iMyanmarHouse.com - Best Property Website for Myanmar
×

http://mystylemyanmar.com/wp-content/uploads/2017/11/Give-Yourself-a-Break-from-Stress.jpegအိုမင္းရင့္ေရာ္ျခင္းသည္ သဘာ၀ျဖစ္စဥ္တစ္ရပ္မွန္ေသာ္လည္း ငယ္ရြယ္ႏုပ်ိဳေသာ အသြင္အျပင္ကို ရရွိႏိုင္ရန္ ေငြေႀကးအကုန္အက်ခံေနႀကသူမ်ားလည္း ရွိေပသည္။ မိမိစိတ္တိုင္းက် ေျပာင္းလဲႏိုင္မႈမရွိေသာ္လည္း က်န္းမာသန္စြမ္းသည့္ လူေနမႈဘ၀ပံုစံကို လိုက္နာႏိုင္ပါက ငယ္ရြယ္ေသာအသြင္ကို အလြယ္ကူထိန္းသိမ္းထားႏိုင္မွာျဖစ္ပါသည္။ ထုိ႕အတြက္ အရြယ္ႏွင့္မလိုက္ေအာင္ ႏုပ်ိဳလွပေနေစမည့္ အလွအပဆိုင္ရာ လွ်ိဳ႕၀ွက္ခ်က္မ်ားကို ေ၀မွ်ေပးလိုက္ရပါတယ္။

၁။ ေကာင္းမြန္ေသာ အသားအေရထိန္းသိမ္းမႈနည္းလမ္းကို လိုက္နာက်င့္သံုးပါ။

အသက္အရြယ္အပိုင္းအျခားမေရြး က်န္းမာလွပသည့္ အသားအေရကို ရရွိရန္ မွန္ကန္ေကာင္းမြန္ေသာ အသားအေရထိန္းသိမ္းမႈနည္းလမ္းမ်ားကို လိုက္နာရန္ အေရးႀကီးပါသည္။ သင့္အသားအေရသည္ က်န္းမာလွပေနပါက အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္သည့္ လကၡဏာမ်ား ကို ျမင္ေတြ႕မွာမဟုတ္ေပ။

၂။ အလွကုန္ပစၥည္းမ်ားကို ေသခ်ာေရြးခ်ယ္အသံုးျပဳပါ။

လူအမ်ားစုသည္ မိမိႏွင့္ သင့္ေတာ္ကိုက္ညီမႈမရွိသည့္ အသားအေရထိန္းသိမ္းမႈပစၥည္းမ်ားကို ေရြးခ်ယ္အသံုးျပဳတတ္ႀကပါသည္။ ထုိသုိ႕ျပဳလုပ္မိျခင္းက အသားအေရကို ယားယံျခင္း၊ ေျခာက္ေသြ႕ျခင္း ႏွင့္ က်ိန္းစပ္ျခင္းတို႕ကို ျဖစ္ေပၚေစႏိုင္ပါသည္။

၃။ Sunscreen ကို ေန႕စဥ္ပံုမွန္ လိမ္းေပးပါ။

အိုမင္းရင့္ေရာ္ျခင္းကို ကာကြယ္ရာတြင္ Sunscreen သည္ အလွအပဆိုင္ရာပညာရွင္မ်ားမွ ေထာက္ခံမႈရရွိထားေသာ အေကာင္းဆံုး အလွကုန္တစ္မ်ိဳးျဖစ္ပါသည္။ ေနေရာင္ျခည္မွ ထုတ္လႊတ္လိုက္သည့္ ခရမ္းလြန္ေရာင္ျခည္ႏွင့္ အခ်ိန္အႀကာႀကီးထိေတြ႕လိုက္ျခင္းက အသားအေရကို ထိခိုက္ပ်က္စီးေစႏိုင္ပါသည္။ ထိုမွတဆင့္ ေနေလာင္ဒဏ္အကြက္မ်ား၊ အေရးအေႀကာင္းမ်ား၊ အသားအေရညီညာမႈမရွိျခင္း၊ ေျခာက္ေသြ႔ျခင္း၊ ႀကမ္းတမ္းျခင္း အစရွိသည္တို႕ကို ျဖစ္ေပၚလာေစႏိုင္ပါသည္။

