iMyanmarHouse.com - Best Property Website for Myanmar
×

အခုေတာ့ နည္းပညာ ေခတ္ ေရာက္လာလို႔ ေရပူ၊ ေရေအး စက္ေတြ ရွိေနပါၿပီ။ အရင္က ေရေအးကေတာ့ မခက္ဘူး၊ အုတ္ကန္၊ ေရတြင္းထဲကရတဲ့ သဘာ၀ အတိုင္းပဲ ေရေအး ကို ခ်ိဳးတယ္၊ ခ်မ္းတဲ့ ေဒသေတြမွာ ေရေႏြး တည္ၿပီး ေရေအးနဲ ႔ အေနေတာ္ စပ္ခ်ိဳးၾကတယ္၊ ဒီေတာ့ အခုလို ေဆာင္းတြင္းေ အးေအးမွာ ေရပူ၊ ေရေအး ခ်ိဳးမႈက ပိုမ်ားလာတယ္။ ဒါေပမယ့္ က်န္းမာေရး အရဆိုရင္ ဘယ္လို ေရခ်ိဳး တာက အေကာင္းဆုံးပါလဲ။ က်ေနာ္တို႔ မသိထားၾကဘူးဆိုရင္ အခု ေဆာင္းပါးေလးကို အခ်ိန္ေပးဖတ္ထားၿပီး ဗဟုသုတ ရွာထားရေအာင္ပါ။

Ayurveda ဆိုတာကေတာ့ နာမည္ႀကီး က်န္းမာေရး လမ္းၫႊန္ Website တခုျဖစ္ၿပီး သူက အပိုင္း တပိုင္းခ်င္းစီကို ခြဲေျပာထားတာ ေတြ႕ရပါတယ္။ ဒီထဲမွာ ကိုယ္ခႏၶာ အတြက္ဆိုရင္ေတာ့ ေရပူက ေကာင္းတယ္၊ ဦးေခါင္း အတြက္ကေတာ့ ေရေအးကပဲ ေကာင္းတယ္လို႔ ဆိုပါတယ္။ ဒါက General ဆိုတဲ့ ေယဘုယ် သေဘာပါ။

အဝ – အပိန္ အေနအထားအေပၚမွာ ေရ ေ႐ြးမယ္ဆိုရင္ ပုံမွန္ ကိုယ္ခႏၶာသမားေတြကေတာ့ ေရေအးကိုပဲ ခ်ိဳးတာ ေကာင္းပါတယ္တဲ့။ ဝသူေတြ၊ က်န္းမာေရး မေကာင္းသူေတြကေတာ့ ေအးတယ္ ဆိုရင္ ေရေႏြး ခ်ိဳးေပးႏိုင္ပါတယ္တဲ့။

ေရာဂါ အခံရွိသူေတြအတြက္လည္း ေျပာထားပါေသးတယ္။ အသည္းေ ရာဂါရွိသူေတြ၊ အစာအိမ္ မေကာင္းသူေတြ၊ အာ႐ုံေၾကာ အားနည္းေနသူေတြ ျဖစ္မယ္ ဆိုရင္လည္း ေရေအး ကိုပဲခ်ိဳးသင့္တယ္လို႔ ဆိုပါတယ္။ အသက္ရႈလမ္းေၾကာင္းပိုင္း အားနည္းခ်က္ရွိသူ၊ အလာ့ဂ်စ္(ဓါတ္မတည့္တတ္သူ)၊ ေခ်ာင္းဆိုေနသူ၊ အေအးမိေနသူေတြ၊ ကိုယ္လက္ နာက်င္ေနသူေတြ၊ ေလးဘက္နာ သမားေတြ၊ အဆစ္အျမစ္ ေရာင္ရမ္း ကိုက္ခဲေနသူေတြကေတာ့ ေရေႏြး ကို ခ်ိဳးေပးတာ အေကာင္းဆုံးလို႔ ဆိုပါတယ္။

