုက်အဆိပ်သင့်တာတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
ဘေးကင်းတဲ့နှုတ်ခမ်းနီတစ်တောင့်ဘယ်လိုဝယ်ယူမလဲ

အန္တရာယ်ကင်းတဲ့ နှုတ်ခမ်းနီတစ်တောင့်ဝယ်ယူလိုတယ်ဆိုရင်တော့

    phenol၊ menthol နဲ့ salicylic  အက်ဆစ်တွေပါဝင်တဲ့နှုတ်ခမ်းနီတွေက ခန္ဓာကိုယ်က နှုတ်ခမ်းတဝိုက်မှာ အစိုဓာတ်ဖြစ်ပေါ်အောင်လုပ်ဆောင်ပေးမှုကို ရပ်တန့်သွားစေတာမျိုးဖြစ်စေနိုင်တာကြောင့် အဆိုပါ အက်ဆစ်တွေပါဝင်နေတဲ့နှုတ်ခမ်းနီကိုမဝယ်သင့်ပါဘူး။ အလါနအကျွံသုံးစွဲမယ်ဆိုရင် နှုတ်ခမ်းအပေါ်ယံလွှာတွေခြောက်သွေ့ပြီး ကွာကျတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
    အနံ့အရသာထည့်ထားတဲ့ နှုတ်ခမ်းဆိုးဆေးအဆီတွေက အနံ့နဲ့အရသာအတွက် ဓာတုပစ္စည်းတွေကို ပုံမှန်ထက်ပိုထည့်သွင်းပြုလုပ်ထားတာကြောင့် အရေပြားကို စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်သလို အရေပြားဓာတ်မတည့်မှုတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
    SPF 30 ပါတဲ့နှုတ်ခမ်းဆိုးဆေးအဆီတွေကို ဝယ်ယူပါ။ နှုတ်ခမ်းနီအရောင်တောက်တောက်တွေက နှုတ်ခမ်းသားကို နေရောင်တိုက်ရိုက်ထိုးဖောက်စေနိုင်တာကြောင့် အရေပြားကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်၊ ဒါကြောင့် နေရောင်ပြင်းပြင်ထဲထွက်မယ်ဆိုရင် နှုတ်ခမ်းကိုလည်း နေလောင်ကာခရင်မ်လူးပေးပါ။ နှုတ်ခမ်းသားမှာလည်း အရေပြားကင်ဆာဖြစ်စေနိုင်ပါတယ်။

Credit : mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top