၄။ ေန႕စဥ္ အိပ္ေရး၀ေအာင္ အိပ္ပါ။

ငယ္ရြယ္ႏုပ်ိဳသည့္အသြင္ကို ရရွိရန္အတြက္ ေန႕စဥ္ ၇ နာရီမွ ၈ နာရီ အထိ အိပ္ေရး၀ေအာင္ အိပ္စက္ဖို႕ အလြန္အေရးႀကီးပါသည္။ အိပ္စက္ေနစဥ္အတြင္း ဆဲလ္သစ္မ်ားျပန္လည္ဖြံ႕ျဖိဳးသည့္အတြက္ လံုေလာက္ေသာအိပ္စက္မႈကို မရရွိပါက အေရးအေႀကာင္းမ်ားျဖစ္ေပၚျခင္း၊ အသားအေရႀကည္လင္မႈမရွိျခင္းတို႕ကဲ့သို႕ အိုမင္းရင့္ေရာ္ေသာ လကၡဏာမ်ားကို ျဖစ္ေပၚလာေစႏိုင္ပါတယ္။

၅။ ေလ့က်င့္ခန္းပံုမွန္လုပ္ပါ။

ေလ့က်င့္ခန္းလုပ္ျခင္းက ခႏၶာကိုယ္သာမက စိတ္က်န္းမာေရးအတြက္ပါ သင့္ေတာ္ေကာင္းမြန္ပါသည္။ ေန႕စဥ္ပံုမွန္လုပ္ျခင္းက ေသြးလည္ပတ္မႈကို တိုးျမွင့္ေပးၿပီး အသားအေရကို တင္းတင္းရင္းရင္းႏွင့္ က်န္းမာသန္စြမ္းေစပါသည္။

၆။ မိမိကုိယ္ကို စိတ္ဖိစီးမႈမ်ားမွ အနားေပးပါ။

စိတ္ဖိစီးမႈမ်ားသည္ အရြယ္အိုမင္းမႈကို ျဖစ္ေပၚေစသည့္ ကိုယ္ခႏၶာအေျပာင္းအလဲမ်ားကို ျဖစ္ေပၚေစပါသည္။ စိတ္ဖိစီးမႈဒဏ္မ်ားကို အလြန္ခံစားလာရပါက စိတ္ဂေယာက္ဂယက္ျဖစ္ျခင္း၊ စိတ္ဓာတ္က်ျခင္း၊ အိပ္မရျခင္း၊ ကိုယ္အေလးခ်ိန္တက္ျခင္း၊ ပင္ပန္းအားကုန္ျခင္း တို႕ခံစားလာရႏိုင္ၿပီး မိမိလက္ရွိအသက္ထက္ ပိုအိုမင္းရင့္ေရာ္သည့္အသြင္ကို ျဖစ္ေပၚလာေစႏိုင္ပါသည္။

၇။ အစားအစာကို မွန္ကန္မွ်တစြာ စားေသာက္ပါ။

က်န္းမာလွပသည့္ အသားအေရကို ရရွိဖို႕ရန္အတြက္ ေရွးဦးစြာ က်န္းမာသည့္စားေသာက္မႈပံုစံကို ေလ့က်င့္ရန္ အေရးႀကီးပါသည္။ ထုိ႕ေႀကာင့္ အရြယ္မတုိင္ခင္အိုမင္းရင့္ေရာ္ျခင္းကို တားဆီးရန္အတြက္ ခႏၶာကိုယ္အတြက္ ေကာင္းမြန္သည့္ အစားအစာမ်ားကိုသာ ေရြးခ်ယ္စားသံုးေပးပါ။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အိုမင်းရင့်ရော်ခြင်းသည် သဘာဝဖြစ်စဉ်တစ်ရပ်မှန်သော်လည်း ငယ်ရွယ်နုပျိုသော အသွင်အပြင်ကို ရရှိနိုင်ရန် ငွေကြေးအကုန်အကျခံနေကြသူများလည်း ရှိပေသည်။ မိမိစိတ်တိုင်းကျ ပြောင်းလဲနိုင်မှုမရှိသော်လည်း ကျန်းမာသန်စွမ်းသည့် လူနေမှုဘဝပုံစံကို လိုက်နာနိုင်ပါက ငယ်ရွယ်သောအသွင်ကို အလွယ်ကူထိန်းသိမ်းထားနိုင်မှာဖြစ်ပါသည်။ ထို့အတွက် အရွယ်နှင့်မလိုက်အောင် နုပျိုလှပနေစေမည့် အလှအပဆိုင်ရာ လျှို့ဝှက်ချက်များကို ဝေမျှပေးလိုက်ရပါတယ်။

၁။ ကောင်းမွန်သော အသားအရေထိန်းသိမ်းမှုနည်းလမ်းကို လိုက်နာကျင့်သုံးပါ။

အသက်အရွယ်အပိုင်းအခြားမရွေး ကျန်းမာလှပသည့် အသားအရေကို ရရှိရန် မှန်ကန်ကောင်းမွန်သော အသားအရေထိန်းသိမ်းမှုနည်းလမ်းများကို လိုက်နာရန် အရေးကြီးပါသည်။ သင့်အသားအရေသည် ကျန်းမာလှပနေပါက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်သည့် လက္ခဏာများ ကို မြင်တွေ့မှာမဟုတ်ပေ။