အသက္အ႐ြယ္ အေပၚမွာ မူတည္ၿပီးေတာ့ ေရပူ၊ ေရေအး ခ်ိဳးသင့္မႈ အပိုင္းမွာလည္း ကေလးငယ္ေတြနဲ႔ သက္ႀကီး ႐ြယ္အိုေတြကို ေရပူ ခ်ိဳးေပးသင့္တယ္။ ဒါေပမယ့္ ေမြးကင္းစ ကေလးေတြကိုေတာ့ ေရေအး နဲ႔ပဲ ခ်ိဳးေပးသင့္တယ္။ ေက်ာင္းေန အ႐ြယ္ေတြ၊ စာက်က္ခ်ိန္မ်ားေနသူေတြ၊ အထိုင္မ်ားသူေတြက အိပ္ယာ ဝင္ခါနီးမွာ ေရပူ(ေရေႏြး)ခ်ိဳးေပးသင့္ၿပီး တကယ္လို႔ အိပ္ယာဝင္ခ်ိန္ ေရမခ်ိဳး ျဖစ္ရင္ေတာင္ မနက္ေစာေစာ မွာေတာ့ ေရေအးကို မျဖစ္အေန ခ်ိဳးေပးသင့္တယ္လို႔ ဆိုပါတယ္။ သက္လတ္ပိုင္းေတြ အေနနဲ႔ ညဘက္ ေရေႏြး နဲ႔ မခ်ိဳးရင္ေတာင္ မနက္မွာ ေရေႏြး နဲ႔ မခ်ိဳဘဲ ေရေအးနဲ႔ မျဖစ္မေန ခ်ိဳးေပးသင့္တယ္လို႔ ဆိုပါတယ္။

ရာသီဥတု အေျခအေနအေပၚ မူတည္ၿပီးေတာ့ ေျပာရမယ္ဆိုရင္ေတာ့ ေဆာင္းမွာ ေရေႏြး ခ်ိဳးတာ ေကာင္းတယ္၊ ေႏြမွာ ေရေအး နဲ႔ မိုးမွာလည္း ေရေအး ပဲ ခ်ိဳးတာ ေကာင္းတယ္လို႔ ဆိုပါတယ္။

တေန႔တာ အခ်ိန္အေပၚမွာ မူတည္ၿပီးေတာ့ ၾကည့္မယ္ဆိုရင္လည္း မနက္ေစာေစာ ေရခ်ိဳးမႈ အတြက္ ေရေအးတခုတည္းသာ ခ်ိဳးလို႔ အေကာင္းဆုံး ျဖစ္ပါတယ္တဲ့။ ဒါေပမယ့္ အိပ္ယာ ဝင္ခါနီး ေရခ်ိဳးတတ္တယ္ ဆိုရင္ေတာ့ ေရေႏြးခ်ိဳးေပးတာပိုေကာင္းပါတယ္တဲ့။ ညေနဘက္ ေရခ်ိဳးမယ္ ဆိုရင္လည္း ေရေႏြး ခ်ိဳးေပးလို႔ ေကာင္းပါတယ္တဲ့။

မိမိရဲ႕ ေနထိုင္မႈ အက်င့္စ႐ိုက္အရ ခ်ိဳးေရ ေ႐ြးခ်ယ္မယ္ ဆိုရင္လည္း သင့္ အေနနဲ႔ ေလ့က်င့္ခန္း ပုံမွန္ လုပ္တတ္ပါသလား၊ ေရေႏြးနဲ႔ ေရခ်ိဳး သန႔္စင္ေပးပါ။ အခုေခတ္မွာ ေခတ္စားေနတဲ့ အႏွိပ္ခံတတ္တဲ့ အက်င့္ေရာ ရွိပါသလား၊ အႏွိပ္ခံၿပီးရင္ အနည္းဆုံး နာရီဝက္ေလာက္ ေရဝေအာင္ ခ်ိဳးေပးပါ၊ ေရပူ၊ ေရေအး သင့္စိတ္ႀကိဳက္ ေ႐ြးခ်ယ္ခ်ိဳးႏိုင္ပါတယ္။ အနည္းဆုံး နာရီဝက္ေတာ့ ေရဝေအာင္ ခ်ိဳးေပးဖို႔ မေမ့ပါနဲ႔။

