iMyanmarHouse.com - Best Property Website for Myanmar
×
၂။ (က) သာမန်ယောက်ျားတစ်ယောက်သည် သူ၏ မိန်းမနဲ့ တပတ်ကို အနည်းဆုံး ဘယ်နှစ်ကြိမ် ဆက်ဆံနိုင်ပါသလဲ။ ပျမ်းမျှအားဖြင့် သိလိုပါတယ်။ အသက်အရွယ်နဲ့ရော ဆိုင်နေပါသလား။ (ခ) တကယ် လို့ သာမန်ထက် နည်းပြီး ဆက်ဆံနိုင်တယ်ဆို ဘယ်လိုဆေးမျိူးကို သုံးစွဲသင့်ပါသလဲရှင်။ အားတိုးဆေး သောက်ခြင်းက များစေနိုင်ပါသလား။
ဖြေ။ ။ ဇနီးမောင်နှံ လိင်မဆက်ဆံခင် ကနဦး ကလူကျီစယ်ကြတာကို မေးတယ်လို့ ထင်ပါတယ်။ အမှန်က လိင်ဆက်ဆံတာမှာ အဆင့် ၃ ဆင့်လို့ သတ်မှတ်တာမို့ အခုပြောတာက ပဌမဆင့်၊ အင်္ဂလိပ်လို Foreplay လို့ ခေါ်ကြတယ်။
နှစ်ယောက်သားအကြားမှာ Intimate အလွန်ရင်နှီးမှုရှိလှတဲ့ Psychological စိတ်ပိုင်းရော Physically ရုပ်ပိုင်းပါ Intimate acts ပြုမူဆောင်ရွက်ကြတာတွေ ဖြစ်တယ်လို့ ဆိုလိုပါတယ်။ ဒီလိုလုပ်ကြတာရဲ့ ရည်ရွယ်ချက်ကတော့ Sexual activity လိင်မှုကိစ္စ္စ လုပ်ကြဘို့ နဲ့ Sexual arousal လိင်စိတ် ထကြွနိုးသန် လာစေဘို့ ဖြစ်တယ်။ တယောက်ကနေ စနိုင်တယ်။ နှစ်ဦးသား စိတ်တူကိုယ်တူ လုပ်နိုင်တယ်။ တဖက် လူကိုလဲ စိတ်ပါလာစေအောင်၊ ယုံကြည်မှုရစေအောင်၊ သက်တောင့် သက်သာ ရှိစေအောင် ဖြစ်စေနိုင် ပါတယ်။
တယောက်နဲ့ တယောက် မတူဘူးဆိုတာ ဒီနေရာမှာလဲ သိသာတယ်။ ရှက်သူ၊ ရှုတ်သူ၊ ကဲသူ၊ စိတ်နည်းသူ စတာမျိုး ရှိနိုင်တယ်။ နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာလဲ လူချင်း သိကာစ၊ ချစ်ခင်ကာစ၊ သိပ်ရင်းနှီး လွန်းနေပြီ၊ မူးနေကြတာ၊ လင်နဲ့ မယားဖြစ်သွားပြီ စတာမျိုးတွေ ရှိတယ်။ တယောက်ကနေ ဇွတ်ဆက်ဆံ ချင်တာလဲ ရှိမယ်။ Foreplay ကို အများအားဖြင့် မသိမသာကနေ စကြတယ်။ ပေါင်းဖက်တာ ကြာနေသူတွေ ဆိုရင် မျက်လုံးကြည့်တာနဲ့ အကဲခတ်တတ်ကြပြီ။
