iMyanmarHouse.com - Best Property Website for Myanmar
×
ပါဝင်ပစ္စည်းများ
၁။ ကုလားပဲမှုန့်
၂။ နွားနို့
၃။ နနွင်းမှုန့်
၎။ ခရင်(မ်)
နောက်တစ်နည်း
ပါဝင်ပစ္စည်းများ
၁။ အာလူး
၂။ ပဲနီလေး
၃။ သံပုရာသီး
၎။ ပျားရည်
Ref-Health Hacks
Credit: Thar_Nage
မိန်းကလေးအများစုဟာ အလှအပကို အမြဲပိုင်ဆိုင်ချင်ကြတဲ့ သူတွေချည်းပါပဲ။ နေ့စဉ်နဲ့အမျှသူတို့ရဲ့ မျက်နှာလေးကို အမြဲလိုလို ဂရုစိုက်တတ်ကြပါတယ်။ သူတို့ရဲ့ မျက်နှာအသားအရေကို ထိန်းသိမ်းနိုင်ပြီး လှပအောင် အမျိုးမျိုးဖန်တီးနိုင်ကြပေမဲ့ တခါတလေမှာ သူတို့ ထိန်းချုပ်လို့မရတဲ့ ပြဿနာတွေဖြစ်ပေါ်တတ်ပါတယ်။ ဒီလိုပြဿနာတွေနဲ့ ကြုံလာတိုင်းစိတ်အမြဲညစ်တာကြောင့် နောက်ထပ်မလိုလားအပ်တဲ့ ဆိုးကျိုးတွေပါ ဆင့်ပွားဖြစ်ပေါ်လာနိုင်ပါတယ်။
မိန်းကလေးတစ်ယောက်ဖြစ်တာမို့ နှုတ်ခမ်းမွှေးပေါက်တာကို မလိုလားဘူး။ နှုတ်ခမ်းမွှေးဆိုတာ ယောကျ်ားတွေအတွက်တော့ တကယ့်ကို ခန့်ပြီး ယောကျ်ားပီသတဲ့ ပုံသဏ္ဍာန်မျိုးပေးပေမဲ့ မိန်းကလေးတစ်ယောက်အတွက်တော့ မိမိရဲ့ အလှတရားကို ဖျက်ဆီးပြီး တကယ့်ကို ရှက်စရာကောင်းပါတယ်။ ဒါ့ကြောင့် တစ်ချို့မိန်ကလေးတွေမှာဖြစ်ပေါ်လေ့ရှိတဲ့ နှုတ်ခမ်းမွှေးပေါက်တာကို သဘာဝနည်းလမ်းနဲ့ ဖယ်ရှားနိုင်မဲ့ နည်းလမ်းကောင်းလေးတစ်ခုကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
၁။ ကုလားပဲမှုန့်
၂။ နွားနို့
၃။ နနွင်းမှုန့်
၄။ ခရင်(မ်)
ကုလားပဲကို ညက်နေအောင် အမှုန့်ကြိတ်ထားပြီး ပန်းကန်လုံးအသေးတစ်ဝက်ခန့်ထည့်ပါ။ ပြီးလျှင် နွားနို့ ခွက်တစ်ဝက်၊ နနွင်းမှုန့် လက်ဖက်စားဇွန်းတစ်ဇွန်း၊ ခရင်(မ်) လက်ဖက်စားဇွန်းတစ်ဇွန်း ကိုထည့်ပြီး ခပ်ပစ်ပစ်လေး သမအောင် မွှေးပေးပါ။ ပြီးလျှင် မိမိမလိုချင်တဲ့ အမွှေးရှိတဲ့နေရာကို သုတ်လိမ်းပေးပါ။ အချိန်၂၀ – ၂၅ မိနစ်လောက်ကြာအောင် ထားပြီး သင့်မျက်နှာကို ရေနွေးနွေးလေးဖြင့်သန့်စင်ပေးပါ။
နောက်တစ်နည်း
ပါဝင်ပစ္စည်းများ
၁။ အာလူး
၂။ ပဲနီလေး
၃။ သံပုရာသီး
၄။ ပျားရည်
အာလူးကို အခွံနွှာပြီး ပန်းကန်လုံးသေး တစ်ဝက်ခန့်ရအောင်ထောင်းထားပါ။
ပဲနီးလေးကိုလဲ ပန်းကန်လုံးသေးတစ်ဝက်ခန့် ညက်နေအောင် ထောင်းထားပါ။ ထို့နောက် သံပုရာရည် ထမင်းစားဇွန်း ၄ဇွန်း၊ ပျားရည် ထမင်းစားဇွန်း ၁ဇွန်းခန့် ထည့်ပြီး အားလုံးကို ရောသမမွှေးပါ။ ပြီးလျှင် မိမိ မလိုလားအပ်တဲ့ အမွှေးအမျှင်ရှိတဲ့နေရာကို သုတ်လိမ်းပေးပါ။ ခြောက်သွေ့သွားပြီးဆိုလျှင် မျက်နှာကို ရေနွေးနွေးလေးဖြင့်စင်ကြယ်အောင် သန့်စင်ပေးပါ။
(ပုံမှန်အသုံးပြုပေးနေရခြင်းဖြင့်  သင်မလိုချင်တဲ့ အမွှေးအမျှင်တွေ ဖယ်ရှားပေးနိုင်ပါတယ်။ ဒီနည်းလမ်းဟာ မိန်းကလေးတစ်ယောက်အတွက် အများကြီး အသုံးဝင်တဲ့အပြင် ဈေးကြီးကြီးလဲ ပေးမဝယ်ရဘူး၊ နာကျင်မှုလဲ မရှိဘဲ သဘာဝအတိုင်း ဖယ်ရှားပေးနိုင်တဲ့ ဆေးစွမ်းတစ်လတ်ပဲဖြစ်ပါတယ်။)
Ref-Health Hacks
Credit: Thar_Nage
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top