ဒါေပမယ့္ အမ်ားစုေသာ က်န္းမာေရး ေလ့လာသူေတြကေတာ့ အႏွိပ္ခံထားရင္ ေရ ကို မေအးလြန္း၊ မပူလြန္း အေနအထားနဲ႔ ဝေအာင္ ခ်ိဳးေပးတာ အေကာင္းဆုံးလို႔လည္း ဆိုပါတယ္။ ေလ့က်င့္ခန္း မလုပ္သူေတြ၊ ပုံမွန္ပဲ သြားလာသူေတြ၊ အထိုင္မ်ားသူေတြကေတာ့ အထက္မွာ ေျပာခဲ့တဲ့ တေန႔တာ အခ်ိန္ေတြထဲကလိုပဲ မနက္ ေရေအး၊ ညဘက္ ေရေႏြး ခ်ိဳးေပးတာ ေကာင္းပါတယ္။

ေရေအး၊ ေရေႏြးရယ္မွ ခြဲျခား မခ်ိဳးခ်င္သူေတြအတြက္ အေကာင္းဆုံးကေတာ့ အေနာက္တိုင္း ေရခ်ိဳးမႈ ပုံစံ ေရခ်ိဳးကန္ ထဲကို ျဖစ္ေစ၊ မိမိ ေရခပ္ခ်ိဳးမယ့္ ကန္ထဲကို ျဖစ္ေစ ေရေအးနဲ႔ ေရေႏြး ကို ရာသီမေ႐ြး သင့္တင့္႐ုံ ေရာစပ္၊ ဒါမွမဟုတ္ ေရာစပ္ ခ်ိဳးမွာ မဟုတ္ဘူးဆိုရင္လည္း မိမိ ခ်ိဳးမယ့္ေရခ်ိဳးကန္၊ ေရခပ္ကန္ေလးထဲကို ခ်ိဳးေရ သီးသန႔္ လိုသေလာက္ လွယ္ထားၿပီး ခဏ အၾကာ (၅မိနစ္ခန႔္)မွာ ခ်ိဳးလို႔ရႏိုင္ပါတယ္။ ဆိုလိုတာကေတာ့ ေရပိုက္၊ အုတ္ကန္ကေန တိုက္႐ိုက္ ရယူ မခ်ိဳးပဲ ခဏတာ ေလသလပ္ခံ ခ်ိဳးျခင္း ျဖစ္ပါတယ္။

Credit : Burma irrawaddy
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အခုတော့ နည်းပညာ ခေတ် ရောက်လာလို့ ရေပူ၊ ရေအေး စက်တွေ ရှိနေပါပြီ။ အရင်က ရေအေးကတော့ မခက်ဘူး၊ အုတ်ကန်၊ ရေတွင်းထဲကရတဲ့ သဘာ၀ အတိုင်းပဲ ရေအေး ကို ချိုးတယ်၊ ချမ်းတဲ့ ဒေသတွေမှာ ရေနွေး တည်ပြီး ရေအေးနဲ့ အနေတော် စပ်ချိုးကြတယ်၊ ဒီတော့ အခုလို ဆောင်းတွင်းေ အးအေးမှာ ရေပူ၊ ရေအေး ချိုးမှုက ပိုများလာတယ်။ ဒါပေမယ့် ကျန်းမာရေး အရဆိုရင် ဘယ်လို ရေချိုး တာက အကောင်းဆုံးပါလဲ။ ကျနော်တို့ မသိထားကြဘူးဆိုရင် အခု ဆောင်းပါးလေးကို အချိန်ပေးဖတ်ထားပြီး ဗဟုသုတ ရှာထားရအောင်ပါ။