၂။ အလှကုန်ပစ္စည်းများကို သေချာရွေးချယ်အသုံးပြုပါ။

လူအများစုသည် မိမိနှင့် သင့်တော်ကိုက်ညီမှုမရှိသည့် အသားအရေထိန်းသိမ်းမှုပစ္စည်းများကို ရွေးချယ်အသုံးပြုတတ်ကြပါသည်။ ထိုသို့ပြုလုပ်မိခြင်းက အသားအရေကို ယားယံခြင်း၊ ခြောက်သွေ့ခြင်း နှင့် ကျိန်းစပ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။

၃။ Sunscreen ကို နေ့စဉ်ပုံမှန် လိမ်းပေးပါ။

အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ရာတွင် Sunscreen သည် အလှအပဆိုင်ရာပညာရှင်များမှ ထောက်ခံမှုရရှိထားသော အကောင်းဆုံး အလှကုန်တစ်မျိုးဖြစ်ပါသည်။ နေရောင်ခြည်မှ ထုတ်လွှတ်လိုက်သည့် ခရမ်းလွန်ရောင်ခြည်နှင့် အချိန်အကြာကြီးထိတွေ့လိုက်ခြင်းက အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါသည်။ ထိုမှတဆင့် နေလောင်ဒဏ်အကွက်များ၊ အရေးအကြောင်းများ၊ အသားအရေညီညာမှုမရှိခြင်း၊ ခြောက်သွေ့ခြင်း၊ ကြမ်းတမ်းခြင်း အစရှိသည်တို့ကို ဖြစ်ပေါ်လာစေနိုင်ပါသည်။

၄။ နေ့စဉ် အိပ်ရေးဝအောင် အိပ်ပါ။

ငယ်ရွယ်နုပျိုသည့်အသွင်ကို ရရှိရန်အတွက် နေ့စဉ် ၇ နာရီမှ ၈ နာရီ အထိ အိပ်ရေးဝအောင် အိပ်စက်ဖို့ အလွန်အရေးကြီးပါသည်။ အိပ်စက်နေစဉ်အတွင်း ဆဲလ်သစ်များပြန်လည်ဖွံ့ဖြိုးသည့်အတွက် လုံလောက်သောအိပ်စက်မှုကို မရရှိပါက အရေးအကြောင်းများဖြစ်ပေါ်ခြင်း၊ အသားအရေကြည်လင်မှုမရှိခြင်းတို့ကဲ့သို့ အိုမင်းရင့်ရော်သော လက္ခဏာများကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

၅။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်သာမက စိတ်ကျန်းမာရေးအတွက်ပါ သင့်တော်ကောင်းမွန်ပါသည်။ နေ့စဉ်ပုံမှန်လုပ်ခြင်းက သွေးလည်ပတ်မှုကို တိုးမြှင့်ပေးပြီး အသားအရေကို တင်းတင်းရင်းရင်းနှင့် ကျန်းမာသန်စွမ်းစေပါသည်။

၆။ မိမိကိုယ်ကို စိတ်ဖိစီးမှုများမှ အနားပေးပါ။

စိတ်ဖိစီးမှုများသည် အရွယ်အိုမင်းမှုကို ဖြစ်ပေါ်စေသည့် ကိုယ်ခန္ဓာအပြောင်းအလဲများကို ဖြစ်ပေါ်စေပါသည်။ စိတ်ဖိစီးမှုဒဏ်များကို အလွန်ခံစားလာရပါက စိတ်ဂယောက်ဂယက်ဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အိပ်မရခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ပင်ပန်းအားကုန်ခြင်း တို့ခံစားလာရနိုင်ပြီး မိမိလက်ရှိအသက်ထက် ပိုအိုမင်းရင့်ရော်သည့်အသွင်ကို ဖြစ်ပေါ်လာစေနိုင်ပါသည်။

၇။ အစားအစာကို မှန်ကန်မျှတစွာ စားသောက်ပါ။

ကျန်းမာလှပသည့် အသားအရေကို ရရှိဖို့ရန်အတွက် ရှေးဦးစွာ ကျန်းမာသည့်စားသောက်မှုပုံစံကို လေ့ကျင့်ရန် အရေးကြီးပါသည်။ ထို့ကြောင့် အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းကို တားဆီးရန်အတွက် ခန္ဓာကိုယ်အတွက် ကောင်းမွန်သည့် အစားအစာများကိုသာ ရွေးချယ်စားသုံးပေးပါ။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top