iMyanmarHouse.com - Best Property Website for Myanmar
×

သနပ္ခါးလိမ္းတယ္ဆိုတာ ျမန္မာ့ ႐ိုးရာဓေလ့တစ္ခု ျဖစ္ပါတယ္။ သနပ္ခါးကို လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀ဝ၀ ေက်ာ္ ေလာက္ကတည္းက ျမန္မာအမ်ိဳးသမီးေတြ ႏွစ္သက္ခဲ့တာျဖစ္ပါတယ္။ ယေန႔ေခတ္မွာ ဘယ္လိုပဲ အမွတ္တံဆိပ္မ်ိဳးစံုနဲ႔ အလွကုန္ပစၥည္းေတြ ေခတ္ထလာပါေစ၊ သနပ္ခါးရဲ႕ ထင္ေပၚေက်ာ္ၾကားတာက ေမွးမွိန္မသြားပါဘူး။

သနပ္ခါးမွထုတ္လုပ္ေသာအလွကုန္မ်ား

ေသြးလိမ္းဖို႔အတြက္ ေကာင္းေပ့ညြန္႕ေပ့ သနပ္ခါးတံုးရဖို႔ဆိုရင္ သနပ္ခါးပင္က အနည္းဆံုး ၃၅ ႏွစ္ရွိရပါတယ္။ သက္တမ္းၾကာေလ တန္ဖိုးရွိေလပါ။ သနပ္ခါး (Naringi Crenulata) အပင္ကေန –
_ သနပ္ခါး ေပါင္ဒါမႈန္႔
_ သနပ္ခါး ခရင္မ္
_ သနပ္ခါး မိတ္ကပ္
_ သနပ္ခါး လိုးရွင္း
_ သနပ္ခါး မ်က္ႏွာသစ္ေဆး
_ သနပ္ခါး Body Scrubs
_ သနပ္ခါး Masks
_ သနပ္ခါး ေရေမႊး ေတြထုတ္လုပ္လာၾကပါတယ္။ ဒါေပမဲ့ သနပ္ခါးစစ္စစ္ကို ကိုယ္တိုင္ ရယူတဲ့ေရွး႐ိုးစြဲနည္းျဖစ္တဲ့ ၁၀ – ၁၈ စင္တီမီတာေလာက္ရွိတဲ့ သနပ္ခါး ပင္စည္အေခါက္ကို ေက်ာက္ျပင္ေပၚမွာ ေရနဲ႔ေသြးလိမ္းတဲ့ ဓေလ့က ရွိေနဆဲပဲ ျဖစ္ပါတယ္။ ကိုယ္တိုင္ေသြးၿပီး ရလာတဲ့ သနပ္ခါးအႏွစ္ကိုမွ လက္ေခ်ာင္းနဲ႔ ျဖစ္ျဖစ္၊ Brush နဲ႔ ျဖစ္ျဖစ္ယူၿပီး လိမ္းက်ံတာ ျဖစ္ပါတယ္။

သနပ္ခါး၏အာနိသင္မ်ား

သနပ္ခါးမွာ ပါဝင္တဲ့ ေဆးဖက္ဝင္ ျဒပ္ေပါင္း ႏွစ္ခုရွိပါတယ္။ Coumarin နဲ႔ Marmesin ပါ။

 ေရာင္ရမ္းတာကိုက်ေစတယ္
သနပ္ခါးဟာ တြယ္ဆက္တစ္သွ်ဴးေတြကေန ႏိုက္ထရစ္ေအာက္ဆိုဒ္ ထုတ္လုပ္တာကိုတားႏိုင္စြမ္း ရွိတာေၾကာင့္ ေရာင္ရမ္းမႈကို သက္သာေစတယ္ဆိုတာ ေတြ႕ရွိခဲ့တာပါ။

 ပိုးသတ္ႏိုင္စြမ္းရွိတယ္
Gram-negative Escherichia နဲ႔ Gram-positive Staphyloccocus aureus ပိုးေတြကိုလည္း ေသေစႏိုင္တာ ေတြ႕ရွိခဲ့ပါတယ္။