မေးထားတာမှာပါတဲ့ ကိုယ်ခန္ခာချင်း ထိစပ်မှုကိုသာ ရေးပါမယ်။ အရေပြားချင်း၊ ပါးစပ်-နှုတ်ခမ်းချင်း၊ ဒုတိယတန်းစား လိင်အင်္ဂါတွေခေါ်တဲ့ ရင်သား၊ တင်ပါး ဆီးစပ်နေရာ၊ ကိုယ်မွှေးချင်း၊ ထိကိုင်မှု၊ ပွတ်သပ်မှု တွေ အပြန်အလှန် လုပ်နိုင်တယ်။ ကျား-အင်္ဂါ၊ မ-အင်္ဂါချင်း ဆက်ဆံကြတော့မယ်။ ဘယ်ဟာ အရင်လဲ တသမတ်ထဲ မရှိဘူး။ နောက်ရောက် ပြီးလဲ ရှေ့ပြန်လာသေးတယ်။ တပြိုက်နက် လုပ်နိုင်တာ ကိုလဲ လုပ်တယ်။ တယောက်ထဲကဖြစ်ဖြစ်၊ တလှည့်စီဖြစ်ဖြစ်၊ ပြိုင်တူဖြစ်ဖြစ် လုပ်နိုင်တယ်။ Fantasies အဆန်း အပြား တွေလဲ ရှိတယ်။ Bondage အနှိပ်စက်ခံချင်-ပြုချင်တာမျိုးလဲ ရှိသေးတာဘဲ။ အစပျိုးနေတုံး မှာရော နောက်ပိုင်းမှာပါ လုပ်နိုင်ကြတယ်။
အသုံးပြုလေ့ရှိကြတဲ့ နေရာ၊ နည်းနာတွေနဲ့ဆိုင်တဲ့ ကျန်းမာရေး အကျိုး-အပြစ်တွေ ရေးထားပါတယ်။
– French kiss အနမ်း နဲ့ ကျန်းမာရေး
– Oral practice ဆက်ဆံရာတွင် ပါးစပ်ကို အသုံးပြုခြင်း
– Anal practice ဆက်ဆံရာမှာ စအိုကို အသုံးပြုခြင်း
– Anal Practice Q and A စအိုကိုအသုံးပြုခြင်း အမေး-အဖြေများ
– Sexually Transmitted Diseases (STDs) လိင်မှတဆင့် ကူးစက်သော ရောဂါများ
၂။ (က) သာမန် ယောက်ျား တစ်ယောက်သည် သူ၏ မိန်းမနဲ့ တပတ်ကို အနည်းဆုံး ဘယ်နှစ်ကြိပ် ဆက်ဆံနိုင်ပါသလဲ။ ပျမ်းမျှ အားဖြင့် သိလိုပါတယ်။ အသက်အရွယ်နဲ့ရော ဆိုင်နေပါသလား။
တခါက မိန်းကလေးတယောက် အလုပ်လျှောက်တယ်။ ပုံစံမှာ ဖြည့်ရတာပေါ့။ Name နာမည်၊ Age အသက် ပြီးတော့ Sex လာတယ်။ မိန်းကလေး ပြန်တွေးပြီးမှ ရေးချလိုက်တာက Twice a week တပါတ် ၂ ကြိမ်။
လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက်ကို ဆရာဝန်အနေနဲ့ ပြောဘို့ အကိုးအကားရှာရင် (အွန်လိုင်း) မှာ တယောက် တမျိုး ကိုယ့်အတွေ့၊ ကိုယ့်အတွေးတွေသာ ရေးကြတာများတယ်။ တကဲ့သုတေသန နည်းတယ်။ သူများဆီက သုတတွေသာ ရေးနိုင်ပါတယ်။ “ရွှေ” တွေမှာလဲ ထူးခြားမယ် ထင်ရပါတယ်။ နောင်မှာ Online မေးခွန်းတွေကို လေ့လာမှုပြုပြီး စစ်တမ်း တခု ထွက်လာနိုင်မလား မသိဘူး။
Durex (ဂျူးရက်စ်) လေ့လာဆန်းစစ်မှုရဲ့ ၂ဝဝ၁ Sexual Satisfaction လိင်မှုရေးရာ ကျေနပ်မှု စာရင်း ဇယား တခုမှာ ဒီလိုပါရှိပါတယ်။
• တနှစ်မှာ အမေရိကန်တွေက (၁၃၂) ကြိမ်၊ ရုရှား (၁၂၂) ကြိမ်၊ ပြင်သစ်တွေက (၁၂၁) ကြိမ်၊ ဂရိစ်တွေ က (၁၁၅) ကြိမ် လိင်ဆက်ဆံကြတယ်။
