iMyanmarHouse.com - Best Property Website for Myanmar
×
Credit: Duwun
ငှက်ပျောသီးဟာ ပိုတက်ဆီယံနဲ့ ဗီတာမင်ဓာတ်တွေ ပြည့်ဝစွာပါဝင်နေလို့ အာဟာရဖြစ်စေတဲ့ သစ်သီးဖြစ်ပါတယ်။ အသီးတွေထဲမှာ အာဟာရအဖြစ်ဆုံးအသီးအုပ်စုထဲက တစ်မျိုးလည်းဖြစ်တယ်။ အာဟာရရှိ လူကိုကျန်းမာစေတဲ့ ငှက်ပျောသီးက အခွံတွေကိုပါ အသုံးချလို့ရတယ်လို့များပြောရင် အံ့သြသွားမှာလား။
၁။ ငှက်ပျောခွံအတွင်းသားနဲ့ သွားတွေကို ပွတ်ပေးရင် သွားဖြူပါတယ်။ နေ့စဉ် သွားမတိုက်မီအချိန်တိုင်း မိနစ်အနည်းငယ်လောက် တိုက်ပေးပါ။
၂။ ခြေဖနောင့်ကွဲတာတွေကိုလည်း သက်သာစေပါတယ်။ ငှက်ပျောခွံကို ခြေဖနောင့်မှာ ကပ်ထားလိုက်မယ်ဆို အသားကွဲအက်တာတွေ မြန်မြန်ပျောက်သွားပါလိမ့်မယ်။
၃။ ညအိပ်ခါနီး မျက်နှာမသစ်ခင်မှာ ငှက်ပျောခွံ အတွင်းသားနဲ့ မျက်နှာကို ပွတ်ပေးပါ။ ပြီးမှ မျက်နှာသစ်ပါ။ ဒီလိုဆိုရင် မျက်နှာလေးက တင်းရင်းစိုပြေနေတာကို တွေ့ရမှာပါ။ ဒါ့အပြင် ငှက်ပျောခွံနဲ့ပွတ်ပေးရင် အရေပြားရောင်ရမ်းနီရဲတာတွေ အရေပြားယားယံတာတွေ သက်သာစေပါတယ်။
၄။ ခေါင်းကိုက်နေပြီလား။ အအေးခံထားတဲ့ ငှက်ပျောခွံကို နဖူးပေါ်မှာ ကန့်လန့်ဖြတ် တင်ပေးထားလိုက်မယ်ဆို ခေါင်းကိုက်သက်သာစေသတဲ့။
၅။ ငှက်ပျောခွံတွေကို နေလှန်းပြီး အခြောက်ခံထားလိုက်ပါ။ ပြီးရင် အမှုန့်ဖြစ်အောင်ကြိတ်ပြီး အပင်တွေစိုက်တဲ့အခါ မြေဆွေးနဲ့အတူရောထည့်ကာ ဓာတ်မြေသြဇာအဖြစ်လည်း သုံးလို့ရပါသေးတယ်။
Credit: Duwun
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top