 အိုမင္းရင့္ေရာ္တဲ့ျဖစ္စဥ္ကို ေႏွးေစတယ္
သနပ္ခါးမွာပါဝင္တဲ့ ကူမာရင္ဓာတ္က ကိုလာဂ်င္ နဲ႔ အီလက္စတင္ ထုတ္လုပ္တာကို အားေပးႏိုင္စြမ္းရွိပါတယ္။ ဒါေတြက အေရျပားရဲ႕ အေရးေၾကာင္းမျဖစ္ဖို႔နဲ႔ က်ံဳ႕ႏိုင္၊ ဆန္႔ႏိုင္စြမ္းရွိဖို႔ အဓိက လိုအပ္တဲ့ ဓာတ္ေတြျဖစ္ပါတယ္။

 ဓာတ္တိုးျဖစ္စဥ္ကိုတားေပးတယ္
ဓာတ္တိုးမႈျဖစ္စဥ္ကို အားေပးတဲ့ ဖရီးရယ္ဒီကယ္ေတြကို သနပ္ခါးက တားေပးႏိုင္ပါတယ္။

 ေနေရာင္ဒဏ္မွကာကြယ္ေပးတယ္
သနပ္ခါးမွာပါဝင္တဲ့ Marmesin ဓာတ္က ေနေရာင္ျခည္ရဲ႕ UV-A Rays ေတြကို ကာကြယ္ေပးႏိုင္ပါတယ္။ လယ္ကြင္း၊ စိုက္ခင္းေတြမွာ အလုပ္လုပ္ၾကတဲ့ ေကာက္စိုက္သူမေလးေတြဟာ သနပ္ခါးကို ထူထူထဲထဲလိမ္းထားၾကတာ ေတြ႕ဖူးမွာပါ။ သနပ္ခါးက ေလထုထဲက ညစ္ညမ္းတဲ့ pollutants ေတြကေနလည္း ကာကြယ္ေပးႏိုင္ပါတယ္။ အသားအေရကို ေအးေစၿပီး အေရျပားနီျမန္းတာေတြကို သက္သာေစပါတယ္။

 အသားျဖဴေစတယ္
အသားအေရက ေနေရာင္ျခည္နဲ႕ ထိေတြ႕တဲ့အခါ မယ္လနင္ေတြ ထြက္လာၿပီး အသားေရ ညိဳမည္းသြားႏိုင္ပါတယ္။ မယ္လနင္ထုတ္လုပ္မႈကို ျဖစ္ေစတဲ့ တိုင္႐ိုဆင္း အင္ဇိုင္းကို သနပ္ခါးက တားေပးႏိုင္စြမ္းရွိတာေၾကာင့္ အသားျဖဴလာေစပါတယ္။

Credit: ထူးဒါလီကိုကို (MPharm)
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သနပ်ခါးလိမ်းတယ်ဆိုတာ မြန်မာ့ ရိုးရာဓလေ့တစ်ခု ဖြစ်ပါတယ်။ သနပ်ခါးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ဝ၀ ကျော် လောက်ကတည်းက မြန်မာအမျိုးသမီးတွေ နှစ်သက်ခဲ့တာဖြစ်ပါတယ်။ ယနေ့ခေတ်မှာ ဘယ်လိုပဲ အမှတ်တံဆိပ်မျိုးစုံနဲ့ အလှကုန်ပစ္စည်းတွေ ခေတ်ထလာပါစေ၊ သနပ်ခါးရဲ့ ထင်ပေါ်ကျော်ကြားတာက မှေးမှိန်မသွားပါဘူး။

သနပ်ခါးမှထုတ်လုပ်သောအလှကုန်များ

သွေးလိမ်းဖို့အတွက် ကောင်းပေ့ညွန့်ပေ့ သနပ်ခါးတုံးရဖို့ဆိုရင် သနပ်ခါးပင်က အနည်းဆုံး ၃၅ နှစ်ရှိရပါတယ်။ သက်တမ်းကြာလေ တန်ဖိုးရှိလေပါ။ သနပ်ခါး (Naringi Crenulata) အပင်ကနေ –
_ သနပ်ခါး ပေါင်ဒါမှုန့်
_ သနပ်ခါး ခရင်မ်
_ သနပ်ခါး မိတ်ကပ်
_ သနပ်ခါး လိုးရှင်း
_ သနပ်ခါး မျက်နှာသစ်ဆေး
_ သနပ်ခါး Body Scrubs
_ သနပ်ခါး Masks
_ သနပ်ခါး ရေမွှေး တွေထုတ်လုပ်လာကြပါတယ်။ ဒါပေမဲ့ သနပ်ခါးစစ်စစ်ကို ကိုယ်တိုင် ရယူတဲ့ရှေးရိုးစွဲနည်းဖြစ်တဲ့ ၁၀ – ၁၈ စင်တီမီတာလောက်ရှိတဲ့ သနပ်ခါး ပင်စည်အခေါက်ကို ကျောက်ပြင်ပေါ်မှာ ရေနဲ့သွေးလိမ်းတဲ့ ဓလေ့က ရှိနေဆဲပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်သွေးပြီး ရလာတဲ့ သနပ်ခါးအနှစ်ကိုမှ လက်ချောင်းနဲ့ ဖြစ်ဖြစ်၊ Brush နဲ့ ဖြစ်ဖြစ်ယူပြီး လိမ်းကျံတာ ဖြစ်ပါတယ်။