• အနည်းဆုံးနိုင်ငံတွေက တရုတ် (၆၉) ကြိမ်၊ မလေးရှား (၆၂) ကြိမ်၊ ဂျပန် (၃၇) ကြိမ် လိင်ဆက် ဆံကြတယ်။
• Living together လက်မထပ်ဘဲ အတူနေ အတွဲတွေက တနှစ်မှာ ၁၄၆ ကြိမ် လိင်ဆက်ဆံကြတယ်။
• Marriage လက်ထပ်တဲ့ အတွဲတွေက (၉၈) ကြိမ် လိင်ဆက်ဆံကြတယ်။
• Singles တကိုယ်တော်သမားတွေက (၄၉) ကြိမ် လိင်ဆက်ဆံကြတယ်။
• နေ့တိုင်း လိင်ဆက်ဆံသူ ၄% ရှိတယ်။
• ၅၇% က ၇ ရက်တပါတ် ၁ ကြိမ် လိင်ဆက်ဆံကြတယ်။
• အပြင်ထွက် အတူလည်သူ အတွဲတွေဟာ လိင်အတွက် မဟုတ်တာများတယ်။
• ၂၂% က Peers အဖေါ်တယောက်ယောက်နဲ့ လိင်ဆက်ဆံကြတယ်။
• ၁၉% က Partner အတူနေဖေါ်နဲ့ လိင်ဆက်ဆံကြတယ်။
• ၁ဝ% က လိင်ကိစ္စ မပါကြဘူး။
Durex Survey ၂ဝဝ၃ လေ့လာမှုအရ –
• လေ့လာသူတွေမှာ ပျမ်းမျှ ၁ နှစ်မှာ ၁၂၇ ကြိမ် လိင်ဆက်ဆံမှုပြုကြတယ်။
• လူမျိုးအရ ပြောရရင် အမေရိကန်တွေဟာ တနှစ်မှာ ၁၁၈ ကြိမ် ဆက်ဆံကြတယ်။ ဆွီဒင် (၁ဝ၂) ကြိမ်၊ မလေးရှား (၁ဝဝ) ကြိမ်၊ စင်္ကာပူ (၉၆) ကြိမ်သာ ဆက်ဆံကြတယ်။
• လေ့လာသူတွေထဲက ၃ ပုံ ၁ ပုံက လိင်ကိစ္စ ကျေနပ်မှု ရကြတယ်။
• အရှေ့ဥရောပနိုင်ငံက အတွဲတွေက ပိုပြီး တက်ကြွမှု ရှိကြတယ်။ တနှစ်မှာ အကြိမ် ၁၅ဝ ဆက်ဆံတယ်။
• ၄၅% ဟာ One night stand အဖေါ်တယောက်ကို တညတာ ပျော်ပါးသူတွေ ဖြစ်ကြတယ်။
• ထိုင်း၊ တရုတ် နဲ့ ဗီယက်နမ် နိုင်ငံက အတွဲတွေဟာ ရောင့်ရဲမှု ရှိသူတွေဖြစ်တယ်။
• ဖင်လန် နဲ့ ရုရှားတွေက မပျော်ရဆုံးလူတွေ ဖြစ်တယ်။
• ၄၈% အမျိုးသမီးတွေက Fake orgasm (အောဂဇင်) အတုလုပ်တယ်။
• နာမည်ကြီး ယောက်ျားတွေထဲက David Beckham, George Clooney and Ben Affleck တို့နဲ့ မင်းသမီးထဲက Jennifer Lopez, Catherine Zeta Jones, Halle Berry and Britney Spears တို့ကို Sexy (ဆက်ဆီ) အဖြစ်ဆုံးတွေလို့ ရွေးတယ်။
Durex Survey ၂ဝ၁ဝ လေ့လာမှုအရ –
• ၄၄% အတွဲတွေက လိင်ပိုင်းဆိုင်ရာ ကျေနပ်မှုရကြတယ်။
• ၄၈% က Orgasm (အော်ဂဇင်) ရလေ့ရှိကြတယ်။
• ယောက်ျားတွေက ၆၄% နဲ့ မိန်းမတွေထက် နှစ်ဆ Orgasms (အော်ဂဇင်) ရကြတယ်။