Ayurveda ဆိုတာကတော့ နာမည်ကြီး ကျန်းမာရေး လမ်းညွှန် Website တခုဖြစ်ပြီး သူက အပိုင်း တပိုင်းချင်းစီကို ခွဲပြောထားတာ တွေ့ရပါတယ်။ ဒီထဲမှာ ကိုယ်ခန္ဓာ အတွက်ဆိုရင်တော့ ရေပူက ကောင်းတယ်၊ ဦးခေါင်း အတွက်ကတော့ ရေအေးကပဲ ကောင်းတယ်လို့ ဆိုပါတယ်။ ဒါက General ဆိုတဲ့ ယေဘုယျ သဘောပါ။

အဝ – အပိန် အနေအထားအပေါ်မှာ ရေ ရွေးမယ်ဆိုရင် ပုံမှန် ကိုယ်ခန္ဓာသမားတွေကတော့ ရေအေးကိုပဲ ချိုးတာ ကောင်းပါတယ်တဲ့။ ဝသူတွေ၊ ကျန်းမာရေး မကောင်းသူတွေကတော့ အေးတယ် ဆိုရင် ရေနွေး ချိုးပေးနိုင်ပါတယ်တဲ့။

ရောဂါ အခံရှိသူတွေအတွက်လည်း ပြောထားပါသေးတယ်။ အသည်းေ ရာဂါရှိသူတွေ၊ အစာအိမ် မကောင်းသူတွေ၊ အာရုံကြော အားနည်းနေသူတွေ ဖြစ်မယ် ဆိုရင်လည်း ရေအေး ကိုပဲချိုးသင့်တယ်လို့ ဆိုပါတယ်။ အသက်ရှုလမ်းကြောင်းပိုင်း အားနည်းချက်ရှိသူ၊ အလာ့ဂျစ်(ဓါတ်မတည့်တတ်သူ)၊ ချောင်းဆိုနေသူ၊ အအေးမိနေသူတွေ၊ ကိုယ်လက် နာကျင်နေသူတွေ၊ လေးဘက်နာ သမားတွေ၊ အဆစ်အမြစ် ရောင်ရမ်း ကိုက်ခဲနေသူတွေကတော့ ရေနွေး ကို ချိုးပေးတာ အကောင်းဆုံးလို့ ဆိုပါတယ်။

အသက်အရွယ် အပေါ်မှာ မူတည်ပြီးတော့ ရေပူ၊ ရေအေး ချိုးသင့်မှု အပိုင်းမှာလည်း ကလေးငယ်တွေနဲ့ သက်ကြီး ရွယ်အိုတွေကို ရေပူ ချိုးပေးသင့်တယ်။ ဒါပေမယ့် မွေးကင်းစ ကလေးတွေကိုတော့ ရေအေး နဲ့ပဲ ချိုးပေးသင့်တယ်။ ကျောင်းနေ အရွယ်တွေ၊ စာကျက်ချိန်များနေသူတွေ၊ အထိုင်များသူတွေက အိပ်ယာ ဝင်ခါနီးမှာ ရေပူ(ရေနွေး)ချိုးပေးသင့်ပြီး တကယ်လို့ အိပ်ယာဝင်ချိန် ရေမချိုး ဖြစ်ရင်တောင် မနက်စောစော မှာတော့ ရေအေးကို မဖြစ်အနေ ချိုးပေးသင့်တယ်လို့ ဆိုပါတယ်။ သက်လတ်ပိုင်းတွေ အနေနဲ့ ညဘက် ရေနွေး နဲ့ မချိုးရင်တောင် မနက်မှာ ရေနွေး နဲ့ မချိုဘဲ ရေအေးနဲ့ မဖြစ်မနေ ချိုးပေးသင့်တယ်လို့ ဆိုပါတယ်။

ရာသီဥတု အခြေအနေအပေါ် မူတည်ပြီးတော့ ပြောရမယ်ဆိုရင်တော့ ဆောင်းမှာ ရေနွေး ချိုးတာ ကောင်းတယ်၊ နွေမှာ ရေအေး နဲ့ မိုးမှာလည်း ရေအေး ပဲ ချိုးတာ ကောင်းတယ်လို့ ဆိုပါတယ်။