သနပ်ခါး၏အာနိသင်များ

သနပ်ခါးမှာ ပါဝင်တဲ့ ဆေးဖက်ဝင် ဒြပ်ပေါင်း နှစ်ခုရှိပါတယ်။ Coumarin နဲ့ Marmesin ပါ။

 ရောင်ရမ်းတာကိုကျစေတယ်
သနပ်ခါးဟာ တွယ်ဆက်တစ်သျှူးတွေကနေ နိုက်ထရစ်အောက်ဆိုဒ် ထုတ်လုပ်တာကိုတားနိုင်စွမ်း ရှိတာကြောင့် ရောင်ရမ်းမှုကို သက်သာစေတယ်ဆိုတာ တွေ့ရှိခဲ့တာပါ။

 ပိုးသတ်နိုင်စွမ်းရှိတယ်
Gram-negative Escherichia နဲ့ Gram-positive Staphyloccocus aureus ပိုးတွေကိုလည်း သေစေနိုင်တာ တွေ့ရှိခဲ့ပါတယ်။

 အိုမင်းရင့်ရော်တဲ့ဖြစ်စဉ်ကို နှေးစေတယ်
သနပ်ခါးမှာပါဝင်တဲ့ ကူမာရင်ဓာတ်က ကိုလာဂျင် နဲ့ အီလက်စတင် ထုတ်လုပ်တာကို အားပေးနိုင်စွမ်းရှိပါတယ်။ ဒါတွေက အရေပြားရဲ့ အရေးကြောင်းမဖြစ်ဖို့နဲ့ ကျုံ့နိုင်၊ ဆန့်နိုင်စွမ်းရှိဖို့ အဓိက လိုအပ်တဲ့ ဓာတ်တွေဖြစ်ပါတယ်။

 ဓာတ်တိုးဖြစ်စဉ်ကိုတားပေးတယ်
ဓာတ်တိုးမှုဖြစ်စဉ်ကို အားပေးတဲ့ ဖရီးရယ်ဒီကယ်တွေကို သနပ်ခါးက တားပေးနိုင်ပါတယ်။

 နေရောင်ဒဏ်မှကာကွယ်ပေးတယ်
သနပ်ခါးမှာပါဝင်တဲ့ Marmesin ဓာတ်က နေရောင်ခြည်ရဲ့ UV-A Rays တွေကို ကာကွယ်ပေးနိုင်ပါတယ်။ လယ်ကွင်း၊ စိုက်ခင်းတွေမှာ အလုပ်လုပ်ကြတဲ့ ကောက်စိုက်သူမလေးတွေဟာ သနပ်ခါးကို ထူထူထဲထဲလိမ်းထားကြတာ တွေ့ဖူးမှာပါ။ သနပ်ခါးက လေထုထဲက ညစ်ညမ်းတဲ့ pollutants တွေကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေကို အေးစေပြီး အရေပြားနီမြန်းတာတွေကို သက်သာစေပါတယ်။

 အသားဖြူစေတယ်
အသားအရေက နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ မယ်လနင်တွေ ထွက်လာပြီး အသားရေ ညိုမည်းသွားနိုင်ပါတယ်။ မယ်လနင်ထုတ်လုပ်မှုကို ဖြစ်စေတဲ့ တိုင်ရိုဆင်း အင်ဇိုင်းကို သနပ်ခါးက တားပေးနိုင်စွမ်းရှိတာကြောင့် အသားဖြူလာစေပါတယ်။

Credit: ထူးဒါလီကိုကို (MPharm)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top