• အသက် ၆၅ နှစ် ကျော်ပေမဲ့လဲ တပါတ် အနည်းဆုံး ၁ ကြိမ် လိင်ဆက်ဆံကြတယ်။
• Mutual respect အပြန်အလှန် လေးစာမှု ရှိကြတာဟာ လိင်ကိစ္စ ကျေနပ်မှုရစေဘို့ရာ အလွန်အရေး ပါတယ်။
• ကျေနပ်တယ်လို့ ဆိုသူတွေထဲက ၈၂% က အဲလို လေးစားသမှုရှိတာကို ထုတ်ပြောတယ်။
• ၃၉% ဟာ Love and romance ချစ်မေတ္ကာနဲ့ စိတ်ကူးယဉ်မှုရတာမျိုး ပိုတောင့်တကြတယ်။
• ၃၆% ဟာ Quality time အရည်အသွေးပါတဲ့ ကျနပ်မှုကို လိုလားတယ်။
• ၃၁% ဟာ Fun အပျော်သဘော နဲ့ ဆက်ဆံရေးကောင်းတာကို ပိုလိုလားပြီး၊
• ၂၉% ဟာ Sex drive လိင်စိတ်တွန်းအား ပိုလိုချင်ကြတယ်။
• ၃၇% ဟာ စိတ်ဖိစီးမှု သက်သာသွားတယ်၊ အားကုန်သွားတယ်လို့ ခံစားရတယ်။
အမေရိကန် (အင်ဒီယားနာ) မှာ ရှိတဲ့ National Survey of Sexual Health and Behavior (NSSHB) နဲ့ Center for Sexual Health Promotion at Indiana University’s School of Health, Physical Education and Recreation တို့ ပူးတွဲပြီး ကျယ်ပြန့်တဲ့ လေ့လာမှုတခုကို အသက် ၁၄ နှစ်ကနေ ၉၄ အထိရှိတဲ့ ၅၈၆၅ ယောက်ကို ဆယ်စုနှစ် နှစ်ခုတွက် လုပ်ခဲ့တယ်။
• (ဗဂျိုင်းနာ) ကို လိင်ဆက်မှုပြုတာတွေထဲက ၄ ပုံ ၁ ပုံ ကသာ (ကွန်ဒွမ်) သုံးတယ်။ တကိုယ်တော် သမားထဲက ၃ ပုံ ၁ ပုံ (ကွန်ဒွမ်) သုံးတယ်။
• (ကွန်ဒွမ်) သုံးစွဲမှု တက်လာပေမဲ့ အများကြီးလိုသေးတယ်။ အဖြူမဟုတ်သူတွေက ပိုသုံးလာကြတယ်။
• လူအတော်များများ သူများတွေရဲ့ လိင်မှုအရေးကို စိတ်ဝင်စားကြတာလဲ တွေ့ရတယ်။
• ချိန်းတွေ့ပြီး အတူနေသူတွေဟာ ဆက်ဆံတာကို တမျိုးမက လုပ်ဆောင်ကြတယ်။ (ဗဂျိုင်းနား) ကို အများဆုံး အသုံးပြုတာ ဖြစ်ပေမဲ့ အဖေါ်နဲ့ (မာစတာဘေးရှင်း) လုပ်တာ၊ (အိုရယ်) ပါးစပ်အသုံးပြုတာတွေ ကိုပါ တွဲကြတယ်။
• အသက်ငယ်ရွယ်သူတွေ ပိုလုပ်လာနေတာ တွေ့လာရတယ်။
• ယောက်ျားတွေက သူတို့အဖေါ် မိန်းမတွေမှာ Orgasm (အော်ဂဇင်) ရပါတယ်လို့ ၈၅% က ပြောတယ်။
• မိန်းမတွေကနေပြောတာက ၆၄% မှာ Orgasm (အော်ဂဇင်) ရတယ်။
• ယောက်ျားတွေက (ဗဂျိုင်းနား) ကို အသုံးပြုတာကနေ အများဆုံး (အော်ဂဇင်) ရကြတယ်။