တနေ့တာ အချိန်အပေါ်မှာ မူတည်ပြီးတော့ ကြည့်မယ်ဆိုရင်လည်း မနက်စောစော ရေချိုးမှု အတွက် ရေအေးတခုတည်းသာ ချိုးလို့ အကောင်းဆုံး ဖြစ်ပါတယ်တဲ့။ ဒါပေမယ့် အိပ်ယာ ဝင်ခါနီး ရေချိုးတတ်တယ် ဆိုရင်တော့ ရေနွေးချိုးပေးတာပိုကောင်းပါတယ်တဲ့။ ညနေဘက် ရေချိုးမယ် ဆိုရင်လည်း ရေနွေး ချိုးပေးလို့ ကောင်းပါတယ်တဲ့။

မိမိရဲ့ နေထိုင်မှု အကျင့်စရိုက်အရ ချိုးရေ ရွေးချယ်မယ် ဆိုရင်လည်း သင့် အနေနဲ့ လေ့ကျင့်ခန်း ပုံမှန် လုပ်တတ်ပါသလား၊ ရေနွေးနဲ့ ရေချိုး သန့်စင်ပေးပါ။ အခုခေတ်မှာ ခေတ်စားနေတဲ့ အနှိပ်ခံတတ်တဲ့ အကျင့်ရော ရှိပါသလား၊ အနှိပ်ခံပြီးရင် အနည်းဆုံး နာရီဝက်လောက် ရေဝအောင် ချိုးပေးပါ၊ ရေပူ၊ ရေအေး သင့်စိတ်ကြိုက် ရွေးချယ်ချိုးနိုင်ပါတယ်။ အနည်းဆုံး နာရီဝက်တော့ ရေဝအောင် ချိုးပေးဖို့ မမေ့ပါနဲ့။

ဒါပေမယ့် အများစုသော ကျန်းမာရေး လေ့လာသူတွေကတော့ အနှိပ်ခံထားရင် ရေ ကို မအေးလွန်း၊ မပူလွန်း အနေအထားနဲ့ ဝအောင် ချိုးပေးတာ အကောင်းဆုံးလို့လည်း ဆိုပါတယ်။ လေ့ကျင့်ခန်း မလုပ်သူတွေ၊ ပုံမှန်ပဲ သွားလာသူတွေ၊ အထိုင်များသူတွေကတော့ အထက်မှာ ပြောခဲ့တဲ့ တနေ့တာ အချိန်တွေထဲကလိုပဲ မနက် ရေအေး၊ ညဘက် ရေနွေး ချိုးပေးတာ ကောင်းပါတယ်။

ရေအေး၊ ရေနွေးရယ်မှ ခွဲခြား မချိုးချင်သူတွေအတွက် အကောင်းဆုံးကတော့ အနောက်တိုင်း ရေချိုးမှု ပုံစံ ရေချိုးကန် ထဲကို ဖြစ်စေ၊ မိမိ ရေခပ်ချိုးမယ့် ကန်ထဲကို ဖြစ်စေ ရေအေးနဲ့ ရေနွေး ကို ရာသီမရွေး သင့်တင့်ရုံ ရောစပ်၊ ဒါမှမဟုတ် ရောစပ် ချိုးမှာ မဟုတ်ဘူးဆိုရင်လည်း မိမိ ချိုးမယ့်ရေချိုးကန်၊ ရေခပ်ကန်လေးထဲကို ချိုးရေ သီးသန့် လိုသလောက် လှယ်ထားပြီး ခဏ အကြာ (၅မိနစ်ခန့်)မှာ ချိုးလို့ရနိုင်ပါတယ်။ ဆိုလိုတာကတော့ ရေပိုက်၊ အုတ်ကန်ကနေ တိုက်ရိုက် ရယူ မချိုးပဲ ခဏတာ လေသလပ်ခံ ချိုးခြင်း ဖြစ်ပါတယ်။

Credit : Burma irrawaddy

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top