• မိန်းမတွေက (အိုရယ်လ်) နည်းပါတွဲတာက ပိုပြီး (အော်ဂဇင်) ရကြတယ်။
• မိန်းမ ၇% နဲ့ ယောက်ျား ၈% တို့ဟာ Gay, Lesbian or Bisexual လိင်တူ ဒါမှမဟုတ် လိင်နှစ်မျိုးလုံး သုံးသူတွေ ဖြစ်ကြတယ်။
• ၁၇ နှစ်အရွယ် ယောက်ျားလေး ၄ဝ% ဟာ လွန်ခဲ့တဲ့ တနှစ်အတွင်း လိင်ဆက်ဆံခဲ့ကြတယ်။
• ၁၇ နှစ်အရွယ် မိန်းကလေး ၂၇% ဟာ လွန်ခဲ့တဲ့ ရက် ၉ဝ အတွင်းမှာ လိင်ဆက်ဆံခဲ့ကြတယ်။
(ခ) တကယ်လို့ သာမန်ထက် နည်းပြီး ဆက်ဆံနိုင်တယ်ဆို ဘယ်လို ဆေးမျိူးကို သုံးစွဲသင့်ပါသလဲရှင်။ အားတိုးဆေး သောက်ခြင်းက များစေနိုင်ပါသလား။
ဖတ်စရာတွေ ရေးထားပါတယ်။
– Libido ဟိုစိတ်-ဒီစိတ်
– Sex helps elderly women age gracefully (ဆက်က်စ်) ဟာ အမျိုးသမီးတွေကို အရွယ်မငယ်ပေမဲ့လဲ ကြက်သရေ ရှိနေစေတယ်
– Flibanserin Boosts Sex Life of Low-Libido Women အမျိုးသမီးတွေ လိင်စိတ်ကဲစေတဲ့ဆေး
– Women need to chat to pep up libido စိတ်နည်းနေသည့် အမျိုးသမီးများ ဆရာဝန်နှင့် စကားပြောပါ။
– Female Libido အမျိုးသမီး “စိတ်” နည်းနေခြင်း
– Kegel exercises for Men ယောက်ျားများ စိတ်ဝင်စားကြသည်
– Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများ ဖြစ်ပါတယ်။
– Flibanserin Boosts Sex Life of Low-Libido Women အမျိုးသမီးတွေ လိင်စိတ်ကဲစေတဲ့ဆေး
ချုပ်လိုက်ရင် အကြိမ်ရေ အကန့်အသတ် မရှိပါ။ အသက်အကန့်အသတ် မရှိပါ။ လင်နဲ့မယား အရွယ်၊ အလေ့အထ တူသူတွေ ညားကြရင် အကောင်းဆုံး ဖြစ်တယ်။ အားနည်းနေသူကို အားကူပေးနိုင်တယ်။ နားလည်မှုရှိရင် အိမ်ထောင်ရေး ပြဿနာကို ရှောင်နိုင်မယ်။ ဖေါက်ပြန်တယ်ဆိုတာ အလိုဆန္ဒကဲလို့ ဖြစ်နိုင်သလို အကျင့် မကောင်းလို့လဲ ဖြစ်သေးတယ်။ မျိုးရိုးနဲ့ ဆိုင်တယ်လို့လဲ ပြောနိုင် တာတွေ ရှိတယ်။ ပတ်ဝန်းကျင် စေ့ဆော်မှုတွေကလဲ သက်ရောက်တယ်။ ဆေးနဲ့ ကုစားလို့ ရတာတွေ ရှိသလို လိင်ဆေး ပညာရှင်နဲ့ တိုင်ပင်ရမှာလဲရှိမယ်။
Credit : lwinpyin
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...